
recycle ပစ္စည်းတွေကို အသုံးပြု ထားပြီး ပြထားတဲ့ ပုံစံအတိုင်း ခေါက်ပေး လိုက်ရုံနဲ့ အသုံးပြု နိုင်မယ့် ဖိနပ် Unifold ကို Pratt Institute က Haratio Yuxin Han နဲ့ Kevin Crowley တို့က ဒီဇိုင်းဆွဲ ထားတာပါ။
ခုချိန်
သင့်ဖိနပ်စင် ပေါ်မှာ အနည်းဆုံး ဖိနပ် ၄ရံလောက် ရှိနေနိုင် ပါတယ်။ ဒါဆို
ရင်တော့ သင့်ကိုယ်သင် ကံကောင်း တယ်လို့ မှတ်ယူလိုက် ပါ။ ဘာဖြစ်လို့လဲ
ဆိုတော့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ လူဦးရေ သန်း၃၀၀ ကျော်ဟာ ဖိနပ်
တစ်ရံတောင် မပိုင်ဆိုင် နိုင်ကြပါဘူး။

Unifold
လို့ခေါ်တဲ့ ဖိနပ်ကို တီထွင်နေတဲ့ အဖွဲ့ကတော့ မဝေးတော့တဲ့ အနာဂတ်မှာ ဒီအခြေ
အနေကို ပြောင်းလဲ ပစ်နိုင်မယ်လို့ မျှော်လင့်နေ ကြပါတယ်။ Pratt Institute
ကျောင်းသား တွေဖြစ်တဲ့ Haratio Yuxin Han နဲ့ Kevin Crowley
တို့ရဲ့ဒီဇိုင်း ဖြစ်ပြီး Unifold ဟာ recycle ပစ္စည်း တွေကို အသုံးပြု
ထားပြီး ပြထားတဲ့ ပုံစံလေး အတိုင်း ခေါက်ပေး လိုက်ရုံနဲ့ အသုံးပြု
နိုင်မယ့် ဖိနပ်ပဲ ဖြစ်ပါတယ်။ ဈေးသက် သာပြီး ပြုလုပ်ဖို့ လွယ်ကူတဲ့ အတွက်
Unifold ဟာကမ္ဘာ့ ဖိနပ် ရှားပါးမှု ပြဿနာကို ဖြေရှင်းပေး နိုင်မှာပါ။

Ethylene
vinyl acetate လို့ခေါ်တဲ့ foam rubber ကနေ ပြုလုပ် ထားပြီးတော့ Unifold
ဟာဖိနပ် ထုတ်လုပ်တဲ့ နေရာမှာ လိုအပ်တဲ့ ရှုပ်ထွေးတဲ့ အဆင့်တွေ ဖြစ်တဲ့
ပုံသွင်းတာ၊ ကြိုးတပ်တာ၊ ညှပ်တာ၊ ကော်ကပ်တာ တွေကို လျှော့ချပေး နိုင်မှာပါ။
Unifold ရဲ့ရိုးရှင်း လှတဲ့ ပုံစံကြောင့် ထုတ်လုပ်ဖို့ လွယ်ကူရုံ သာမကပဲ
ကုန်ကျ စရိတ်ကိုလဲ အများကြီး လျှော့ချ ပေးနိုင်မှာပါ။ တကယ်တော့ Unifold
ဟာထုတ်လုပ်တဲ့ အဆင့်ကို လုံးဝ ဖယ်ထုတ်ပေး နိုင်ပါတယ်။ Han ရဲ့ဖိနပ်
ဒီဇိုင်းကို download လုပ်ပြီးတော့ print out လုပ်လို့ ရပါတယ်။ အဲနောက်
မှာတော့ ပြထားတဲ့ ပုံစံအတိုင်း foam rubber တစ်ချပ်ကို ညှပ်ပြီး
ခေါက်လိုက်ရုံနဲ့ ဖိနပ်တစ်ရံ ရလာမှာပါ။ အခုလက်ရှိ မှာတော့ Unifold ဟာ
စမ်းသပ်ဆဲ အဆင့်မှာပဲ ရှိနေပါ သေးတယ်။ ဒါပေမယ့် Han နဲ့သူ့အဖွဲ့ ကတော့
ဒီဖိနပ် တွေကို ဈေးကွက် ထဲကို တင်ပို့နိုင်ဖို့ ကြိုးစား လုပ်ဆောင်နေ
ကြပါတယ်။ 


0 comments:
Post a Comment