Pages

Translate

Sunday, August 17, 2014

Networking ပိုင်းဆိုင်ရာ နှင့် ပက်သက်သော အကြောင်းအရာများ

GSM Connection ချိတ်ဆက်နည်း

 

 စာဖတ်သူ သူငယ်ချင်းများ အားလုံး မင်္ဂလာပါ ။

ကျွှန်တော် အခု ဆွေးနွေးချင်တဲ့အကြောင်းအရာကတော့ 5သိန်း တန် GSM ဖုန်းတွေနဲ့ အင်တာနက်ချိတ်ဆက်နည်းကို ဆွေးနွေးမှာဖြစ်ပါတယ်။

အခု အပြင်မှာ အင်တာနက် ရတဲ့ဖုန်းတွေကတော့ CDMA ထက်တော့ များပါတယ် ။ CDMA ကျတော့ Hauwai   နဲ့ပဲ အဆင်ပြေပါတယ် ။ GSM ကျတော့ ဒီလိုမဟုတ်ပါဘူး ။

Connection ရတဲ့ ဖုန်းအမျိုးအစားတွေကတော့ ကျွှန်တော်သိသလောက် Nokia နှင့် Samsung က တော့ ရတယ် ဆိုတာ သေချာပါတယ်။ (ချိတ်ဖူးထားလို့)

အဲ့ဒီ ဖုန်း အမျိုးအစား နှစ်မျိုးစလုံး က သူတို့ နဲ့ သက်ဆိုင်တဲ့ PC Suite ကို ထည့်သွင်းပေးရပါတယ် ။
ထိုသို့ ထည့်သွင်းပြီးပါက အောက်ဖော်ပြပါ လုပ်ဆောင်ချက်များ အတိုင်း ဆက်လက်လုပ်ဆောင်သွားပါရန်။ 

GSM ဖုန်းများ နှင့် မိမိကွန်ပြူတာအား ချိတ်ဆက်ခြင်း

၁။ပထမဦးစွာ Start ထဲမှ Run ကို သွားပါ။

၂။Run တွင် ncpa.cpl ဟုရိုက်ထည့်ပါ။

၃။ထိုအခါ Network Connections Box ပေါ်လာလိမ့်မည်။ ဘေးမှ Network Tasks ထဲမှ Create a new connection  
   ကို နှိပ်ပါ။

၎။New Connection Wizard ပေါ်လာပါလိမ့်မည်။ Next ကို ရွှေးပါ။ ထို့နောက် Connect to the Internet ကို ရွှေးပြီး
   Next ကို နှိပ်ပါ။

၅။အလယ်မှ Set up my connection manually ကို ရွှေးချယ်ပါ။ ဖုန်းနဲ့ ချိတ်ဆက်မည်ဖြစ်ပါသဖြင့် Connect Using a 
   dial-up modem ကိုရွှေးချယ်ပါ။ ISP Name နေရာ တွင် မိမိကြိုက်နှစ်သက်ရာ နာမည်ပေးပါ။ Phone Number
   နေရာတွင် *99# ကို ရိုက်ထည့်ပါ။

၆။ထို့နောက် Username နေရာတွင် mptnet
ဟုရိုက်ထည့်ပါ။

၇။Password နေရာတွင် မိမိ နှစ်သက်ရာကို ထည့်သွင်းရေးသားပါ။အောက်မှ Confirm Password နေရာတွင် အပေါ်မှ
   Password ကို ပြန်လည်ရေးသားပါ။

၈။ထို့နောက် Completing Wizard သို့ ရောက်လာသောအခါ Desktop ပေါ်တွင် Shortcuts တင်မလားဟု
   မေးလာသော စာသားကို အမှန်ခြစ်ပေးပါ။ ထို့နောက် Finish လုပ်ပါ။


ထိုကဲ့သို့ လုပ်ကြည့်ပြီး အဆင်မပြေသည်များကို itnyinge.ygn@gmail.com နှင့် djaung.ygn@gmail.com များသို့ မေး(လ်) ဖြင့် ဆက်သွယ်ပြီး မေးမြန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။




Blogspot တွင်မိမိ၏ မိုဘိုင်းဖုန်းဖြင့် blog တင်နည်း

 

 ပထမဦးဆုံးကို မိမိဘလော့၏ Overview သို့ အရင်ဝင်ပါ။ ထို့နောက် Publish blog posts on the go ခေါင်းစဉ်၏ အောက်တွင် Get Blogger for mobile ဆိုသည့် Bottom ကို နှိပ်ပြီး သွားပါ။ ထိုအခါတွင် http://www.google.com/mobile/blogger ဆိုသည့် လင့်သို့ ထွက်သွားပြီး မိမိအသုံးပြုသော ဖုန်းအမျိုးအစားကို ရွှေးချယ်ပြီး ဘလော့များကို ဖုန်းမှ တဆင့် တင်နိုင်ပြီ ဖြစ်ပါကြောင်း အသိပေး ပြောကြားအပ်ပါသည်။ 

 

 

 

Cat 5 Network Cabling

 

 

Note

                     W = White
                     B1 = Blue
                     G  = Green
                     O  = Orange
                     B2 = Brown


CDMA 800MHz ဖြင့် အင်တာနက်ချိတ်ဆက်နည်း (Haewei

 

C 5900 ဖုန်းဖြင့်)


