Pages

Translate

Friday, July 12, 2013

ူLOCK /UNLOCK လုပ်နည်းများ

Hard disk ထဲရှိ data များကိုဖွင့်ခွင့်မပေးဘဲပိတ်ထားမယ်

တစ်ခါတစ်လေမှာကိုယ့်ရဲ့ computer ထဲမှာအရေးကြီးတဲ့ Data သို့မဟုတ် ကိုယ်ရေးကိုယ်တာအချက်အလက်
တွေထည့်ထားတဲ့အခါသူများကို computer ပေးသုံးတဲ့အခါဒါတွေကိုမှာမကြည့်စေချင်ဘူး။ပိတ်ထားချင်တယ်
ဆိုရင်အောက်ဖော်ပြပါနည်းအတိုင်းစမ်းသတ်နိုင်ပါတယ်။
1.Runbox ကိုအရင်ဖွင့်ပါ(window +R)။Runbox ထဲမှာ gpedit.msc  လို့ရိုက်ပါ။ Group Policy window ကျလာပါလိမ့်မယ်။
2. User configuration အောက်က AdministrativeTemplate ကို Expend(Right arrowkey)လုပ်ပါ။ပြီးရင် window component ကိုသွားပါ၊
3. window component ကိုလည်း Expend ထပ်လုပ်လိုက်ပါဦး။ ပြီးရင် window explorer ကို တစ်ချက် ဖိလိုက်ပါ.. ရောက်ပြီဆိုရင်တော့ tab ခုန်လိုက်ပါ (သို့မဟုတ်) ညာဘက်ခြမ်းက setting အောက်က Prevent access to drives from my computer ကို Ender ခေါက်လိုက်ပါ..

 
ကျလာတဲ့ဘောက်မှာ enable ကိုရွေးလိုက်ပါ.. ဒါဆိုရင် ဘယ် Drive ကို ပိတ်ထားချင်တာလဲ Pick One of the following Combinations ခေါင်းစဉ်အောက်မှာ Drop Down List ထဲကရွေးပြီး ok ပေးလိုက်ပါ။


ပြီးရင် My Computer ထဲမှာရှိတဲ့ ကိုယ် သတ်မှတ်ပေးခဲ့တဲ့ Drive C:, D: တို့ကိုဖွင့်ကြည့်လိုက်ပါ။ ဖွင့်လို့မရတာကိုတွေ့ရ
လိမ့်မယ်။ Runbox ထဲကလည်းခေါ်ကြည့်ပါဦး။ ရရင်တော့တစ်ခုခုမှားနေလို့ပေါ့ဗျာ။

လုံခြုံကြပါစေ..



Kyithar ပေးပို့လာတဲ့ ပို့စ် ဖြစ်ပါတယ်.. ကျွန်တော် စမ်းသပ်ပြီးပါပြီ..



iPhone မှာ Lock / Unlock ဘယ်လိုသိနိုင်မလဲ


iPhone မှာ Lock / Unlock ဘယ်လိုသိနိုင်မလဲ ဆိုပြီး အီးမေးထဲကို တစ်ယောက်က မေးလာပါတယ်.. ကျွန်တော် iPhone နဲ့ပတ်သက်လို့ တော်တော် မသိတာပါ.. (iPhone မှ မသုံးနိုင်တာ. :P) လေ့လာမိသမျ ကို မျှဝေလိုက်ပါတယ်..

