ဟက်ကင်နဲ့ပတ်သတ်လို့ ဖတ်ကိုဖတ်သင့်တဲ့ စာအုပ်နှစ်အုပ် (
I recommend )
- Posted by မြွေဖြူ
     on November 21, 2011 at 11:43am in Myanmar Hackers Group
- Back to Myanmar Hackers Group Discussions
ဟက်ကာ
နည်းပညာတွေကို လေ့လာလိုတဲ့ ညီအကို မောင်နှမတွေအတွက် အင်တာနက်ကနေ ရှာဖွေ တွေ့ရှိတဲ့
စာအုပ်များကို ဝေမျှပေးလိုက်ပါတယ်..
- "ကွန်ပျုတာ သင်္ကေတများကို
     ဘယ်လို ဖောက်ထွင်းချိုးဖျက်မလဲ" ဆိုတဲ့ စာအုပ် - ပီဒီအက်ဖ် -
     စာမျက်နှာ ၅၉၇ - ၇.၇၆ မီဂါဘိုက် အခန်းပေါင်း (၈)ခန်း - ရည်ညွှန်းကိုးကားရန်
     အက္ခရာအညွှန်း
- ဆော့ဖ်ဝဲ တွေကို ဘယ်လို ဖောက်ထွင်းကြည့်လို့ ရသလဲ
- အဲဒီလို ဖောက်ထွင်းကြည့်သူတွေဟာ ဘယ်လို
     အကြောင်းတွေကြောင့် ဖောက်ကြည့်တာလဲ
- Fire Wall, Intrusion Detection Systems တွေနဲ့
     ဗိုင်းရပ်စ် ကာကွယ်ရေးဆော့ဖ်ဝဲ တွေဟာ ဒီလို လူဆိုးတွေကိုတော့ ဘာလို့
     မကာကွယ်နိုင်တာလဲ
- ဆော့ဖ်ဝဲတွေကို ဖောက်ထွင်းဖို့ ဘယ်လို ကိရိယာ တွေကို
     သုံးမလဲ
- အဲဒီအချက်တွေ အတွက် အဖြေတွေ ဒီစာအုပ်မှာ ပါရှိပါတယ်
- ဒီစာအုပ်ဟာ ပညာပေးဖို့ အတွက် သီးသန့်ရည်ရွယ်ထားတာ
     ဖြစ်ပြီး မိမိတို့ ရေးသားထားတဲ့ ဆော့ဖ်ဝဲတွေကို လုံခြုံအောင် ဘယ်လို အကာအကွယ်
     လုပ်ရမလဲ ဆိုတာ သိနိုင်ဖို့ ဖောက်ထွင်းကြည့်တဲ့ နည်းစနစ်တွေကို လေ့လာတဲ့ သဘော
     ဖြစ်ပါတယ်
- "လုံခြုံသော ကွန်ပျုတာ
     သင်္ကေတများ - ရေးသားနည်းများနှင့် အလေ့အကျင့်ကောင်းများ" ဆိုတဲ့
     စာအုပ် - ပီဒီအက်ဖ် - စာမျက်နှာ ၂၀၀ - ၂.၁ မီဂါဘိုက် အခန်းပေါင်း (၆)ခန်း -
     ရည်ညွှန်းကိုးကားရန် အက္ခရာအညွှန်း
- ကွန်ပျုတာ စနစ်တွေထဲကို ဖောက်ဝင်နိုင်တဲ့
     အဖြစ်အပျက်တွေကို လေ့လာကြည့်မယ်ဆိုရင် သက်ဆိုင်ရာ စနစ်တွေမှာ လုံခြုံမှု
     အားနည်းတဲ့အတွက် ဖောက်နိုင်တယ် ဆိုတာ ထင်ရှားပါတယ်
- ဒီဇိုင်း၊ လက်တွေ့ရေးသားမှု၊ စမ်းသပ်မှု နဲ့
     လုပ်ငန်းဆောင်ရွက်မှုများ အားလုံးမှာ အားနည်းချက်တွေရှိနေလေလေ
     တိုက်ခိုက်ခံရဖို့ အခွင့်များလေလေ ဖြစ်ပါတယ်
- ဒီစာအုပ်ကတော့ အားနည်းချက်ရှိတဲ့ ပရိုဂရမ်
     သင်္ကေတများဆိုင်ရာ ပြဿနာများကို ရှုထောင့်သစ် တစ်ရပ်ကနေ တင်ပြထားပါတယ်
- စာအုပ်ကို ပြုစုသူကိုယ်တိုင်က ကွန်ပျုတာ လုံခြုံမှုစနစ်
     နယ်ပယ်မှာ နှစ်ပေါင်းများစွာ အလုပ်လုပ်လာခဲ့တဲ့ အတွေ့ အကြုံတွေက ရလာတဲ့
     အချက်တွေကို စုစည်းဖော်ပြထားတာ ဖြစ်ပါတယ်
 






 
 
 
 
 
 
 

 
0 comments:
Post a Comment