Cable လုပ်တာတော့ပြီးခဲ့ပြီ။ ကျနော့်ရဲ့ ပြောင်းပြန်သီအိုရီ အရ ကြိုးရပြီဆိုတော့ တပ်ဆင်ဆက်သွယ်ဖို့ ကဒ်တွေအလှည့်ပေါ့။
အခြေခံအကျဆုံးဖြစ်တဲ့ ကွန်ပြူတာ နှစ်လုံး ချိတ်ဆက်ဖို့ NIC (Network
Interface Card) ကို တပ်ဆင်ထားရပါမယ်။ network card (သို့) NIC လို့
ခေါ်ကြတဲ့ device က ကွန်ပြူတာ တစ်လုံးမှ ပို့လိုတဲ့ data တွေကို electric
signal အဖြစ် ပြောင်းလဲပြီး cable ကြိုးမှ တဆင့် တဖက် ကွန်ပြူတာရဲ့ NIC ဆီ
ပေးပို့ပါတယ်။ တဖန် ၀င်ရောက်လာတဲ့ signal တွေကို data
အဖြစ်ပြန်ပြောင်းပြီး လက်ခံပေးမှာ ဖြစ်ပါတယ်။ (NIC ကို သီးသန့် device
တစ်ခု အနေနဲ့ Motherboard ရဲ့ media slot မှာ စိုက်သုံးခဲ့တာပါ။
နောက်ပိုင်းထုတ် motherboard တွေမှာတော့ build in အနေနဲ့ အသေတပ်ဆင်ပြီး
ဖြစ်ပါတယ်။ NIC တပ်ဆင်ပြီး မဟုတ်တဲ့ laptop တွေအတွက်လည်း USB NIC တွေ
ရှိပါတယ်)
ကွန်ပြူတာ NIC တွေဟာ RJ-45 (Registered Jack) port ဖြစ်တဲ့အတွက် ၀ါယာ ၈ ခု
ပါပါတယ်။ pin 1 ဟာ ပို့ကြိုး (+) ဖြစ်ပြီး၊ pin 2 ဟာ ပို့ကြိုး (-)
ဖြစ်ပါတယ်။ pin 3 ဟာ လက်ခံကြိုး (+) ဖြစ်ပြီး၊ pin 6 ဟာ လက်ခံကြိုး (-)
ဖြစ်ပါတယ်။ ၈ ကြိုးမှာ ၄ ကြိုးပဲ အသုံးပြုပါတယ်။ ဒီလိုဆိုရင် ဘယ် NIC
ဖြစ်ဖြစ် pin အလုပ်လုပ်ပုံ အတူတူ ဖြစ်လို့ crossover cable ကို သုံးမှသာ
pin 1 နဲ့ 2 ပို့ကြိုးဟာ တဖက် NIC ရဲ့ လက်ခံကြိုး pin 3 နဲ့ 6
အဖြစ်ရောက်ရှိမှာဖြစ်ပါတယ်။
Hub နဲ့ Switch တွေရဲ့ pin 1 နဲ့ 2 ဟာ လက်ခံ (+) (-) ဖြစ်ပြီး pin 3 နဲ့ 6
ဟာ ပို့ကြိုး (+) (-) ဖြစ်လို့ NIC နဲ့ ပြောင်းပြန်လုပ်ပြီးသား ဖြစ်ပါတယ်။
ဒါ့ကြောင့် Straight-through cable ကို အသုံးပြုရခြင်း ဖြစ်ပါတယ်။
NIC တွေ ဆက်သွယ်အသုံးပြုမှ မဟုတ်ပါဘူး။ လူတောင်
တစ်ယောက်ထက်ပိုရင် မှတ်လို့ရအောင် နာမည်တွေ လိပ်စာတွေ လိုပြီလေ။ NIC
တစ်ခုမှာ အသေသတ်မှတ် ထည့်သွင်းပြီးသား လိပ်စာတစ်ခု ပါပါတယ်။ MAC Address
(Media Access Control Address) လို့ ခေါ်တဲ့အပြင်၊ Physical address,
Ethernet address, hardware address ရယ်လို့လည်း အမျိုးမျိုး ခေါ်ကြပါတယ်။
MAC address ဟာ NIC ထုတ်လုပ်စဉ်ကတည်းက သတ်မှတ်ထည့်သွင်းပေးထားပြီးဖြစ်လို့
သာမာန်အသုံးပြုသူတွေ အတွက်တော့ သိထားရုံပဲလိုပါတယ်။ လိုအပ်လို့ MAC
address ပြင်ဆင်အသုံးပြုရမယ်ဆိုရင်လည်း (သုံးထားတဲ့ OS ပေါ် မူတည်ပြီး)