စာဖတ်သူ သူငယ်ချင်း များ အားလုံးမင်္ဂလာပါ ခင်ဗျာ
ကျွှန်တော် အခု ဆွေးနွေးမယ့် အကြောင်းအရာလေးက တော့ CDMA 800MHz ဖြင့် အင်တာနက်ချိတ်ဆက် အသုံးပြုပုံလေးပဲ ဖြစ်ပါတယ်။
အခု ကျွှန်တော်တို့အရင်ဆုံး CDMA 800MHz ဖုန်း ကို အင်တာနက်ချိတ်မယ် ဆိုရင် လိုအပ်တဲ့ အချက်တွေကို ပြောပြပေးပါမယ်။
ပထမဆုံး CDMA 800MHz ကို အသုံးပြုရမယ့် ဖုန်း အမျိုးအစား ဟာ Haewei ဖုန်း အမျိုးအစား ဖြစ်မှသာလျှင် ချိတ်ဆက်လို့ အဆင်ပြေမှာဖြစ်ပါတယ် ။ ဘာလို့လဲ ဆိုတော့ ရန်ကုန်မြို့ မှာ ကျွှန်တော် သိသလောက်တော့ပေါ့နော်... Haewei ဖုန်းနဲ့ သာ ချိတ်ဆက်လို့ ရတယ် လို့ ကြားရပါတယ် ။
အဲ့ဒီတော့ ကာ Haewei ဖုန်းအမျိုးအစား သုံးမယ် ဆိုရင် အမျိုးအစားတွေက တော့ အမျိုးမျိုး ရှိသည့် အထဲမှ
အသုံးပြုတွေ အတွက် အသုံးလိုမယ် ထင်တဲ့ Haewei C5900 ဖုန်း အကြောင်း တင်ပြလိုပါတယ်။

Haewei 5900 ဖုန်း အကြောင်း


CDMA 5900 အား Internet ချိတ်ဆက်ခြင်း

Driver ရှာဖွေခြင်း

၁။ ပထမဦးစွာ CDMA 5900 Handset ကို မိမိကွန်ပြူတာတွင် ဖုန်းအားသွင်းကြိုး ကို အသုံးပြုပြီး ချိတ်ဆက်ပါ။

၂။ ပြီးနောက် ဖုန်းဆိုင်မှ ပေးလိုက်သော Driver ခွေအား CD-ROM ထဲသို့ ထည့်သွင်းပါ။

၃။CD-ROM ထဲတွင် Device Driver ဆိုသည့် Folder ကို ဖွင့်ပြီး အထဲ Application ကို Install လုပ်ပါ။

၎။ ထိုသို့လုပ်ပြီးပါက My Computer ကို Right-click နှိပ်ပြီး Manage ကို ခေါ်ပါ။

၅။ Computer Management ထဲသို့ ရောက်လာပါက Device Manager ကို ထပ်မံဝင်ရောက်ပါ။

၆။Device Manager ထဲတွင် Data transfer ဟူသောနာမည်ဖြင့် ၃ခု (သို့) ၄ခု လောက် Device 
   မသိသည့်ပုံဖြစ်နေလိမ့်မည်။

၇။ထိုအခါ Update Driver လုပ်ပြီး Install the Software automatically (Recommended) ဆိုသည့်စာသားကို
   ကလစ်ပေးပြီး ရှာပါ။ Driver သိလာပါလိမ့်မည်။

CDMA 5900 နှင့် မိမိကွန်ပြူတာအား ချိတ်ဆက်ခြင်း

၁။ပထမဦးစွာ Start ထဲမှ Run ကို သွားပါ။

၂။Run တွင် ncpa.cpl ဟုရိုက်ထည့်ပါ။

၃။ထိုအခါ Network Connections Box ပေါ်လာလိမ့်မည်။ ဘေးမှ Network Tasks ထဲမှ Create a new connection  
   ကို နှိပ်ပါ။

၎။New Connection Wizard ပေါ်လာပါလိမ့်မည်။ Next ကို ရွှေးပါ။ ထို့နောက် Connect to the Internet ကို ရွှေးပြီး
   Next ကို နှိပ်ပါ။

၅။အလယ်မှ Set up my connection manually ကို ရွှေးချယ်ပါ။ ဖုန်းနဲ့ ချိတ်ဆက်မည်ဖြစ်ပါသဖြင့် Connect Using a 
   dial-up modem ကိုရွှေးချယ်ပါ။ ISP Name နေရာ တွင် မိမိကြိုက်နှစ်သက်ရာ နာမည်ပေးပါ။ Phone Number
   နေရာတွင် #777 ကို ရိုက်ထည့်ပါ။

၆။ထို့နောက် Username နေရာတွင် -------@
c800.mm ဟုရိုက်ထည့်ပါ။
   ---------- နေရာတွင် မိမိ နှစ်သက်ရာ နာမည်ကို ရေးသားပါ။

၇။Password နေရာတွင် မိမိ နှစ်သက်ရာကို ထည့်သွင်းရေးသားပါ။အောက်မှ Confirm Password နေရာတွင် အပေါ်မှ
   Password ကို ပြန်လည်ရေးသားပါ။

၈။ထို့နောက် Completing Wizard သို့ ရောက်လာသောအခါ Desktop ပေါ်တွင် Shortcuts တင်မလားဟု
   မေးလာသော စာသားကို အမှန်ခြစ်ပေးပါ။ ထို့နောက် Finish လုပ်ပါ။ 

 








မှတ်ချက်။ ။ အခုဖော်ပြထားသော နှစ်မျိုးကို ဒေါင်းပြီးမှ သာ အပေါ်မှ လုပ်ဆောင်ချက်အတိုင်း လုပ်ဆောင်ကြပါရန် အသိပေး အပ်ပါသည်။

Device Driver အတွက် ဒေါင်းရန်။ 
PC Suite အတွက် ဒေါင်းရန်။










အဆင်မပြေသည်များရှိပါက
djaung.ygn@gmail.com နှင့် aungthuaye.info@gmail.com များထံသို့ပြန်လည် ပြောကြားနိုင်ပါသည်။

