Pages

Translate

Saturday, June 14, 2014

Network Time Protocol (NTP) Amplification Attack အကြောင်းသိကောင်းစရာ


Abstract

မကြာသေးမီက၊ DNS Amplification Attack နှင့်ပတ်သက်ပြီး Incident များနဲ့ ၄င်းတို့ရဲ့ နောက်ကွယ်မှ နည်းပညာအကြောင်းများဟာ လူပြောများရေပန်းစားခဲ့ပါသည်။ ယခုအချိန် လတ်တလော ပိုင်းတွင်တော့ NTP Amplification Attack သည် Internet Security နယ်ပယ်တွင် သတိထားရမည့် အခြေအနေတွင် ရောက်ရှိနေ ပါသည်။

Network Time Protocol (NTP) Amplification Attack ဆိုသည်မှာ Attacker များသည် Vulnerable NTP Server များဆီသို့ UDP Traffic များပေးပို့ခြင်းဖြင့် Access များပြုလုပ်ကာ DDoS ပုံစံမျိုးဖြင့် Attack လုပ်ခြင်း ဖြစ်ပါသည်။ Amplification Attack များကြောင့် Victim User များနှင့် Organization များသည် ဆုံးရှုံးနစ်နာ မှုများကြီးမားစွာဖြင့် ကြုံတွေ့ခံစားခဲ့ကြရပါသည်။

ပထမဦးစွာ NTP Server အကြောင်းနှင့် ၄င်းအားအသုံးပြုရခြင်း၏ ရည်ရွယ်ချက်ကို တင်ပြပါမည်။ NTP Server များကို မိမိတို့၏ Network အတွင်းရှိ Computer များနှင့် Server များသည် System Time ကို Synchronize ဖြစ်စေရန် အသုံးပြုထားခြင်းဖြစ်ပါသည်။ သို့မှသာ Network Administrator များအနေဖြင့် မိမိ Network Infrastructure တွင် အချိန်တိကျမှန်ကန်စွာဖြင့် Monitoring လုပ်နိုင်မှာဖြစ်ပါသည်။

NTP Server သည် UDP Transport (Port no:123) ကိုအသုံးပြုပါသည်။ Client များမှ NTP Server ဆီသို့ “monlist” ဆိုသည့် Command ဖြင့် Query လုပ်ခြင်းဖြင့် ၄င်း NTP Server နှင့် Time Synchronize ဖြစ်စေပါသည်။ ထိုသို့ Synchronize လုပ်ခြင်းဖြင့် UDP Packet များကို Request လုပ်ပါသည်။ အောက်ပါပုံတွင် UDP Packet ကို Request လုပ်ခြင်းနှင့် Response ပြန်ခြင်းများကို တွေ့ရှိနိုင်ပါသည်။



Figure 1: NTP Monlist Request and Response Packets

NSFOCUS Threat Response Center မှစာရင်းပြုစုချက်အရ တစ်ကမ္ဘာလုံးတွင် NTP Amplification Attack များဖြစ်စေနိုင်သော NTP Server အရေအတွက်သည် (၄ သိန်း) ကျော်ရှိကြောင်း အောက်ပါပုံဖြင့် သိရပါသည်။



Figure 2: Worldwide Distribution of NTP Amplifiers

အောက်ပါပုံတွင် Attacker များမှ မိမိတို့၏ IP Address များကို Spoof/Fake လုပ်ပြီး NTP Server ကို Monlist Request ပေးပို့ခြင်းကို တွေ့ရှိနိုင်ပါသည်။



Figure 3: Increase NTP Magnification by Sending Monlist Request with Spoofed Source IP Address

ထိုကဲ့သို့ Attacker များသည် Monlist Request များကို NTP Server သို့ပို့ခြင်းဖြင့် DDoS ပုံစံ Amplification Attack များကို ဖြစ်စေနိုင်ပါသည်။

NTP Amplification Attack ကိုမည်သို့ကာကွယ်မည်နည်း။
NTP Amplification Attack မျိုးမှ မကြုံတွေ့ရန် Network Administrator များအနေဖြင့် မိမိတို့၏ NTP Server ကို နောက်ဆုံး NTP Software Version များအသုံးပြုရပါမည်။ ထို့အပြင် NTP Server Configuration တွင်လည်း Client ဖက်မှ Query/Request လုပ်ခြင်းများကို Disabled (သို့မဟုတ်) Restrict လုပ်ထားရပါမည်။ Client Query ဟုဆိုရာတွင်လည်း Local Query Only သာပေးထားသင့်ပါသည်။ “Monlist” ကို Disable လုပ်ရန် “ntp.conf” File ထဲတွင် အောက်ဖော်ပြပါအတိုင်း ထည့်သွင်းနိုင်ပါသည်။

o restrict default kod nomodify notrap nopeer noquery

o restrict -6 default kod nomodify notrap nopeer noquery

NTP ရဲ့နောက်ဆုံး Version ဖြစ်တဲ့ (4.2.7) တွင်တော့ “Monlist” Function ကို Disable လုပ်ပြီးသားဖြစ်ပါသည်။ ထိုသို့အားဖြင့် NTP Amplification Attack ကိုကြိုတင်ကာကွယ်နိုင်ပါသည်။

References: http://www.us-cert.gov/ncas/alerts/TA14-013A

http://nsfocusblog.com/2014/02/04/ntp-amplification-attacks-are-on-the-rise-part-1/#more-4451

http://nsfocusblog.com/2014/02/07/ntp-amplification-attacks-are-on-the-rise-part-2/#more-4468

0 comments:

Post a Comment