ပြင်ဆင်နိုင်ပါတယ်။ (MAC address ပြင်နည်းကို ……. မှာ ရေးပြီး ဖြစ်ပါတယ်)
MAC address မှာ ၁၂ လုံး ပါဝင်ပြီး hexadecimal ဖြင့် ဖော်ပြပါတယ်။ hex မှာ
ဆိုရင် 0,1,2,3,4,5,6,7,8,9,A,B,C,D,E,F ဆိုတဲ့ ဂဏန်း ၁၆ လုံး
ပါဝင်ပါတယ်။ binary စနစ် အရ ဆိုရင်တော့ decimal ဂဏန်း တစ်လုံးမှာ 4 bit
ရှိပါတယ်။ decimal နဲ့ binary ဖလှယ်မှုကို အောက်ပါဇယားမှာ လေ့လာနိုင်ပါတယ်။
MAC address တစ်ခုမှာ hex ၁၂ လုံး ပါလို့ 12 x 4 bit = 48 bit (6 byte) ဖြစ်ပါတယ်။ (ဥပမာ – 6C-F0-49-B3-C4-B7)
Windows မှာ MAC address ကို သိချင်ရင် Run box မှာ cmd လို့ ရိုက်ပြီး
ခေါ်ပါ။ cmd ပေါ်လာရင် ipconfig /all လို့ ရိုက်ပြီး Enter ခေါက်ပါ။ Physical
Address ဆိုပြီး ဖော်ပြပါလိမ့်မယ်။
နားလည်လွယ်အောင် နှိုင်းပြရရင် MAC address ဆိုတာ NIC တစ်ခုရဲ့ မှတ်ပုံတင်
နံပါတ် ဆိုပါစို့။ နာမည်၊ မှတ်ပုံတင်နံပါတ်တွေ သိရုံနဲ့ စာပို့၊
ပစ္စည်းပို့တွေ လုပ်မရသေးဘူးလေ။ မြို့၊ ရွာ၊ လမ်း စတဲ့ လိပ်စာ အတိအကျ
ရှိဖို့လည်း လိုသေးတာကိုး။ ကွန်ပြူတာတွေကို Network ချိတ်ပြီး အလုံးရေ
များစွာကို data ပို့ယူလုပ်နိုင်ဖို့အတွက် IP (Internet Protocol) Address
လိုပါတယ်။ MAC address ကို physical address လို့ ခေါ်ပြီး IP address ကို
logical address လို့ ခေါ်ပါတယ်။ IP address တစ်ခုမှာ 1st Octet, 2nd
Octet, 3rd Octet, 4th Octet ဆိုပြီး အပိုင်းလေးပိုင်း ခွဲထားပါတယ်။
Octet တစ်ခုအတွက် 8 bit နှုန်းနဲ့ 4 Octet ဆိုတော့ 32 bit (4 byte)
ဖြစ်ပါတယ်။ IP address တွေကို မှတ်သားလွယ်အောင် decimal ဂဏန်းတွေနဲ့
ဖော်ပြပါတယ်။ Octet တစ်ခုကို decimal ဂဏန်း 0 မှ 255 ထိ
ဖြည့်သွင်းနိုင်ပါတယ်။ binary မှ decimal ပြောင်းလဲမှု အရ power of two ကို
အခြေခံပါတယ်။
နမူနာ ရေးပြထားတဲ့ IP address ကို binary အဖြစ် ပြောင်းလဲပုံကို ကြည့်ရအောင်။ 192 . 168 . 26 . 10
1st Octet က 192 ဖြစ်လို့ binary value မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
2nd Octet က 168 ဖြစ်လို့ binary value မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
3rd Octet က 26 ဖြစ်လို့ binary value မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
4th Octet က 10 ဖြစ်လို့ binary value မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
