Pages

Translate

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Monday, February 11, 2013

အလွယ်ဆုံး Virus ရှိ ၊မရှိ စမ်းနည်း....


     virus
ရှိ ၊ မရှိ စစ်မယ်
ဆိုရင်....
 တကယ်ထိရောက်တဲ့ နည်းလို့ မဆိုလိုပေမယ့် ခန်မှန်းနိုင်အောင်ပါ ..
Start-->Run --> cmd ရိုက်ထည့်ပါ .. Command prompt ပေါ်လာပါမည် ..
 
cd\ ရိုက်ထည့်ပါ enter နိုပ်ပါ C:\>setup လို့ ရိုက်ထည့်မယ် enter နှိပ်မယ်...
 ဒါဆိုရင် please go to the Control Panel to install and configure system components ဆိုပြီး dialog box လေးပေါ်လာရင် virus မရှိပါဘူး....။
မပေါ်ခဲ့ရင် တော့
virus ရှိနေပါပြီ...။

8/4/12 Phone ကိုငွေမပေးဘဲ၊ အလွယ်တကူခေါ်ရအောင်









ကျွှန်တော့်ကိုသူငယ်ချင်းတစ်ယောက်ကဝေမျှပေးလိုက်တာပါ။ ညီရှင်းသန့်ကိုကျေးဇူးတင်ပါတယ်။ ယခုလို pfingo ,skype တို့လို့ဝယ်စရာမလိုတော့ဘူး။ ငွေအကုန်သက်သာတဲ့အပြင်.... အဲဒီဆော့ဝ်လ်ကဆိုဒ်တော်တော်များများမှာတွေ့တယ်လို့ပြောတယ်။ အဲဒီဆော့ဝ်လ်ကိုဖွင့်တာနဲ့ ကိုယ့်ရဲ့ဖုန်းနံပါတ်ပြတယ်။
ကိုယ်ခေါ်ချင်တဲ့လူရဲ့ဖုန်းနံပါတ်ထည့်...ဘယ်ကဖြစ်ဖြစ်ရတယ်...ဟန်းဖုန်း...တယ်လီဖုန်းတို့ရတယ်။ တကယ်လည်းစမ်းကြည့်ပါ။ အကျိုးတကယ်ရှိတဲ့အပြင် ဖုန်းအစစ်လို Contacts ပါတယ်။ သူငယ်ချင်းအသစ်ရှာ...ဘာမှမဖြစ်ဘူး။ အသံ၊ ကွန်ပျူတာနဲ့ချက်တာ..video(vzochat လို)ပါတယ်။ register လုပ်စရာမလို..spyware..virus လုံးဝမရှိစေရဘူး။ ဆော့ဝ်လ်ကအလကားပေးတာ(သားကအလကားမှယူချင်တာ..ဟီး)။ဘယ်သူပဲဖြစ်ဖြစ်..လျို့ဝှက်ဖုန်းနံပါတ်ကိုရရှိနိုင်တယ်။

ဆော့ဝ်လ်နာမည်က CQPhone ပါ။ ဖိုင်ဆိုဒ်ကပေါ့ပေါ့ပါးပါးပါ။ 2.62 MB ရှိပါတယ်။ သူ့ရဲ့မူရင်းဆိုဒ်က http://www.cqphone.com/ ပါ။ အခု version က 2.4 ပဲရှိပါသေးတယ်(လောလောဆယ်ကိုပြောတာ)။ မူရင်းဒေါင်းလုတ်လင့်က http://www.cqphone.com/cqsetup2404.exe မှာပါ။


Virus အမျိုးအစားခွဲခြားခြင်း..


