Pages

Translate

Saturday, June 14, 2014

Vulnerability Management အကြောင်း သိကောင်းစရာ (Risk များကို အဆင့်သတ်မှတ်၍် Attacker ရှုထောင့်မှ သုံးသပ်ခြင်း)



Vulnerability Management ဆိုသည်မှာ အားနည်းချက်များပေါ်တွင် identifying,classifying, remediating နှင့် mitigating ပြုလုပ်ကြခြင်းဖြစ်ပါသည်။ အထူးသဖြင့် Software နှင့် Firmware များပေါ်တွင် ရှာဖွေလုပ်ဆောင်ခြင်းဖြစ်ပါသည်။ Vulnerability Management သည် Computer Security နှင့် Network Security များအတွက် အရေးကြီးသော လုပ်ဆောင်ချက်တစ်ခုဖြစ်ပါသည်။

System များနှင့် Network များကို Configure ပြုလုပ်ကြရာတွင် မိမိတို့ အသုံးပြုထားသည့် Network နှင့် System များ၏ အားသာချက်၊ အားနည်းချက်များကို သိရှိထားရန်လိုအပ်ပေသည်။

အဘယ်ကြောင့်ဆိုသော် Attacker အများစုသည် Time Investment နှင့် Resource များကို ဖြစ်နိုင်သမျှ အနည်းဆုံးဖြင့်သာ Attack ပြုလုပ်ရန် ရည်ရွယ်လေ့ရှိသည်။ ထို့အတွက် Vulnerability များကို ပြင်ဆင်၊ ထိန်းသိမ်း၊ ကာကွယ်နိုင်ရန် အတွက် Attacker ရှုထောင့်မှ နေ၍ စဉ်းစားတွေးခေါ် နိုင်ရန်လိုအပ်ပါသည်။

Attacker ရှုထောင့်မှ စဉ်းစားကြည့်မည်ဆိုပါက မိမိတို့အနေနှင့် မည်သို့သော Compromising System များ၊ အကျိုးရှိနိုင်သော အားနည်းချက်များ ကိုမည်သို့အသုံးချကြမည်နည်း ။ မိမိတို့ Network အတွင်းတွင် မည်သည့်အချက်အလက်၊ စနစ်များသည် အဓိကအရေးကြီးသော သော့ချက်များဖြစ်သနည်း။ ထိုအားနည်းချက်များကို မည်သို့ ထိန်းချုပ်မည်နည်း။

Attacker များအနေနှင့် စတင်တိုက်ခိုင်တော့မည်ဆိုပါက အစဦးစွာ အသုံးပြုထားသော System များ နှင့် Network များ၏ အချက်အလက်များမှတစ်ဆင့် မည်သည့် အားနည်းချက်များသည် ရှိနေသနည်း၊ မည်သို့ ထိန်းချုပ်၍ ရနိုင်မည်နည်း စသည်တို့ကို အလွယ်တစ်ကူ သိရှိနိုင်သော၊ အများ သိရှိပြီးသားဖြစ်သည့် အားနည်းချက်များမှ စတင်ကြလေ့ရှိသည်။ သို့သော်လည်း နောက်ပိုင်းတွင် zero-day exploits ကဲ့သို့သော Attack များပို၍ အသုံးပြုလာကြသော်လည်း၊ အများအားဖြင့် ယခင် နည်းဟောင်းများကိုသာအဓိက ရွေးချယ်ကြပေသည်။ အတိအကျအားဖြင့် ဆိုသော် အများဆုံးဖြစ်ပေါ်သော Attack များနှင့် Exploit များသည် ရှင်းလင်းစွာသိရှိထားပြီးဖြစ်သော နည်းစနစ်အဟောင်းများဖြင့် တိုက်ခိုက်ခံရခြင်းများဖြစ်ပေသည်။

မည်သည့် အားနည်းချက်များသည် အဓိက တိုက်ခိုက်ခံရနိုင်ကြောင်းကို မည်သို့ အလွယ်တစ်ကူ သိရှိနိုင်မည်နည်း။

အဓိက သော့ချက်အနေနှင့် Threat Intelligence များကို အသုံးပြု၍ system vulnerability များကို လေ့လာစမ်းစစ်နိုင်ရုံသာမက၊ အားနည်းချက်များကိုလည်း အဆင့်သတ်မှတ်ခွဲခြား နိုင်ပေသည်။ ထိုမှတစ်ဆင့် Attacker များသည် မည်သို့ ၀င်ရောက်နိုင်ကြောင်းကို ကြိုတင်ခန့်မှန်းသိရှိနိုင်မည်ဖြစ်သည်။

AlienVault Unified Security Management(USM) ကိုအသုံးပြု၍ အားနည်းချက်များ အဆင့်သတ်မှတ်ခြင်း
AlienVault Unified Security Management(USM) ဆိုသည်မှာ လက်ရှိဖြစ်ပေါ်နေသော အားနည်းချက်များ ကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်သော Vulnearability Management Software အမျိုးအစားဖြစ်ပါသည်။

၎င်းတွင် asset inventory, host-based IDS, network IDS, netflow analysis, file integrity monitoring နှင့် SIEM event correlation များပါဝင်သည့် အတွက် real-time အချက်အလက်များအားလုံးကို single screen တွင် အလွယ်တစ်ကူ ကြည့်ရှု၊ သိရှိနိုင်သော Software အမျိုးအစားဖြစ်သည်။

