Pages

Translate

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Saturday, October 17, 2015

Wifi ဆိုတာဘာလဲ ???????




Wi-Fi ကို တစ်ချို့ က WiFi, wi-fi, Wifi, wifi ဆိုပြီး အမျိုးမျိုး ရေးမှတ်ကြပါတယ်.. 1997 ခုနှစ်မှာ IEEE (Institute of Electrical and Electronics Engineers) 802.11 standard နဲ့ထွက်ပေါ်လာတာပါ .. Wi-Fi ဆိုတာ "Wireless Fidelityy" ရဲ့ အတိုကောက်ပါ.. ကြိုးမဲ့ ဆက်သွယ်ရေးစနစ် WLANs (Wireless Local Area Networks) မှာ အသုံပြုရန် မှတ်ပုံတင်ထားပြီး Mobile phone တွေ PDA တွေ Laptop စသည့် ဆက်သွယ်ရေးဆိုင်ရာ Electronic ပစ္စည်းတော်တော်များမှာ အသုံးများကြတယ်
Camera တွေ Printer တွေမှာပါ Built-in Wi-Fi ကိုထည့်တွင်းအသုံးပြုလာကြပါတယ်...

Wi-Fi ရဲ့ ဆက်သွယ်နည်းစနစ်ဟာ Radio Signal ကိုအခြေခံတယ်။ ဒါကြောင့် ၄င်းကိုအသုံးပြုရန် Access Point (Hotspot) တွေကို ကြားခံအဖြစ် အသုံးထားရတယ်.. Access Point နဲ့ အသုံးပြုမည့် Wi-Fi ပစ္စည်းတစ်ခုက မီတာ ၁၀၀ ဒါမှမဟုတ် Wi-Fi 802.11n ကိုသုံးမယ်ဆိုရင် မီတာ 300 လောက်အထိ ကွာခြားပြီးအသုံးပြုနိုင်ပါတယ်...
အသုံးပြုပုံ အသုံးပြုနည်းကတော့ ထူးထူးဆန်းဆန်းမဟုတ်ပါဘူး
အကယ်၍ မိမိက Laptop တစ်ခုနဲ့ Wi-Fi Hotspot Area မှာသုံးမယ်ဆိုရင် မိမိ laptop or PDA ရဲ့ Wi-Fi ကိုဖွင့်လိုက်တာနဲ့
မိမိဝန်းကျင်မှာရှိတဲ့ Wi-Fi Connection အားလုံးပေါ်နေမှာဖြစ်ပါတယ်.. ဒီတော့ မိမိသုံးမည့် Access Point ကို Connect လုပ်ပြီးတော့ အသုံးပြုလို့ရပါတယ်..

Wireless Access Point က password protected လုပ်ထားရင်တော့ Password ရိုက်ထည့်ပြီးမှ သုံးလို့ရလိမ့်မယ်...
တစ်ခါတစ်လေမှာ မိမိအိမ်မှာ Wireless Wi-Fi သုံးနေကြသူတွေက မိမိတို့ရဲ့ Wireless Router ပေါ်မှုတည်ပြီးတော့ IP Addresss ကို Static ပေးထားတတ်ပါတယ်... ဒီလိုအခါမျိုးမှာ တစ်ခြား Access Point ကိုသွားသုံးရင် Static ကို Dynamic ပြန်ပြောင်းပေးဖို့လိုပါတယ်...

နောက်တစ်ခုက တစ်ချို့ laptop တွေက WPA နဲ့ WPA2 ကို support မလုပ်ပါဘူး.. (Laptop အဟောင်းတွေပါ) ဒီတော့ Public Hotspot တော်တော်များများက Security ကို WEP, 64bit encryption တွေပေးကြတာများတယ်....
ဗဟုသုတရရှိစေရန်မျှဝေခြင်းဖြစ်ပါသည်။မှီငြမ်းထားသူများ
ကိုလည်းcreditပေးပါသည်။မိတ်ဆွေများအနေနှင့်လည်း
ကျွန်တော်တို့pageလေးကိုlike&shareခြင်းဖြင့်ကူညီပါ။
မင်္ဂလာရှိသောနံနက်ခင်းလေးဖြစ်ပါစေလို့ZTEမိသားစုမှ
နှုတ်ခွန်းဆက်သလိုက်ပါသည်။
 
 
 
 www.winkabarkyaw.net

♪ ဘာသာစကားအမျိုးပေါင်း 90 အားမြန်မာလိုဘာသာပြန်ပေးနိုင်တဲ့ Apk - Google Translate v4.4.0.RC01.104701208 Apk (15-Oct) ♫

Cover art
Google Translate ကတော့ လူတိုင်းသိပြီးသား ဖြစ်ပါလိမ့်မယ် အခုအခါမှာတော့ Google Translate ကို ဖုန်းထဲမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။ ဘာသာစကားအမျိုးအစားပေါင်း 90 အထိ Translate လုပ်ပေးနိုင် မှာဖြစ်ပါတယ်ဗျာ။ မြန်မာဘာသာစကားကိုပါ Support လုပ်ပေးနိုင်မှာဖြစ်ပါတယ်ဗျာ။ အခု Application မှာတော့ဓါတ်ပုံတွေထဲမှာပါတဲ့ စာတွေကိုပါ ဘာသာပြန်ဆိုပေးနိုင်မှာ ဖြစ်ပါတယ်ဗျာ။ Translate လုပ်ပေး နိုင်တဲ့ ဘာသာစကားတွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်ဗျာ။ အသုံးတည့်စေမယ့် Application တစ်ခုဖြစ်လို့အောက်မှာဒေါင်းယူနိုင်မှာဖြစ်ပါတယ်ဗျာ။

Speak, scan, type or draw to translate in 90 languages.
——
* Type to translate 90 languages
* Use your camera to translate text instantly in 26 languages
* Two-way automatic speech translation in 40 languages
* Draw with your finger as a keyboard alternative
* Download language packs for when you're traveling, or if your connection is expensive or slow.
* Star and save translations for future reference
* Take pictures of text for higher-quality translations or for languages not supported by instant camera translation
Some features not available in all languages.
Translations between the following languages are supported:
Afrikaans, Albanian, Arabic, Armenian, Azerbaijani, Basque, Belarusian, Bengali, Bosnian, Bulgarian, Catalan, Cebuano, Chichewa, Chinese (Simplified), Chinese (Traditional), Croatian, Czech, Danish, Dutch, English, Esperanto, Estonian, Filipino, Finnish, French, Galician, Georgian, German, Greek, Gujarati, Haitian Creole, Hausa, Hebrew, Hindi, Hmong, Hungarian, Icelandic, Igbo, Indonesian, Irish, Italian, Japanese, Javanese, Kannada, Kazakh, Khmer, Korean, Lao, Latin, Latvian, Lithuanian, Macedonian, Malagasy, Malay, Malayalam, Maltese, Maori, Marathi, Mongolian, Myanmar (Burmese), Nepali, Norwegian, Persian, Polish, Portuguese, Punjabi, Romanian, Russian, Serbian, Sesotho, Sinhala, Slovak, Slovenian, Somali, Spanish, Sundanese, Swahili, Swedish, Tajik, Tamil, Telugu, Thai, Turkish, Ukrainian, Urdu, Uzbek, Vietnamese, Welsh, Yiddish, Yoruba, Zulu



   Google Translate- screenshot         Google Translate- screenshot

https://lh3.googleusercontent.com/EkHXhV51KP3ZkmIuWT84H9LWnwOaSmYT9FcV9w4TUhfKSxxYQzLGqIGMhj6Z9lCjC8g=h900        Google Translate- screenshot

   Google Translate- screenshot         Google Translate- screenshot

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

   Download

Thursday, August 20, 2015

အခမဲ့ပို့ဆောင်မှု - မြန်မာ E-commerce ရဲ့ မြှင့်တက်ခြင်း





မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ နည်းပညာပိုင်းနဲ့ e-commerce အခန်းကဏ္ဍ ဖွံ့ဖြိုးဆဲကာလမှာသာ ရှိနေသေးပါသည်။ သို့သော်လည်း အချိန်ကြာမြင့်စွာ ရှိနေမှာမဟုတ်ပဲ အနာဂတ်ဟာ ၁၈၀ ဒီဂရီ စောင်းသလို အကောင်းမွန်ဆုံး ပြောင်းလဲမှုတစ်ခု ဖြစ်လာတော့မှာပါ။ အခမဲ့ပို့ဆောင်မှုဟာ ဒီနေရာမှာ ကြီးမားတဲ့ ဦးတည်ချက်တစ်ခုဖြစ်လာနေပြီး ၄င်းဟာ မြန်မာနိုင်ငံမှာရှိတဲ့ အွန်လိုင်း မားကတ်ပလေ့စ် များစွာကို သဘောတူလက်ခံလာစေဖို့ အဆင်သင့်ဖြစ်နေပါပြီ။  ဥပမာအားဖြင့် Kaymu Myanmar ဟာ ၀ယ်ယူသူများထံ များစွာသော ကုန်ပစ္စည်းများကို အခမဲ့ပို့ဆောင်ပေးဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်နေပါ ပြီ။

သင့်ရဲ့စီးပွားရေးလုပ်ငန်းကို ဘာကြောင့် အခမဲ့ပို့ဆောင်ရန် ကမ်းလှမ်း ရသလဲ

ကုန်ပစ္စည်းအခမဲ့ပို့ဆောင်ပေးခြင်းဖြင့် သင့်ရဲ့စီးပွားရေးကို လျင်မြန်စွာ တိုးတက်လာစေနိုင်သလို ၀ယ်ယူသူများနဲ့ ကောင်းမွန်သော ဆက်ဆံရေးတစ်ခုကိုလည်း တည်ဆောက်နိုင်မည်ဖြစ်သည်။ ၀ယ်ယူသူများက အွန်လိုင်းပေါ်မှာ ဈေးဝယ်ယူတာ မည်မျှပင်နှစ်သက်နှစ်သက်၊ ဈေးနှုန်းကြီးမြှင့်တဲ့ ကုန်ပစ္စည်းတွေကိုပဲ မည်မျှပင် မှာယူမှာယူ၊ အခမဲ့ပို့ဆောင်ခြင်း ဆိုတဲ့အရာဖော်ပြထားမှုဟာ အရှုံး မရှိတဲ့ ဆွဲဆောင်မှုတစ်ရပ်ပင်ဖြစ်သည်။ ၀ယ်ယူသူများဟာ ရံဖန်ရံခါဆိုသလိုပင် အခမဲ့ပို့ဆောင်ပေး ခြင်းရဲ့ ခေါင်းစဉ်အောက်မှာ ၀ယ်ယူလိုကြကြောင်း ကမ္ဘာတစ်ဝန်း စားသုံးသူများထံမှ စစ်တမ်း ကောက်ယူထားသော Street Insider မှသိရသည်။  ဒါဟာ ကြီးမားတဲ့ အလားအလာတစ်ရပ်အဖြစ် အခမဲ့ပို့ဆောင်ပေးဖို့အတွက် မြန်မာနိုင်ငံရှိ အွန်လိုင်းရှော့ပင်းဝက်ဘ်ဆိုက်များဖြစ်တဲ့ www.shop.com.mm (သို့) Yangon Bay  အစရှိသည်တို့က ကမ်းလှမ်းနေပြီဖြစ်ပါသည်။
ယခုရက်ပိုင်းများအတွင်း အခမဲ့ပို့ဆောင်ခြင်းဟာ မရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်လာနေပြီဖြစ်ပြီး များစွာသော သုံးစွဲသူများထံမှ သဘောထားတစ်ခုလည်းဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ကုန်ပစ္စည်းတစ်ခုရဲ့ နောက်ဆုံးဈေးနှုန်းဟာ ပို့ဆောင်မှုစရိတ်ထည့်တွက်လိုက်တာနဲ့ ဈေးနှုန်းပိုမို ကြီးမြှင့်သွားစေရာ အခမဲ့ပို့ဆောင်ပေးရန် ကမ်းလှမ်းမှုများမရှိခဲ့ဖူးဆိုလျှင် သင့်ရဲ့စီးပွားရေးအတွက် ထိခိုက်နစ်နာမှုရှိစေမှာတော့အမှန်ပင်ဖြစ်သည်။


ဈေးကွက်ချဲ့ထွင်ခြင်းလက်နက်အဖြစ် အခမဲ့ပို့ဆောင်မှု



အခမဲ့ပို့ဆောင်မှုဟာ အလွန်တောက်ပသည့် ဈေးကွက်ချဲ့ထွင်ခြင်းလက်နက်တစ်ခုဖြစ်ပြီး ၀ယ်ယူသူ များစွာကို သင့်ရဲ့ ၀က်ဘ်ဆိုက်ကို လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်နိုင်မည်ဖြစ်သည်။ သင့်ရဲ့ဝက်ဘ် ဆိုက်အမြင် မည်မျှပင်ကြည့်ကောင်းကြည့်ကောင်း၊ ဘယ်လောက်ပဲ အမျိုးမျိုးသော အံ့သြဖွယ်ကောင်း တဲ့ ကုန်ပစ္စည်းပဲ တင်ထားတင်ထား၊ အခမဲ့ပို့ဆောင်ရန် ကမ်းလှမ်းမှုပြုထားပါက သင့်အတွက် သုံးစွဲ သူအသစ်များ ရရှိနိုင်သလို စီးပွားရေးအရတိုးတက်မှုလည်း ဖြစ်ပေါ်စေမည်ဖြစ်သည်။ သုံးစွဲသူများထံ သို့ အကောင်းမွန်ဆုံးသော ချဉ်းကမ်းမှုဟာ အခမဲ့ပို့ဆောင်မှုပေးခြင်းပင်ဖြစ်ပြီး ဥပမာအားဖြင့် ငွေ ကျပ် ၁ သောင်းနှင့်အထက်ဝယ်ယူပါက အခမဲ့ပို့ဆောင်ပေးသွားမည်ဟု ကမ်းလှမ်းမှုပြုခြင်းပင်ဖြစ် သည်။ ထိုအချိန်မှာ ၀ယ်ယူသုံးစွဲသူအနေဖြင့် နောက်ထပ် ၂ ထောင်လောက် ထပ်အသုံးချဝယ်ယူလိုက် ရုံဖြင့် ပို့ဆောင်စရိတ်ပေးရန်မလိုဟုဆိုသော အသိဟာ နောက်ထပ် ကုန်ပစ္စည်းတွေကို တုံ့ဆိုင်းခြင်း မရှိပဲ ထပ်မံဝယ်ယူမှုပြုမည်ဖြစ်သည်။ အခမဲ့ပို့ဆောင်ပေးခြင်းကို လျင်မြန်တဲ့ပစ္စည်းပို့ဆောင်မှုထက် ပိုပြီး နှစ်သက်မှုရှိကြကြောင်းကို comScore ရဲ့ စစ်တမ်းကို ကိုးကားပြီး ဖော်ပြပေးခြင်း ဖြစ်ပါသည်။


Thursday, July 16, 2015

သင့်ရဲ့ဖုန်း Original စစ်မစစ် စမ်းသပ်နည်း ...

Image result for original ဖုန်း image

Image result for original ဖုန်း imageသင်ဝယ်လိုက်တဲ့ ဖုန်းဟာ Quality ပြည့်ပြီး Original ဖုန်းစစ်မစစ်ကို မျက်လုံးနဲ့ ကြည့်ရုံနဲ့ မသိနိုင်ပါဘူး။ အခုခေတ်မှာ ပုံတူပွားပြီး ထုတ်ထားတဲ့ Clone ဖုန်းတွေကလည်း အများသားပဲလေ။ ဒါ့ကြောင့် ကိုယ့်ရဲ့ဖုန်းဟာ Original ဖုန်းစစ်မစစ်ကို စမ်းသပ်ကြည့်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်

ပထမဆုံးအနေနဲ့ *#06# ကို ရိုက်ပြီး Call လုပ်လိုက်ပါ။ အဲဒီမှာ နိုင်ငံတကာ မိုဘိုင်းဖုန်း တပ်ဆင်ခြင်းဆိုင်ရာခွင့်ပြုချက်အမှတ် (International Mobile Equipment Identity - IMEI) ဂဏန်း ၁၅ လုံး ထွက်ပေါ်လာတာကို မြင်တွေ့ ရမှာပါ။

ဥပမာ- 4 3 4 5 6 6 1 0 6 7 8 9 4 3 5

အဲဒီ ဂဏန်း ၁၅ လုံးထဲက (၇) ကြိမ်မြောက်နဲ့ (၈) ကြိမ်မြောက်ဂဏန်းဟာ-

(၁) 02 (သို့မဟုတ်) 20 ဖြစ်မယ်ဆိုရင် သင့်ရဲ့ဖုန်းက တရုတ်နိုင်ငံထုတ် အနိမ့်ဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးဖြစ်တယ် ဆိုတာ ဖော်ပြနေတာပါပဲ။

(၂) 08 (သို့မဟုတ်) 80 ဖြစ်မယ်ဆိုရင် သင့်ရဲ့ ဖုန်းကို ဂျာမနီမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပိုင်းမှာတော့ အသင့်အတင့်ရှိနေပါတယ်။ အဆိုးဆုံးတော့ မဟုတ်ပါဘူး။

(၃) 01 (သို့မဟုတ်) 10 ဖြစ်မယ်ဆိုရင် သင့်ရဲ့ ဖုန်းကို ဖလင်န်နိုင်ငံမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပြည့်တဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။

(၄) 00 ဖြစ်မယ်ဆိုရင်တော့ သင့်ရဲ့ဖုန်းက မူရင်းစက်ရုံမှာ ထုတ်လုပ်တယ်ဆိုတာကို ဖော်ပြနေပါတယ်။ အကောင်းဆုံး Quality ရှိတဲ့ဖုန်းလို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

(၅) 13 ဖြစ်မယ်ဆိုရင်တော့ သင့်ရဲ့ဖုန်းဟာ အဆိုးရွားဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။ အဆိုးဆုံးကတော့ အဲဒီဖုန်းဟာ သင့်ရဲ့ကျန်းမာရေး အတွက် အန္တရာယ်အရှိဆုံး ဖုန်းတစ်လုံးဖြစ်တာကြောင့် စွန့်လွှတ်ဖို့ ၀န်မလေးနေပါနဲ့။

အထက်မှာ ဖော်ပြထားတဲ့ ကိန်းဂဏန်းတွေအပြင် အခြားနိုင်ငံတွေရဲ့ ကုဒ်နံပါတ်တွေရှိပါသေးတယ်။ ဖော်ပြထားတဲ့ ကုဒ်နံပါတ်တွေက ထင်ရှားတဲ့ နံပါတ်တွေကိုပဲ ဖော်ပြထားတာဖြစ်ပါတယ်။ ဒါဆိုရင် သင့်ရဲ့ဖုန်းက Quality ပြည့်မပြည့် Original စစ်မစစ်ဆိုတာ စမ်းသပ် စစ်ဆေးနိုင်ပြီလို့ မျှော်လင့်မိပါတယ်။
ကဲဒါဆို ဂဏန်းဖော်ပြီး ရေတွက်ပြီး ပျော်ရွှင်နိုင်ပါစေဗျာ...:D 
 Ref;mm-mpxteam
Credit tossai2865

၂၀၁၅ ခုနှစ်ပထမလေးလ မိုဘိုင်းဖုန်း အသုံးပြုမှု ဖွံ့ဖြိုးဆုံးနိုင်ငံများတွင် မြန်မာပါဝင်

 
မိုဘိုင်းဖုန်းအသုံးပြုမှု ဖွံ့ဖြိုးလာခြင်းတွင် မြန်မာ၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ် နှင့် ဗီယက်နမ်တို့သည် ၂၀၁၅ ခုနှစ် ပထမလေးလအတွင်း တစ်ကမ္ဘာလုံး အတိုင်းအတာ၌ ထိပ်တန်းမှရပ်တည်နေသော နိုင်ငံများအဖြစ် ပါဝင်နေကြောင်း Ericsson Myanmar မှ သတင်းထုတ်ပြန်သည်။


“လက်ရှိ အရှေ့တောင်အာရှနဲ့ သမုဒ္ဒရာ ကျွန်းနိုင်ငံတွေမှာ သုံးနေကြတဲ့ ဟန်းဆက်တွေရဲ့ ၂၅ ရာခိုင်နှုန်းက စမတ်ဖုန်းတွေပါ၊ ကျွန်တော်တို့ ခန့်မှန်းတာကတော့ အဲဒီဒေသတွင်းမှာ ၂၀၂၀ မရောက်ခင် စမတ်ဖုန်းသုံးစွဲမှုက သုံးဆလောက် မြင့်မားလာပြီး သန်း ၈၀၀ လောက်ထိ ရှိသွားမယ်လို့ ယူဆပါတယ်” ဟု Ericsson ၏ အရှေ့တောင် အာရှနှင့် သမုဒ္ဒရာ ကျွန်းနိုင်ငံများဆိုင်ရာ တာဝန်ရှိသူ Sam Saba က ပြောသည်။


စမတ်ဖုန်းအသုံးပြုမှုနှင့် ပတ်သက်၍ Ericsson မှ စစ်တမ်းကောက်ယူမှုအရ ထိုကဲ့သို့ ထုတ် ပြန်ပြောကြားခြင်းဖြစ်ကြောင်း သိရသည်။ ဒေသတွင်း မိုဘိုင်းဖုန်း အသုံးပြုမှု၏ ၂၅ ရာခိုင်နှုန်းခန့်ကို LTE စနစ် အသုံးပြုမှုက အစားထိုး ဝင်ရောက်လာမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။
Ericsson ၏ တိုင်းတာချက်များအရ လူမှုဆက်သွယ်ရေးကွန်ရက်၊ စာတိုပို့စနစ်၊ အင်တာနက်မှ ဗီဒီယို ကြည့်ရှုခြင်းတို့မှာ အဆိုပါဒေသများ၌ စမတ်ဖုန်းသုံးစွဲမှုကို လွှမ်းမိုးထားပြီး သုံးစွဲသည့် Application များမှာ ဈေးကွက်အလိုက် ကြိုက်နှစ်သက်မှုကွာခြားသည် ဟုဆိုသည်။


အရှေ့တောင်အာရှနှင့် သမုဒ္ဒရာ ကျွန်းနိုင်ငံများရှိ မိုဘိုင်းဖုန်းသုံးစွဲမှု၏ သုံးပုံနှစ်ပုံမှာ ၂၀၂၀ ခုနှစ်မတိုင်မီ စမတ်ဖုန်းများ ဖြစ်လာမည်ဖြစ်ကြောင်း၊ SMS၊ အင်တာနက်မှ ဗီဒီယိုကြည့်ရှုခြင်းတို့တွင် စမတ်ဖုန်းကို ပိုမိုအသုံးပြုမည်ဖြစ်ပြီး ထိုစစ်တမ်းကောက်ယူထားသော နိုင်ငံများ၌ Facebook နှင့် YouTube တို့မှာ ထိပ်တန်းမိုဘိုင်း Application များအဖြစ် ဆက်လက်တည်တံ့နေဦးမည် ဟုပြောကြားထားသည်။



Ref;internetjournal

ဘောလုံးပွဲပေါက်ကြေးတွေနဲ့ခန့်မှန်းချက်တွေရယူပေးမယ့် MM Football Focus version 2 လာပြီ


ဥရောပဘောလုံးပွဲရာသီတွေပြန်စပါတော့မယ်..ဒါကြောင့် ယခင်နှစ်က userတွေကို Tips တွေပေးနိုင်ခဲ့တဲ့ ဒီဆော့ဝဲလေးကို update လုပ်ပြီး ဖြန့်ဝေလိုက်ပါတယ်။ယခင်ဗားရှင်းက ဖေ့ဘုတ်ပေါ်လစီအရ Feed တွေမလာတော့ပါဘူး ဒါကြော့င့် သည်update ဗားရှင်းကို ဒေါင်းဖို့လိုပါတယ်။ ဒီ ဆော့ဝဲရဲ့ရည်ရွယ်ချက်က ဒီဆော့ဝဲထဲက အတိုင်း လုပ်ဖို့မဟုတ်ဘဲ မိမိအကြိုက်နဲ့ ကိုက်ညီတာ စဉ်းစားချင့်ချိန်ဖို့ဖြစ်ပါတယ်။ သည်ဆော့ဝဲမှာ မြန်မာ့နာမည်ကြီးtipster တွေဖြစ်တဲ့ ကျော်မျိုးဟန်၊ဟန်စိုးသွေး၊အောင်ငြိမ်းစသူတွေရဲ့ choice တွေလဲပါဝင်ပါတယ်။ဒါ့အပြင်ဖေ့ဘုတ်ပေါ်က ဘောလုံးပေ့ခ်ျများစွာကိုပါထည့်သွင်းထားပါတယ်။
မိမိရဲ ပေခ်ျကို နောက်ဗားရှင်းတွေမှာထည့်သွင်းလိုရင်လည်းဆက်သွယ်နိုင်ပါတယ်။အခုလောလောဆယ် Feed တွေ အကုန်မလာသေးပါဘူး။page အချို့ Active မဖြစ်သေးလို့ပါ။ဘောလုံးပွဲတွေစတာနဲ့ အဆင်ပြေပါလိမ့်မယ်။ appyet ဆိုဒ်ကောင်းမှုနဲ့လုပ်ထားတာလေးဖြစ်ပါတယ်။
ဒီapk ကိုပြုလုပ်သူကတော့ ဆိပ်ဖြူမြို့နယ့်၊ကဇွန်းမ တိုက်နယ်က  အပြတ်ရှင်း မိုဘိုင်းဖုန်းပြုပြင်ရေးမှဖြစ်ပါတယ်ခင်ဗျာ။
တစ်ခုခုအကြံပေးလိုရင်
၀၉၇၈၇၁၆၂၀၇၀
https://www.facebook.com/hanwailinn.hanwailinn
ကိုဆက်သွယ်နိုင်ပါတယ်။
လိုအပ်မယ်ဆိုရင်တော့ အောက်ကလင့်တွေမှာဆွဲလိုက်ပါ။

DOWNLOAD ON MEDIAFIRE

OR

DOWNLOAD ON SOLIDFILES

Thursday, July 2, 2015

မိုဘိုင်းလ် ဆိုင်ရာစာအုပ်များစုစည်းမှု (SOFTWARE & HARDWARE)

 


ကိုယ်အလိုရှိရာစာအုပ်လေးတွေဒေါင်းပြီးယူ သွားနိုင်သလို၊အားလုံးကိုလည်းဒေါင်းယူသွား
နိုင်ပါတယ်။
HTC, Sony, LG, Lenovo ဖုန်းများကို Root ပြုလုပ်နည်းစာအုပ်
==============================
Size...............15.2MB
http://www.mediafire.com/?r4bmvaopcj2qcmo


Huawei Mobile ဖုန်းမျိုးစုံ ပြုပြင်နည်းစာအုပ် ( Software & Root Guide )
==============================

အလိုရှိသူများအောက်မှာဒေါင်းယူနိုင်ကြပါပြီ။

Size...............13.0MB
http://www.mediafire.com/?pq8m22d7xdsq303
Samsung ဖုန်းမျိုးစုံ Root လုပ်ပြုပြင်နည်း
စာအုပ်


==============================
Size................13.1MB
Download
http://www.mediafire.com/?w8adt28mbnl9ad8
Mobile ဖုန်း၏ Hardware ပစ္စည်းများ ပြုပြင်ရေးနည်းလမ်းများ PDF စာအုပ်




==============================
File size - 13.32MB
http://www.mediafire.com/?qjx0pxmv3huj4qn
Android စက်ပြင်ဆရာလက်ဆွဲစာအုပ်


=============================

လိုချင်သူများအောက်ကလင့်ခ်မှာဒေါင်းနိုင်ပါပြီ။
Download
www.mediafire.com/…/3z55fb52lp…/Android_စက်ပြင်ဆရာလက်ဆွဲ.pdf
The Myanmar's Android
=============================


Android အကြောင်း၊Root အကြောင်း၊ Android နဲ့ Zawgyi အကြောင်း၊ Android
ICS အထက်မှာ မြန်မာစာမမှန်တဲ့အကြောင်း၊ Bootloader အကြောင်း၊Clockwork
Mod အကြောင်း၊ ADB အကြောင်း အတိုချုပ်ရေး သားထားတဲ့စာအုပ်ဖြစ်ပါတယ်။
Link 1
http://www10.zippyshare.com/v/26055028/file.html


Link 2
http://www.mediafire.com/…/Android_Device_Technology_Guide_…
Android ဖုန်း Firmware ပြန်တင်နည်းစာ
အုပ်လေးပါ။


https://www.dropbox.com/…/Android%20%E1%80%96%E1%80%AF%E1%8…
Samsung Galaxy Note3 ကို root အလွယ်တကူ ဖောက်နည်းစာအုပ်

http://l.facebook.com/l.php


Android အခြေခံဖြစ်တဲ့ ADB အကြောင်း နဲ့ ADB Comment သုံးပုံ၊သုံးနည်း စာအုပ်
လေးတင်ပေးလိုက်ပါတယ်။ ဖိုင်ဆိုဒ်က 57.0 KB လေးပဲရှိပါတယ်။


Download >>> http://pc.cd/Gqp7
Android ပေါ်မှလက်တွေ့သုံးနည်းပညာ စာအုပ်

Link 1
http://www10.zippyshare.com/v/26055028/file.html

Link 2
http://www.mediafire.com/…/Android_Device_Technology_Guide_…


iPhone, iPadနှင့် iPodအမျိုးမျိုးတို့ကိုထဲထဲ ဝင်ဝင်၊ နှိုက်နှိုက်ချွတ်ချွတ် ကလိချင်သူများ၊
i Devicesသုံးသူများ မသိမဖြစ် သိထားသင့် သည့် ဗဟုသုတများ၊ အသုံးဝင်application
များအကြောင်းကို အခန်း ၁၀ ခန်းခွဲကာ လုပ် ဆောင်ပုံအဆင့်ဆင့်သရုပ်ဖော်ပုံများနှင့်တ
ကွအသေးစိတ် ရှင်းလင်းရေးသားထားသော စာအုပ်ဖြစ်ပါတယ်။


Link 1
http://www.mediafire.com/view/9ca7z7zxyn5cedg/idevice.pdf
Link 2
https://www.dropbox.com/s/fwic1omgnxjigoj/idevice.pdf?dl=0


ဆရာဦးမောင်နိုင်ရဲ့ ဖုန်းစက်ပြင်မှတ်တမ်းများ စုစည်းမှု ( Zip File )
==============================

အရင်တုန်းက ဒေါင်းလို့မရတဲ့သူတွေအခု တင်ပေးထားတဲ့လင့်ကနေအဆင်ပြေပြေ
ဒေါင်းနိုင်ပါပြီဗျာ။
File size - 3.42MB
http://www.solidfiles.com/d/8d63d2b806/

iPhone အသုံးပြုသူများနှင့် စက်ပြင်ဆရာ လက်စွဲစာအုပ်

==============================

စာရေးသူ.............ရဲမင်းအောင် (RAY-Electronic)
Size..................16.0MB
http://www.mediafire.com/?nzydqvuj0yi6e4i


iTunes အသုံးပြုနည်း

Ios စသုံးတဲ့ Users များအတွက် အသုံးဝင်မယ့် အသုံးပြုနည်း PDF ဖိုင်လေးမျှဝေးချင်
ပါတယ်.. အခုမှ စကိုင်တဲ့ သူတွေအတွက် ရည်ရွယ်ပါတယ်..Ios စကိုင်တဲ့ သူတွေ အတွက် မိမိကြိုက်နှစ်သက်တဲ့ သီချင်း၊ဗွီဒီယို၊ Data တွေကို အပြင်ကနေ ဖုန်းထဲကို ထည့်ချင်တဲ့အခါ Android မှာ လို ကွန်ပျူတာနဲ့ ချိတ်ပြီး တိုက်ရိုက်ထည့်လို့မရပါဘူး..
 itunes ခံပြီးမှ မိမိအ
လိုရှိရာ ထည့်သွင်းလို့ရမှာဖြစ်ပါတယ်..ကျွန်တော် ကိုယ်တိုင်လည်း သီချင်းအသစ်ထည့် အဟောင်းပျက်နဲ့ Itunes ကိုသေသေချာချာ မသုံးတတ်ခဲ့ပါဘူး.. အခုတော့ အဆင်ပြေသွားပါပြီ… ကိုကျော်စွာအောင် ရေးတဲ့ itunes အသုံးပြုနည်းမှာ ပြည့်ပြည့်စုံစုံဖော်ပြပေးထားတာတွေ့ရပါတယ်....Ios စကိုင်တဲ့
Usersတွေ အတွက် ဖတ်ထားသင့်တဲ့ PDF ဖိုင်လေး ဖြစ်ပါတယ်.. အောက်မှာ ရယူနိုင်ပါတယ်..

Download > https://dl.dropboxusercontent.com/…/iTunes%20အသုံးပြုနည်း.p…

ဒီစာအုပ်လေးတွေရဲ့ မူရင်းသက်ဆိုင်သူတွေ ကို Credit ပေးပါတယ်ဗျာ။
နည်းပညာလေ့လာနေသူများနဲ့ဝေမျှနေသူ များအားလုံးကိုလေးစားလျှက်ပါ

Zaw Myo Htet

www.facebook.com/zawmyohtetithelper

 လေးစားစွာဖြင့်

NayLinHtet (IT-Guide)

Wednesday, July 1, 2015

အင်တာနက်ဖြင့် မိမိလူမှုဘ၀နေထိုင်မှုပုံစံများ ပြောင်းလဲခြင်း

မြန်မာနိုင်ငံတွင်  လူဦးရေ ၅၅,၇၄၆,၂၅၃ ၀န်းကျင်ခန့်ရှိပြီး နည်းပညာတိုးတက်မှုရဲ့ အကောင်းမွန်ဆုံး လမ်းကြောင်းတစ်ခုပေါ်တွင် ရောက်ရှိနေသည့် နိုင်ငံတစ်ခုလည်း ဖြစ်သည်။ နိုင်ငံတကာတွင် ရရှိသုံးစွဲနေကြသော အင်တာနက်နှင့် နှိုင်းယှဉ်ပါက တဖြည်းဖြည်းချင်း လက်လှမ်းမှီလာနေပြီလည်းဖြစ်သည်။ မြန်မာပြည်သူများသည်လည်း အခြားနိုင်ငံများနည်းတူ အင်တာနက်နည်းပညာတိုးတက်လာမှု အပေါ်တွင် ခေတ်နှင့်အညီလိုက်ပါစီးမျှောနေကြောင်း တွေ့ရသည်။ အင်တာနက်ဟာ လူတွေဆီကို အမျိုးမျိုးသော နည်းလမ်း လမ်းကြောင်းများဖြင့် အမြင်သစ်များစွာကို ယူဆောင်ပေးနေပြီ ဖြစ်ပြီး ၄င်းလမ်းကြောင်းများထဲမှာမှ Social Media သည် အကြီးမားဆုံး တွန်းအားတစ်ခုအနေဖြင့် လူထုကို အင်တာနက်အသုံးပြုလာအောင် အဓိက ဆွဲဆောင်နေသော အရာတစ်ခုဖြစ်သည်။ ဥပမာတစ်ခုအနေ ဖြင့် မြန်မာနိုင်ငံတွင် လူဦးရေ ၅၅ သန်းကျော်ရှိရာမှာ သန်းကျော်သည် လူမှုကွန်ရက်တစ်ခုဖြစ်သော Facebook သုံးစွဲနေခြင်းကို ကြည့် ခြင်းဖြင့် သိနိုင်သည်။ ထို့ကြောင့် မြန်မာပြည်သူများဟာ နေ့စဉ်ဘ၀မှာ အင်တာနက်သုံးစွဲမှုဟာ မရှိမဖြစ် အရာတစ်ဖြစ်နေပြီလားဆိုတာ ကို လေ့လာသုံးသပ်ထားသည့် အရေးပါသောအချက်များကို ဖော်ပြလိုက်ပါသည်။

လူမှုကွန်ရက်နှင့် ဘလော့် အသုံးပြုခြင်းအကြောင်းရင်း

အင်တာနက်သည် ပြင်ပရှိ လူပုဂ္ဂိုလ်များကို လွယ်ကူစွာတစ်နေရာတည်းတွင် တွေ့ဆုံစေဖို့ ပြုလုပ်ပေးပြီး အထူးသဖြင့် လူမှုကွန်ရက်သည် အသိုင်းအ၀ိုင်းအမျိုးမျိုးအထွေထွေမှလာသောသူများကို တစ်နေရာတည်းသို့ စုစည်းစေပြီး အပြန်အလှန် ဆွေးနွေးခြင်းများကို အလွယ် တကူ ပြုလုပ်နိုင်သည့် နေရာတစ်ခုလည်းဖြစ်သည်။ လူမှုကွန်ရက်တွင် လူတွေ၏ အစောလျင်ကတည်းက ရှိနှင့်သော စိတ်အလို မကျမှုများကို ပွင့်လင်းစွာဖြင့် ၄င်းတို့ရဲ့ မကျေနပ်ချက်၊ အမြင်စသည်များကို လွတ်လွတ်လပ်လပ်ပြသနိုင်သည့်နေရာ၊ မိမိနှင့် အမြင်မတူ သူများကိုလည်း တွေ့ဆုံနိုင်သည့်နေရာ တစ်ခု ဖြစ်သည်။ ဘလော့်သည်လည်းပဲ ကြားခံတစ်ခုအနေဖြင့် မိမိ၏ ကိုယ်ပိုင်အမြင်ယူဆချက် များကို လူအများကြား ပြသနိုင်သည့်နေရာတစ်ခုဖြစ်ပြီး မတူကွဲပြားခြားနားသော ဖြစ်ရပ်များအပေါ်တွင် သုံးသပ်ချက်၊ ထင်မြင်ချက်များကို ပြသနိုင်သည့် နေရာလည်းဖြစ်သည်။


ဘလော့်ဂါ နေဖုန်းလတ်ရဲ့အကြောင်းကို ကြည့်ခြင်းဖြင့် အင်တာနက်ခေတ်မှာ နေထိုင်ခြင်းအခက်အခဲအချို့ကိုလည်း မြင်တွေ့နိုင်သည်။ မြန်မာနိုင်ငံဟာ အာဏာရှင်စနစ်အောက်မှာ နှစ်ပေါင်း များစွာ ရှိနေခဲ့သည့် နိုင်ငံတစ်ခုဖြစ်ပြီး တစ်ချို့စည်းကမ်းမူဝါဒများဟာ တင်းကြပ်စွာ ရှိနေသည့်အတွက် ၄င်းအနေဖြင့် ၂၀၀၈ ခုနစ်တွင် အစိုးရ၏ မူဝါဒများကြောင့် များပြားလှစွာသော အခက်အခဲများ၊ စိုးရိမ်ပူပန်ရခြင်းများ ကြုံတွေ့ခဲ့ရသည်။ သို့သော်လည်း ယခုဆို မြန်မာနိုင်ငံဟာ ပြောင်းလဲမှုများစွာ ဖြစ်လာခဲ့ပြီ ဖြစ်ပြီး တိုးတက်သော လမ်းကြောင်းပေါ်မှာ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်ကပင် ရောက်ရှိလာခဲ့ပြီဖြစ်သည်။

မြန်မာနိုင်ငံရှိ အွန်လိုင်းရှော့ပင်း

ကမ္ဘာပေါ်ရှိ အွန်လိုင်းရှော့ပင်းများဆီသို့ ၀င်ရောက်ဝယ်ယူရန် တစ်ခုတည်းသောနည်းလမ်းမှာ အင်တာနက်ရရှိရန်ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အင်တာနက် သုံးစွဲနိုင်မှု ရာခိုင်နှုန်းဟာ ၂၀၁၃ ခုနစ်က ရာခိုင်နှုန်းသာ ရှိခဲ့ပြီး ယခုဆို ၂၀ ရာခိုင်နှုန်းကျော် ရှိလာခဲ့ပြီဖြစ်သည်။ အင်တာ နက်သုံးစွဲမှု မြင့်တက်လာသည်နှင့်အမျှ အွန်လိုင်းပေါ်တွင် ဈေးဝယ်ယူရန် ပိုမိုစိတ်ဝင်စားလာကြသည့်အပြင် နိုင်ငံတွင်း e-commerce လုပ်ငန်းဖွံ့ဖြိုးလာမှုကိုလည်း Online Marketplaces တွေ မြောက်များစွာ ပေါ်ပေါက်လာခြင်း၊ ရင်းနှီးမြှပ်နှံလာကြခြင်းကို ကြည့်ခြင်းဖြင့် တွေ့မြင်နိုင်သည်။

၎င်းထဲမှ Kaymu သည် တစ်ခုအပါအ၀င်ဖြစ်ပြီး စိတ်ဝင်စားဖွယ်ကောင်းသော ကမ်းလှမ်းချက်များဖြင့် လူထုကို ယုံကြည်မှုရှိစွာ သုံးစွဲလာ စေရန် ကောင်းမွန်သော ၀န်ဆောင်မှုများ ပေးထားသော marketplace တစ်ခုဖြစ်သည်။ ထို့ပြင် စွန့်ဦးတီထွင်သူများအတွက် တိုးတက်ဖွံ့ဖြိုးလာအောင် ပျိုးထောင်ပေးသော နေရာတစ်ခုလည်းဖြစ်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ရပ်ကို စတင်ဖို့အတွက် လုံလောက်သော အချက်အလက်၊ အရင်းအနှီး မရှိသူများအတွက် စီးပွားရေးလုပ်ငန်းတစ်ခု စတင်နိုင်စေရန် သင့်တော်သော နေရာတစ်ခု ဖြစ်သည်။

ယခုကဲ့သို့ အရာအားလုံးဖြစ်လာနိုင်ခြင်းဟာ အင်တာနက်ရှိခြင်းကြောင့်ဆိုတာ ငြင်းမရသော အချက်ပင်ဖြစ်ပြီး အနာဂတ်ကာလမှာ အင်တာနက်မြန်ဆန်တိုးတက်လာမှုဟာလည်း သုံးစွဲသူများကို ဆက်လက်စွဲဆောင်ထားမှာပဲဖြစ်ပါသည်။

Monday, June 29, 2015

Hello . Everybody

i want say something .i cannot post my blog because i am all the time busy .after i cannot pay time also .i want say sorry for the people.after somepeople question i cannot answer  sorry for that .i request to all the people.just help  to me .If u see some question .please answer the cbox.
KA Regard
Respectfully to all
IT KOHtike

Sunday, August 17, 2014

Networking ပိုင်းဆိုင်ရာ နှင့် ပက်သက်သော အကြောင်းအရာများ

GSM Connection ချိတ်ဆက်နည်း

 

 စာဖတ်သူ သူငယ်ချင်းများ အားလုံး မင်္ဂလာပါ ။

ကျွှန်တော် အခု ဆွေးနွေးချင်တဲ့အကြောင်းအရာကတော့ 5သိန်း တန် GSM ဖုန်းတွေနဲ့ အင်တာနက်ချိတ်ဆက်နည်းကို ဆွေးနွေးမှာဖြစ်ပါတယ်။

အခု အပြင်မှာ အင်တာနက် ရတဲ့ဖုန်းတွေကတော့ CDMA ထက်တော့ များပါတယ် ။ CDMA ကျတော့ Hauwai   နဲ့ပဲ အဆင်ပြေပါတယ် ။ GSM ကျတော့ ဒီလိုမဟုတ်ပါဘူး ။

Connection ရတဲ့ ဖုန်းအမျိုးအစားတွေကတော့ ကျွှန်တော်သိသလောက် Nokia နှင့် Samsung က တော့ ရတယ် ဆိုတာ သေချာပါတယ်။ (ချိတ်ဖူးထားလို့)

အဲ့ဒီ ဖုန်း အမျိုးအစား နှစ်မျိုးစလုံး က သူတို့ နဲ့ သက်ဆိုင်တဲ့ PC Suite ကို ထည့်သွင်းပေးရပါတယ် ။
ထိုသို့ ထည့်သွင်းပြီးပါက အောက်ဖော်ပြပါ လုပ်ဆောင်ချက်များ အတိုင်း ဆက်လက်လုပ်ဆောင်သွားပါရန်။ 

GSM ဖုန်းများ နှင့် မိမိကွန်ပြူတာအား ချိတ်ဆက်ခြင်း

၁။ပထမဦးစွာ Start ထဲမှ Run ကို သွားပါ။

၂။Run တွင် ncpa.cpl ဟုရိုက်ထည့်ပါ။

၃။ထိုအခါ Network Connections Box ပေါ်လာလိမ့်မည်။ ဘေးမှ Network Tasks ထဲမှ Create a new connection  
   ကို နှိပ်ပါ။

၎။New Connection Wizard ပေါ်လာပါလိမ့်မည်။ Next ကို ရွှေးပါ။ ထို့နောက် Connect to the Internet ကို ရွှေးပြီး
   Next ကို နှိပ်ပါ။

၅။အလယ်မှ Set up my connection manually ကို ရွှေးချယ်ပါ။ ဖုန်းနဲ့ ချိတ်ဆက်မည်ဖြစ်ပါသဖြင့် Connect Using a 
   dial-up modem ကိုရွှေးချယ်ပါ။ ISP Name နေရာ တွင် မိမိကြိုက်နှစ်သက်ရာ နာမည်ပေးပါ။ Phone Number
   နေရာတွင် *99# ကို ရိုက်ထည့်ပါ။

၆။ထို့နောက် Username နေရာတွင် mptnet
ဟုရိုက်ထည့်ပါ။

၇။Password နေရာတွင် မိမိ နှစ်သက်ရာကို ထည့်သွင်းရေးသားပါ။အောက်မှ Confirm Password နေရာတွင် အပေါ်မှ
   Password ကို ပြန်လည်ရေးသားပါ။

၈။ထို့နောက် Completing Wizard သို့ ရောက်လာသောအခါ Desktop ပေါ်တွင် Shortcuts တင်မလားဟု
   မေးလာသော စာသားကို အမှန်ခြစ်ပေးပါ။ ထို့နောက် Finish လုပ်ပါ။


ထိုကဲ့သို့ လုပ်ကြည့်ပြီး အဆင်မပြေသည်များကို itnyinge.ygn@gmail.com နှင့် djaung.ygn@gmail.com များသို့ မေး(လ်) ဖြင့် ဆက်သွယ်ပြီး မေးမြန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။




Blogspot တွင်မိမိ၏ မိုဘိုင်းဖုန်းဖြင့် blog တင်နည်း

 

 ပထမဦးဆုံးကို မိမိဘလော့၏ Overview သို့ အရင်ဝင်ပါ။ ထို့နောက် Publish blog posts on the go ခေါင်းစဉ်၏ အောက်တွင် Get Blogger for mobile ဆိုသည့် Bottom ကို နှိပ်ပြီး သွားပါ။ ထိုအခါတွင် http://www.google.com/mobile/blogger ဆိုသည့် လင့်သို့ ထွက်သွားပြီး မိမိအသုံးပြုသော ဖုန်းအမျိုးအစားကို ရွှေးချယ်ပြီး ဘလော့များကို ဖုန်းမှ တဆင့် တင်နိုင်ပြီ ဖြစ်ပါကြောင်း အသိပေး ပြောကြားအပ်ပါသည်။ 

 

 

 

Cat 5 Network Cabling

 

 

Note

                     W = White
                     B1 = Blue
                     G  = Green
                     O  = Orange
                     B2 = Brown


CDMA 800MHz ဖြင့် အင်တာနက်ချိတ်ဆက်နည်း (Haewei

 

C 5900 ဖုန်းဖြင့်)


စာဖတ်သူ သူငယ်ချင်း များ အားလုံးမင်္ဂလာပါ ခင်ဗျာ
ကျွှန်တော် အခု ဆွေးနွေးမယ့် အကြောင်းအရာလေးက တော့ CDMA 800MHz ဖြင့် အင်တာနက်ချိတ်ဆက် အသုံးပြုပုံလေးပဲ ဖြစ်ပါတယ်။
အခု ကျွှန်တော်တို့အရင်ဆုံး CDMA 800MHz ဖုန်း ကို အင်တာနက်ချိတ်မယ် ဆိုရင် လိုအပ်တဲ့ အချက်တွေကို ပြောပြပေးပါမယ်။
ပထမဆုံး CDMA 800MHz ကို အသုံးပြုရမယ့် ဖုန်း အမျိုးအစား ဟာ Haewei ဖုန်း အမျိုးအစား ဖြစ်မှသာလျှင် ချိတ်ဆက်လို့ အဆင်ပြေမှာဖြစ်ပါတယ် ။ ဘာလို့လဲ ဆိုတော့ ရန်ကုန်မြို့ မှာ ကျွှန်တော် သိသလောက်တော့ပေါ့နော်... Haewei ဖုန်းနဲ့ သာ ချိတ်ဆက်လို့ ရတယ် လို့ ကြားရပါတယ် ။
အဲ့ဒီတော့ ကာ Haewei ဖုန်းအမျိုးအစား သုံးမယ် ဆိုရင် အမျိုးအစားတွေက တော့ အမျိုးမျိုး ရှိသည့် အထဲမှ
အသုံးပြုတွေ အတွက် အသုံးလိုမယ် ထင်တဲ့ Haewei C5900 ဖုန်း အကြောင်း တင်ပြလိုပါတယ်။

Haewei 5900 ဖုန်း အကြောင်း


CDMA 5900 အား Internet ချိတ်ဆက်ခြင်း

Driver ရှာဖွေခြင်း

၁။ ပထမဦးစွာ CDMA 5900 Handset ကို မိမိကွန်ပြူတာတွင် ဖုန်းအားသွင်းကြိုး ကို အသုံးပြုပြီး ချိတ်ဆက်ပါ။

၂။ ပြီးနောက် ဖုန်းဆိုင်မှ ပေးလိုက်သော Driver ခွေအား CD-ROM ထဲသို့ ထည့်သွင်းပါ။

၃။CD-ROM ထဲတွင် Device Driver ဆိုသည့် Folder ကို ဖွင့်ပြီး အထဲ Application ကို Install လုပ်ပါ။

၎။ ထိုသို့လုပ်ပြီးပါက My Computer ကို Right-click နှိပ်ပြီး Manage ကို ခေါ်ပါ။

၅။ Computer Management ထဲသို့ ရောက်လာပါက Device Manager ကို ထပ်မံဝင်ရောက်ပါ။

၆။Device Manager ထဲတွင် Data transfer ဟူသောနာမည်ဖြင့် ၃ခု (သို့) ၄ခု လောက် Device 
   မသိသည့်ပုံဖြစ်နေလိမ့်မည်။

၇။ထိုအခါ Update Driver လုပ်ပြီး Install the Software automatically (Recommended) ဆိုသည့်စာသားကို
   ကလစ်ပေးပြီး ရှာပါ။ Driver သိလာပါလိမ့်မည်။

CDMA 5900 နှင့် မိမိကွန်ပြူတာအား ချိတ်ဆက်ခြင်း

၁။ပထမဦးစွာ Start ထဲမှ Run ကို သွားပါ။

၂။Run တွင် ncpa.cpl ဟုရိုက်ထည့်ပါ။

၃။ထိုအခါ Network Connections Box ပေါ်လာလိမ့်မည်။ ဘေးမှ Network Tasks ထဲမှ Create a new connection  
   ကို နှိပ်ပါ။

၎။New Connection Wizard ပေါ်လာပါလိမ့်မည်။ Next ကို ရွှေးပါ။ ထို့နောက် Connect to the Internet ကို ရွှေးပြီး
   Next ကို နှိပ်ပါ။

၅။အလယ်မှ Set up my connection manually ကို ရွှေးချယ်ပါ။ ဖုန်းနဲ့ ချိတ်ဆက်မည်ဖြစ်ပါသဖြင့် Connect Using a 
   dial-up modem ကိုရွှေးချယ်ပါ။ ISP Name နေရာ တွင် မိမိကြိုက်နှစ်သက်ရာ နာမည်ပေးပါ။ Phone Number
   နေရာတွင် #777 ကို ရိုက်ထည့်ပါ။

၆။ထို့နောက် Username နေရာတွင် -------@
c800.mm ဟုရိုက်ထည့်ပါ။
   ---------- နေရာတွင် မိမိ နှစ်သက်ရာ နာမည်ကို ရေးသားပါ။

၇။Password နေရာတွင် မိမိ နှစ်သက်ရာကို ထည့်သွင်းရေးသားပါ။အောက်မှ Confirm Password နေရာတွင် အပေါ်မှ
   Password ကို ပြန်လည်ရေးသားပါ။

၈။ထို့နောက် Completing Wizard သို့ ရောက်လာသောအခါ Desktop ပေါ်တွင် Shortcuts တင်မလားဟု
   မေးလာသော စာသားကို အမှန်ခြစ်ပေးပါ။ ထို့နောက် Finish လုပ်ပါ။ 

 








မှတ်ချက်။ ။ အခုဖော်ပြထားသော နှစ်မျိုးကို ဒေါင်းပြီးမှ သာ အပေါ်မှ လုပ်ဆောင်ချက်အတိုင်း လုပ်ဆောင်ကြပါရန် အသိပေး အပ်ပါသည်။

Device Driver အတွက် ဒေါင်းရန်။ 
PC Suite အတွက် ဒေါင်းရန်။










အဆင်မပြေသည်များရှိပါက
djaung.ygn@gmail.com နှင့် aungthuaye.info@gmail.com များထံသို့ပြန်လည် ပြောကြားနိုင်ပါသည်။

G-Mail ကို တစ်ခု ထက် ပိုသုံးချင်တဲ့အခါ

Access Kit ဖြင့် Internet ချိတ်ဆက်အသုံးပြုပုံ

Modem Card အား ပထမဦးစွာတပ်ဆင်ခြင်း
၁။ ပထမဆုံး မိမိ၏စက်တွင် Modem Card ရှိ၊မရှိ စစ်ဆေးပါ ။ မရှိပါက Modem Card ကို ပထမဦးစွာ ၀ယ်ယူတပ်ဆင်ရမှာဖြစ်ပါတယ် ။ အောက်ဖော်ပြပုံအတိုင်း ကြည့်ရူတပ်ဆင်ပါ။ (တပ်ဆင်တတ်သူများ အတွက်မဟုတ်ပါ။ )
၂။ ထိုသို့ Modem Card စိုက်ပြီးပါက စက် အဖုံးပြန်ပိတ်ပြီး အသစ်တပ်ဆင်ထားသော Modem Card မှပါလာသော Driver ခွေဖြင့် Modem Card သိအောင် အရင် လုပ်ပါ။

Network Settings ချိတ်ဆက်ခြင်း(Window XP တွင်)
၁။ပထမဦးစွာ Start>Run သို့ သွားပြီး ncpa.cpl ဆိုသည့် Command ကို ရိုက်ထည့်ပါ။

၂။ ထိုအခါ Connection အသစ်တခုပြုလုပ်ရန် ဘေးဘက်ရှိ box မှ New Connection ဆိုသော Tab ကို နှိပ်ပါ။

၃။ထို့နောက် Internet Connection Wizard တွင် Connect using a dial-up connection ဆိုသော Tab ကို နှိပ်ပါ။

 


7Day News Journal 01/27/2011 - 13:06

ကျပ်ငါးသိန်းတန် CDMA 800 MHz ဖုန်းများတွင် အင်တာနက် ချိတ်ဆက် အသုံးပြုနိုင်မည့်စနစ်ကို စိတ်ပါဝင်စားသူများ အတွက် အဆိုပါ ဝန်ဆောင်မှု အသုံးပြုပုံများကို သိရှိနိုင်ရန် ဖော်ပြပေး လိုက်ပါသည်။ ထိုစနစ်သည် ဖုန်းတွင် အသုံးပြုနိုင်သကဲ့သို့ ကွန်ပျူတာနှင့် ချိတ်ဆက်၍လည်း အသုံးပြုနိုင်သည်ဖြစ်ရာ ကွန်ပျူတာနှင့် ချိတ်ဆက် အသုံးပြုပုံကို ဖော်ပြလိုက်ပါသည်။ ကွန်ပျူတာဖြင့် အသုံးပြုလို သူများအနေဖြင့် ဆက်သွယ်ရေး နှင့် ပြင်ပ အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသည့် EVDO USB Wireless Modem တစ်ခု ဝယ်ယူရမည် ဖြစ်သည်။

ယင်းမိုဒမ်သည် ဈေးကွက်အတွင်း ၂ မျိုးခန့်ရှိပြီး ဈေးနှုန်းမှာ ၄၀,၀၀၀ ကျပ်ဝန်းကျင် ရှိကြောင်း စုံစမ်း သိရှိရသည်။ ပထမဦးစွာ ယင်း Device ကို ကွန်ပျူတာ USB အပေါက်တွင် ချိတ်ဆက်၍ My Computer ၌ပေါ်လာမည့် Connector.exe file ကို ဖွင့်ပြီးပေါ်လာမည့် Setup Flexi 3G Connector ကို Next ခလုတ်နှိပ်ကာ Install ပြုလုပ်ရမည် ဖြစ်သည်။ Install ပြုလုပ်ပြီးပါက Desktop ပေါ်တွင် Flexi 3G Connector Icon ကိုဖွင့်ရမည်။ ထို့နောက် Flexi Window Box တစ်ခုပေါ်လာပြီး ယင်း Box မှ Menu Bar ရှိ File Button ရှိ File အတွင်းမှ Setting ကို ကလစ်နှိပ်ပါက Box တစ်ခု ထပ်မံကျလာ မည်ဖြစ်သည်။ ယင်း Box မှ New ကို ဆက်လက်နှိပ်၍ ယင်း Box မှ Name နေရာတွင် မိမိကြိုက်နှစ်သက်သည့် အမည်တစ်ခု Number နေရာတွင် #777 နှင့် User name နေရာတွင် Username @c800,mm နှင့် Password မှ လျှို့ဝှက်အမှတ်အသား ရိုက် ထည့်ကာ OK Button ကိုနှိပ်ရပါမည်။

ယင်းနောက်တွင် 3G Connector Box မှ Connection Button ကိုနှိပ်ပြီး EVDO Connection ကိုရွေးချယ်ရမည်။ ယခု Device မှာ window XP များအတွက် အဓိကစီစဉ်ထားခြင်း ဖြစ်သည့်အတွက် window 7 တွင် Install ပြုလုပ်လိုသူများ အတွက်မူ အခက်အခဲ ရှိနေမည်ဖြစ်သည်။ အကယ်၍ window 7 နှင့် အသုံးပြုမည် ဆိုပါက စက်တွင် ပေါ်လာမည့် flexn connector ကို right click နှိပ်၍ properties သို့ဝင်၍ ယင်းမှ capabality သို့ တစ်ဆင့်သွားပြီး run as ဘေးမှ check ကို (အမှန်ခြစ်) ပေးရမည်။ ထို့နောက် အောက်တွင်ရှိသော Windows XP (Service Pack 3) ကိုရွေး၍ Apply/Ok ပြုလုပ်ကာ သုံးစွဲ၍ရနိုင်မည် ဖြစ်သည်။ ယင်းအဆင့်များ အားလုံးပြီးစီးပါက Internet Explorer (IE) ကိုဖွင့်၍ Tools>Internet Options>Connection> LAN Settings ကိုသွားရမည်။ နောက် နောက်ဆုံး အဆင့်အနေဖြင့် Local Area Network (LAN) Settings တွင် no proxy ပြုလုပ်ပြီးပါက မိမိကွန်ပျူတာတွင် အင်တာနက် ချိတ်ဆက်မှု ရရှိသွားမည် ဖြစ်သည်။

အထက်ပါ အဆင့်များမှာ စတင် ချိတ်ဆက်ရာတွင်သာ ပြုလုပ်ရမည်ဖြစ်ပြီး နောက်ပိုင်း အသုံးပြုရာတွင် G-Talk, IE Firefox များဖွင့်သကဲ့သို့ Flexi ဖွင့်သွားရုံနှင့် အသုံးပြု၍ ရပြီဖြစ်သည်။ ယင်းချိတ်ဆက် အသုံးပြုမှုသည် ကွန်ပျူတာနှင့် ပတ်သက်ပြီး Install ပြုလုပ်ဖူးသူများ ကွန်ပျူတာနှင့် ရင်းနှီးပြီးသူများအတွက် လွယ်ကူသော်လည်း ကွန်ပျူတာနှင့် အနည်းငယ် စိမ်းနေသေးသူများမှာ ဖော်ပြပါ ပုံစံအတိုင်းပြုလုပ်၍ မရပါက နီးစပ်ရာ အင်တာနက်ဆိုင် ဝန်ထမ်းများ သို့မဟုတ် ကွန် ပျူတာ ဝန်ဆောင်မှု ပေးသူများထံတွင် ဝန်ဆောင်ခပေး၍ ပြုလုပ်နိုင်သည်။ ဆက်သွယ်ရေး လုပ်ငန်းမှ ယင်းဝန်ဆောင်မှု အတွက် စတင်နေပြီ ဖြစ်သော်လည်း လတ်တလော ဈေးကွက်တွင်မူ ယင်းစနစ်အတွက် အဓိကကျသည့် EVDO USB မိုဒမ်မှာ ပြင်ပဆိုင်များတွင် အနည်းငယ်သာ ရောက်ရှိသေးပြီး ဝယ်လိုအားများ၍ ဝယ်ယူရန် အခက်အခဲ ရှိနိုင်ကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေးရုံး များတွင်လည်း ရောင်းချပေးနေ ပြီဖြစ်ကြောင်းသိရသည်။




Browser မရှိဘဲ Website ကြည့်မယ်


Posted: 27 Jan 2011 12:25 PM PST
ကျတော်ဒီနေ့ browser software မသုံးပဲ ဆိုဒ်တွေကို windows မှာပါတဲ့ tools လေးတွေနဲ့ ကြည့်လို့ရစေမယ့်နည်းလမ်းလေးတစ်ခု ဝေမျှချင်ပါတယ်။ ဒါပေမယ့် သူက Browser Software မဟုတ်တဲ့အတွက် ကျတော်တို့ လက်ရှိအသုံးပြူနေတဲ့ Browser တွေမှာ ရရှိနေတဲ့ (တစ်နည်းပြောရရင်) လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်မှူတွေကိုတော့ ရရှိနိုင်မှာ မဟုတ်ဘူးဆိုတာကိုတော့ မေ့ထားလို့မရပါဘူး။ ဆိုလိုတာကတော့ pageတွေကိုအများကြီး open link at a new tab တို့နဲ့ဖွင့်လို့ မရနိုင်တာမျိုး၊ ဒေါင်းလုပ်ချဖို့အတွက်ကို မလွယ်ကူတာမျိုးတွေပါ။ ဒါပေမယ့် youtube ဖွင့်ပြီးတော့ အရုပ်ရောအသံပါ ခံစားနိုင်တဲ့အတွက် စိတ်ဝင်စားစရာတော့ ကောင်းတာအမှန်ပါ။ အဓိကရည်ရွယ်တာကတော့ Windows မှာပါတဲ့ Tools လေးတွေကို ဘယ်လိုသုံးလို့ရနိုင်တယ် ဆိုတာလေးတွေကို သိစေချင်တဲ့အတွက် တတ်နိုင်သလောက် ဝေမျှပေးလိုက်ခြင်းဖြစ်ပါတယ်။ မိမိတို့အဆင်ပြေသလို အသုံးပြူနိုင်ပါစေ။ 

လုပ်နည်း
1. Winkey+R လို့နှိပ်ပြီး Run Box လေးကိုခေါ်လိုက်ပါ။ ပေါ်လာတဲ့ Run Box လေးထဲမှာမှ calc လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ။

 2. ပေါ်လာတဲ့ Calc Box လေးရဲ့ Menu Bar လေးမှာပါတဲ့ Help ဆိုတဲ့ခေါင်းစဉ်လေး အောက်မှာရှိတဲ့ Help Topics လေးကို ဖွင့်လိုက်ပါ။

 3. ကျလာတဲ့ Help Topics ဘောက်လေးရဲ့ Title bar ကို Right Click လေးထောက်ပြီး Right Click လေးမှတစ်ဆင့် Jump to URL ကိုဖွင့်လိုက်ပါ။

 4. ထပ်ပွင့်လာတဲ့ Jump To URL Box လေးထဲကနေ Jump to this URL ဆိုတဲ့ Box လေးထဲမှာ မိမိဖွင့်ချင်တဲ့ website တစ်ခုရဲ့ လိပ်စာကို အရှေ့ကနေ http:// လို့မဖြစ်မနေ ရိုက်ပြီး ဖွင့်ရမှာဖြစ်ပါတယ် (http://google.com)။ ကျတော်အခုက Google page ကိုဥပမာအနေနဲ့ ဖွင့်ပြထားပါတယ်။
 5. Gmail တွေဖွင့်လို့ ရနိုင်သလို Youtube လေးဖွင့်ပြီးတော့လည်း မိမိနှစ်သက်ရာကို ရုပ်မြင်သံကြား ခံစားနိုင်တဲ့အတွက် ဗဟုသုတအဖြစ် ဝေမျှလိုက်ခြင်းဖြစ်ပါတယ်။


File Hosting လုပ်နည်းများ...


File Hosting လုပ်နည်းများ...  


Contributor: ရန်အောင်

File Hosting ဆိုတာက ကိုယ်တင်ချင်တဲ့ ဖိုင်လေးတွေကို အဲဒီ့ Site တွေက သိမ်းပေးထားပြီး http://..... ဆိုတဲ့ URL Link လေး ပြန်ထုတ်ပေးတာပါ. အဲဒါကိုမှ ကိုယ်တင်ချင်တဲ့ website, blog စတဲ့နေရာတွေမှာ တင်ပေးရတာမျိုးပါ. (Host= အိမ်ရှင် ဆိုတော့ ကိုယ့်ဖိုင်လေးတွေက သူ့အိမ်မှာ သွားပြီး စတည်းချနေတာပေါ့ဗျာ.)

Free hosting site တွေ ရှိသလို အခကြေးငွေနဲ့ တင်ပေးတဲ့ site တွေလည်း ရှိပါတယ်. Professionally လုပ်တော့မယ့်သူတွေ၊ ဒါမှမဟုတ် file အများကြီး တင်ချင်တဲ့သူတွေကတော့ ပိုက်ဆံပေးပြီး Capacity များများပေးတဲ့ hosting site တွေမှာ accnt လုပ်ကြပါတယ်. ပုံမှန် ကျွန်တော်တို့လို အပျော်တမ်းသမားတွေကတော့ free hosting site တွေကိုပဲ သုံးကြပါတယ်. သိပ်များလာလို့ မနိုင်တော့ရင် နောက်ထပ် accnt တစ်ခု ထပ်ဖွင့်ရုံပဲပေါ့ဗျာ. အဓိကက ပိုက်ဆံ မပေးရရင် ပြီးရော မဟုတ်လား. ဟတ်ဟတ်

ကဲ. ဒါလေးတွေကတော့ ကျွန်တော်တို့ သိထားသင့်တဲ့ free hosting site လေးတွေပါပဲ ခင်ဗျာ.

ပုံတင်ရန်

http://imageshack.us/
http://photobucket.com/

ဖိုင်တင်ရန်

http://www.fileden.com/
http://www.filefactory.com/
http://www.filexoom.com/
http://www.ripway.com/
http://www.pages.google.com/
http://www.mediafire.com/
http://files-upload.com/
http://www.wikiupload.com/
http://upload2.net/
http://www.filecrunch.com/


အဲဒါလေးတွေကတော့ ကျွန်တော်သိသလောက်လေးတွေပါပဲ. တစ်ခုနဲ့တစ်ခု ပေးတဲ့ storage space မတူပါဘူး. Fileden က 1 G ပေးပါတယ်. Ripway ကတော့ 30 MB ပဲ ပေးပါတယ်. ကျန်တာတွေမှာလည်း ထိုနည်းလည်းကောင်းပါပဲ. Unlimited ပေးတာ တစ်ခုတော့ ရှိပါတယ်. Mediafire ပါ. (စာအုပ်တွေတင်ဖို့ သိပ်ကောင်းပါတယ်) Pages.google.com ကတော့ google pages ကို ပြောတာပါ. Account Sign Up လုပ်စရာ မလိုပါဘူး. ကိုယ့်ရဲ့ Gmail Account နဲ့ပဲ သုံးလို့ရပါတယ်.

တစ်ခုကို အစမ်းလုပ်ပြပါမယ်. သဘောတရားက အတူတူပါပဲ.

http://www.fileden.com ကိုသွားပါမယ်. Account Sign Up လုပ်ပါမယ်. ကိုယ့် Email ကို စာဝင်လာပါလိမ့်မယ်. Activate လုပ်ဖို့ပေါ့. လုပ်လိုက်ပါ. ပြီးသွားရင်တော့ Login လုပ်ပါမယ် ခင်ဗျာ.



အပေါ်မှာ မြင်နေရတဲ့ Navigation Bar လေးထဲကနေ upload files ကို ရွေးပါမယ်. တစ်ခြား site တွေမှာလည်း upload ဆိုတဲ့ ပုံစံလေးတွေ ပါပါလိမ့်မယ်. ချွတ်စွပ်ကြီးတော့ ဘယ်တူပါ့မလဲဗျာနော်. စိတ်ရှည်ရှည်ထားပြီး ရှာကြည့်ရင် သဘောပေါက်သွားပါလိမ့်မယ်…

Upload files ကိုရွေးလိုက်ပါပြီ. အခု file စတင်ပါတော့မယ်. အစမ်းအနေနဲ့ peekaboo လုပ်ဖို့ myhacko.js ဆိုတဲ့ ဖိုင်လေးကို တင်ပေးပါမယ်. အဲဒါကို အရင်ဆုံး ကိုယ့် computer ပေါ်ကို download လုပ်ဖို့ မမေ့နဲ့ဦးနော်. မလုပ်ရသေးရင် ဒီမှာ အခုပဲ လုပ်လိုက်ပါ

Save လုပ်လိုက်တဲ့ File လေးကို Browse လုပ်ပြီး ရှာပါမယ်. Click ခေါက်ပြီး ရွေးလိုက်ပါမယ်. Upload ကို နှိပ်လိုက်ပါပြီ.




ဘာဖြစ်လဲ…



Error message ပေါ်လာပါတယ်. This file extension is not allowed. တဲ့. ကျွန်တော်တို့ တင်တဲ့ ဖိုင်က javascript file လေ. Extension က js နဲ့ ဆုံးတယ်. အဲဒီ့လိုမျိုး file type ကို လက်မခံဘူး. ဘယ်လိုလုပ်မလဲ.

နောက်တစ်မျိုးနဲ့ ပြောင်းတင်မှာပေါ့. မဟုတ်ဘူးလား. ဒါမျိုးကိစ္စလေးတွေ ဖြစ်တတ်လို့ တမင်အမှားကို လုပ်ပြပေးတာပါ. နို့မို့ဆို ကိုယ်လုပ်တာပဲ မှားနေပြီလားလို့ တွေးပူနေမိမှာ စိုးလို့ပါ.

ကဲ. Ripway နဲ့ ပြောင်းတင်ပါမယ်.

ထုံးစံအတိုင်း sign up/register လုပ်ပါ. Email activation တောင်းရင် လုပ်ပေးလိုက်ပါ. မတောင်းရင်တော့ ကိုယ်လုပ်စရာရှိတာသာ ဆက်လုပ်သွားလိုက်ပါ.



My files ဆိုတာကို ရွေးမယ်နော်. ဒီလိုပုံစံ တွေ့ရပါမယ်.



အဲဒီ့ထဲကမှ Upload files ဆိုတာကို ရွေးပါမယ်ခင်ဗျာ. အောက်ကပုံစံအတိုင်းလေး ပေါ်လာပါလိမ့်မယ်



Browse လုပ်ပြီး ကိုယ်တင်မယ့် file ကိုရွေးပါ. Myhacko.js ကိုရွေးမယ်နော်. ရွေးပြီးရင် upload လုပ်လိုက်ပါ. နောက်တစ်မျက်နှာမှာ ဒီလိုမြင်ရပါမယ်.



Continue ဆက်လုပ်လိုက်ပါ. နောက်တစ်မျက်နှာမှာတော့ ကိုယ်တင်လိုက်တဲ့ ဖိုင်လေးကို တွေ့ရပါမယ်. အဲဒီ့ထဲကမှ Direct Link URL ဆိုတာလေးရဲ့ အောက်မှာ တွေ့ရတဲ့ Link လေးဟာ ကျွန်တော်တို့လိုချင်တဲ့ URL link လေးပါပဲ ခင်ဗျာ.



နောက်တစ်ခုအနေနဲ့ googlepages နဲ့ တင်နည်းပြပါမယ်. ဒီနေရာကိုသွားပြီးရင် ကိုယ့်ရဲ့ gmail account နဲ့ sign in ၀င်လိုက်ပါ. ပြီးသွားရင် accept terms တွေဘာတွေ ဆက်လုပ်သွားပါ. နောက်တစ်ဆင့်မှာ ကိုယ့်ကို publish page တစ်ခုခု လုပ်ခိုင်းပါလိမ့်မယ်. အဲဒါလည်း အရေးမကြီးပါဘူး. လုပ်လိုက်ပါ. နာမည်ကိုလည်း ကိုယ်ကြိုက်တာ ပေးလို့ရပါတယ်. ကျွန်တော်ကတော့ theseandthose လို့ ပေးထားခဲ့တယ်ဗျ.

နောက်တစ်မျက်နှာမှာ ဒီလိုမြင်ရပါမယ်.



ညာဖက်နား ခပ်ကျကျလေးက ဒီပုံလေးကို ကြည့်ပါ. အဲဒီ့မှာ file တွေကို Upload လုပ်ရမှာပါပဲ.



Browse လုပ်ပြီး တင်မယ့် file ကို ရွေးပါ. Googlepages က အလိုလိုပဲ တင်ပေးသွားပါလိမ့်မယ်. ပြီးသွားရင် ဖိုင်ရဲ့ URL ကို ယူရပါမယ်.

ကိုယ်တင်လိုက်တဲ့ ဖိုင်လေးရဲ့ အပေါ်မှာ right click လေး ခေါက်လိုက်ပါ. ပြီးရင် copy link location ကို ရွေးလိုက်ပါ. အဲဒါ သူ့ရဲ့ URL ပါပဲ.

တစ်ခြားသော file hosting site များမှာလည်း ဒီပုံစံဆင်ဆင်လေးတွေပါပဲ. စမ်းသုံးကြည့်ကြပါလို့ တိုက်တွန်းပါတယ်.

အားလုံးပဲ အဆင်ပြေချောမွေ့ကြပါစေ..


http://mmbloggershelpdesk.blogspot.com/2007/08/file-hosting.html မှ

ဘလော့နောက်ခံမှာလွယ်ကူစွာပုံထည့်နည်း


kp3နည်းပညာ၊၁၂၆၊ဘလော့နောက်ခံမှာလွယ်ကူစွာပုံထည့်နည်း

ဒါလေးကတော့ဘလော့နောက်ခံမှာလွယ်ကူစွာပုံထည့်နည်းလေးပါ၊သိပြီးကြတဲ့မိတ်ဆွေတွေ
လည်းများပါတယ်၊မသိကြသေးတဲ့သူတွေအတွက်လိုအပ်ခဲ့ရင်သုံးလို့ရအောင်ပါ၊ဘလော့ဂါမိတ်ဆွေ
အားလုံးကိုလည်းအစဉ်မြဲလေးစားလျှက်ပါ။

၁။Layout

၂။Edit HTML

အောက်ကCodeကိုရှာပါ၊Press Ctrl + F
body {

အောက်မှာအောက်ကအတိုင်းထည့်ပေးလိုက်ပါ၊
background: url('ဤနေရာမှာမိမိရဲ့နောက်ခံပုံလင့်ခ်ကိုထည့်ပေးပါ။IMAGE-URLပေါ့နော်') fixed;

ဥပမာအောက်ကအတိုင်းဖြစ်သွားတာပေါ့နော်၊
body {
background: url('http://rpgwallpapers.com/wallpapers/luna-online-boy-and-dog-1280x960.jpg ') fixed;
   margin:0px
auto 0px;
padding:0px;
color:$bodytextcolor;
font-family:Arial,Helvetica,sans-serif;
   font-size:12px;
}

နောက်ခံအရောင်ပြောင်းချင်ရင်တော့အောက်မှာ
body {
background:#ဤနေရာမှာHTML colour codeထည့်လိုက်ပါ;

ဥပမာအောက်ကအတိုင်းဖြစ်သွားတာပေါ့နော်၊
body {
background:#ffa22f
margin:0px
auto 0px;
   padding:0px;
color:$bodytextcolor;
font-family:Arial,Helvetica,sans-serif;
font-size:12px;
   }

၃။Save Template button.နိုပ်ပါ။။

မသိသေးတဲ့မိတ်ဆွေတွေကိုအသိပေးမျှဝေစေချင်ပါတယ်၊
ဘလော့ဂါမိတ်ဆွေအားလုံးကိုအစဉ်မြဲချစ်ခင်လေးစားလျှက် kp3မိသားစု                    
kp3မိသားစု မှ ကူးယူ ဖော်ပြပါသည်။

pdf password remover


pdf password remover

zaw2aung: ညီရေ pdf password remover fullversion လေးများရှိရင်ပို့ပေးပါဦး

ကျွန်တော်တင်ပေးလိုက်ပါပြီ .. ဒါပေမယ့် တစ်ခုကြိုပြောပါရစေဗျာ . ဒီစကားကလဲ ခဏခဏ ပြောနေရတာပါ . တစ်ချို့ဆိုရင် ကျွန်တော့်ကို အမြင်တောင် ကပ်နေပြီလားမသိပါဘူး . ကျွန်တော်အခု ဖိုင်နဲ့တွဲပြီး Keygen ပါတွဲပြီး တင်ပေးလိုက်တာပါ . အဲ့တော့ Register မလုပ်ခင် ဗိုင်းရပ်စ် program ကို ခဏပိတ်ထားပေးပါ . Virus သတ်တဲ့ ဘယ် Program ပဲဖြစ်ဖြစ် Keygen ကို virus လို့ပဲ သိကြတာပါ . ပြီးတော့မှ ကျွန်တော့်ကို serial no. တောင်းနေတယ်လို့ . လိုင်စင်လုပ်ဖို့တောင်းနေတယ် . ကိုညီနေမင်းက product key အတွက်တော့ ဘာမှမပေးလိုက်ဘူးတို့ . ခဏခဏပြောနေတာ တွေ့ရပါတယ် . ဟိုတစ်ရက်ကဆိုရင် ဗိုင်းရပ်စ်ပါတယ်တောင် လုပ်တာ . ကျွန်တော် keygen ဖိုင်တွဲထည့်ပေးတဲ့ အခါတိုင်း ဒီစကားကို ခဏခဏပြောပါတယ် . အဲ့တော့ ကျွန်တော်တို့ register မလုပ်ခင် ပိတ်ပြီးမှ Keygen ကို run ပါ . ပြီးတော့မှ virus တော့ပါတယ် . လိုင်စင်လုပ်ဖို့တော့ မပါဘူးလို့ မပြောကြပါနဲ့ . ကျွန်တော် ဘယ်တော့မှ အဲ့လိုမျိုး သူများဒုက္ခရောက်အောင် စိတ်အပင်ပန်းလူအပင်ပန်းခံပြီး မလုပ်ပါဘူး . အစ်ကိုရာ ဗိုင်းရပ်စ်တွေပါလာတယ် . အစ်ကိုအဲ့လိုတော့ မလုပ်သင့်ပါဘူး ဆိုတော့ ကိုယ်ကဘဲ လူယုတ်မာလိုလိုဘာလိုလို နဲ့ ပြောပုံက အတော်အခံရခက်တာဗျ . ရေးပြထားတာတွေကိုလဲ အသေအချာ အစအဆုံးမဖတ်ပဲ နင်းကန် အပြစ်တင်တာ အတော်ဆိုးတယ်ဗျာ .. အခမဲ့ သက်သက် မြန်မာပြည်က လူငယ်တွေ နည်းပညာလေ့လာရလွယ်ကူအောင် တစ်ဖက်တစ်လမ်းကနေ ကူညီပေးရုံသက်သက်ပါ . ကျွန်တော် ဓါတ်ပုံနဲ့ကို လုပ်ပုံလုပ်နည်း ကိုတင်ပေးလိုက်ပါတယ် . register လုပ်တဲ့နေရာမှာ ကိုကြိုက်တဲ့နာမည်နဲ့လုပ်ပါ . အောက်မှာ ပုံနဲ့ပြထားပေးပါတယ် .




Download ifile.itDownload mediafire
http://www.nyinaymin.com/2009/09/pdf-password-remover.html မှ



ကျွန်တော် ဒီနေ့တော့ ဘလော့လ်တွေ ဘာတွေကြောင့်လေးနေတယ်။ ဖွင့်ရင် အရမ်းကြာနေတယ်ဆိုတာကို တင်ပြပေးပါမည်။ ကိုညီနေမင်းလည် တင်ပြခဲ့တာ ကျွန်တော်ဖတ်ခဲ့ရပါတယ်။ ကျွန်တော်တို့ ဆိုဒ်တွေကို အဓိက Speed နှေးစေတာကတော့ JavaScript (Js)ဖိုင်တွေနဲ့ CSS (Cascading Style Sheets)တွေရဲ့ upload Link တွေကြောင့် လေးလံကျတာ အဖြစ်များပါတယ်။ နောက်နှေးစေတာက picture ဆိုဒ်တွေကြောင့်ဖြစ်စေပါတယ်။ ကျွန်တော်အရင်က Js နှင့် CSS တွေကို upload တင်ရင် www.ripway.com နှင့် www.hostfile.com မှာ အတင်များပါတယ်။ ဒါပေးမဲ့ အဲဒီ Link တွေက Anti-virus နဲ့ညှီတဲ့အခါရှိသလို တစ်ခါတစ်လေ upload ဆိုဒ်က error ဖြစ်နေပါတယ်။ အဲဒီလို ဖြစ်နေတဲ့ အချိန်မှာ ဆိုဒ်က တော်တော်နဲ့ ပွင့်မလာပါဘူး။ ဒါနဲ့ဘယ်မှာ ကြာနေတယ်ဆိုတာ မိမိတို့ ရဲ့ဘယ်ဘက်ထောင့်မှာ ကြည့်က တွေ့မြင်နိုင်ပါတယ်။ ဒါနဲ့ Layout မှာ မိမိရဲ့ js နှင့် css link တွေကို https://sites.google.com မှာ ပြောင်းတင်ပြီ ကျွန်တော်ပြန်ပြင်လိုက်တော့မှ မြန်သွားတယ်။ ဒါကြောင့် မိမိတို့ ဆိုဒ်တွေ လေးလံနေတယ်ဆိုရင် js နှင့် css link တွေနဲ့ picture ဆိုဒ်တွေကို ပြန်ပြင်ပါ။ နောက်ပြီ မိမိဆိုဒ်မှာ flash တွေအ၇မ်းထည့်တာတို့မှ ရှောင်ကျင်ပါ။ ကျွန်တော်တော့ အခုနောက်ပိုင်း Jss နှင့် css link တွေကို https://sites.google.com မှာ တင်ပါတော့တယ်။ ဘယ်လိုတင်လဲသိချင်က မေးမြန်နိုင်ပါတယ်။ မိမိ Blog ဘယ်လောက် Speed မြန်လဲဆိုတာ စမ်းနိုင်ရန် အောက်မှာဆိုဒ်တွေကို တင်ပြပေးလိုက်ပါတယ်။ မိမိဆိုဒ်ဖွင့်လို့ လေးလံနေရင်လည် အောက်က ဆိုဒ်တွေမှာ စမ်းလိုက်ပါ။ ဘယ်လင့်က error ပြနေတယ်ဆိုတာ တွေ့ရပါမည်။ ကျေးဇူးတင်ပါတယ်

http://tools.pingdom.com/fpt/
http://www.netmechanic.com/cobrands/MarketingTips/load_check.htm
http://www.linkvendor.com/seo-tools/speedtester.html
http://www.robertjsteiner.com/seo_free_tools.php



Image and video hosting by TinyPic
Related Posts: Blog


Read more: http://www.knowledgewar07.com/2009/12/blog-speed.html#ixzz0zwN4B4ns

မိမိရဲ့Blog Name Scrolling လုပ်ချင်ရင်(ဘလော့နာမည်လေးကိုမရပ်ဘဲသွားအောင်လုပ်ချင်ရင်)


kp3နည်းပညာ၊၁၁၅၊မိမိရဲ့Blog Name Scrolling လုပ်ချင်ရင်

မိမိဘလော့နာမည်လေးကိုမရပ်ဘဲသွားအောင်လုပ်ချင်ရင်ပေါ့နော်၊Blog Name Scrolling
လို့ခေါ်ပါတယ်။တချို့ဘလော့မိတ်ဆွေတွေတင်ထားတော့မြင်ဖူးပါတယ်၊မတူလောက်ဘူးလို့တော့
ထင်ပါတယ်။အောက်မှာ DEMO လင့်ခ်လုပ်နည်းလေးပြထားပါတယ်။အရမ်းကိုလွယ်ပါတယ်။

၁။Dashboard

၂။ layout

၃။Edit HTML

အောက်က Code ကိုရှာပါ။

</head>


တွေ့ပြီဆိုရင်အပေါ်မှာအောက်က Code ကိုထည့်ပါ။
<script type='text/javascript'>
var txt="ဤနေရာမှာမိမိရဲ့ဘလော့နာမည်လေးရေးလိုက်ပါ ";
   var espera=200;
var refresco=null;
function rotulo_title()
{
   document.title=txt;
txt=txt.substring(1,txt.length)+txt.charAt(0); refresco=setTimeout("rotulo_title()",espera);
   }
rotulo_title();
</script>


နမူနာလင့်ခ်ဒီမှာDEMO

၎။Save Template ကိုနိုပ်ပါ၊ပြီးပါပြီ။။

မသိသေးတဲ့မိတ်ဆွေတွေကိုအသိပေးမျှဝေစေခြင်ပါတယ်၊ ဘလော့ဂါမိတ်ဆွေအားလုံးကိုအစဉ်မြဲချစ်ခင်လေးစားလျှက် kp3မိသားစု