၁။Computer Virus
Computer virus ဆိုတာ သူ့ကိုသူ attach လုပ်ထားတဲ့ program (သို့) file တစ်ခုဖြစ်ပြီး ကွန်ပျူတာတစ်ခုကနေ တစ်ခုကို ပြန့ှ်နှံ့ကူးစက်နိုင်ပါတယ်..လူတွေမှာ Virus ကူးသလိုပဲ ပြန့်နှံ့ပြီးတော့ ကွန်ပျူတာရဲ့ System ကိုပုံမှန်အလုပ်မလုပ်အောင် နှောက်ယှက်မယ်၊ Windows ကို Error တွေများလာအောင်လုပ်မယ်၊ user data တွေကို ဖျက်ဆီးမယ်၊ Hardware တွေ Software တွေ အရေးကြီးတဲ့ File တွေကို ဖျက်ဆီးမယ်... စတာတွေကို လုပ်ဆောင်ပါတယ်..
ဒါပေမယ့် Virus အများစုဟာ executable fileတွေဖြစ်ကြပါတယ်.. ဥပမာ.. chrome.exe, system.bat , flashy.com စသဖြင့်ပေါ့ .. သူတို့ဟာကွန်ပျူတာထဲမှာ ရှိနေရင်တောင်မှ သင်ကိုယ်တိုင်မှ သွားမဖွင့်ရင်/ သွားမ run မိရင် ကွန်ပျူတာကို ဘာမှ မထိခိုက်နိုင်ပါဘူး... ဒါကြောင့် မှတ်ထားရမှာက လူ၏ လုပ်ဆောင်ချက်မပါဝင်ပဲ Computer Virus သည် မပျံ့နှံ့ မကူးစက်နိုင်ပါ...
Virus ပျံ့နှံ့နိုင်တဲ့ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်...forward E-mail က attached file တွေ၊ memory stick(flash/thumb drives) တွေ၊ Full sharing ကနေ virus infected file ထည့်တာတွေ၊ သူငယ်ချင်း အချင်းချင်း မသိပဲနဲ့ Virus infected file ကို share လုပ်မိတာတွေ .. စသဖြင့်ပေါ့...ဗျာ

၂။Malware
Malware ဆိုတာ အင်္ဂလိပ်စကား ၂ လုံး Malicious Software ကိုပေါင်းစပ်ပြီး ကွန်ပျူတာပညာရှင်တွေက အလွယ်ခေါ်ကြတဲ့ virus လို program တွေပါပဲ.. အဲဒိ Malware ကကွန်ပျူတာပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရပဲ ၊ မသိစေပဲ single computer / server / computer network ထဲ ၀င်ပြီး ကွန်ပျူတာ System ပျက်ဆီးစေနိုင်အောင် ၊ အနှောက်အယှက်ဖြစ်အောင် ရေးလေ့ရှိကြပါတယ်..
Malware တစ်ခုမှာ Computer VIrus , worms, trojan horses, most rootkits, spyware, dishonest adware, crimeware and other malicious and unwanted software တွေပါဝင်လေ့ရှိပါတယ်..

၃။worm
worm ဆိုတာက virus နဲ့ဆင်တူအောင်ရေးထားကြတာပါပဲ.. virus တစ်ခုရဲ့ Sub-class လို့လည်းခေါ်လို့ရပါတယ်... သူကတော့ Virus လို လူကဖြန့်မှ ပျံ့တာမျိုးမဟုတ်ပဲ သူပါသူ Computer network ထဲမှာရှိတဲ့ အခြားကွန်ပျူတာတွေကို လူရဲ့လုပ်ဆောင်ချက်လုံးဝမပါပဲနဲ့ ပျံ့နှံ့စေတာဖြစ်ပါတယ်...သူ့ပါသူ ဖြန့်နိုင်တဲ့ စွမ်းရည်ရှိတာပေါ့နော်...
အကြီးမားဆုံး အန္တရာယ်ကတော့ သူ က သူ့ပါသူ System file တစ်ခုလို အယောင်ဆောင်ပြီး သူ့ကိုယ်သူ သန်းပေါင်း ၁၀၀ လောက် copy ပွားနိုင်ပါတယ်၊ Hard disk ရဲ့ used space ကို များလာစေတယ်..Computer ရဲ့ System memory usage တွေ များလာစေတယ်.. network bandwidth တွေကိုတက်လာစေတယ်... Run ထားတဲ့ program တွေကို not responding ခဏခဏဖြစ်လာစေတယ်.. လူသိများတဲ့ worm ကတော့ Blaster worm ပါ.. ထွင်လိုက်တဲ့လူကတော့ ၂၀၀၅ ခုနှစ်တုန်းက အသက် ၁၈နှစ် အရွယ် Jeffrey Lee Parson ဖြစ်ပြီး ထောင် ၁၈ လ ကျသွားခဲ့ပါတယ်.. Blaster worm က windows စတက်တာနဲ့ Registry ကီး
HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Run\windows auto update = msblast.exe မှာ နေရာယူပါတယ် ၊ msblast.exe ဆိုတာက တော့ နာမည်တူပေးထားတာပေါ့
Blaster worm က Computer System ထဲမှာ ရှိနေပြီဆိုတာနဲ့ Cracker တွေက ကွန်ပျူတာကို Remote လုပ်ပြီး ထိန်းချုပ်နိုင်အောင် ရေးထားပါတယ်..


