Pages

Translate

Wednesday, September 25, 2013

Samsung Galaxy Note 3 ကို အသေးစိတ်လေ့လာကြည့်ခြင်း

http://cdn.asia.cnet.com/story_media/62222450/sc001.jpg

အောင်မြင်ကျော်ကြားခဲ့တဲ့ Galaxy Note 2 ကို ထပ်မံအရည်အသွေးတိုးမြင့်ထားတဲ့ Samsung Galaxy Note 3 ဟာ ယခု အချိန်မှာ ဆိုရင် ဈေးကွက်မှာ ကိုရောက်ရှိလာခဲ့ပါပြီ။

Samsung Galaxy Note 3 ဟာဆိုရင် ဘာလင် IFA ကုန်စည်ပြပွဲမှာ မိတ်ဆက် ပြသခဲ့တာဖြစ်ပြီး Note 2 ထက် ပိုမိုဆန်းသစ် တဲ့ Design နဲ့ လှပ သပ်ရပ်တဲ့ သားရေနောက်ဖုံးလေး တပ်ဆင်ထားတာကို တွေ့ရမှာပါ။ ၄င်း Galaxy Note 3 ဟာဆိုရင်ဖြင့် အားကောင်းလှသော မောင်းနှင် အင်ဂျင် နှစ်မျိုးထုတ်လုပ်မှာဖြစ်ပြီး LTE အတွက် Qualcomm Snapdragon 800 processor ကို အသုံးပြုထားပြီးတော့ GSM အတွက် Octa-core 1.9 GHz Cortex-A15 နဲ့ 1.3 GHz Cortex-A7 CPU နှစ်မျိုးကို အသုံးပြုပေးထားပါတယ်။ Note 3 မှာ Android ရဲ့ နောက်ဆုံး Version ဖြစ်တဲ့ Jelly Bean 4.3 ကို သုံးပြုထားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ကျွန်တော်တို့ Galaxy Note 3 ရဲ့ Designတွေ, Featuresတွေနဲ့ Performance တွေ  ကို အသေးစိတ်လေ့လာကြည့်ရအောင်လားဗျာ။


Design
ကျွန်တော်တို့ အနေနဲ့ Samsung Galaxy S4 နဲ့ Note 3 ကို နှိုင်းယှဉ် ကြည့်မယ်ဆိုရင် နှစ်ခုဟာ ဆင်တူနေတာကို တွေ့မြင်ရမှာပါ။ ဒါပေမဲ့ Samsung Galaxy Note 3 က ပိုမိုကြီးမားနေတာကို တွေ့ရပါလိမ့်မယ်။ S4 လိုပဲ Note 3 မှာလဲ သတ္တုစပ် ဘောင်နဲ့ ကာထားတာ တွေ့ရမှာ ဖြစ်ပေမဲ့ ကျောဘက်မှာတော့ တောက်ပြောင်ချောမွေ့တဲ့ ပုံစံ မဟုတ်တော့ပါဘူး၊ ဖောက်သားရေ ကိုအသုံးပြုချုပ်လုပ်ထားတဲ့ Design ကိုတွေ့မြင်ရမှာပါ။

အဲ့ဒီလို Note 3 မှာ ဖောက်သားရေကို အသုံးပြုလိုက်တာက Samsung အတွက် တော်တော် ကံကောင်းစေတယ်ဆိုရမှာပါ။ ဘာလို့လဲ ဆိုတော့ ကျောဖက်က သားရေကာဗာလေးကြောင့့် လက်ကို အဆီမထွက်စေတော့ပါဘူး။ ကိုင်ရတာ ကြီးတာတစ်မျိုး၊ Note 2, S4 တို့လို ပလပ်စတစ်ပြောင်ချောချောကြီးဆို ကျွန်တော်တို့ ကို စိတ်ညစ်စေမှာ အမှန်ပါ။ အခုတော့ Note 3 ရဲ့ နောက် သားရေကာဗာ က ကျွန်တော်တို့ကို အဆင်ပြေစေတဲ့ အပြင် လူအထင်ကြီးစေဦးမှာ ဖြစ်ပါတယ်။
ဒါနဲ့ တစ်ဆက်ထဲ ကျွန်တော်တို့ Note 3 အတွက်ထုတ်ထားတဲ့ S View Cover အကြောင်းပါ လေ့လာကြည့်လိုက်ရအောင်။