G-Mail ကို တစ်ခု ထက် ပိုသုံးချင်တဲ့အခါ

Access Kit ဖြင့် Internet ချိတ်ဆက်အသုံးပြုပုံ

Modem Card အား ပထမဦးစွာတပ်ဆင်ခြင်း
၁။ ပထမဆုံး မိမိ၏စက်တွင် Modem Card ရှိ၊မရှိ စစ်ဆေးပါ ။ မရှိပါက Modem Card ကို ပထမဦးစွာ ၀ယ်ယူတပ်ဆင်ရမှာဖြစ်ပါတယ် ။ အောက်ဖော်ပြပုံအတိုင်း ကြည့်ရူတပ်ဆင်ပါ။ (တပ်ဆင်တတ်သူများ အတွက်မဟုတ်ပါ။ )
၂။ ထိုသို့ Modem Card စိုက်ပြီးပါက စက် အဖုံးပြန်ပိတ်ပြီး အသစ်တပ်ဆင်ထားသော Modem Card မှပါလာသော Driver ခွေဖြင့် Modem Card သိအောင် အရင် လုပ်ပါ။

Network Settings ချိတ်ဆက်ခြင်း(Window XP တွင်)
၁။ပထမဦးစွာ Start>Run သို့ သွားပြီး ncpa.cpl ဆိုသည့် Command ကို ရိုက်ထည့်ပါ။

၂။ ထိုအခါ Connection အသစ်တခုပြုလုပ်ရန် ဘေးဘက်ရှိ box မှ New Connection ဆိုသော Tab ကို နှိပ်ပါ။

၃။ထို့နောက် Internet Connection Wizard တွင် Connect using a dial-up connection ဆိုသော Tab ကို နှိပ်ပါ။

 


7Day News Journal 01/27/2011 - 13:06

ကျပ်ငါးသိန်းတန် CDMA 800 MHz ဖုန်းများတွင် အင်တာနက် ချိတ်ဆက် အသုံးပြုနိုင်မည့်စနစ်ကို စိတ်ပါဝင်စားသူများ အတွက် အဆိုပါ ဝန်ဆောင်မှု အသုံးပြုပုံများကို သိရှိနိုင်ရန် ဖော်ပြပေး လိုက်ပါသည်။ ထိုစနစ်သည် ဖုန်းတွင် အသုံးပြုနိုင်သကဲ့သို့ ကွန်ပျူတာနှင့် ချိတ်ဆက်၍လည်း အသုံးပြုနိုင်သည်ဖြစ်ရာ ကွန်ပျူတာနှင့် ချိတ်ဆက် အသုံးပြုပုံကို ဖော်ပြလိုက်ပါသည်။ ကွန်ပျူတာဖြင့် အသုံးပြုလို သူများအနေဖြင့် ဆက်သွယ်ရေး နှင့် ပြင်ပ အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသည့် EVDO USB Wireless Modem တစ်ခု ဝယ်ယူရမည် ဖြစ်သည်။

ယင်းမိုဒမ်သည် ဈေးကွက်အတွင်း ၂ မျိုးခန့်ရှိပြီး ဈေးနှုန်းမှာ ၄၀,၀၀၀ ကျပ်ဝန်းကျင် ရှိကြောင်း စုံစမ်း သိရှိရသည်။ ပထမဦးစွာ ယင်း Device ကို ကွန်ပျူတာ USB အပေါက်တွင် ချိတ်ဆက်၍ My Computer ၌ပေါ်လာမည့် Connector.exe file ကို ဖွင့်ပြီးပေါ်လာမည့် Setup Flexi 3G Connector ကို Next ခလုတ်နှိပ်ကာ Install ပြုလုပ်ရမည် ဖြစ်သည်။ Install ပြုလုပ်ပြီးပါက Desktop ပေါ်တွင် Flexi 3G Connector Icon ကိုဖွင့်ရမည်။ ထို့နောက် Flexi Window Box တစ်ခုပေါ်လာပြီး ယင်း Box မှ Menu Bar ရှိ File Button ရှိ File အတွင်းမှ Setting ကို ကလစ်နှိပ်ပါက Box တစ်ခု ထပ်မံကျလာ မည်ဖြစ်သည်။ ယင်း Box မှ New ကို ဆက်လက်နှိပ်၍ ယင်း Box မှ Name နေရာတွင် မိမိကြိုက်နှစ်သက်သည့် အမည်တစ်ခု Number နေရာတွင် #777 နှင့် User name နေရာတွင် Username @c800,mm နှင့် Password မှ လျှို့ဝှက်အမှတ်အသား ရိုက် ထည့်ကာ OK Button ကိုနှိပ်ရပါမည်။

ယင်းနောက်တွင် 3G Connector Box မှ Connection Button ကိုနှိပ်ပြီး EVDO Connection ကိုရွေးချယ်ရမည်။ ယခု Device မှာ window XP များအတွက် အဓိကစီစဉ်ထားခြင်း ဖြစ်သည့်အတွက် window 7 တွင် Install ပြုလုပ်လိုသူများ အတွက်မူ အခက်အခဲ ရှိနေမည်ဖြစ်သည်။ အကယ်၍ window 7 နှင့် အသုံးပြုမည် ဆိုပါက စက်တွင် ပေါ်လာမည့် flexn connector ကို right click နှိပ်၍ properties သို့ဝင်၍ ယင်းမှ capabality သို့ တစ်ဆင့်သွားပြီး run as ဘေးမှ check ကို (အမှန်ခြစ်) ပေးရမည်။ ထို့နောက် အောက်တွင်ရှိသော Windows XP (Service Pack 3) ကိုရွေး၍ Apply/Ok ပြုလုပ်ကာ သုံးစွဲ၍ရနိုင်မည် ဖြစ်သည်။ ယင်းအဆင့်များ အားလုံးပြီးစီးပါက Internet Explorer (IE) ကိုဖွင့်၍ Tools>Internet Options>Connection> LAN Settings ကိုသွားရမည်။ နောက် နောက်ဆုံး အဆင့်အနေဖြင့် Local Area Network (LAN) Settings တွင် no proxy ပြုလုပ်ပြီးပါက မိမိကွန်ပျူတာတွင် အင်တာနက် ချိတ်ဆက်မှု ရရှိသွားမည် ဖြစ်သည်။

