Pages

Translate

Sunday, August 17, 2014

Networ အကြောင်း အခြေခံ..


ဒီနေ့ တော့ Network အကြောင်းကို ရှင်းပြပါမယ်…
သူငယ်ချင်းတို့  အခုသုံးနေတဲ့ ချော့ကလက်မြို့ တော်ဟာ Ning Network ဖြစ်ပါတယ်…
ပင်မစာမျက်နှာညာဖက် မြို့ စားလေးပုံမှာ ရေးထားတဲ့စာလေးကို ဖတ်မိမှာပါ…
မြို့ စားလေး Created this Ning Network ဆိုတာကို တွေ့ ကြမှာပါ…
နိုင်ငံအသီးသီးက သူငယ်ချင်းများက မိမိတို့ ရဲ့ ကွန်ပျူတာကို အင်တာနက်နဲ့  ချိတ်ဆက်ပြီး သတင်းအချက်အလက်များ၊ စာပေများ၊၊ သီချင်းများ၊ Video များကို ဝေမျှခံစားစေတာဟာ Network ကြီးတစ်ခုထဲမှာ လှုပ်ရှားနေကြတာပါ…

INTRODUCTION TO NETWORKS
A network is a group of connected computers that allow people to share information and equipment.
Network ဆိုတာ အချက်အလက်တွေ၊ ကိရိယာတွေကို ဝေမျှသုံးစွဲတာကို ခွင့်ပြုတဲ့
ကွန်ပျူတာအချင်းချင်း ချိတ်ဆက်ထားတဲ့ အုပ်စုကို ဆိုလိုတာပါ…

Types of Networks Network အမျိုးအစားများ
Local Area Network A Local Area Network (LAN) is a network that connects computers within a small geographic area, such as a building.
Local Area Network (LAN) ဆိုတာဟာ အဆောက်အဦတစ်ခုထဲအတွင်းမှာပဲ ကွန်ပျူတာတွေကို ချိတ်ဆက်အသုံးပြုတာကို ဆိုလိုတာပါ…
ကုမ္ပဏီများ၊ အင်တာနက်ဆိုင် (Cyber Cafe) တွေမှာ ကွန်ပျူတာကို တစ်ခုနဲ့ တစ်ခု ချိတ်ဆက်အသုံးပြုတာကို LAN လို့  ခေါ်ပါတယ်…
Wide Area Network A Wide Area Network (WAN) is a network that connects computers across a large geographic area, such as a city or country. A WAN can transmit information by telephone line, microwave or satellite.
Wide Area Network (WAN) ဆိုတာကတော့ မြို့ တွေ၊ တိုင်းပြည်တွေကို ဖြတ်ပြီး ကွန်ပျူတာများ ချိတ်ဆက်အသုံးပြုတာကို ဆိုလိုတာပါ… WAN ကတော့ တယ်လီဖုံးလိုင်း (သို့ မဟုတ်) ဂြိုလ်တုစနစ်နဲ့  သတင်းအချက်အလက်တွေကို ပေးပို့ တာပါ…
Network Advantages Network ဆက်သွယ်ခြင်းရဲ့ အကျိုးကျေးဇူးများ
Work Away From Office When traveling or at home, you can connect to the network at work to exchange messages and files.
မိမိခရီးသွားတဲ့အခါဖြစ်စေ၊ အိမ်မှာနေရင်းဖြစ်စေ Network ချိတ်ထားမယ်ဆိုရင် သတင်းနဲ့  ဖိုင်များကို ဖလှယ်လို့  ရပါတယ်…
Share Information Networks let you easily share data and programs. You can exchange documents, electronic mail, video, sound and images.
Network ချိတ်ထားခြင်းဖြင့် အချက်အလက်တွေ၊ Programs တွေကို ဝေမျှလို့  လွယ်ပါတယ်… စာတွေ၊ E-Mail တွေ၊ Video တွေ၊ အသံတွေနဲ့  ရုပ်ပုံတွေကို ဖလှယ်လို့ ရပါတယ်… ဆိုလိုတာကတော့ ညီတို့ တွေ Data တွေကို သိမ်းဆည်းနိုင်တဲ့ Memory Stick တို့ ၊ External Harddisk တို့  မလိုတော့တာပါ…
Share Equipment Computers connected to a network can share equipment, such as a printer or modem.
Network ချိတ်ထားမယ်ဆိုရင် Printer တို့ ၊ Modem တို့ ၊ Scanner တို့ ကို ကွန်ပျူတာအားလုံးက ဝေမျှသုံးစွဲနိုင်တာပါ…
ဥပမာအားဖြင့် အင်တာနက်ဆိုင်မှာ Modem တစ်ခုပဲ လိုပါတယ်… Computer တွေကို Network ချိတ်ထားပြီး Internet ကို ဝေမျှသုံးစွဲနေတာပါ…