IP address တွေက network အမျိုးအစား တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ
ကွန်ပြူတာများ အပြန်အလှန် ဆက်သွယ်မှု ပြုနိုင်ရန် အထောက်အကူ ပေးပါတယ်။ IP
address တစ်ခုမှာ network ID နဲ့ host ID ဆိုပြီး နှစ်ပိုင်း
ခွဲခြားနိုင်ပါတယ်။ Network တစ်ခုတည်းဆိုရင် network ID တူပြီး၊ host ID
ကွာခြားပါမယ်။ (ဥပမာ ပေးရရင် တစ်ရပ်ကွက်တည်းသား တွေဆိုရင် လိပ်စာမှာ
ရပ်ကွက် တူမယ်၊ လမ်း (တူချင်) တူမယ်၊ အိမ်နံပါတ် ကွာခြားမယ်ပေါ့။
ဒီသဘောပါပဲ)
Network ID ပေါ်မူတည်ပြီး Class A, B, C ဆိုပြီး (၃) မျိုး ခွဲခြားနိုင်ပါတယ်။
Network Class A ဟာ IP ရဲ့ 1st
Octet တူမယ်။ ကျန်တာတွေ ကွာခြားမယ်။ 1st Octet ရဲ့ decimal value ဟာ 1 မှ
126 ထိ ဖြစ်မယ်။ Class A မှာ 1st Octet က ဘုံဖြစ်လို့ အဲဒါဟာ network ID
ဖြစ်ပြီး၊ မတူတဲ့ နောက်က Octet သုံးခုက host ID ဖြစ်ပါတယ်။
49.162.10.25
ဒီ IP ကို မြင်တာနဲ့ 1st Octet က 49 (1 မှ 126 ကြား) ဖြစ်လို့ Class A ဆိုတာ တန်းပြီး သိမှာပါ။ သူ့ရဲ့ network တူ အခြား IP တွေက
Class A မှာ ဘုံဖြစ်တဲ့ 1st Octet က network ID ဖြစ်ပြီး၊ နောက်က Octet
တွေက host ID ဖြစ်ပါတယ်။ ဘုံထားရတဲ့ 1st Octet က လွဲပြီး နောက်က
သုံးတွဲပြောင်းသုံးလို့ရတဲ့အတွက် network အရေအတွက် 16,777,214 လုံး
အသုံးပြုနိုင်ပါတယ်။
Network Class B ဟာ IP ရဲ့ 1st
နဲ့ 2nd Octet တူမယ်။ 1st Octet ရဲ့ decimal value ဟာ 128 မှ 191 ထိ
ဖြစ်မယ်။ Class B ရဲ့ 1st နဲ့ 2nd Octet က ဘုံဖြစ်လို့ နောက်က နှစ်တွဲ
ပြောင်းသုံးနိုင်ပြီး 65,534 လုံး အသုံးပြုနိုင်ပါတယ်။ Class B ရဲ့ IP
တွေက -
Class B မှာ ဘုံဖြစ်တဲ့ 1st နဲ့ 2nd Octet က network ID ဖြစ်ပြီး၊ နောက်က Octet တွေက host ID ဖြစ်ပါတယ်။
Network Class C ဟာ IP ရဲ့ 1st, 2nd နဲ့ 3rd Octet တူမယ်။ 1st Octet ရဲ့ decimal value ဟာ 192 မှ 223 ထိ ဖြစ်မယ်။ Class C ရဲ့ IP တွေက -
Class C မှာ ဘုံဖြစ်တဲ့ 1st , 2nd နဲ့ 3rd Octet က network ID ဖြစ်ပြီး၊
4th Octet က host ID ဖြစ်ပါတယ်။ နောက်ဆုံး Octet တစ်ခုပဲ ပြောင်းလဲ
သုံးစွဲလို့ ရတဲ့အတွက် network တစ်ခုအောက်မှာ 254 လုံးပဲ တပ်ဆင်
သုံးစွဲနိုင်ပါတယ်။
Class သုံးခုကို အောက်ပါဇယားအတိုင်း အကျဉ်းချုပ် မှတ်သားနိုင်ပါတယ်။
ဒီ Class သုံးခု ကို အားနည်းချက်၊ အားသာချက် နှိုင်းယှဉ်ဖို့ ဒီလို မှတ်ကြည့်ရအောင် ….