Note 3 ၏ ကျောဖက်
(Credit: Josh Miller/CNET)

S View Cover ဟာ ဖောက်သားရေ ကာဗာ နေရာမှာ အစားထိုးပြီး အသုံးပြုရမှာဖြစ်ပါတယ်။
ဈေးနှုန်းကတော့ စင်ကာပူဒေါ်လာ ၈၈ ဒေါ်လာ ရှိပြီး PVC လို ပစ္စည်းမျိုးကို အသုံးပြုထားပါတယ်။ S View Cover လေးဟာ ကြိုးမဲ့ အားသွင်းခြင်းကို စွမ်းဆောင် ပေးနိုင်မှာ ဖြစ်ပြီး Cover လေးကို ပိတ်လိုက်ရင်လဲ S View Window လေးကို Active ဖြစ်စေမှာ ဖြစ်ပါတယ်။ LG အမျိုးအစား G2 ဖုန်းရဲ့  Quick Window နဲ့ ဆင်တူပြီး S View Window လေးကနေ ကင်မရာကို လျှင်မြန်စွာဖွင့်ခြင်း၊ Memo app ကို လျှင်မြန်စွာ ဖွင့်ခြင်း၊ သီချင်းနားထောင်ခြင်း၊ Message ပို့ခြင်း၊ဖတ်ခြင်း စသည်ဖြင့် ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် S View Window လေးဟာ တစ်ကယ်အသုံးဝင်တယ်လို့ ဆိုလို့ရပါတယ်။

Note 3 ၏ S View Cover
(Credit: Josh Miller/CNET)

အပြင် Feature ကို ဆက်လက်ကြည့်ရှု မယ်ဆိုရင်တော့ Samsung ဖုန်းအားလုံးမှာ ပါသလိုပဲ Note 3 မှာလဲ သိသာတဲ့ Home Button ခလုတ်လေး မြင်တွေ့ရမှာ ဖြစ်ပြီး ဘေးတစ်ဖက် တစ်ချက်စီမှာတော့ Touch နဲ့ အာရုံခံသွားမဲ့ ခလုတ် ၂ခု ပါဝင်တာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ Back key Arrow လေးကို ညာဖက်မှာ ထားထားတာ ဖြစ်လို့ ကျွန်တော်တို့ အနေနဲ့ ဘယ်ဖက်လက်နဲ့ ကိုင်ရင် တောင် လက်မလေး အလွယ်ဆွဲဆန့်ပြီး အသာဖိလိုက်ရုံပါပဲ။


Samsung ဟာ Apple ထက်အရင် Plastic နဲ့ထုတ်တာဖြစ်တဲ့ အတွက်ကြောင့် Note 3 ကို လဲ Plastic နဲ့မြင်တွေ့ရတာပါ။ ကောင်းတဲ့ ဘက်က ကြည့်မယ်ဆိုရင်တော့ Plastic ကြောင့် ဈေးနှုန်းလဲ သက်သာ သတ္တုကို ကိုင်နေရတာလဲ မဟုတ်တော့ဘူးလို့ ဆိုရမှာပါ။


နောက်တစ်ချက် အနေနဲ့ Note 3 ဟာ Display ၅.၇လက်မ ရှိတာကြောင့် ၅.၅လက်မ ရှိတဲ့ Note 2 ထက် အနည်းငယ် ကြီးနေတာကို တွေ့ရမှာပါ။ဒါကြောင့် Note 3 က ပိုကြီးပါတယ်လို့ ပြောဖို့ထက် မဆိုသလောက် ကြီးပါတယ်လို့ ပြောရမှာပါ။ နောက်ပြီးတော့ Super AMOLED 388 ppi နဲ့ 1920 x 1080 pixels ကို ပြောင်းထားတာကြောင့် HD ကနေ Full HD အဖြစ်ကို မြင်တွေ့ရမှာပါ။

