Pages

Translate

Saturday, June 14, 2014

Intrusion Detection System (IDS) ကိုအသုံးပြု၍ Unauthorized Access များဝင်ရောက်လာမှုကို ကာကွယ်ခြင်း အကြောင်း တစေ့တစောင်း

Intrusion Detection System (IDS) ဆိုသည်မှာအဘယ်နည်း။

Intrusion Detection System (IDS) ဆိုသည်မှာ မိမိတို့ရဲ့ Network Infrastructure ကြီးတစ်ခုလုံးရဲ့ Network တွေနဲ့ System တွေရဲ့ လှုံခြုံရေးကို စောင့်ကြည့်ပေးနေပြီး Network အတွင်းတွင် Malicious Activity များတွေ့ရှိပါက Alert ကဲ့သို့ Report များထုတ်ပေးနိုင်တဲ့ Intrusion Detection System တစ်ခုပဲ ဖြစ်ပါတယ်။ IDS ကို သီးခြား Device အနေနဲ့ သော်လည်းကောင်း Software Application ဖြင့်သော် လည်းကောင်း အသုံးပြုနိုင်ပါသည်။ IDS ကို Passive Security Solution လို့လည်းပြောနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် Network ပေါ်ရှိ Intrusion နှင့်ပတ်သက်သော Malicious Activity များကို Detect သိပြီး Alert ပေးရုံအဆင့်သာဖြစ်ပါသည်။

Fig (1): Typical locations for an Intrusion Detection System

Intrusion Detection System (IDS) (၂) မျိုးအကြောင်း။

Intrusion Detection System (IDS) ကို Network ပေါ်တွင် အခြေပြု၍စောင့်ကြည့်ခြင်း Network-based IDS (NIDS) နှင့် Host တွေ System တွေပေါ်တွင် အခြေပြု၍စောင့်ကြည့်ခြင်း Host-based IDS (HIDS) ဟူ၍ (၂) မျိုးခွဲခြားထားပါသည်။
NIDS စနစ်ကို မိမိတို့၏ Network အတွင်းသို့ဝင်ရောက်လာသော Traffic တွေကို စောင့်ကြည့်ရန်အတွက် အသုံးပြုပါသည်။ ဥပမာအားဖြင့် တစုံတယောက်မှ Firewall တွင်ထည့်သွင်းထားသော Rule ကိုဖောက်၍ မိမိ Network အတွင်းသို့ အတင်းဝင်ရောက်ရန် ကြိုးစားလာပါက NIDS သည် Alert ပေးမည်ဖြစ်ပါသည်။
HIDS စနစ်ကို Network အတွင်းရှိ System တိုင်း Host တခုချင်းစီတိုင်းတွင် Run ပေးခြင်းဖြင့် Device တိုင်း၏ Inbound/Outbound Packet များတွင် Suspicious Activity များကိုတွေ့ရှိလာပါက ၄င်း Host/System အားအသုံးပြုသူ User (သို့မဟုတ်) Administrator သို့ Alert ပေးပါမည်။

Fig (2): Network/Host based Intrusion Detection System

IDS ၏ Detection Method (၂) မျိုးနှင့် ၄င်းတို့၏ အားသာချက်၊ အားနည်းချက်များ။

Unauthorized Access တွေနဲ့ Attack တွေကို Detect လုပ်ရန် IDS သည် Signature-Based နှင့် Anomaly-Based ဆိုတဲ့ Detection Method (၂) မျိုးကို အသုံးပြုပါတယ်။
Signature-Based IDS သည် Network Traffic အတွင်းတွင်ဝင်ရောက်လာသော Data Packet များ၏ ပုံစံကို Signature Database ထဲတွင်ကြိုတင် Assign ပေးထားသော Attack Pattern များနှင့် တိုက်ဆိုင်စစ်ဆေးပြီး Detect လုပ်ပါသည်။ ၄င်း Data Packet များသည် Signature Database ထဲရှိ Pattern တခုခုနှင့် တူညီမှုရှိပါက IDS သည် Alert ပေးပါသည်။ Signature Database ထဲတွင် မရှိသေးသော Vulnerability အသစ်များနှင့် Exploit အသစ်များကိုမူ Detect လုပ်ပေးနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် Network Administrator မှ Signature အသစ်များကို Update ပြုလုပ်ပေးရမည်ဖြစ်ပါသည်။ ထို့ကြောင့် Signature-Based IDS ကို Knowledge-Based IDS လို့လည်းခေါ်ဆိုနိုင်ပါတယ်။ Signature-Based IDS ကိုအသုံးပြုခြင်းကြောင့် အားနည်းချက်အနေဖြင့် Signature Database ထဲတွင်သိမ်းထားသော မြောက်မြားစွာသော Attack Pattern များ၊ Signature များနှင့် တိုက်ဆိုင်စစ်ဆေးရသောကြောင့် Network Traffic သည်အနည်းငယ် နှေးကွေးနိုင်ပါသည်။
ဆက်လက်ပြီး ဒုတိယ Method တခုဖြစ်တဲ့ Anomaly-Based IDS သည် Network Administrator မှ သတ်မှတ်ထားသော Security Baseline အတိုင်းတိုက်ဆိုင်စစ်ဆေးပြီး ၄င်း၏ ချမှတ်ထားသော Rule နှင့် မညီညွတ်ပါက Malicious Activity ဟုယူဆကာ Alert ထုတ်ပေးပါမည်။ တနည်းဆိုရသော် Signature Database ထဲတွင် Assign မလုပ်ထားသော Normal မဟုတ်သည့် Attack Pattern များကို Detect လုပ်ပေးပါသည်။ Security Baseline တွင် Network အတွင်းရှိ System များ၏ Internet Bandwidth အသုံးပြုမှု၊ Service များအသုံးပြုမှုနှင့် Network Port များ၏အသုံးပြုမှုများကို သတ်မှတ်ခြင်းများပါဝင်ပါသည်။ Anomaly-Based IDS သည် Signature Database တွင်မရှိသော Traffic Pattern များကို တွေ့ရှိရသည့်နှင့် တပြိုင်နက် Attack Signature မဟုတ်သော်လည်း Alert များပေးပါသည်။ ထို Alert များထဲတွင် False Alert များပါဝင်နိုင်သောကြောင့် Anomaly-Based IDS ၏အားနည်းချက်တစ်ရပ်အဖြစ်ရှိနေပါတော့သည်။

Fig (3): Signature-Based IDS

Intrusion Detection System (IDS) Software များစွာရှိသည့်အနက်မှ Free နှင့် Open source IDS တခုဖြစ်တဲ့ Snort သည် Intrusion များကို Detect လုပ်ပေးသည့်အပြင် Prevent ကိုပါလုပ်ပေးပါသည်။ Snort သည် Intrusion Prevention System အတွက် အများဆုံးအသုံးပြုမှုနှင့် Standard တစ်ခုအနေဖြင့် ရှိလာပါသည်။ Snort အား Install လုပ်မည်ဆိုပါက ၄င်းတို့၏ Official Website ဖြစ်သော www.snort.org တွင်ရရှိနိုင်ပါသည်။

Reference:

http://en.wikipedia.org/wiki/Intrusion_detection_system
http://www.firewalls.com/blog/intrusion_detection/

0 comments:

Post a Comment