၎။Trojan horse
Trojan horse ကို Trojan လို့လည်းခေါ်ပါတယ်..Trojan ဆိုတဲ့ မြင်းရုပ်ကြီးအကြောင်း ငယ်ငယ်က ကမ္ဘာ့သမိုင်းမှာသင်ဖူးကြမှာပေါ့.. Tri ဇာတ်ကားလည်း ကြည့်ဖူးကြမှာပါ... အဲဒိထဲကလိုပဲ အလုပ်လုပ်တယ်လို့ပြောလို့ရပါတယ်... :P ပုံမှန်အားဖြင့် အသုံးဝင်တဲ့ Software တွေမှာ ထည့်ထားတတ်ကြပါတယ်... ဥပမာပေါ့ဗျာ... Game တစ်ခုကို Install ပြီးဆော့နေပေမယ့် အခြားတစ်ဖက်မှာ Hacker တွေ Cracker တွေက ကွန်ပျူတာထဲကို ၀င်မွှေနေလို့ရအောင်လုပ်ပေးနေတယ်.. အဲဒီတော့ အဲဒိ Game ကို Trojan horse လို့ခေါ်တာပေါ့ .. တစ်ကယ်တော့ Game က တရားဝင်ထုတ်ထားတဲ့ Game ပဲ.. ဒါပေမယ့် Virus infected ဖြစ်နေတဲ့ Game လို့ပြောရလိုဖြစ်နေတာပေါ့..
နမူနာ Trojan Horse ကတော့ waterfalls.scr ဆိုတဲ့ free waterfall screen saver ပဲဖြစ်ပါတယ်..

Trojan horse တစ်ခုဟာ အောက်ပါအချက်များကို လုပ်ဆောင်ပေးနိုင်ပါတယ်...
* Remote Access
* Data Destruction
* Downloader/dropper
* Server Trojan(Proxy, FTP , IRC, Email, HTTP/HTTPS, etc.)
* Disable security software
* Denial-of-service attack (DoS)


၅။Spyware
သူကတော့ သူခိုးပေါ့နော်.. Spy တွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာသိကြမှာပါ.. သူလဲအဲလိုပါပဲ...
သူက ကွန်ပျူတာကို ထိခိုက်ဖျက်ဆီးချင်မှ ဖျက်ဆီးမယ်.. ဒါပေမယ့် ကွန်ပျူတာမှာသုံးနေတဲ့ user ရဲ့ အမျိုးမျိုးသော အချက်အလက်တွေ၊ အရေးကြီးတဲ့ Data တွေကို သူ့ရဲ့ Main server တစ်ခုခုကို နေ့စဉ် သတင်းပို့ပေးနေတယ်... Spyware တွေက များသောအားဖြင့် Web browser တွေကနေ ၀င်နိုင်ပါတယ်... ပြီးရင် သူက Browser home page ကိုပြောင်းထားတတ်ပါတယ်..သင့်ကို Error message တွေ အမျိုးမျိုးပြမယ်..(ဥပမာ- သင့်ကွန်ပျူတာမှာ problems တွေများနေပြီ..အဲဒါတွေပြင်ချင်ရင် အောက်ကခလုတ်ကို နှိပ်ပါ) စသဖြင့် ဆွဲဆောင်မယ်၊ သင်က link တစ်ခုကို click လိုက်ပေမယ့် သင်မဖွင့်ပဲနဲ့ အခြား Porn Site တွေ အလိုလိုပွင့်လာမယ် စသဖြင့်ပေါ့ဗျာ... တစ်ချို့ လူတွေက http cookie တွေကို Spyware တွေလို့ ထင်ကြပါတယ်.. တကယ်တော့မဟုတ်ပါဘူး ဒါပေမယ့် အဲဒိ cookie ထဲမှာ Spyware က track လုပ်နိုင်တဲ့ Data တွေပါလာတတ်တာကြောင့်  Spyware Remover တော်တော်များများက Cookie တွေကို ဖျက်ပစ်ကြတာပါ.
Spyware ကို ကာကွယ်ချင်ရင်တော့ pop-ups ကျလာတဲ့ link တွေကို ရှောင်တာကောင်းပါတယ်... Free Spyware Remover တွေနဲ့လည်းကာကွယ်နိုင်ပါတယ်...

