Facebook မှာ ကိုယ့်ရဲ့သူငယ်ချင်းစာရင်း ကို ဖျောက်ထားချင်ရင် ကလိချင်ရင်
ဒီနည်းက သူငယ်ချင်းတစ်ယောက်က မေးလာလို့ အသုံးလိုတဲ့သူများ သုံးနိုင်စေဖို့ 
ပြန်လည်မျှဝေရေးသားလိုက်ပါတယ် ။ ဖေ့ဘွတ်ပေါ်မှာ ကိုယ့်သူငယ်ချင်းစာရင်းကို
တချို့ က မပေါ်စေချင်ကြဘူး ။ အဲ့ဆို သူ့ သူငယ်ချင်းတွေက ဘယ်သူတွေဆိုတာ
ကျနော်တို့ မသိနိုင်တော့ဘူး ။အခု ကျနော် သူငယ်ချင်းစာရင်းကို ဖျောက်ထားတာ
ဒါဆိုရင် သူများတွေ ကျနော့ဖေ့ဘွတ်ကိုလာရင် ကျနော့ သူငယ်ချင်းဘယ်သူတွေ
ဘယ်လောက်ရှိတယ်ဆိုတာ မသိနိုင်တော့ဘူး ကောင်းတာ မကောင်းတာကတော့
ကိုယ့်စိတ်ပေါ်မှာ မူတည်တာပေါ့နော။ ဖျောက်စေချင်တဲ့သူများ ဖျောက်လို့ ရပါပြီ
သူက ဖျောက်ထားချင်တာတဲ့ ကျနော့ကို သူ့ ဖေ့ဘွတ်ကိုလာခိုင်းတယ် ။ ပြီးတော့
သူ့ သူငယ်ချင်းတွေ မြင်လားတဲ့ .. အေး...မြင်တယ်...နင့်သူငယ်ချင်း စာရင်းထဲမှာ
ငါနဲ့ သိတဲ့လူအတော်များများ မြင်နေရတယ်ဆိုတော့ .သူက အဲ့တာကို ဖျောက်မှာ
သူများကို မသိစေချင်တာတဲ့ အော် ဂလိုးလား....ပေါ့......ကဲ ဖျောက်စေချင်တဲ့လူ
ရှိသေးရင် ဖျောက်ကြစေ ။ အဲ့မှာ လုံးဝ ဖျောက်လိုက်လို့ ရတယ် ။ ဒါမှမဟုတ်ရင်
ကိုယ်မသိစေချင်တဲ့လူကိုလည်း ရွေးလို့ ရတယ် ။ အဲ့ဆိုရင် အဲ့လူကလွဲပြီးတော့
ကျန်တဲ့သူတွေက မြင်ရမယ် ။ သို့ မဟုတ် အဲ့သူငယ်ချင်းစာရင်းထဲမှာ ပေါ်စေချင်
မြင်စေချင်တဲ့ ၅ယောက်လောက်ပဲ ရွေးထားလို့ ရတယ် ။ အဆင်ပြေသလိုကလိပါ
လတ်တလောအနေနဲ့  ကျနော့သူငယ်ချင်းစာရင်းကို ဖျောက်ပြထားလိုက်ပါတယ်
တိုက်ဆိုင်သူများ သုံးကြည့်ပါ.....ဖလမ်းဖလမ်းလေး....................................။
ဖျောက်တဲ့နည်းက ဖျောက်ချင်တဲ့ သူငယ်ချင်း စာရင်းပြထားတဲ့ဟာကို နှိပ်
ပြီးရင် သူငယ်ချင်းစာရင်းတွေ မြင်လာမယ် အပေါ်နားက Edit ကိုနှိပ်လိုက်
Only me ဆိုရင် ကိုယ်ပဲမြင်မယ် ဒါမှမဟုတ် Friend ဆိုရင် သူတို့ ပဲမြင်တာ
ကိုယ်သဘောကျနှစ်သက်လို ပြင်လိုက်ပါ အဆင်ပြေနိုင်ပါတယ်..............။
နမူနာ ကြည့်ကြည့်ပါ - http://www.facebook.com/maungssk
0 comments:
Post a Comment