Lock လုပ်ထားတယ်ဆိုတာ. ထုတ်လုပ်သူက ရောင်းချမယ့် နိုင်ငံရဲ့ Network မှာပဲသုံးလို့ရအောင် လုပ်ထားတာဖြစ်တဲ့အတွက် Network တိုင်း သုံးလို့မရပါဘူး.. ဥပမာ အမေရိကန် Lock ဖုန်းဆိုရင် အမေရိကန်ရဲ့ Sim Card ထည့်ပြီး အဲဒီ Sim Card ရဲ့သုံးနိုင်တဲ့ Network အတွင်းမှာပဲ သုံးလို့ရမှာ..
အကြမ်းအားဖြင့် ဒီလိုစစ်ကြည့်နိုင်ပါတယ်..
1. Setting >> General >> About >> Model မှာ MC9022LL , MD368J စတဲ့ နံပါတ်တွေကို တွေ့ရမှာပါ.. Model ရဲ့ နောက်ဆုံးအက္ခရာဖြစ်တဲ့ LL ဆိုတာ USA(တစ်ချို့ LL ရဲ့နောက်မှာ LL/A လို့လည်းပါတတ်တယ်) , J ဆိုတာ Japan စတဲ့ နိုင်ငံတွေက ထုတ်တဲ့ ဖုန်းတွေဟာ LOCK ဖုန်းဖြစ်ပါတယ်.. ZA နဲ့ဆုံးတယ်ဆိုရင်တော့ စင်္ကာပူ ဖြစ်ပါတယ်.. ဒါဆိုရင် Unlock Phone ဖြစ်ပါတယ်..
အောက်မှာ ဖေါ်ပြထားတဲ့ တံဆိပ်အမှတ်အသားပါရင် အမေရိကန် Lock ဖြစ်ပြီး အဲဒါမပါရင်တော့ Unlock Phone ဖြစ်တယ်လို့လည်း သိရပါတယ်..




2. နောက်တစ်ခုက မိမိရဲ့ဖုန်းမှာ *#06# လို့ရိုက်ထည့်လိုက်ပါ.. IMEI နံပါတ်ရလာမှာဖြစ်ပါတယ်.. ဒါမှမလဟုတ်. Setting> General> About ထဲမှာ IMEI နံပါတ်ကို ကြည့်နိုင်ပါတယ်.. ရလာတဲ့ IMEIနံပါတ်ကို အောက်က Link မှာ ထည့်ပြီး စစ်ဆေးနိုင်ပါတယ်.
ဒါဆိုရင်တော့ အောက်ကပုံလေးလို Lock or Unlock ကို မြင်ရမှာဖြစ်ပါတယ်..


3. နောက်တစ်ခုက Android Phone မှာ App တစ်ခုကို Install လုပ်ပြီး IMEI ထည့်စစ်တဲ့နည်းပါ..
အဲဒီ App ကိုတော့ အောက်ကလင့်မှာ ဒေါင်းနိုင်ပါတယ်..


iPhone IMEI Permanent Unlock Countries စာရင်းကိုတော့ အောက်ကလင့်မှာ ကြည့်နိုင်ပါတယ်..


လေ့လာဆဲပါ.. ဒီထက်မက သိသူများ Comment မှာ ကိုယ်သိတာကို ရေးပေးခဲ့စေချင်ပါတယ်.. မသိသေးသူတွေလည်း သိအောင်ပေါ့

လေးစားလျက်




GiliSoft USB Stick Encryption v5.0 Full


 USB Storage Deivces တွေကို Password ပေးပြီး Encrypt လုပ်ထားနိုင်တဲ့ Software ပါ.. အရင်ကလည်း တင်ပေးခဲ့ဖူးပါတယ်. ခု Update ထွက်လာလို့ တင်ပေးလိုက်တာပါ.. အသုံးပြုရတာ မခက်တဲ့အတွက် ရှာရှည်တာ နည်းနည်း ချွေတာလိုက်အုံးမယ်နှော်..

Main Features:
Encrypt all USB Storage.
It helps you password protect USB drives, Thumb drives, Memory sticks, Pen drives, Jump drives and Flash drives. Data on the protected areas are encypted by 256-bit AES on-the-fly encryption.
Password Protect USB Disk.
It creates protected areas on the disk that is needed to enter password to see contents.It divides USB drive into two areas: public area and secure area. You can store normal files in public area, and store sensitive data in secure area. On the contrary, all the files located in the secure area will be encrypted and absolutely private.
Prevent Virus Infections.
To help prevent virus infections on your,it can write protect the secure area when mounting the protected area.
Restoring "Agent" file.
If, by any chance, you have managed to delete the "agent" application by mistake, don't worry. The software has the option of restoring it.

အဆင်ပြေပါစေ..