၆။Adware
Adware ဆိုတာကတော့ Advertising-supported software (သို့) software package တစ်ခုဖြစ်ပါတယ်.... သူကတော့ Screen မှာ Automatic ပေါ်လာအောင်ဖန်တီးထားပြီး Download အတင်းလုပ်ခိုင်းပါတယ်... :D
အချို့သော Adware များဟာ Spyware များဖြစ်တတ်ကြပါတယ်... ဒါကတော့ဒီလောက်ပဲ :D

၇။Crimeware
Crimeware ဆိုတာကတော့ Spyware, Adware, Malware အမျိုးအစားတွေထဲမှာပါပါတယ်.. သူ့ရဲ့ရည်ရွယ်ချက်ကတော့ financial crime တွေအတွက်ရည်ရွယ်ပြီးရေးကြတာများပါတယ်..
သူက user password တွေ၊ links တွေ၊ အချက်အလက်တွေ ကို မှတ်သားထားနိုင်ပြီး သူ့ကို Run ထားတဲ့လူက ပြန်ဖွင့်ကြည့်ပြီး user data တွေကို ခိုးယူနိုင်တာပေါ့.... ဥပမာပြောရရင်
ခုခေတ်စားနေတဲ့ key logger တို့ .. keystroke logging software တို့ဟာ Crimeware အမျိုးအစားတွေပဲဖြစ်ပါတယ်...။

Saturday, February 9, 2013

ကွန်ပျူတာ အတိုင်းအတာ (Bit or Byte….)

ကွန်ပျူတာ အတိုင်းအတာ (Bit or Byte….)


Bit Bit ဆိုသည်မှာ ကွန်ပျူတာ၏အသေးဆုံးပမာဏ (သို့မဟုတ်) electronic information storage ၏ အသေးဆုံးသောပမာဏတစ်ခုဖြစ်ပါတယ်။၎င်းကတော့ information တွေကို စက်နားလည်အောင် 0(false)(သို့ မဟုတ်)1(true) ကို ထုတ်ပေးပါတယ်။ (မီးခလုတ်ချိန်းသကဲ့သို့ လုပ်ပေးပါတယ်)
8bits=1byte ပါ။
Byte
Byte ဆိုတာတိုင်းတာတဲ့ unit တခု ဖြစ်တယ်။ 1 byte မှာ 8 bit ရှိပါတယ်။ကွန်ပျူ တာ ရဲ့  memory ကို ပြော တဲ့ အခါ(သို့ မဟုတ်) electronic information (data)တွေကို ပြောတဲ့  အခါမှာ အသုံးပြု ပါတယ်။ byte ကို အများဆုံး english အက္ခရာ အကြီးစာလုံး B နဲ့ ဖော်ပြပါတယ်။တခါတရံ မှာတော့ အသေးစာလုံး b ကို အသုံးပြုပါတယ်။
Byte ရဲ့ အကြီးဆုံး unit အတွက် name တွေက တော့………
Read more of this post

ကိုယ်ကြိုက်တဲ. pdf ဖိုင်များကို (pdf)ဖိုင်တစ်ခုတည်းဖြစ်အောင်ပေါင်းမယ်…

ကိုယ်ကြိုက်တဲ. pdf ဖိုင်များကို (pdf)ဖိုင်တစ်ခုတည်းဖြစ်အောင်ပေါင်းမယ်…

ကျွန်တော်တို. စီမှာ ပြန်.ကြဲ နေတဲ. ကိုယ်ကြိုက်တဲ. pdf ဖိုင်တွေကို pdf fileတစ်ခုတည်းဖြစ်အောင်
ပေါင်းလို.၇တဲ. ဆိုဒ်လေးတစ်ခုနဲ. မိတ်ဆက်ပေးချင်ပါတယ်။
ကိုယ်ကြိုက်တဲ. စာလေးတွေကို ၇ှာနေစ၇ာမလိုတော.ပဲ
pdf ဖိုင် တစ်ခုတည်းဖွင်.တာနဲ. ကိုယ်ဖတ်ချင်တဲ. စာတွေအားလုံး အလွယ်တကူ ဖတ်လို. ၇တာပေါ.ဗျာ။
ဖိုင်တွေ ပြန်.ကြဲ မနေတော. ကြည်.၇တာလဲ ၇ှင်းတာပေါ.ဗျာ။

