Pages

Translate

Sunday, August 17, 2014

Network ပိုင်းစိတ်ဝင်စားသူများအတွက်

Network အမျိုးအစား

Network ကိုအမျိုးအစားအားဖြင်. နှစ်ပိုင်းခွဲခြားထားပါတယ်။

၁။ private (မူပိုင် )
၂။ public (အများပိုင်) ဆိုပြီး ခွဲခြားထားပါတယ်။

<b>Network အရွယ်အစား</b>
Network ကို အရွယ်အစားအားဖြင်. (၄)မျိုးခွဲခြားထားတယ်။
၁။ local area
၂။ metropolitan area
၃။ wide area



၁။ local area network (LAN)
တူညီတဲ.အဆောက်အဦး တစ်ခု အတွင်း ၊ ၂မိုင်အတွင်း လောက်ဘဲ (LAN) ချိတ်ဆက်ပြိး အသုံးပြုကြပါတယ်။ LAN ချိတ်ဆက်ခြင်း မှာ telephone line တွေ coaxial cable
တွေ fiber-optic cable တွေ (သို.) radio-based transmission တွေအသုံးပြု
ပါတယ်။



၂။ Metropolitan Area Network (MAN)
မြို.တွင်း နယ်တွင်း ချိတ်ဆက် ခြင်းတွေ မှာ (MAN) ကိုအသုံးပြုကြပါတယ်။



၃။Wide area network (WAN)
တိုင်းပြည်အတွင်း ချိတ်ဆက်ခြင်းတွေမှာတော. (WAN) ကိုအသုံးပြုကြပါတယ်။



<b> Network ရဲ.ပုံပန်းသဏ္ထ္ထန် </b>

၁။ star Network
၂။ bus Network
၃။ Ring Network
၎။ Token Ring Network ဆိုပြီး ၄မျိုးခွဲခြားထားတယ်။



Stand Alone နှင့် Network
ကွန်ပျူတာများကို တစ်လုံးနှင့်တစ်လုံး အပြန်အလှန်ဆက်သွယ်လို့ရအောင်
ကြားခံပစ္စည်းတမျိုးမျိုးကို အသုံးပြုပြီး
ပင့်ကူအိမ်သဖွယ်ချိတ်ဆက်ထားခြင်


းကို
ကွန်ပျူတာကွန်ယက်(network)ဟုခေါ်ပြီး၊တစ်လုံးတည်းသီးခြားရပ်တည်ပြီး
အသုံးပြုသည့်ကွန်ပျူတာကို (stand alone) ဟုခေါ်သည်။



Network အသုံးဝင်ပုံ
ကွန်ပျူတာ တစ်လုံးနှင့်တလုံးချိတ်ဆက်ပြီး File တွေ ကို share
ပေးနိုင်ခြင်း၊Printer&Scanner များကို ရှယ်ရာပေးနိုင်ခြင်း နောက်ဆုံး
Network Games ကို သူငယ်ချင်းများ တစ်ဦးနှင့်တဦးချိတ်ဆက်ပြီး
ဆော့ကစားနိုင်ပါတယ်။
File များကို share ပေးနိုင်တဲ့အတွက် မိမိကွန်ပျူတာမှ Data များကို Network
ချိတ်ဆက်ထားသော ကွန်ပျူတာများသို့ share
ပေးနိုင်ပါတယ်။Printer&Scanner များကို share ပေးနိုင်တဲ့အတွက်
Printer&Scanner ရှိသည့် စက်သို့သွားရန်မလိုပဲ ထိုင်ရာမှ မထပဲ print
ထုတ်ခြင်း၊scan ဖတ်ခြင်းများ ပြုလုပ်နိုင်ပါတယ်။


Network Infrastructure

Network တစ်ခုဖြစ်ပေါ်လာဖို့ချိတ်ဆက်မှုတွေ၊connectivity၊Network
တစ်ခုရဲ့လုံခြုံမှု Securityတွေ၊လမ်းကြောင်းချိတ်ဆက်မှု
Routingတွေ၊ထိန်းချုပ်မှု Managementတွေ၊ရယူသုံးဆွဲမှု accessတွေ
တခြားဒီnetwork မှာပါဝင်ပတ်သက်နေတဲ့ အစိတ်အပိုင်းတွေဟာ network တစ်ခုရဲ့
Infrastructure ပဲဖြစ်ပါတယ်။Network တစ်ခုမှာ Physically
အရပဲဖြစ်စေ၊Logically အရပဲဖြစ်စေ ပါဝင်ပတ်သက်နေတဲ့အစိတ်အပိုင်းများကို ၄င်း
Network ရဲ့ Infrastructureလို့ခေါ်ပါတယ်။