အထက်ပါ အဆင့်များမှာ စတင် ချိတ်ဆက်ရာတွင်သာ ပြုလုပ်ရမည်ဖြစ်ပြီး နောက်ပိုင်း အသုံးပြုရာတွင် G-Talk, IE Firefox များဖွင့်သကဲ့သို့ Flexi ဖွင့်သွားရုံနှင့် အသုံးပြု၍ ရပြီဖြစ်သည်။ ယင်းချိတ်ဆက် အသုံးပြုမှုသည် ကွန်ပျူတာနှင့် ပတ်သက်ပြီး Install ပြုလုပ်ဖူးသူများ ကွန်ပျူတာနှင့် ရင်းနှီးပြီးသူများအတွက် လွယ်ကူသော်လည်း ကွန်ပျူတာနှင့် အနည်းငယ် စိမ်းနေသေးသူများမှာ ဖော်ပြပါ ပုံစံအတိုင်းပြုလုပ်၍ မရပါက နီးစပ်ရာ အင်တာနက်ဆိုင် ဝန်ထမ်းများ သို့မဟုတ် ကွန် ပျူတာ ဝန်ဆောင်မှု ပေးသူများထံတွင် ဝန်ဆောင်ခပေး၍ ပြုလုပ်နိုင်သည်။ ဆက်သွယ်ရေး လုပ်ငန်းမှ ယင်းဝန်ဆောင်မှု အတွက် စတင်နေပြီ ဖြစ်သော်လည်း လတ်တလော ဈေးကွက်တွင်မူ ယင်းစနစ်အတွက် အဓိကကျသည့် EVDO USB မိုဒမ်မှာ ပြင်ပဆိုင်များတွင် အနည်းငယ်သာ ရောက်ရှိသေးပြီး ဝယ်လိုအားများ၍ ဝယ်ယူရန် အခက်အခဲ ရှိနိုင်ကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေးရုံး များတွင်လည်း ရောင်းချပေးနေ ပြီဖြစ်ကြောင်းသိရသည်။




Browser မရှိဘဲ Website ကြည့်မယ်


Posted: 27 Jan 2011 12:25 PM PST
ကျတော်ဒီနေ့ browser software မသုံးပဲ ဆိုဒ်တွေကို windows မှာပါတဲ့ tools လေးတွေနဲ့ ကြည့်လို့ရစေမယ့်နည်းလမ်းလေးတစ်ခု ဝေမျှချင်ပါတယ်။ ဒါပေမယ့် သူက Browser Software မဟုတ်တဲ့အတွက် ကျတော်တို့ လက်ရှိအသုံးပြူနေတဲ့ Browser တွေမှာ ရရှိနေတဲ့ (တစ်နည်းပြောရရင်) လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်မှူတွေကိုတော့ ရရှိနိုင်မှာ မဟုတ်ဘူးဆိုတာကိုတော့ မေ့ထားလို့မရပါဘူး။ ဆိုလိုတာကတော့ pageတွေကိုအများကြီး open link at a new tab တို့နဲ့ဖွင့်လို့ မရနိုင်တာမျိုး၊ ဒေါင်းလုပ်ချဖို့အတွက်ကို မလွယ်ကူတာမျိုးတွေပါ။ ဒါပေမယ့် youtube ဖွင့်ပြီးတော့ အရုပ်ရောအသံပါ ခံစားနိုင်တဲ့အတွက် စိတ်ဝင်စားစရာတော့ ကောင်းတာအမှန်ပါ။ အဓိကရည်ရွယ်တာကတော့ Windows မှာပါတဲ့ Tools လေးတွေကို ဘယ်လိုသုံးလို့ရနိုင်တယ် ဆိုတာလေးတွေကို သိစေချင်တဲ့အတွက် တတ်နိုင်သလောက် ဝေမျှပေးလိုက်ခြင်းဖြစ်ပါတယ်။ မိမိတို့အဆင်ပြေသလို အသုံးပြူနိုင်ပါစေ။ 

လုပ်နည်း
1. Winkey+R လို့နှိပ်ပြီး Run Box လေးကိုခေါ်လိုက်ပါ။ ပေါ်လာတဲ့ Run Box လေးထဲမှာမှ calc လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ။

 2. ပေါ်လာတဲ့ Calc Box လေးရဲ့ Menu Bar လေးမှာပါတဲ့ Help ဆိုတဲ့ခေါင်းစဉ်လေး အောက်မှာရှိတဲ့ Help Topics လေးကို ဖွင့်လိုက်ပါ။

 3. ကျလာတဲ့ Help Topics ဘောက်လေးရဲ့ Title bar ကို Right Click လေးထောက်ပြီး Right Click လေးမှတစ်ဆင့် Jump to URL ကိုဖွင့်လိုက်ပါ။

 4. ထပ်ပွင့်လာတဲ့ Jump To URL Box လေးထဲကနေ Jump to this URL ဆိုတဲ့ Box လေးထဲမှာ မိမိဖွင့်ချင်တဲ့ website တစ်ခုရဲ့ လိပ်စာကို အရှေ့ကနေ http:// လို့မဖြစ်မနေ ရိုက်ပြီး ဖွင့်ရမှာဖြစ်ပါတယ် (http://google.com)။ ကျတော်အခုက Google page ကိုဥပမာအနေနဲ့ ဖွင့်ပြထားပါတယ်။
 5. Gmail တွေဖွင့်လို့ ရနိုင်သလို Youtube လေးဖွင့်ပြီးတော့လည်း မိမိနှစ်သက်ရာကို ရုပ်မြင်သံကြား ခံစားနိုင်တဲ့အတွက် ဗဟုသုတအဖြစ် ဝေမျှလိုက်ခြင်းဖြစ်ပါတယ်။


File Hosting လုပ်နည်းများ...