Note 3 ရဲ့ အထူဟာ ၈.၃မီလီမီတာသာ ရှိတာကြောင့် Note 2 ၉.၄မီလီမီတာ နဲ့ ယှဉ်ရင် အနည်းငယ်ပါးသလို အလေးချိန်ကျပြန်တော့လဲ Note 3 က ၁၆၈ဂရမ် သာရှိတာကြောင့် ၁၈၃ဂရမ်ရှိတဲ့ Note 2 ထက် ပိုပေါ့ပါတယ်။

Note 2 နှင့် Note 3တို့ အရွယ်အားဖြင့် တူညီလုနီးပါးရှိသည်။
(Credit: Josh Miller/CNET)

Samsung Galaxy Note 3 မှာ ညာဖက်အောက်ခြေထောင့်မှာ S Pen လို့ခေါ်လေ့ရှိတဲ့ Stylus Pen လေးပါဝင်ပါသေးတယ်။ အဲ့ကောင်လေးကို  မတော်တဆ ထွက်ကျတဲ့ ဒဏ်က ဝေးအောင် ဆွဲထုတ်ရကျပ်အောင် ပြုလုပ်ထားတာတွေ့ရပါတယ်။ ကျွန်တော်တို့ Design ကို အသေးစိတ် လိုက်ကြည့်ရင် နောက်ဆုံး တစ်ခုကတော့ USB 3.0 Port ကို အသုံးပြုထားတာကိ တွေ့ရပြီး ဒေတာတွေ လျှင်လျှင် မြန်မြန် ကူးယူနိုင်ဖို့နဲ့ အားသွင်းမြန်ဖို့ အတွက် ကူညီပေးမှာဖြစ်ပြီး အရင် micro-USB ကြိုးတွေနဲ့ ပဲ အလုပ်လုပ်လို့ရအောင် Design ထုတ်ထားတာ တွေ့ရမှာပါ။

ညာဖက်ထောင့်အောက်နာရှိ S Pen
(Credit: Josh Miller/CNET)

Features
Android နောက်ဆုံး Version 4.3 ကို အသုံးပြုထားတဲ့ Galaxy Note 3 ဟာဆိုရင် LTE Version အတွက်
Qualcommရဲ့ Snapdragon 800 quad-core processor ကို အသုံးပြုထားပြီး 2.3 GHz ရှိတဲ့ Speed နဲ့ RAM 3GB ကိုထည့်သွင်းထားပါတယ်။ GSM အတွက်က Octa-core 1.9 GHz Cortex-A15 နဲ့ 1.3 GHz Cortex-A7 CPU နှစ်မျိုးသုံးထားပါတယ်။ ကျွန်တော့် အထင်တော့ Samsung ဟာ Note 3 ကို Multitasking ကောင်းကောင်းလုပ်နိုင်ဖို့ အတွက် ပဲ ဖြစ်ပါလိမ့်မယ်။

အရင်ထွက်ခဲ့တဲ့ Note Device တွေမှာ လိုမျိုးပဲ Note 3 မှာလဲ S Pen ပါဝင်ပါတယ်။ Note 3 မှာ ထပ်တိုးလာတာလေးကတော့ S Pen ဆွဲထုတ်လိုက်တာနဲ့ တန်းပေါ်လာမဲ့ Air Command လေးပါပဲ။ အဲ့ကောင်လေးက ကျွန်တော်တို့ကို Action Memo, Scrapbooker, Screen Write, S Finder နဲ့ Pen Window တွေကို လွယ်ကူစွာ အသုံးပြုနိုင်စေမှာပါ။