IP တစ်ခုကို အိမ်လိပ်စာ အဖြစ် တင်စားကြည့်တာပါ။ ကျနော် ဆက်ရှင်းပြပါ့မယ်။
စာတစ်စောင် ပို့ချင်တယ်ဆိုပါစို့။ မိမိနဲ့ မြို့တူတယ်၊ ရပ်ကွက်
မတူဘူးဆိုရင် ပို့ရမယ့် ခရီးက ရပ်ကွက်ကို ကျော်ပို့ရမှာမို့ အချိန်ကြာမယ်။
(ဒါက Class A ပေါ့)။ ဒုတိယ မြို့တူမယ်၊ ရပ်ကွက်တူမယ် ဆိုရင် ပိုမြန်လာမယ်။
ရပ်ကွက်တွင်းမှာပဲ ပို့ရမှာကိုး။ (ဒါက Class B)။ နောက်ဆုံးတစ်ခုက
မြို့တူတယ်၊ ရပ်ကွက်တူတယ်၊ လမ်းတူတယ် ဆိုရင် ပိုတောင် မြန်သွားပြီ။
တစ်လမ်းထဲမှာပဲကိုး။ (ဒါက Class C)။ Class C မှာ အကုန်တူပြီး
အိမ်နံပါတ်လေးပဲ လွဲမှာ ဖြစ်လို့ အလုံးအရေအတွက် နည်းနည်းပဲ ချိတ်လို့
ရတော့မှာပေါ့။ ဒါက သူ့ရဲ့ အားသာချက်နဲ့ အားနည်းချက်ပဲ။ အမြန်နှုန်းကို အဓိက
ပြောချင်တာ မဟုတ်ပါဘူး။ မြင်သာအောင် ဥပမာ ပေးတာပါ။ Network တစ်ခုထဲမှာ
ဘယ်သူမှ အလုံးနှစ်ရာကျော် မသုံးဖြစ်ပါဘူး။ အဲဒီတော့ Class C က
အသင့်တော်ဆုံး ဖြစ်မှာပါ။
အဲဒီလောက်ဆိုရင် IP address တွေကို နားလည်လောက်ပြီ ထင်ပါတယ်။ Windows မှာ
Input လုပ်ကြည့်ရအောင်။ အရင်ဆုံး ကွန်ပြူတာ နှစ်လုံးတည်းကို crossover
cable သုံးပြီး တိုက်ရိုက်ဆက်သွယ်လိုက်ပါ။ *(windows က driver အဆင်ပြေလို့
device ပေါ်နေပြီလို့ သတ်မှတ်ပြီး ကြိုးတပ်တဲ့ နေရာကပဲ စပြောပါ့မယ်။
ဒီနေ့ခေတ် သုံးနေကြတဲ့ ကွန်ပြူတာတွေမှာ NIC သီးသန့် စိုက်ပြီး driver
install ခက်ခက်ခဲခဲ လုပ်နေရမယ့် ကွန်ပြူတာလည်း မရှိတော့ပါဘူး။ အကုန် Ready
ပဲကို)။
Start > Control Panel ကို click ပါ။
Control panel မှာ “Network Connections” ကို double-click နှိပ်ပြီး ဖွင့်ပါ။
“Local Area Connection” ဆိုတဲ့ icon ကို တွေ့ပါလိမ့်မယ်။
*(မတွေ့ခဲ့ဘူးဆိုရင်တော့ NIC ကို windows က မသိလို့ (သို့) NIC တစ်ခုခု
ချို့ယွင်းမှုကြောင့် ဖြစ်ပါလိမ့်မယ်။ Motherboard driver cd ကနေ network
အတွက် driver ကို install လုပ်လိုက်ပါ)။
Icon ကို double click နှိပ်ပြီး Enable လုပ်လိုက်ပါ။ (right-click >
Enable ကို နှိပ်လို့လည်းရပါတယ်)။ cable ကြိုး တပ်မထားရင် (သို့)
ကြိုးတပ်ထားတဲ့ NIC နှစ်ခုလုံး power ဖွင့်မထားရင် icon မှာ ကြက်ခြေခတ်အနီ
ပြနေပါလိမ့်မယ်။
NIC နှစ်ခု connected ဖြစ်သွားရင် ကြက်ခြေခတ် ပျောက်သွားလိမ့်မယ်။
right-click > Properties ကို နိုပ်ပါ။ ပေါ်လာတဲ့ box ရဲ့ General tab
မှာ Internet Protocol (PCP/IP) ကို click လုပ်ပြီး properties ကို
ထပ်နိုပ်ပါ။
IP ဖြည့်သွင်းဖို့အတွက် windows ပေါ်လာပါတယ်။ “Obtain an IP address
Automatically” ဆိုတာက OS မှ IP address ကို အလိုလျောက် သတ်မှတ်ပေးဖို့