File Hosting လုပ်နည်းများ...  


Contributor: ရန်အောင်

File Hosting ဆိုတာက ကိုယ်တင်ချင်တဲ့ ဖိုင်လေးတွေကို အဲဒီ့ Site တွေက သိမ်းပေးထားပြီး http://..... ဆိုတဲ့ URL Link လေး ပြန်ထုတ်ပေးတာပါ. အဲဒါကိုမှ ကိုယ်တင်ချင်တဲ့ website, blog စတဲ့နေရာတွေမှာ တင်ပေးရတာမျိုးပါ. (Host= အိမ်ရှင် ဆိုတော့ ကိုယ့်ဖိုင်လေးတွေက သူ့အိမ်မှာ သွားပြီး စတည်းချနေတာပေါ့ဗျာ.)

Free hosting site တွေ ရှိသလို အခကြေးငွေနဲ့ တင်ပေးတဲ့ site တွေလည်း ရှိပါတယ်. Professionally လုပ်တော့မယ့်သူတွေ၊ ဒါမှမဟုတ် file အများကြီး တင်ချင်တဲ့သူတွေကတော့ ပိုက်ဆံပေးပြီး Capacity များများပေးတဲ့ hosting site တွေမှာ accnt လုပ်ကြပါတယ်. ပုံမှန် ကျွန်တော်တို့လို အပျော်တမ်းသမားတွေကတော့ free hosting site တွေကိုပဲ သုံးကြပါတယ်. သိပ်များလာလို့ မနိုင်တော့ရင် နောက်ထပ် accnt တစ်ခု ထပ်ဖွင့်ရုံပဲပေါ့ဗျာ. အဓိကက ပိုက်ဆံ မပေးရရင် ပြီးရော မဟုတ်လား. ဟတ်ဟတ်

ကဲ. ဒါလေးတွေကတော့ ကျွန်တော်တို့ သိထားသင့်တဲ့ free hosting site လေးတွေပါပဲ ခင်ဗျာ.

ပုံတင်ရန်

http://imageshack.us/
http://photobucket.com/

ဖိုင်တင်ရန်

http://www.fileden.com/
http://www.filefactory.com/
http://www.filexoom.com/
http://www.ripway.com/
http://www.pages.google.com/
http://www.mediafire.com/
http://files-upload.com/
http://www.wikiupload.com/
http://upload2.net/
http://www.filecrunch.com/


အဲဒါလေးတွေကတော့ ကျွန်တော်သိသလောက်လေးတွေပါပဲ. တစ်ခုနဲ့တစ်ခု ပေးတဲ့ storage space မတူပါဘူး. Fileden က 1 G ပေးပါတယ်. Ripway ကတော့ 30 MB ပဲ ပေးပါတယ်. ကျန်တာတွေမှာလည်း ထိုနည်းလည်းကောင်းပါပဲ. Unlimited ပေးတာ တစ်ခုတော့ ရှိပါတယ်. Mediafire ပါ. (စာအုပ်တွေတင်ဖို့ သိပ်ကောင်းပါတယ်) Pages.google.com ကတော့ google pages ကို ပြောတာပါ. Account Sign Up လုပ်စရာ မလိုပါဘူး. ကိုယ့်ရဲ့ Gmail Account နဲ့ပဲ သုံးလို့ရပါတယ်.

တစ်ခုကို အစမ်းလုပ်ပြပါမယ်. သဘောတရားက အတူတူပါပဲ.

http://www.fileden.com ကိုသွားပါမယ်. Account Sign Up လုပ်ပါမယ်. ကိုယ့် Email ကို စာဝင်လာပါလိမ့်မယ်. Activate လုပ်ဖို့ပေါ့. လုပ်လိုက်ပါ. ပြီးသွားရင်တော့ Login လုပ်ပါမယ် ခင်ဗျာ.



အပေါ်မှာ မြင်နေရတဲ့ Navigation Bar လေးထဲကနေ upload files ကို ရွေးပါမယ်. တစ်ခြား site တွေမှာလည်း upload ဆိုတဲ့ ပုံစံလေးတွေ ပါပါလိမ့်မယ်. ချွတ်စွပ်ကြီးတော့ ဘယ်တူပါ့မလဲဗျာနော်. စိတ်ရှည်ရှည်ထားပြီး ရှာကြည့်ရင် သဘောပေါက်သွားပါလိမ့်မယ်…

Upload files ကိုရွေးလိုက်ပါပြီ. အခု file စတင်ပါတော့မယ်. အစမ်းအနေနဲ့ peekaboo လုပ်ဖို့ myhacko.js ဆိုတဲ့ ဖိုင်လေးကို တင်ပေးပါမယ်. အဲဒါကို အရင်ဆုံး ကိုယ့် computer ပေါ်ကို download လုပ်ဖို့ မမေ့နဲ့ဦးနော်. မလုပ်ရသေးရင် ဒီမှာ အခုပဲ လုပ်လိုက်ပါ

Save လုပ်လိုက်တဲ့ File လေးကို Browse လုပ်ပြီး ရှာပါမယ်. Click ခေါက်ပြီး ရွေးလိုက်ပါမယ်. Upload ကို နှိပ်လိုက်ပါပြီ.