Types of Network
ကွန်ယက်အမျိုးအစား (၃)မျိုးကို အောက်မှာတွေ့နိုင်ပါတယ်....
၁။Local Area network(LAN)
၂။Metropolitan Area Network (MAN)
၃။Wide Area Network(WAN)

။Local Area network(LAN)အကြောင်း
အဆောက်အအုံတစ်ခုအတွင်း Area ငယ်လေးတစ်ခုထဲ တပ်ဆင်ထားတဲ့ Network
ကွန်ယက်တစ်ခုပါ။ရုံးတွေ၊ကုမ္မဏီတွေ၊ကျောင်းတွေ တပ်ဆင်လေ့ရှိတဲ့
ကွန်ယက်ငယ်လေးတစ်ခုပါ။ကွန်ယက်ငယ်လို့ပြောရခြင်းက အဆောက်အအုံတစ်ခုရဲ့
ပြင်ပကိုကျော်ပြီး ကျယ်ပြန့်တဲ့
ကွန်ယက်တစ်ခုမဖြစ်နိုင်လို့ပါပဲ။သိအိုရီအရတော့ LAN
ဟာအများဆုံး၁၀၂၄ပါဝင်ပြီး အဝေးဆုံး မီတာ ၉၀၀အထိချိတ်ဆက်နိုင်ပါတယ်။



၂။Metropolitan Area Network (MAN)အကြောင်း
Local Area Network အရွယ်အစားနှင့် Wide Area Network
အရွယ်အစားတို့ကြားရှိသော ကွန်ယက်အမျိုးအစားဟာMetropolitan Area Network ပဲ
ဖြစ်ပါတယ်။Metropolitan Area Networkအပြင်မှာတွေ့ရခဲသော Network
အမျိုးအစားပဲဖြစ်တယ်။သူရဲ့သဘောက LAN တွေအများကြီးကို ကီလိုမီတာ ၁၀၀
အကျယ်အ၀န်းလောက်မှာ ထပ်ဆင့်ချိပ်ဆက်ထားတာဖြစ်တယ်။LAN လို private မဟုတ်ပဲ
Public ပိုဆန်တယ်။LAN ထပ်ပိုတဲ့ High Speed နဲ့အချက်အလက်အပြင် အသံတွေကိုပါ
အထက်ပါ အကျယ်အ၀န်းအတွင်းပို့လွတ်နိုင်ပါတယ်။LAN နဲ့မတူတဲ့ Transmission
Media နဲ့ Network Hardware တွေကိုအသုံးပြုထားလို့ဖြစ်တယ်။

     



။Wide Area Network(WAN)အကြောင်း
Wide Area Network ဆိုတာကတော့ တိုင်းနှင့်ပြည်နယ်တွေအပြင်
တစ်နိုင်ငံနှင့်တစ်နိုင်ငံကိုဖြတ်ကျော်ပြီး
တစ်ကမ္ဘာလုံးအနေနဲ့ချိတ်ဆက်လိုက်တာဖြစ်ပါတယ်။ယနေ့
ကျွန်တော်တို့အသုံးပြုနေတဲ့ Internet ဆိုတာ Wide Area Network(WAN)
အမျိုးအစားပေါ့။Internet ဆိုတာ ကွန်ယက်တွေကို ထပ်ဆင့် စုဆောင်းပြီး
တစ်ကမ္ဘာလုံးချိတ်ဆက်ထားတာဖြစ်တယ်။ကွန်ယက်တွေကိုထပ်ဆင့်ချိတ်ဆက်
ထားတာဖြစ်တာကြောင့် နည်းပညာအရ သူ့ကို Internetwork လို့ခေါ်ပါတယ်။Internet
ဆိုတာ Internetwork ရဲ့
အတိုကောက်ဖြစ်တယ်။ကွန်ပျူတာတွေသန်းပေါင်းများစွာပါဝင်ဖွဲ့စည်းထားတဲ့ဒီ
Internet ဟာ ၁၉၇၀လောက်က စတင်ပြီး ၁၉၉၄ခုနှစ်မှ စတင်ခေတ်စားလာတာပါ။ဒါဟာလည်း
GUI လို့ခေါ်တဲ့ Graphic User Interface ကြောင့် ကွန်ပျူတာကိုသုံးတဲ့
အထွေထွေ လူတန်းစားစိတ်ဝင်စားမှုနှင့်လိုအပ်တဲ့သီးခြား ဌာနတစ်ခုထဲ
သုံးရလောက်အောင်မခက်ခဲဘဲ အထွေထွေ လူတန်းစားအတွက်သင်တော်မှုတွေကြောင့်
ပဲဖြစ်ပါတယ်။