 
 
 

မည်သည့် Android ဖုန်းမဆို Pattern Lock , Passwords Lock , Pin Lock များကို ဖျက်ထုတ်ပေးနိုင်မယ့် Application ပါ

မည်သည့် Android ဖုန်းမဆို Pattern Lock , Passwords Lock ,
 Pin Lock များကို ဖျက်ထုတ်ပေးနိုင်မယ့် Application လေးတင်ပေးလိုက်ပါတယ်...
 ပေးထားတဲ့ဖိုင်ကိုဒေါင်းပြီး ရလာတဲ့ ZIP ဖိုင်ကို မဖြည်ဘဲ SD Card ထဲသို့
 ထည့်ကာ CWM (Recovery Mode ) သို့ဝင်ပြီး
 Install လုပ်ပေးလိုက်ရုံဖြင့် အဆင်ပြေ သွားမှာ
ဖြစ်ပါတယ်ခင်မျာ... တကယ့်ကို ၀မ်းမြောက်စရာလေးပါဘဲ.. Pattern Lock , Passwords Lock , Pin Lock ကျနေသူများအတွက်ကတော့ လုံးဝ အဆင်ပြေသွားတာပေါ့ဗျာ။
 
 အဆင်ပြေပါစေ..


Download :

Credit to : Mobile World 
 
 
 

USB တွေကို Format ရအောင်ချပေးမယ့် USB Flash Drive Force Format Tool


ဒီကောင်လေးက တော်တော်ကောင်းတာဗျို့.. ခုပဲ တစ်ခု စမ်းလိုက်တာ.. အဆင်ပြေတယ်.. ဒါကြောင့် တင်ပေးလိုက်ပါတာပါ.. ဒီကောင်ကို Run လိုက်.. Drive ဆိုတဲ့နေရာမှာ ကိုယ့် USB Driver ကိုရွေး.. Start ကိုနှိပ်.. Quick ကိုရွေးလို့လဲရတာပေါ့ဗျာ.. ကဲ အဆင်ပြေပြီမဟုတ်လား.. Install လုပ်စရာတောင် မလိုဘူး.. ဖိုင်ဆိုဒ်ကလည်း 29.9 KB ပဲရှိတယ်..

အဆင်ပြေပါစေ..

မောင်ပေါက်


Download : 

  • Dev-Host

  • Zippyshare

  • Solidfiles

     

     

     

    Unlocker 1.9.2 Free 


    ကျွန်တော်တို့ Windows သုံးတဲ့သူတွေ မလိုအပ်တဲ့ဖိုင် တစ်ခုခုကို ဖျက်တဲ့အခါ locked ဖြစ်နေလို့ ဖျက်လို့မရဘူးဆိုပြီး error message တက်လာတာကြုံဖူးကြမှာပါ.. ဘာမှ ဆက်လုပ်လို့မရဘာမရနဲ့လေ.. အဲဒီပြဿနာကို ဖြေရှင်းဖို့ Unlocker ကို သုံးပါတယ်.. သူ့အလိုလို Unlock လုပ်ပေးသလို . ဖျက်မရတဲ့ ဖိုင်ကို ညာကလစ်ထောက်ပြီး Unlock ဆိုပြီး Lock ကို ဖြုတ်ပစ်လို့လည်းရပါတယ်... Free Version ဖြစ်ပေမယ့် စွမ်းဆောင်ရည် မညံ့ပါဘူး. သုံးကြည့်ပါ..
    Unlocker is a program to delete files that cannot be deleted normally. Generally, you find these messages when you failed to delete some files:
    -Cannot delete file: Access is denied
    -There has been a sharing violation.
    -The source or destination file may be in use.
    -The file is in use by another program or user.
    -Make sure the disk is not full or write-protected and that the file is not currently in use.
    If you find any of those error notification, then Unlocker is the best solution to fix the problem. Whenever you failed to delete any files, this little program will automatically help you to handle the deletion proccess.


    အဆင်ပြေပါစေ..