ဘာဖြစ်လဲ…



Error message ပေါ်လာပါတယ်. This file extension is not allowed. တဲ့. ကျွန်တော်တို့ တင်တဲ့ ဖိုင်က javascript file လေ. Extension က js နဲ့ ဆုံးတယ်. အဲဒီ့လိုမျိုး file type ကို လက်မခံဘူး. ဘယ်လိုလုပ်မလဲ.

နောက်တစ်မျိုးနဲ့ ပြောင်းတင်မှာပေါ့. မဟုတ်ဘူးလား. ဒါမျိုးကိစ္စလေးတွေ ဖြစ်တတ်လို့ တမင်အမှားကို လုပ်ပြပေးတာပါ. နို့မို့ဆို ကိုယ်လုပ်တာပဲ မှားနေပြီလားလို့ တွေးပူနေမိမှာ စိုးလို့ပါ.

ကဲ. Ripway နဲ့ ပြောင်းတင်ပါမယ်.

ထုံးစံအတိုင်း sign up/register လုပ်ပါ. Email activation တောင်းရင် လုပ်ပေးလိုက်ပါ. မတောင်းရင်တော့ ကိုယ်လုပ်စရာရှိတာသာ ဆက်လုပ်သွားလိုက်ပါ.



My files ဆိုတာကို ရွေးမယ်နော်. ဒီလိုပုံစံ တွေ့ရပါမယ်.



အဲဒီ့ထဲကမှ Upload files ဆိုတာကို ရွေးပါမယ်ခင်ဗျာ. အောက်ကပုံစံအတိုင်းလေး ပေါ်လာပါလိမ့်မယ်



Browse လုပ်ပြီး ကိုယ်တင်မယ့် file ကိုရွေးပါ. Myhacko.js ကိုရွေးမယ်နော်. ရွေးပြီးရင် upload လုပ်လိုက်ပါ. နောက်တစ်မျက်နှာမှာ ဒီလိုမြင်ရပါမယ်.



Continue ဆက်လုပ်လိုက်ပါ. နောက်တစ်မျက်နှာမှာတော့ ကိုယ်တင်လိုက်တဲ့ ဖိုင်လေးကို တွေ့ရပါမယ်. အဲဒီ့ထဲကမှ Direct Link URL ဆိုတာလေးရဲ့ အောက်မှာ တွေ့ရတဲ့ Link လေးဟာ ကျွန်တော်တို့လိုချင်တဲ့ URL link လေးပါပဲ ခင်ဗျာ.



နောက်တစ်ခုအနေနဲ့ googlepages နဲ့ တင်နည်းပြပါမယ်. ဒီနေရာကိုသွားပြီးရင် ကိုယ့်ရဲ့ gmail account နဲ့ sign in ၀င်လိုက်ပါ. ပြီးသွားရင် accept terms တွေဘာတွေ ဆက်လုပ်သွားပါ. နောက်တစ်ဆင့်မှာ ကိုယ့်ကို publish page တစ်ခုခု လုပ်ခိုင်းပါလိမ့်မယ်. အဲဒါလည်း အရေးမကြီးပါဘူး. လုပ်လိုက်ပါ. နာမည်ကိုလည်း ကိုယ်ကြိုက်တာ ပေးလို့ရပါတယ်. ကျွန်တော်ကတော့ theseandthose လို့ ပေးထားခဲ့တယ်ဗျ.

နောက်တစ်မျက်နှာမှာ ဒီလိုမြင်ရပါမယ်.



ညာဖက်နား ခပ်ကျကျလေးက ဒီပုံလေးကို ကြည့်ပါ. အဲဒီ့မှာ file တွေကို Upload လုပ်ရမှာပါပဲ.



Browse လုပ်ပြီး တင်မယ့် file ကို ရွေးပါ. Googlepages က အလိုလိုပဲ တင်ပေးသွားပါလိမ့်မယ်. ပြီးသွားရင် ဖိုင်ရဲ့ URL ကို ယူရပါမယ်.

ကိုယ်တင်လိုက်တဲ့ ဖိုင်လေးရဲ့ အပေါ်မှာ right click လေး ခေါက်လိုက်ပါ. ပြီးရင် copy link location ကို ရွေးလိုက်ပါ. အဲဒါ သူ့ရဲ့ URL ပါပဲ.

တစ်ခြားသော file hosting site များမှာလည်း ဒီပုံစံဆင်ဆင်လေးတွေပါပဲ. စမ်းသုံးကြည့်ကြပါလို့ တိုက်တွန်းပါတယ်.