Action Memo လေးက app တွေကို လက်နဲ့ရေးပြီး ခေါ်ဖို့ပါ။ အဲဒါလေးနဲ့ ဖုန်းခေါ်၊ Contact အသစ်ထည့်လဲ လုပ်လို့ရပါသေးတယ်။
Scrapbooker ကတော့ အဓိက ကတော့ သင် ကြည့်နေတာကို High Light လုပ်ပေးတာဖြစ်ပြီး နောက်တစ်ချိန်ကျရင် ပြန်လည် ခေါ်လို့ရအောင်လည်း URL စသည်ကို သိမ်းထားပေးပါတယ်။
Screen Write ကတော့ နာမည် အတိုင်းပဲ သင် Screen ပေါ်မှာ Comment ပေးလိုက်တာနဲ့ သူက အလုပ်လုပ်ပေးမှာ ဖြစ်ပါတယ်။
S Finder လေးကတော့ ဖုန်းထဲကဟာ တစ်စစီ မွှေနှောက် ရှာမလား၊ Online ပေါ်တက်ရှာ မလား အားလုံးလုပ်ပေးပါလိမ့်မယ်။
Pen Window ကတော့ သင့် App တစ်ခုပေါ်ကို နောက် Application တစ်ခု Pop Up လုပ်ပြီး အသုံးပြုစေမှာပါ။

Air Command မြင်ရပုံ
(Credit: Josh Miller/CNET)
Pen Window Feature ကို အသုံးပြုနေပုံ
(Credit: Josh Miller/CNET)
Multitasking ကို အသုံးပြုနေပုံ
(Credit: Josh Miller/CNET)
နောက်ထပ်မိုက်တဲ့ Feature လေးကတော့ One-Hand View လေးပါပဲ။ Shake လိုက်ခြင်းအားဖြင့် Screen အရွယ်အစားကို 4.3 လက်မလောက်အထိသေးအောင် လုပ်ပစ်လိုက်ပြီး Screen ပေါ်မှာ touch button လေးတွေပါလာတာပါပဲ။ အဲ့ဒါလေးက သင်လက်တစ်ဖက်ထဲနဲ့ ကိုင်ဖို့ ရှိလာတဲ့ အချိန်မှာ အသုံးဝင်စေမှာဖြစ်ပါတယ်။
Camera အနေနဲ့ကတော့ 13 megapixel ရှိတာကြောင့် သင့်ကို ရုပ်ထွက်ပိုကောင်းစေမှာပါ။ ဒါပေမဲ့ အနည်းငယ် ချို့ယွင်းချက် ရှိတယ်လို့ မြင်ပါတယ်။ Autofocus က Auto မချိန်တာ၊ နောက်ပြီး ပုံတစ်ခါ ရိုက်ပြီးတိုင်း ပြန်လည် ကြည်အောင်စောင့်နေရတာ တွေ့မြင်ရပါတယ်။

နောက်ပြီး Shooting Option မပါဝင်တာကို တွေ့မြင်ရပါသေးတယ်။ အဲဒါက ညအမှောင်၊ မြင်းကွင်းကျယ် ရိုက်ခြင်း၊အနီးကပ်ရိုက်ခြင်း စတာရွေးစရာ မပါဝင်တာကြောင့် ပုံဟာ တစ်မျိုးထဲကိုပဲ အချို့တစ်လေ အဆင်မပြေတာ တွေ့ရပါတယ်။

Outdoor test shot
Macro test

Indoor test shot
Indoor low-light test shot with stabilization
Indoor low-light test shot without stabilization
Indoor test shot with flash


နောက်ဆုံး Feature အနေနဲ့ Video ကို 4K အရည်အသွေးနဲ့ ရိုက်နိုင်တာ တွေ့ရပါတယ်။

Performance
Galaxy Note 3 ဟာ quad-core Qualcomm Snapdragon 800 2.3GHz processor ကိုအသုံးပြုထားတာဖြစ်လို့ အခြား Qualcomm သုံးတဲ့ အရည်အသေးမြင် Device တွေထက်သာနေတာကို တွေ့မြင်ရမှာပါ။ Note 3 ဟာဆိုရင် 3DMark IceStorm Unlimited test မှာ Score 15,366 ထိရရှိထားတာကို တွေ့မြင်ရပါတယ်။
Samsung Phablet Note 3 မှာ ဖြုတ်လဲလို့ ရတဲ့ Battery 3,200mAh ပမာဏ က သင့်ကို ခရီးထွက်တဲ့ အခါမှာ တောင် စိတ်ချလက်ရ ယူသွားလို့ ရပါတယ်။
ဒါ့အပြင် အသက်ထွက်အားလဲ ကောင်းပါတယ်။ ဘောင်းဘီအိတ်ထဲ ထည့်ထားလျှင်တောင်မှ ဖုန်းရဲ့ Speaker က အသံကို ကြားနိုင်ပါတယ်။