    မောင်ပေါက်


    Download : 1.2 MB

  • Zippyshare

  • Solidfiles

  • Mediafire

     

     

     

    iPhone 4 နှင့် 3Gs (Lock phone) အသုံးပြုသူများ iOS 6.1 ကို software unlock ပြုလုပ်နိုင်ကြပါပြီ...

    iPhone များကို software unlock ပြုလုပ်နိုင်ဖို့  အမြဲကြိုးပမ်းနေသော "ultrasn0w" က version 1.2.8 ကို အသစ်ထပ်မံ update လုပ်ပေးလိုက်တဲ့ အတွက် iOS 6.1 ကို unlock ပြုလုပ်နိုင်ကြပါပြီ။


    "ultrasn0w 1.2.8" ကို အသုံးပြုပြီး unlock လုပ်နိုင်တဲ့ Baseband များကတော့..
    iPhone 4 : 01.59.00
    iPhone 3G/3Gs : 04.26.08, 05.11.07, 0.5.12.01, 05.13.04 or 06.15.00

    တို့ ဖြစ်ပါတယ်။

    မိမိ iPhone ရဲ့  Baseband ကို စစ်ဆေးရန် Settings -> General -> About မှ "Modem Firmware" ကို ကြည့်ရမှာဖြစ်ပါတယ်။

    "ultrasn0w" ကို Install လုပ်နိုင်ရန် Cydia -> Sources -> Edit -> Add မှာ "http//repo666.ultrasn0w.com" ဟု ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။

    ထိုနောက် Cydia -> Search တွင် "ultrasn0w" ဟုရှာပြီး Install လုပ်ပါ။

    မှတ်ချက်။ ။ "sn0w" စာလုံးတွင် "အို" အစား "သုည(Zero)" ကို ရိုက်ပါ။ **အထူးသတိပြုရန်**

    Unlock လုပ်နိုင်ရန် အထက်ပါ Baseband များနှင့် ကိုက်ညီနေသော်လည်း မိမိ၏ iPhone 4,3G,3Gs မှာ iOS 6.1 မဖြစ်သေးပါက firmware ကို iTunes နှင့် တိုက်ရိုက်ချိပ်ဆက်၍ Update မလုပ်မိစေရန် သတိပြုပါ။

    မိမိတို့ ၏ Unlock baseband ကို မပျက်စီးစေပဲ iOS 6.1 သို့  Update လုပ်နည်းကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်...

    မိုးသိကြား ရဲ့ပို့စ်ကို တိုက်ရိုက်မျှဝေတာဖြစ်ပါတယ်.. 
  •  

     

     

    SONY NEO V (Pattern Lock Delete)

    မိတ်ဆွေ တစ်ယောက် သူ့ Sony Neo V လေး Password ကျသွားလို့
    ကူညီပေးပါဆိုတာနဲ့ ဒီပိုစ်လေးကို ရေးလိုက်ပါတယ်…
    အစဉ်လိုက်အတိုင်း နားလည်နိုင်တဲ့ ပုံစံလေးနဲ့ ရှင်းပြပေးသွားပါမယ်။
    အရင်ဆုံး လိုအပ်တာလေးတွေ အရင် Download ဆွဲလိုက်ပါ
    ADB Fastboot Tools.zip
    Neo V.img
    Delete Pattern Lock.zip
    Super Su.zip
    ကဲအားလုံး Download ဆွဲ လို့ပြီးပြီ စုံပြီဆိုရင် လုပ်ငန်းစကြစို့နော်..
    ၁။ ADB Tools.zip ဖိုင်ကို အရင်ဖြေလိုက်ပါ ပြီးရင် ဖြေထားတဲ့ ဖိုင်ကို C: သွားထည့်လိုက်ပါ။
    ၂။ Neov.img ဖိုင်ကိုတော့ C: ထဲက Adb tools ဖိုင်ထဲကို သွားထည့်ထားလိုက်ပါ။
    ၃။ မမ်မိုရီကဒ် အလွတ်ထဲသို့ Delete Pattern Lock.zip နှင့် Superuser-3.0.7-efghi-signed.zip တို့ကိုထည့်ပြီး ဖုန်းအတွင်း
    ထည့်သွင်းထားလိုက်ပါ ဖုန်းကို ပါဝင်ဖွင့်ထားပါ။
    ၄။ ဖုန်းကို ကွန်ပြုတာ နှင့် စတင် ချိတ်ဆက်ပါ Driver သိသွားပြီဆိုရင်တော့
    လုပ်ငန်းစတင်နိုင်ပါပြီ။
    ၅။ C: ထဲက Adb tools ဖိုင်ထဲသို့ သွားပါ ထိုဖိုင်ထဲတွင် Ahift Key နှင့် Right Click တွဲနှိပ်ပါ
    စာတန်းပေါ်လာလျင် Open Comand Window Here ကို နှိပ်ပါ
    ဒါဆိုရင်တော့ CMD Box လေး ပေါ်လာပါပြီ။
     ၆။ CMD Box ထဲတွင် adb reboot bootloader ဟုရိုက်ပြီး Enter နှိပ်ပါ။
    ထိုသို့ ဆိုလျင် NeoV ဖုန်းသည် Reboot ကျသွားပြီးတော့ မီးရောင်လေးက အပြာရောင်လေး ဖြစ်သွားပါမယ်
    ဒါဆိုရင်တော့ Fastmode ၀င်သွားပါပြီ။
    ၇။ အခုဆိုရင်တော့ Recovery စရေးပါမယ် CMD Box တွင် အောက်ပါ အတိုင်းဆက်ရေးပါ
    fastboot boot recoveryNeo.img ဟုရိုက်ပြီး Enter နှိပ်ပါ။
    ဖုန်းက Reboot ကျသွားပြီးတော့ Recover Mode CWM ထဲ ရောက်သွားပါမယ်။
    အောက်က ပုံအတိုင်းပါ