အားလုံးပဲ အဆင်ပြေချောမွေ့ကြပါစေ..


http://mmbloggershelpdesk.blogspot.com/2007/08/file-hosting.html မှ

ဘလော့နောက်ခံမှာလွယ်ကူစွာပုံထည့်နည်း


kp3နည်းပညာ၊၁၂၆၊ဘလော့နောက်ခံမှာလွယ်ကူစွာပုံထည့်နည်း

ဒါလေးကတော့ဘလော့နောက်ခံမှာလွယ်ကူစွာပုံထည့်နည်းလေးပါ၊သိပြီးကြတဲ့မိတ်ဆွေတွေ
လည်းများပါတယ်၊မသိကြသေးတဲ့သူတွေအတွက်လိုအပ်ခဲ့ရင်သုံးလို့ရအောင်ပါ၊ဘလော့ဂါမိတ်ဆွေ
အားလုံးကိုလည်းအစဉ်မြဲလေးစားလျှက်ပါ။

၁။Layout

၂။Edit HTML

အောက်ကCodeကိုရှာပါ၊Press Ctrl + F
body {

အောက်မှာအောက်ကအတိုင်းထည့်ပေးလိုက်ပါ၊
background: url('ဤနေရာမှာမိမိရဲ့နောက်ခံပုံလင့်ခ်ကိုထည့်ပေးပါ။IMAGE-URLပေါ့နော်') fixed;

ဥပမာအောက်ကအတိုင်းဖြစ်သွားတာပေါ့နော်၊
body {
background: url('http://rpgwallpapers.com/wallpapers/luna-online-boy-and-dog-1280x960.jpg ') fixed;
   margin:0px
auto 0px;
padding:0px;
color:$bodytextcolor;
font-family:Arial,Helvetica,sans-serif;
   font-size:12px;
}

နောက်ခံအရောင်ပြောင်းချင်ရင်တော့အောက်မှာ
body {
background:#ဤနေရာမှာHTML colour codeထည့်လိုက်ပါ;

ဥပမာအောက်ကအတိုင်းဖြစ်သွားတာပေါ့နော်၊
body {
background:#ffa22f
margin:0px
auto 0px;
   padding:0px;
color:$bodytextcolor;
font-family:Arial,Helvetica,sans-serif;
font-size:12px;
   }

၃။Save Template button.နိုပ်ပါ။။

မသိသေးတဲ့မိတ်ဆွေတွေကိုအသိပေးမျှဝေစေချင်ပါတယ်၊
ဘလော့ဂါမိတ်ဆွေအားလုံးကိုအစဉ်မြဲချစ်ခင်လေးစားလျှက် kp3မိသားစု                    
kp3မိသားစု မှ ကူးယူ ဖော်ပြပါသည်။

pdf password remover


pdf password remover

zaw2aung: ညီရေ pdf password remover fullversion လေးများရှိရင်ပို့ပေးပါဦး

ကျွန်တော်တင်ပေးလိုက်ပါပြီ .. ဒါပေမယ့် တစ်ခုကြိုပြောပါရစေဗျာ . ဒီစကားကလဲ ခဏခဏ ပြောနေရတာပါ . တစ်ချို့ဆိုရင် ကျွန်တော့်ကို အမြင်တောင် ကပ်နေပြီလားမသိပါဘူး . ကျွန်တော်အခု ဖိုင်နဲ့တွဲပြီး Keygen ပါတွဲပြီး တင်ပေးလိုက်တာပါ . အဲ့တော့ Register မလုပ်ခင် ဗိုင်းရပ်စ် program ကို ခဏပိတ်ထားပေးပါ . Virus သတ်တဲ့ ဘယ် Program ပဲဖြစ်ဖြစ် Keygen ကို virus လို့ပဲ သိကြတာပါ . ပြီးတော့မှ ကျွန်တော့်ကို serial no. တောင်းနေတယ်လို့ . လိုင်စင်လုပ်ဖို့တောင်းနေတယ် . ကိုညီနေမင်းက product key အတွက်တော့ ဘာမှမပေးလိုက်ဘူးတို့ . ခဏခဏပြောနေတာ တွေ့ရပါတယ် . ဟိုတစ်ရက်ကဆိုရင် ဗိုင်းရပ်စ်ပါတယ်တောင် လုပ်တာ . ကျွန်တော် keygen ဖိုင်တွဲထည့်ပေးတဲ့ အခါတိုင်း ဒီစကားကို ခဏခဏပြောပါတယ် . အဲ့တော့ ကျွန်တော်တို့ register မလုပ်ခင် ပိတ်ပြီးမှ Keygen ကို run ပါ . ပြီးတော့မှ virus တော့ပါတယ် . လိုင်စင်လုပ်ဖို့တော့ မပါဘူးလို့ မပြောကြပါနဲ့ . ကျွန်တော် ဘယ်တော့မှ အဲ့လိုမျိုး သူများဒုက္ခရောက်အောင် စိတ်အပင်ပန်းလူအပင်ပန်းခံပြီး မလုပ်ပါဘူး . အစ်ကိုရာ ဗိုင်းရပ်စ်တွေပါလာတယ် . အစ်ကိုအဲ့လိုတော့ မလုပ်သင့်ပါဘူး ဆိုတော့ ကိုယ်ကဘဲ လူယုတ်မာလိုလိုဘာလိုလို နဲ့ ပြောပုံက အတော်အခံရခက်တာဗျ . ရေးပြထားတာတွေကိုလဲ အသေအချာ အစအဆုံးမဖတ်ပဲ နင်းကန် အပြစ်တင်တာ အတော်ဆိုးတယ်ဗျာ .. အခမဲ့ သက်သက် မြန်မာပြည်က လူငယ်တွေ နည်းပညာလေ့လာရလွယ်ကူအောင် တစ်ဖက်တစ်လမ်းကနေ ကူညီပေးရုံသက်သက်ပါ . ကျွန်တော် ဓါတ်ပုံနဲ့ကို လုပ်ပုံလုပ်နည်း ကိုတင်ပေးလိုက်ပါတယ် . register လုပ်တဲ့နေရာမှာ ကိုကြိုက်တဲ့နာမည်နဲ့လုပ်ပါ . အောက်မှာ ပုံနဲ့ပြထားပေးပါတယ် .