Cross Cable ကြိုးပြုလုပ်နည်း
ကွန်ပျူတာ ၂-လုံးတည်း ချိတ်ဆက်မယ်ဆိုရင် UPT(Unshielded Twisted Pair) ကြိုးကိုအသုံးပြုပြီး Cross Cable တစ်ခုပြုလုပ်ပြီး
ချိတ်ဆက်ရမှာဖြစ်ပါတယ်။Cross Cable ကြိုးစ ၂-ဘက်ထိပ်မှာ RJ-45 Jack
လို့ခေါ်တဲ့ ခေါင်းတစ်ခုစီ ကိုသွားရောက်တပ်ဆင်ရမှာဖြစ်ပါတယ်။
ကျွန်တော်တို့ RJ-45 Connector နှင့် UTP witing ချိတ်ဆက်ဖို့ရာ Standard
နှစ်ခုရှိပါတယ်။အဲ့ဒီနှစ်ခုကတော့ 568-A နှင့်568-Bတို့ပဲဖြစ်ပါတယ်။၎င်း
standard နှစ်ခုစလုံးဟာ EIA/TIA(Electronic Industries Association and
Telecommunications Industries Association)နှင့် Agree ဖြစ်နေတာကြောင့်
၎င်းတို့ကို EIA/TIA568-Aနှင့် EIA/TIA568-B
လို့လည်းခေါ်လို့ရပါတယ်။အောက်မှာ ၄င်း Standard
နှစ်ခုစလုံးကြိုးတွဲရမယ်ပုံကိုဖော်ပြပါ့မယ်။


အပေါ်က ပုံမှာပြထားတဲ့အတိုင်းပဲ ကျွန်တော်တို့ က 568A အတွက်ဆိုရင်.......

568A Wiring
1.White Green
2.Green
3.White Orange
4.Blue
5.White Blue
6.Orange
7.White Brown
8.Brown

568B အတွက်ဆိုရင်........

568BWiring
1.White Orange
2.Orange
3.White Green
4.Blue
5.White Blue
6.Green
7.White Brown
8.Brown
ကြိုးညှပ်ရာမှာ Standard နှစ်ခုထဲက ဘယ်နည်ကိုသုံးသုံး အတူတူပါ။ကွဲပြားမှုမရှိပါဘူး။ဒါပေမယ့် 568B ကို အသုံးပြုကြတာများပါတယ်။
ပုံမှန်ဆိုရင်တော့ ကြိုးရဲ့တစ်ဖက်စွန်းမှာ ညှပ်ထားတဲ့ အရောင်အတိုင်း တစ်ဖက်စွန်းမှာလည်းဖြစ်ရပါမယ်။
ဒါပေမယ့် Crossover Cable အတွက်ဆိုရင်တော့ တစ်ဖက်စွန်းကို 568Aညှပ်ပြီး ကျန်တစ်ဖက်ကို 568B ညှပ်ရမှာဖြစ်ပါတယ်။
Crossover Cable အတွက်ဆိုတာ Hub to Hub ချိတ်တာဖြစ်ပါတယ်။ဒါပေမယ့် ၄င်းကို
Hub မပါပဲ
ကွန်ပျူတာနှစ်လုံးတိုက်ရိုက်ချိတ်ဆက်တဲ့အခါမှာလည်းအသုံးပြုနိုင်ပါတယ်။

0 comments:

Post a Comment