ဖြစ်ပါတယ်။ မိမိစိတ်ကြိုက် ဖြည့်သွင်းနိုင်ဖို့အတွက် “Use the following IP
address” ဆိုတာကို ရွေးချယ်လိုက်ပါတယ်။
IP address ရဲ့ အကွက်လွတ်နေရာမှာ မိမိအသုံးပြုမယ့် network class
အမျိုးအစားအလိုက် IP တစ်ခုကို ဖြည့်သွင်းပါ။ ကျနော်ကတော့ Class C ကို
သုံးမှာဖြစ်လို့ ချိတ်ဆက်မယ့် ကွန်ပြူတာ နှစ်လုံးလုံးရဲ့ IP address
ရှေ့သုံးကွက် အတူတူ ဖြစ်ရမယ်။ နောက်ဆုံးအကွက်တစ်ခုပဲ တစ်လုံးနဲ့ တစ်လုံး
ကွဲပြားမယ်ပေါ့။ နောက်ဆုံးအကွက်ကတော့ 1 ကနေ 254 အတွင်း တစ်ခုခု ဖြစ်ရပါမယ်။
ဥပမာ – ဒီကွန်ပြူတာက နောက်ဆုံး အကွက် မှာ 10 ဆိုရင် သူနဲ့ချိတ်မယ့်
အခြားတစ်လုံးက 12 ပေါ့။ (သူ့အိမ်နံပါတ်ကို 10 သတ်မှတ်ပြီး ဖြစ်လို့
နောက်အိမ်တစ်လုံးက 10 ထပ်ဖြစ်လို့ မရတော့ဘူးလေ။ နားလည်မှာပါ) IP နေရာမှာ
ဖြည့်သွင်းပြီးတာနဲ့ “Subnet mask” ဆိုတဲ့ box ကို click လိုက်တာနဲ့
255.255.255.0 ဆိုပြီး အလိုလို ဖြည့်သွင်းပြီး ဖြစ်သွားမှာပါ။ (IP address
ရဲ့ Octet မှာ အသေးဆုံးက 0 ဖြစ်ပြီး အကြီးဆုံးက 255 ဖြစ်ကြောင်း
ပြောခဲ့ပြီး ဖြစ်ပါတယ်။ IP တကယ်ဖြည့်သွင်းရင်တော့ 1 မှ 254 ထိသာ
ဖြည့်သွင်းပါတယ်။ 0 နဲ့ 255 ကို အစွန်းနှစ်ဘက်အဖြစ် လွတ်ထားရပါတယ်။
ကျနော်တို့က 1st Octet ကို 192 လို့ ဖြည့်သွင်းလိုက်တာနဲ့ 192 မှ 223
ကြားဖြစ်လို့ Class C မှန်း ကွန်ပြူတာက တန်းပြီးသိပါတယ်။ အဲဒါကြောင့်
“Subnet mask” ဆိုတဲ့ box ကို click လိုက်တာနဲ့ 255.255.255.0 ဆိုပြီး
အလိုလို ဖြည့်သွင်းပေးသွားတာပါ။ အဓိပ္ပါယ်ကတော့ “တူ.တူ.တူ.မတူ” ဆိုပြီး
လုပ်ငန်းလျှော့နည်းအောင် ကူညီပေးတာပဲ ဖြစ်ပါတယ်။ ချိတ်ဆက်လိုက်တဲ့
ကွန်ပြူတာ တစ်လုံးက data ပို့တော့မယ်ဆိုတာနဲ့ နောက်ဆုံးတစ်လုံးသာမတူတဲ့ IP
ကိုပဲ ရှာပို့ရမယ်ဆိုပြီး တန်းသိဖို့ဖြစ်ပါတယ်။ နားလည်လွယ်အောင်
လျှာရှည်တာပါ)
ကွန်ပြူတာ နှစ်လုံးလုံးမှာ IP ဖြည့်သွင်းပြီး OK လိုက်တာနဲ့
ကွန်ပြူတာနှစ်လုံး ဆက်သွယ်ပြီး ဖြစ်သွားပါပြီ။ “how icon in notification
area when connected” ဆိုတာကို check ပေးခဲ့ရင် taskbar မှာ network icon
ပေါ်လာပါလိမ့်မယ်။
မိမိကွန်ပြူတာ အခြားတစ်ခုခုနဲ့ network ချင်း ဆက်သွယ်မိပြီဆိုတာနဲ့ now
connected ဆိုပြီး taskbar ရဲ့ notification area မှာ စာတမ်းလေး
ပေါ်လာပါလိမ့်မယ်။
ဒါဆိုရင်တော့ ကွန်ပြူတာနှစ်လုံး ဆက်သွယ်ချိတ်ဆက်မှု အောင်မြင်ပါပြီ။ ဒီပို့စ်လေး နားပြီး နောက်တစ်ဆင့် နောက်မှပေါ့ ……
Source: သံလုံငယ်
Sunday, August 17, 2014
Networking step-2 : NIC, MAC, IP and Connection
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment