Soe Lwin Oo : ကိုမောင်ပေါက်ရေ... Youtube က Video တွေကို ဖုန်း၊ တက်ပလက်တွေကနေ ဒေါင်းချင်တာဗျာ.. အဆင်ပြေတဲ့ ဆော့ဝဲရှိရင် ပေးပါအုံး. တစ်ခြားဆော့ဝဲတွေက အဆင်သိပ်မပြေချင်ဘူးဗျ..
Hsaung Hayman Win : မင်္ဂလာပါရှင်..
Android phone နဲ့ Youtube ကသီချင်းတွေကို down ဖို့ဘယ် App ကောင်းလဲဆိုတာသိချင်လို့ပါရှင်။ အရင်က Tubemate နဲ့ down တာအဆင်ပြေပါတယ်။ နောက်ပိုင်း download ဆွဲတော့ Connecting to youtube ကနေမတက်တော့ဘဲ ခဏကြာမှ Error: Unable to------- ဆိုပြီးစာတန်းပေါ်လာပါတယ်။ Tubemate ကိုအသစ်ပြန် down လည်းမရပါဘူးရှင်။ အဲဒါ downloader လေးတစ်ခုကိုတင်ပေးလိုပါတယ်ရှင်။
Handset က HTC Desire VC ပါရှင်။
ကျေးဇူးတင်ပါတယ်ရှင်။ ။ ။ ။ ။ ။ ။ ။
ကျွန်တော်လည်းသုံးနေတယ်.. The Best YouTube Downloader မှာ
နံပါတ် (1) မှာ ရှိနေတဲ့ TubeMate ဖြစ်ပါတယ်... လွယ်ကူမြန်ဆန်ပြီး Video အရည်အသွေးလည်းကောင်းပါတယ်...
မဆောင်းဟေမန်ဝင်း အနေနဲ့ အဟောင်းကို Uninstall လုပ်ပစ်လိုက်ပြီး Cache ကို Clean လုပ်ပစ်လိုက်ပါ.. Android Cleaner တစ်ခုခုနဲ့ပေါ့.. ပြီးရင် ဒီ TubeMate ကို Install လုပ်လိုက်ပါ.. အဆင်ပြေသွားပါလိမ့်မယ်...
ဒီ app ကို မသုံးဖူးသေးတဲ့သူများအတွက် သုံးနည်းကိုပါ နည်းနည်းရှင်းပြချင်ပါတယ်...
1. ဒီ App ကို Install လုပ်ပြီး ဖွင့်လိုက်ရင် YouTube ကိုရောက်ပါတယ်.. အပေါ်ဆုံးတန်းက ညာဘက်မှာ မှန်ဘီလူးပုံလေးကိုနှိပ်ပြီး မိမိလိုချင်တဲ့ နာမည်ကို ရိုက်ထည့်ပြီးရှာနိုင်ပါတယ်...
2. ကိုယ်လိုချင်တဲ့ Video ကိုတွေ့ပြီးဆိုရင် တစ်ချက်နှိပ်လိုက်ပါ.. Do you want to download or watch video ? ဆိုပြီး ပေါ်လာမှာဖြစ်ပါတယ်.. Download ကိုရွေးပေးရပါမယ်...
3. ဒါဆိုရင် Video ကို ဘယ်ဆိုဒ်နဲ့ ဒေါင်းချင်တာလဲ.. MP 3 နဲ့ ဒေါင်းချင်တာလား .. ရွေးနိုင်ပါပြီ...
ကိုယ်လိုချင်တာကို ရွေးပေးလိုက်တာနဲ့ ဖုန်းရဲ့ Notification Bar မှာ ဒေါင်းနေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်.... မြန်လည်းမြန်ပါတယ်...
ဒီ App ကို Google Play မှာရှာလို့မတွေ့ပါဘူး.. TubeMate ရဲ့ Official Site မှာ [CAUTION] There are so many infected TubeMates on 'Google Play' and internet.
Please get TubeMate from the verified sites for your safety. ဆိုပြီး သတိပေးထားပါတယ်.. Google Play မှာနဲ့ တရားမ၀င်ဆိုဒ်တွေမှာ မဒေါင်းကြဖို့ သတိပေးထားတာပါ... Official Site ကို ဒီမှာ သွားကြည့်နိုင်ပါတယ်...
အဆင်ပြေပါစေ...
Credit to : မောင်ပေါက်
Download Links:
အဆင့် (2) နေရာမှာတော့ WonTube ဖြစ်ပါတယ်....
အဆင့် (3) မှာတော့ Best Tube YouTube Downloader ဖြစ်ပါတယ်...
အဆင့် (4) မှာတော့ FREEdi YouTube Downloader ဖြစ်ပါတယ်...