Network Administrator A network administrator manages the network and makes sure the network runs smoothly. A network administrator may also be called a network manager, information systems manager or system administrator.
Network Administrator ဆိုတာဟာ Network ကို ချောမွေ့ စွာ အသုံးပြုနိုင်အောင် စီမံ အုပ်ချုပ်ရတဲ့သူကို ဆိုလိုတာပါ… Network Administrator ကို Network Manager, Information Systems Manager ဒါမှမဟုတ် System Administrator လို့  ခေါ်ပါတယ်…
Network Applications Network အသုံးပြုပုံများ
Electronic Mail You can exchange electronic mail (e-mail) with other people on a network. Electronic mail saves paper and provides a fast, convenient way to exchange ideas and request information.
Network ချိတ်ထားတဲ့ စက်အချင်းချင်း E-Mail ပို့ လို့ ရပါတယ်… အတွေးအခေါ်၊ တောင်းဆိုလိုတဲ့ သတင်းအချက်အလက်တွေကို လွယ်ကူလျင်မြန်စွာ ပို့ ပေးပြီး သိမ်းဆည်းထားလို့  ရပါတယ်… Network ချိတ်ထားတဲ့ ကုမ္ပဏီတွေမှာဆိုရင် ရုံးရောက်တာနဲ့  E-Mail စစ်ကြရပါတယ်… အစည်းအဝေးဖိတ်စာတွေ၊ ညွှန်ကြားချက်တွေကို E-Mail နဲ့  ပို့ တာပါ…

Videoconferencing
Videoconferencing allows you to have face-to-face conversations with other people on a network, whether they are around the corner or on the other side of the country. A computer must have a sound card, speakers and microphone to transmit and receive sound. The computer must also have a video camera to transmit video images.
Network ချိတ်ထားတဲ့ Computer တွေမှာ မျက်နှာချင်းဆိုင် စကားပြောလို့  ရပါတယ်… Computer မှာတော့ အသံကိုလက်ခံရန် Sound Card, Speaker နဲ့  Microphone ရှိရပါမယ်… ပုံရိပ်ကို မြင်နိုင်ရန်အတွက် Video Camera ရှိရပါမယ်…
Parts of a Network Network ရဲ့ အစိတ်အပိုင်းများ
Network Traffic Network traffic is the information that travels through a network. When there is a lot of network traffic, information travels more slowly through the network.
Network Traffic ဆိုတာကတော့ Network ကို ဖြတ်နေတဲ့ သတင်းအချက်အလက်ကို ဆိုလိုတာပါ.. Network Traffic များလာတာနဲ့ အမျှ Network ကိုဖြတ်ပို့ နေတဲ့ သတင်းအချက်အလက် ပို့ ဆောင်မှုဟာ နှေးသွားပါတယ်…
Hub A hub is a device that provides a central location where all the cables on a network come together.
Network ချိတ်ထားတဲ့ Computer တွေက လာတဲ့ ကြိုးတွေကို တစ်နေရာတည်းမှာ ဆက်သွယ်ထားတဲ့ ကိရိယာပါ…
ခုဆိုရင် Switch ဆိုပြီး အင်တာနက်ဆိုင်တွေမှာ သုံးပါတယ်…

Network Interface Card A network interface card is a device that physically connects each computer to a network. This card controls the flow of information between the network and the computer.
Network ချိတ်တဲ့ ကွန်ပျူတာတိုင်းမှာ Network Interface Card ရှိရပါမယ်… ဒီ Card ဟာ Network နဲ့  Computer ကြားမှာ သတင်းအချက်အလက်ပေးပို့ နိုင်ဖို့  ထိန်းချုပ်ပေးပါတယ်…
Cables Cables are the wires that connect computers and equipment on a network. There are four main types of cables-coaxial, Unshielded Twisted Pair (UTP), Shielded Twisted Pair (STP), and fiber-optic. Fiber-optic cable is the most expensive type of cable, but it can carry information faster and over longer distances than other types of cables.
Network ကြိုးများကို ကွန်ပျူတာနဲ့  Printer, Scanner စတဲ့ ကိရိယာတွေ ချိတ်ဆက်ရာတွင် သုံးပါတယ်… အဓိက ကြိုးအမျိုးအစား လေးမျိုးရှိပါတယ်… ၁။ Cables-coaxial ၂။ Unshielded Twisted Pair (UTP) ၃။ Shielded Twisted Pair (STP) ၄။ Fiber-optic Fiber-optic ကြိုးကတော့ ဈေးကြီးပြီး ဝေးလံတဲ့အကွာအဝေးတွေမှာ သတင်းအချက်အလက်ကို လျင်မြန်စွာ ပို့ ဆောင်ပေးနိုင်ပါတယ်…
How Information is Stored သတင်းအချက်အလက်များ သိမ်းဆည်းပုံ
Peer-To-Peer Network All the people on a peer-to-peer network store their files on their own computers. Anyone on the network can access files stored on any other computer. A peer-to-peer network provides a simple and inexpensive way to connect fewer than ten computers.