http://www.pdfjoin.com/
သုံးပုံ သုံးနည်းကိုတော. ပုံနဲ. ပြောပြချင်ပါတယ်။
ပထမဦးဆုံး အပေါ်က ဆိုဒ်ကို ၀င်လိုက်ပါ။ ၀င်ပြီး၇င် Browse ဆိုတာကိုနှိပ်ပြီး ကိုယ်ပေါင်းချင်တဲ. pdf ဖိုင်တွေေ၇ွးပေးလိုက်ပါ။

join
join

join ဆိုတဲ. button နှိပ်ပြီး ခဏစောင်.လိုက်ပါ။
join 2
join 2

ဒီပုံအတိုင်းပေါ်လာ၇င် ok နှိပ်ပြီး ဒေါင်းလိုက်ပါ။
အဆင်ပြေပါစေဗျာ……..

Facebook game request ကြောင့်စိတ်ညစ်နေသလား

Facebook game request ကြောင့်စိတ်ညစ်နေသလား


ကဲဒီတစ်ခါလည်းမသိသေးသူများအတွက်ပြောပြပါ့မယ်။ ကျွန်တော် သူငယ်ချင်းတွေကလည်း ဂိမ်း request တွေအားကြီးပို့တယ်။ တစ်နေ့တစ်နေ့ အဲဒါတွေနဲ့ပဲ Notification တွေပုံနေတယ် ။ ဘယ်လိုလုပ်ရမှန်းမသိခင်တုန်းကတော့  Message တွေလှမ်းပို့ပြီး ပြောတာ  မပို့ဖို့အတွက်ကိုပေါ့။ မရပါဘူး ။ နေ့တိုင်းချည်းပဲ ပို့နေတယ်။ သူငယ်ချင်းတွေဆိုတော့ ဘလော့လုပ်ရမှာလည်းခက်။ ဒါနဲ့ Google ကို ဝင်မွေလိုက်တာ နည်းတစ်ခုတွေ့လာတာပေါ့ဗျာ။  နောက်ဘယ်တော့မှ  Game request တွေ ရောက်မလာတော့ဘူး။
ဘာမှမခက်ဘူး။ သူပို့လိုက်တဲ့ Notification လေးကိုကလစ်ပေးလိုက်ပါ။ အဲမှာ ဘေးနားမှာ x အမှားခြစ်လေးကို ကလစ်ပေး ။ ပြီးရင် Turn Off လို့သာပေးလိုက်တော့ နောက်ဘယ်တော့မှာ Game request တွေလာမှာမဟုတ်တော့ဘူး။ 
အဆင့်(၁)

အဆင့်(၂)

အဆင့်(၃)
သဘောကျတယ်ဟုတ်။ မသိသေးသောသူငယ်ချင်းတွေကိုလည်း ပြောပြလိုက်အုံးနော်....။
ဒါက အများဆုံးအဖြစ်များတဲ့ Game request ကိုပြောလိုက်တာပါ။ နောက်ထပ်လည်း မလာချင်သော Notification တွေကိုလည်းအဲဒီနည်းအတိုင်းလုပ်လိုက်ရင် နောက်တစ်ခါမပေါ်လာတော့ပါဘူး ခင်ဗျာ။ 
အော်ကြုံတုန်း တစ်ခုပြောလိုက်အုံးမယ်။ အခု Facebook မှာ Notification လေးတွေတက်လာရင် sound သံလေးပါတယ်။  ပြီးတော့ comment မှာကိုပဲ like buttom နဲ့ကပ်လျက်မှာ  reply တွေပါနေပြီ။ user အာလုံးတော့မရသေးဘူး။ သူက စမ်းသပ်ကာလပဲရှိသေးတာမို့လို့ပါတဲ့ ။ အနော်ပြောတာမဟုတ်ဘူးနော်။ Facebook သတင်းတွေကပြောတာ။ ကျွန်တော်ဆီမှာတော့ sound သံလေး မြည်ပြီ။ ဒါပေ့မယ့် reply buttom တော့မရသေးဘူး။  

နမူနာပုံလေးပြမယ်  reply buttom အတွက်
မိမိ Facebook မှာ Notification sound သံရမရသိချင်ရင်  Facebook Accound setting ကိုသွားပါ။ ပြီးရင် Notifications ဆိုတာကို ရွေးပါ ။ On Facebook ဆိုတာလေးမှာ ဒီလိုလေးပေါ်လားကြည့်ပါ။ ပေါ်နေတယ်ဆိုရင် sound ရပါပြီ။ မပေါ်သေးပါက မရသေးပါ။ 
view ကိုကြည့်လိုက်ဆိုရင် sound သံကို off လုပ်လို့ရပါတယ်။ 
ကဲမရတဲ့ Facebook user များက ဒီလိုလေးပါ။

အားလုံးကိုလေးစားလျက်.....