    ၈။ CWM ထဲရောက်ပြီဆိုရင်တော့ install zip from sdcard ထဲကိုဝင်ပါ
    ခုနက မမ်မိုရီကဒ်ထဲ ထည့်ထားတဲ့ Delete Pattern Lock.zip ကိုရွေးပါ
    (Pattern Lock.zip from www.mm-mpxteam.net, Credit to MM-MPX Team)
    Install ကိုရွေးပေးပါ။
    (ဒီနေရာမှာ ပြောချင်တာလေး တစ်ခုက ကြုံလာတုန်းလေး Root ချင်တယ်ဆိုရင်တော့ မမ်မိုရီကဒ်ထဲ ထည့်ထားတဲ့ Superuser-3.0.7-efghi-signed.zip ပါ
    Install zip from sdcard ကနေ Install လုပ်ပေးပါ။)
    ပြီးရင်တော့ Reboot system now ကိုရွေးပေးပါ Reboot ကျပြီး ပြန်တက်လာတာနဲ့
    သင် သုံးထားတဲ့ ပါစ်ဝါတ် လုံးဝ မရှိတော့ပါဘူး ခင်ဗျာ။
    ဒီနည်းလေးထဲက
     Delete Pattern Lock.zip ဟာ တစ်ခြား Android ဖုန်းတွေမှာလဲ အလားတူ အသုံးပြုနိုင်ပါတယ်။
    အဆင်မပြေခဲ့ရင် ဖုန်းဆက်မေးမြန်းနိုင်ပါတယ်
    thitsankhant@gmail.com
    Ph:09421016108
    ကိုသစ်ဆန်းခန့် ဆိုဒ်က ပို့စ်ကို တိုက်ရိုက်မျှဝေတာဖြစ်ပါတယ်..
    လေးစားလျက်
     
  •  

    Windows 8 နဲ့ Compitable ဖြစ်တယ်ဆိုတဲ့ Deep Freeze Enterprise 7.60.220.4298


    Deep Freeze တောင်းဆိုနေတဲ့သူများအတွက် Deep Freeze Enterprise 7.60.220.4298 ကိုတင်ပေးလိုက်ပါတယ်.. ဒီဗားရှင်းက Windows 8 နဲ့ အဆင်ပြေတယ်လို့ ဒီဆော့ဝဲကို ထုတ်လုပ်တဲ့ Faronics ရဲ Website မှာ ရေးထားပါတယ်.. ဒီမှာ အပြည့်အစုံကိုဖတ်နိုင်ပါတယ်.. အောက်မှာ ဒေါင်းဖို့တင်ပေးလိုက်ပါပြီ... ကျွန်တော် မစမ်းပေးလိုက်နိုင်ပါဘူး.. Windows 8 ကို မသုံးလို့ပါ.. အဆင်ပြေတယ်ဆိုရင်.. လက်ခုပ်သံလေး ကြားချင်ပါတယ်...