Download ifile.itDownload mediafire
http://www.nyinaymin.com/2009/09/pdf-password-remover.html မှ



ကျွန်တော် ဒီနေ့တော့ ဘလော့လ်တွေ ဘာတွေကြောင့်လေးနေတယ်။ ဖွင့်ရင် အရမ်းကြာနေတယ်ဆိုတာကို တင်ပြပေးပါမည်။ ကိုညီနေမင်းလည် တင်ပြခဲ့တာ ကျွန်တော်ဖတ်ခဲ့ရပါတယ်။ ကျွန်တော်တို့ ဆိုဒ်တွေကို အဓိက Speed နှေးစေတာကတော့ JavaScript (Js)ဖိုင်တွေနဲ့ CSS (Cascading Style Sheets)တွေရဲ့ upload Link တွေကြောင့် လေးလံကျတာ အဖြစ်များပါတယ်။ နောက်နှေးစေတာက picture ဆိုဒ်တွေကြောင့်ဖြစ်စေပါတယ်။ ကျွန်တော်အရင်က Js နှင့် CSS တွေကို upload တင်ရင် www.ripway.com နှင့် www.hostfile.com မှာ အတင်များပါတယ်။ ဒါပေးမဲ့ အဲဒီ Link တွေက Anti-virus နဲ့ညှီတဲ့အခါရှိသလို တစ်ခါတစ်လေ upload ဆိုဒ်က error ဖြစ်နေပါတယ်။ အဲဒီလို ဖြစ်နေတဲ့ အချိန်မှာ ဆိုဒ်က တော်တော်နဲ့ ပွင့်မလာပါဘူး။ ဒါနဲ့ဘယ်မှာ ကြာနေတယ်ဆိုတာ မိမိတို့ ရဲ့ဘယ်ဘက်ထောင့်မှာ ကြည့်က တွေ့မြင်နိုင်ပါတယ်။ ဒါနဲ့ Layout မှာ မိမိရဲ့ js နှင့် css link တွေကို https://sites.google.com မှာ ပြောင်းတင်ပြီ ကျွန်တော်ပြန်ပြင်လိုက်တော့မှ မြန်သွားတယ်။ ဒါကြောင့် မိမိတို့ ဆိုဒ်တွေ လေးလံနေတယ်ဆိုရင် js နှင့် css link တွေနဲ့ picture ဆိုဒ်တွေကို ပြန်ပြင်ပါ။ နောက်ပြီ မိမိဆိုဒ်မှာ flash တွေအ၇မ်းထည့်တာတို့မှ ရှောင်ကျင်ပါ။ ကျွန်တော်တော့ အခုနောက်ပိုင်း Jss နှင့် css link တွေကို https://sites.google.com မှာ တင်ပါတော့တယ်။ ဘယ်လိုတင်လဲသိချင်က မေးမြန်နိုင်ပါတယ်။ မိမိ Blog ဘယ်လောက် Speed မြန်လဲဆိုတာ စမ်းနိုင်ရန် အောက်မှာဆိုဒ်တွေကို တင်ပြပေးလိုက်ပါတယ်။ မိမိဆိုဒ်ဖွင့်လို့ လေးလံနေရင်လည် အောက်က ဆိုဒ်တွေမှာ စမ်းလိုက်ပါ။ ဘယ်လင့်က error ပြနေတယ်ဆိုတာ တွေ့ရပါမည်။ ကျေးဇူးတင်ပါတယ်

http://tools.pingdom.com/fpt/
http://www.netmechanic.com/cobrands/MarketingTips/load_check.htm
http://www.linkvendor.com/seo-tools/speedtester.html
http://www.robertjsteiner.com/seo_free_tools.php



Image and video hosting by TinyPic
Related Posts: Blog


Read more: http://www.knowledgewar07.com/2009/12/blog-speed.html#ixzz0zwN4B4ns

မိမိရဲ့Blog Name Scrolling လုပ်ချင်ရင်(ဘလော့နာမည်လေးကိုမရပ်ဘဲသွားအောင်လုပ်ချင်ရင်)


kp3နည်းပညာ၊၁၁၅၊မိမိရဲ့Blog Name Scrolling လုပ်ချင်ရင်

မိမိဘလော့နာမည်လေးကိုမရပ်ဘဲသွားအောင်လုပ်ချင်ရင်ပေါ့နော်၊Blog Name Scrolling
လို့ခေါ်ပါတယ်။တချို့ဘလော့မိတ်ဆွေတွေတင်ထားတော့မြင်ဖူးပါတယ်၊မတူလောက်ဘူးလို့တော့
ထင်ပါတယ်။အောက်မှာ DEMO လင့်ခ်လုပ်နည်းလေးပြထားပါတယ်။အရမ်းကိုလွယ်ပါတယ်။

၁။Dashboard

၂။ layout

၃။Edit HTML

အောက်က Code ကိုရှာပါ။

</head>


တွေ့ပြီဆိုရင်အပေါ်မှာအောက်က Code ကိုထည့်ပါ။
<script type='text/javascript'>
var txt="ဤနေရာမှာမိမိရဲ့ဘလော့နာမည်လေးရေးလိုက်ပါ ";
   var espera=200;
var refresco=null;
function rotulo_title()
{
   document.title=txt;
txt=txt.substring(1,txt.length)+txt.charAt(0); refresco=setTimeout("rotulo_title()",espera);
   }
rotulo_title();
</script>


နမူနာလင့်ခ်ဒီမှာDEMO

၎။Save Template ကိုနိုပ်ပါ၊ပြီးပါပြီ။။

မသိသေးတဲ့မိတ်ဆွေတွေကိုအသိပေးမျှဝေစေခြင်ပါတယ်၊ ဘလော့ဂါမိတ်ဆွေအားလုံးကိုအစဉ်မြဲချစ်ခင်လေးစားလျှက် kp3မိသားစု




 

 

0 comments:

Post a Comment