Specs Sheet အနေနဲ့ ကြည့်ကြည့်မယ်ဆိုရင်တော့
First released:
     September 25, 2013

Type :

    Capacitive touchscreen smartphone

Form factor:

    Slate, phablet

Dimensions:

     151.2 mm (5.95 in) H
     79.2 mm (3.12 in) W
     8.3 mm (0.33 in) D

Weight:

     168 g (5.9 oz)

Operating system:

     Android 4.3

System on chip:

     Samsung Exynos 5 Octa 5420 (GSM version)
     Qualcomm Snapdragon 800 (LTE version)
 
CPU:
    Octa-core 1.9 GHz Cortex-A15 and 1.3 GHz Cortex-A7 (GSM version)
     2.3 GHz quad-core Krait 400 (LTE version)

GPU:

     ARM Mali T628MP6 GPU (GSM version)
     Adreno 330 (LTE version)

Memory:

     3 GB LPDDR3

Storage:

     32/64 GB flash memory

Removable storage:

     microSDXC up to 64 GB

Battery:

     3,200 mAh [User replaceable]

Display:

     5.680 in (144.3 mm) Super AMOLED 388 ppi 
     (1920×1080) (PenTile matrix) (16:9 aspect ratio)

Rear camera:

     13-megapixel, camera with autofocus, BSI, 1080p and 4K video recording

Connectivity:        

    Wi-Fi :802.11 a/b/g/n/ac (2.4/5 GHz)
    Wi-Fi Direct
    Wi-Fi hotspot
    DLNA
    Miracast
    GPS/GLONASS
    NFC
    Bluetooth 4.0
    Infrared
    USB 3.0 (Micro-B port, USB charging)
    USB OTG 1.3
    MHL 2.0
    HDMI (TV-out, via MHL A\V link)
    3.5 millimetres (0.14 in) headphone jack

Other:

     Accelerometer, Barometer, Gesture sensor, Gyroscope, Hall effect sensor, Hygrometer, Magnetometer, Proximity sensor, RGB light sensor, Thermomete

ပဲ ဖြစ်ပါတယ်..

Conclusion
(Credit: Josh Miller/CNET)
နိဂုံးချုပ် အနေနဲ့ တော့  Samsung က ထုတ်တဲ့ Note တွေဟာ အခြားစမတ်ဖုန်းတွေနဲ့ Screen အရွယ်အစားကြီးမားခြင်း၊  S Pen ပါရှိခြင်းတွေနဲ့ ပတ်သက်ပြီး ပြိုင်စံရှားပါပဲ။ Battery လဲ ကြာရှည်ခံတာ တွေ့ရသလို Multitasking တွေအတွက် Precessor လဲ ကောင်းမွန်တာ တွေ့ရပါတယ်။ ပြောစရာကတော့ Camera လေးပါပဲ။ ဒါပေမဲ့ Camera ကို Software Update မှာ ပြန်ပြင်သွားလိမ့်မယ်လို့ ထင်ပါတယ်။

စင်ကာပူစတိုးတွေမှာတော့ 32GB Version အတွက် စင်ကာပူဒေါ်လာ $1,048 နဲ့ September 28 မှာ စရောင်းမယ်လို့သိရပါတယ်။မိတ်တွေအနေနဲ့ ၀ယ်ယူချင်တယ်ဆိုရင် ပြည်တွင်းမှာပဲ ဈေးနှုန်းတစ်ချက် စုံစမ်းကြည့်ကြပါဦးလို့ အကြံပြုလိုက်ရပါတယ်။

 
Ref : cNetAsia
 
Writer : Steel Jelly



0 comments:

Post a Comment