    Faronics Deep Freeze Enterprise makes PCs indestructible. It protects endpoints by Freezing the desired configuration set by you – the IT professional. Any unwelcome or unwanted changes users make while in-session are prevented from sticking. It’s really simple. By restarting your computers, systems are returned to the desired state. Meanwhile, user data can be stored safely on a network drive or in a ThawSpace to be retained across reboots. This helps machines run smoothly and efficiently, while giving you more up-time and boosting user productivity. The built-in Deep Freeze Enterprise Console or Core Console makes life even easier.
    Deep Freeze’s central management capabilities allow you to enjoy the benefits of customizing, deploying, and managing Deep Freeze on your endpoints from one central location. Need to manage Windows Updates? Simply download them while Frozen and they’re automatically applied when machines are Thawed. Once the process is finished, machines are automatically returned to their Frozen state.
    Since Deep Freeze ensures 100% workstation recovery with every restart, you can watch that mountain of support tickets shrink. Customers report an average reduction of 63%. You can also forget about accidental configuration changes, malicious software, and operating system degradation. Now you and your IT staff can get more sleep, worry less, and maybe even leave the office on time once in a while.

    အဆင်ပြေကြပါစေ...


    Setup Download Links: 19.2 MB

  • Zippyshare

  • Solidfiles

  • Box

Keymaker Download Links: 64.5 KB

  •  

     

     

     

  •  

     

 

 

 

 

 

 


 

5 comments:

  1. အကို oppo1201 ကို firmware တင်ပေးတဲု့ flash tool တစ်ခုလောက်ပါ ပြီးတော့ ဒီကောင်က fastboot ကနေ flash လုပ်ပေးတာ boot.img တစ်ခုတည်းပဲအကို လက်ရှိသုံးနေတာမို့ oppo1201 firmware tool,cwm,offical recovery ပြန်တင်နည်းလေးကို kokosonay@gmail.com မေးလ်လေးပို့ ပေးပါခင်ဗျာ . .
    (မူဆယ်)

    ReplyDelete
    Replies
    1.ူLock /Unlock လုပ်နည်းများ ~ (It) ကိုထိုက် >>>>> Download Now

      >>>>> Download Full

ူLock /Unlock လုပ်နည်းများ ~ (It) ကိုထိုက် >>>>> Download LINK

      >>>>> Download Now

ူLock /Unlock လုပ်နည်းများ ~ (It) ကိုထိုက် >>>>> Download Full

      >>>>> Download LINK iz

      Delete
  2. ငါ iphone ဖော်ထုတ်ပေးတယ်ဆိုတာဟာ များအတွက် အကောင်းဆုံး website ကို တွေ့ရှိခဲ့ပါတယ်။ သငျသညျ ခရက်ဒစ်ကဒ် မှတဆင့် code ကို ယ်ယူနိုင်ပါသည် ။ ပေးထား အချိန် အတွင်း ပြုမိ သော့ဖွင့် ။ သွားရောက်ကြည့်ရှု ။
    officialiphoneunlock.net

    ReplyDelete
  3. HDD lock ကျနေတာကို ps မေ့သွားရင် ဘယ်လို unlock လုပ်ရတာပါလဲ

    ReplyDelete
  4.ူLock /Unlock လုပ်နည်းများ ~ (It) ကိုထိုက် >>>>> Download Now

    >>>>> Download Full

ူLock /Unlock လုပ်နည်းများ ~ (It) ကိုထိုက် >>>>> Download LINK

    >>>>> Download Now

ူLock /Unlock လုပ်နည်းများ ~ (It) ကိုထိုက် >>>>> Download Full

    >>>>> Download LINK

    ReplyDelete