ကွန်ပျူတာ နှေးရသော အကြောင်းအရင်း




၁။ ကွန်ပျူတာ Registry ဆိုတာ ဘာလဲ။ 

ကွန်ပျူတာထဲမှာရှိတဲ့ Registry ဖိုင်များမှာ သင့် ဟာ့ဝဲ နဲ့ ဆော့ဝဲ ကို မှန်မှန်ကန်ကန် ဘယ်လို လည်ပတ်ရမယ်ဆိုတာ ပြောဖို့ ညွှန်းကြားချက်များနဲ့ Setting များ ပါဝင်ပါတယ်။ Application တစ်ခုကို လုပ်ဆောင်တဲ့ အခါ ကွန်ပျူတာက မှန်ကန်တဲ့ Registry Key များကို ရှာဖွေဖို့ ရှေ့ဆက်ပါတယ်။ အချိန်ကြာလာတဲ့ အမျှ Registry မှာ Error များ ပိုမို ပါဝင်လာပါတယ်။ ဒါမှမဟုတ် စစ်စတမ်က အဲဒါတွေကို အကြိမ်ကြိမ် ရွေ့ပြောင်းပြီးတဲ့ အခါတွင် Registry Key များက ရှုပ်ပွလာပါတယ်။ စစ်စတမ်ကနေ ပျောက်ဆုံးနေတဲ့ ဒါမှမဟုတ် ရှုပ်ထွေးနေတဲ့ အပိုင်းများကို တွေ့တဲ့အခါ ကွန်ပျူတာက ကြောက်စရာကောင်းလောက်အောင် နှေးသွားပါတယ်။ ဒါမှမဟုတ် Hang တောင် ဖြစ်သွားနိုင်ပါတယ်။

၂။ သင့် ကွန်ပျူတာ Registry ကို ဘယ်လိုနည်းနဲ့ ပြင်ဆင်မလဲ။

သင့် ကွန်ပျူတာကို ပြင်ဆင်တာက လွယ်ကူပါတယ်။ ဒါပေမယ့် သင်က Registry Setting များကို ပြောင်းလဲခြင်းနဲ့ အတွေ့အကြုံ မရှိဘူးဆိုရင် သင်ကိုယ်တိုင် လုပ်ဆောင်ဖို့ မကြိုးစားသင့်ပါဘူး။ အမှတ် အမြင့်ဆုံး Registry Cleaner တစ်ခုကို အင်တာနက်ကနေ ကျွန်တော် ဒေါင်းလုပ် လုပ်ခဲ့ပါတယ်။ အဲဒါက ကျွန်တော့်ကွန်ပျူတာရဲ့ Registry ထဲမှာရှိတဲ့ Errors ပေါင်းရာချီကို မဖော်ထုတ်ခင်မှာ ကျွန်တော့် ကွန်ပျူတာကို Scan ဖတ်ပါတယ်။ နောက် ဆယ့်မိနှစ်လောက် ကြာတော့ ကျွန်တော့် ကွန်ပျူတာကို ရှင်းလင်းပေးလိုက်ပြီး သူရဲ့ လုပ်ဆောင်မူနူန်းက သိသိသာသာကို တိုးလာပါတယ်။

၃။ သင့် Registry ကို ထိန်းသိမ်းခြင်း

သင့် Registry ကို ရှင်းလင်းပြီးတဲ့နောက်တွင် အဲဒီအပေါ်မှာ သင့်အနေနဲက ထိန်းသိမ်းခြင်းကို လုပ်ဆောင်သင့်ပါတယ်။ သင့် Registry Cleaner ကို သင့် ကွန်ပျူတာ ချောချောမွတ်မွတ် လည်ပတ်နေစေဖို့ ရက်သတ္တပတ် အနည်းငယ် တစ်ကြိမ် Scan လုပ်ပေးပါ။ သင့် Registry ဖိုင်များကို ပြင်ဆင်ပါ။ သင့် ကွန်ပျူတာကို နောက်တစ်ခါ အသစ်တစ်လုံးကဲ့သို့ လုပ်ဆောင်ပေးပါ။