Pages

Translate

Saturday, June 14, 2014

Portspoof ဖြင့် Attacker များအားလှည့်စားခြင်း

Portspoof ဆိုသည်မှာ ပေါ့ပါးသော Tool တစ်ခုဖြစ်ပြီး Firewall System နှင့် Security System ကို အထောက်အကူပေးသော Tool တစ်ခုလည်းဖြစ်သည်။ ၄င်း Tools ၏ရည်ရွယ်ချက်မှာ Information-gathering ကိုတတ်နိုင်သမျှနှေးကွေးစေပြီး Attacker များအားအနှောင့်အယှက်ဖြစ်စေသည်။ Portspoof ၏ အလုပ်လုပ်ပုံမှာ Firewall မှ Forward လာသော Resquest များကို Fake Response ပေးခြင်းဖြစ်သည်။ Attacker သည် Portspoof စက်ကို Port Scan ပြုလုပ်သာအခါတွင် iptables သို့ပထမဦးစွာဖြတ်သန်းသွားသည်။ ၄င်း iptables မှ Rule အတိုင်း Server သည် Response ပြန်သည်။ iptables တွင် လာသမျှ Port Resquest များကို Portspooof ၏ Default Port ဖြစ်သော 4444 သို့ Forward လုပ်ထားသောကြောင့် Portspoof မှ Port များအားလုံးအမှန်တကယ် ပွင့်မနေပဲ ပွင့်နေပါသည်ဟု Fake Response ပေးခြင်းဖြစ်သည်။

Iptables ကို အောက်ပါအတိုင်း Forward Rule ရေးနိုင်သည်။


Portspoof ကို www.portspoof.org တွင် download ပြုလုပ်ကာအောက်ပါအတိုင် Compile ပြုလုပ်နိုင်သည်။



Portspoof သည် အဓိက File နှစ်ခုဖြင့်အလုပ်လုပ်ခြင်းဖြစ်သည်။၎င်း File များမှာ /etc/ အောက်တွင်ရှိသည်။ /etc/portspoof.conf တွင် Portspoof ၏ Reply ပြန်မည့် rule များကိုရေးသားထားပြီး /etc/portspoof_signatures တွင် Scanning Tool များ၏ Signature များကိုရေးသားထားသည်။ Portspoof ကို အောက်ပါ command ဖြင့်စတင်အသုံးပြုနိုင်သည်။
portspoof -c /etc/portspoof.conf -s /etc/portspoof_signatures -D
-c file_path : Portspoof configuration file
-s file_path : Portspoof service signature regex. file
-D run as daemon process


Attacker မှ Portscan ပြုလုပ်သောအခါတွင်အောက်ပါအတိုင်းတွေ့ရမည်ဖြစ်သည်။ပုံတွင်တွေ့ရသော Port များမှာ အမှန်တကယ်ပွင့်မနေသော Port များဖြစ်သည်။ Iptables တွင် Forward လုပ်ထားသော Port များဖြစ်သော 1 to 65535 အထိ ပွင့်နေသည်ဟု Reply ပြန်မည်ဖြစ်သည်။




Reference:

http://resource.infosecinstitute.com/fool_network_hunters_hackers.html

0 comments:

Post a Comment