ထို Software တွင်ပါရှိသော Alarm စနစ်မှ တစ်ဆင့် မည်သည့် malicious IPs သည် အားနည်းချက်များရှိနေသော မည်သည့် host နှင့် အပြန်အလှန်ဆက်သွယ်မှုရှိနေကြောင်းကို အသေးစိတ်အချက်အလက်များ၊ အားနည်းချက်များ နှင့် ရှာဖွေတွေ့ရှိသော အချက်အလက်များအား တိုက်ရိုက် Report တင်ပေးနိုင်သည်အထိ ပါဝင်ပါသည်။


Built-in Active Vulnerability Scanning and Assessment

AlienVault USM တွင် အခြားသော Function တစ်ခုဖြစ်သော continuous vulnerability monitoring စနစ်လည်းပါဝင်ပါသည်။ ထို စနစ်သည် passive vulnerability detection အမျိုးအစားဖြစ်ပါသည်။

ထိုစနစ်တွင် USM သည် ၎င်းရရှိထားသော အချက်အလက်များအရ မည်သည့် vulnerability အမျိုးအစားကို အသုံးပြု၍ attacker မှတိုက်ခိုက်နေကြောင်း၊ သို့မဟုတ် မည်သို့ သော traffic များအသွားအပြန်ရှိနေကြောင်းကို Scan ပြုလုပ်ပေးနိုင်ပါသည်။ ထိုသို့ ပြုလုပ်ပေးနိုင်ရာတွင် Unauthenticated Scanning နှင့် Authenticated Scanning စသော ၂ မျိုးစလုံးကို လုပ်ဆောင်ပေးနိုင်ပါသည်။

ထို ၂ နည်း၏ ကွာခြားချက်မှာ Unauthenticated Scanning တွင် Victim Host OS တွင် မည်သည့် အားနည်းချက်ကိုအခြေခံ၍သော်လည်းကောင်း၊ မည်သည့်configuration သို့မဟုတ် အားနည်းချက်ရှိသော Software ကိုအသုံးပြု၍ သော်လည်းကောင်း Remote Attacker နှင့် Host အကြား အပြန်အလှန် Traffic များကို အခြေခံ scan ပြုလုပ်ပေးသည်။

Authenticated Scanning အမျိုးအစားတွင် ထို System အတွင်းရှိ အားနည်းချက်များ၊ မှားယွင်းနေသော Configuration များကို ၀င်ရောက်စုဆောင်း၊ စုံစမ်းသော နည်းဖြင့် Scan ပြုလုပ်ပေးသည်။

ဥပမာအားဖြင့် အသုံးပြုသူအနေနှင့် မိမိ Scan ပြုလုပ်လိုသော compliance-related assets များပေါ်တွင် passive vulnerability assessment အနေနှင့် network traffic နည်းနိုင်သမျှသော နည်းဖြင့် scan ပြုလုပ်၍ vulnerability များကိုရှာဖွေနိုင်သကဲ့သို့၊ အခြားသော schedule scans အနေနှင့်လဲ network segments များကို ပုံမှန်လေ့လာ ဆန်းစစ်နိုင်ပါသည်။

Remediation Advice for Every Vulnerability

AlienVault USM သည် အခြား စနစ်တစ်ခုဖြစ်သော remediation advice များလည်းလုပ်ဆောင်ပေးနိုင်ပါသည်။ ထိုစနစ်တွင် USM အနေနှင့် ရှာဖွေတွေ့ရှိထားသော vulnerability အမျိုးအစားအရ မည်သို့သော အားနည်းချက်များကို ဖြစ်ပေါ်စေနိုင်ကြောင်းကို dynamic incident response template များ၊ 3rd party references များနှင့်တစ်ကွ အကြံပြုပေးနိုင်သော စနစ်ဖြစ်ပါသည်။

ထို့အပြင် အခြားသော လုပ်ဆောင်ချက်များအနေနှင့် alert mail များပို့ပေးခြင်း၊ ticketing system များ setup ပြုလုပ်ထားပါကလည်း အလိုအလျောက် ticket ဖွင့်ပေးခြင်း၊ သက်ဆိုင်ရာ ပြင်ပမှ help desk သို့မဟုတ် ticketing system များဆီသို့ email ပို့ပေးခြင်းများ ကိုလည်းလုပ်ဆောင်ပေးနိုင်ပါသည်။ ထိုစနစ်တွင်ပါရှိသော vulnerability များနှင့်ပက်သက်သည့် update အချက်အလက်များကို USM Database တွင်အလိုအလျောက် up-to-date ဖြစ်နေစေရန် AlienVault Labs Security Research Team မှစီစဉ်ပေးထားပါသည်။

Learn more about Vulnerability Management with AlienVault USM

Vulnerability management is never “done” ဆိုသည့်အတိုင်း တိုးတက်များပြားလာသော attack vectors များနှင့် ပိုမိုရှုပ်ထွေးသော software စနစ်များအတွက် အချိန်အားလျော်စွာ monitoring ပြုလုပ်နိုင်ရန်လိုအပ်ပေသည်။

အသေးစိတ်အချက်အလက်များကို သက်ဆိုင်ရာ USM စနစ်၏ Website ဖြစ်သော http://www.alienvault.com/ တွင်ထပ်မံလေ့လာနိုင်ပါသည်။


Reference:

http://en.wikipedia.org/wiki/Vulnerability_management
http://thehackernews.com/2014/06/vulnerability-management-think-like.html
https://www.alienvault.com/solutions/vulnerability-management
https://www.alienvault.com/solutions/threat-management
https://www.alienvault.com/solutions/network-security-monitoring

0 comments:

Post a Comment