Peer-To-Peer Network ချိတ်ထားတဲ့ Computer တွေဟာ မိမိစက်မှာပဲ ဖိုင်များကို သိမ်းဆည်းပါတယ်… မိမိသိမ်းဆည်းထားသော ဖိုင်ကို Network ချိတ်ထားတဲ့ Computer တိုင်းက အသုံးပြုလို့  ရပါတယ်… Peer-To-Peer Network ဆက်သွယ်ပုံက ရိုးရှင်းပြီး အကုန်အကျနည်းပါတယ်… ၁၀-လုံးထက်နည်းတဲ့ Computer တွေကို ချိတ်ဆက်ရာမှာ အသုံးပြုပါတယ်…
Manage Files Files are stored in many different locations. This makes the files difficult to manage, back-up and protect. However, if one computer malfunctions, the rest of the network will not be affected.
ဖိုင်တွေကို နေရာအမျိုးမျိုးမှာ သိမ်းဆည်းထားတဲ့အတွက် ဖိုင်ကို ထိန်းချုပ်ဖို့  ၊ Back-up လုပ်ဖို့ ၊ ဖိုင်ကို မပျောက်ပျက်အောင် ကာကွယ်ဖို့  ခက်ပါတယ်… Back-up လုပ်တယ်ဆိုတာ မိမိအရေးကြီးတဲ့ဖိုင်တွေကို နောက်တစ်နေရာမှာ ထပ်ပြီး သိမ်းဆည်းထားတာကို ဆိုလိုတာပါ… ဒါပေမဲ့ ကွန်ပျူတာတစ်လုံး အလုပ်မလုပ်တော့ဘူးဆိုရင် ကျန်တဲ့ Network ချိတ်ထားတဲ့ Computer ကို မထိခိုက်စေနိုင်ပါဘူး…
CLIENT/SERVER NETWORK All the people on a client/server network store their files on a central computer. Everyone connected to the network can access the files stored on the central computer. A client/server network provides a highly efficient way to connect ten or more computers or computers exchanging large amounts of information.

Client/Server Network ဆိုတာ Network ချိတ်ထားတဲ့ Computer အားလုံးက Files တွေကို ပင်မကွန်ပျူတာတစ်ခုထဲမှာပဲ သိမ်းဆည်းတာကို ဆိုလိုတာပါ…
လူတိုင်းက ပင်မကွန်ပျူတာထဲက သိမ်းထားတဲ့ ဖိုင်တွေကို သုံးလို့ ရပါတယ်… Client/Server Network ဟာ ၁၀-လုံးထက် ပိုမိုတဲ့ ကွန်ပျူတာများ ချိတ်ဆက်ပြီး များစွာသော သတင်းအချက်အလက်တွေ ဖလှယ်တဲ့နေရာမှာ ထိရောက်စွာ အသုံးပြုနိုင်ပါတယ်…
Server The server is the central computer that stores the files of every person on the network.
Server ဆိုတာ Network ပေါ်မှာ ရှိတဲ့ လူတိုင်းက ဖိုင်တွေကို သိမ်းနိုင်တဲ့ ပင်မကွန်ပျူတာကို ဆိုလိုတာပါ…
Manage Files All the files are stored on the server. This makes the files easy to manage, back-up and protect. However, if the server malfunctions, the entire network will be affected.
ဖိုင်များအားလုံးကို Server မှာပဲ သိမ်းဆည်းထားတဲ့အတွက် ဖိုင်များကို လွယ်ကူစွာ ထိန်းချုပ်နိုင်ပါတယ်… Back-up လုပ်ဖို့  နဲ့  ကာကွယ်ဖို့  လွယ်ကူပါတယ်…
Client A client is a computer that can access information stored on the server.
Client ဆိုတာ Server မှာရှိတဲ့ သတင်းအချက်အလက်တွေကို သုံးစွဲနိုင်တဲ့ ကွန်ပျူတာကို ဆိုလိုတာပါ…
Intranet An intranet is a small version of the Internet inside an office.
မိမိရုံးအတွင်းမှာပဲ Internet လို သုံးနိုင်တာကို Intranet လို့  ခေါ်ပါတယ်… Intranet မှာ များသောအားဖြင့် မိမိကုမ္ပဏီသတင်းအချက်အလက်များကို ၀န်ထမ်းများသိစေရန် Webpage ပြုလုပ်တင်ထားလေ့ရှိပါတယ်…
ဒီလောက်ဆိုရင် Network နဲ့ ပတ်သက်ပြီး သိပြီလို့  ယူဆပါတယ်…
ဒီနေရာမှာ အင်တာနက်ဆိုတဲ့ အဓိပ္ပါယ်လေးကို ပြောပြချင်ပါတယ်…
The Internet is the largest computer network in the world. အင်တာနက်သုံးရင်း ကွန်ပျူတာနည်းပညာများ လေ့လာနိုင်ကြပါစေ… မူရင်း....www.fivethreeworld.net

0 comments:

Post a Comment