Pages

Translate

Saturday, September 28, 2013

Samsung Galaxy Note 3 Vs Samsung Galaxy Noet 2 Review


 
Android တွေထဲမှာနောက်ဆုံးထွက် product ဖြစ်တဲ့ Galaxy Note 3 အကြောင်းကို Note 2 နဲ့နှိုင်းယှဉ်ပြီး review အဖြစ် ရေးပေးလိုက်ပါတယ်ဗျာ။
Specification 

Note 3

Screen Size                 5.7 inches
CPU                           Quad-core 2.3 GHz Krait 400 (LTE model)/ Quad-core 1.9 GHz
                                 Cortex-A15 & quad-core 1.3 GHz Cortex-A7 (3G model)
Storage                      32/64 GB Storage, 3GB RAM, micro SD , up to 64 GB
Camera                      13 Megapixel (4128 x 3096 pixels)
Operating System        Android OS, v4.3 (Jelly Bean)
Battery Life                 Li-lon 3200 mAh battery

Note 2

Screen Size               5.5 inches
CPU                         Quad-core 1.6 GHz Cortex-A9
Storage                   16/32/64 GB storage, 2GB RAM, micro SD, up to 64 GB
Camera                   8 Megapixel (3264 x 2448 pixels)
Operating System     Android OS, v 4.1.1 (jelly bean) , upgradeable to 4.1.2 (jelly bean)
Battery Life              Li-lon 3100 mAh battery

Build

Note 3 ဟာ 151.2 x 79.2 x 8.3 mm အရွယ်အစားရှိပြီး Note 2 ထက် ပိုပါးလွှာတယ်လို့ဆိုနိုင်ပါတယ်။ ဒါ့အပြင် 5.7 လက်မ display ပါဝင်ပြီး ပိုကြီးလာတဲ့အတွက် ပိုပါးလွှာမှုဟာ အထင်ကြီးစရာကောင်းပါတယ်။
ဒါ့အပြင် 168 ဂရမ်သာ အလေးချိန်ရှိပြီး Note 2 ထက် 12 ဂရမ် ပိုပေါ့လာတာကိုတွေ့ရပါတယ်။ Note 2 ဟာ 9.4 mm အထူရှိတာကိုတွေ့ရပါတယ်။ Note 3 ရဲ့ ကျောဘက်ကိုလည်း လက်ထဲမှ နူးနူးညံ့ညံ့ ကိုင်နိုင်တဲ့ soft touch ပုံစံမျိုးနဲ့ဒီဇိုင်းဆင်ထားပါသေးတယ်။


Processor

Galaxy Note 3 ဟာ Hardware ပိုင်းကို အထူးမြှင့်တင်ထားပြီး 3G model မှာတေ့ 1.9 GHz octa.core procesor နဲ့ 4G/ LTE version မှာတော့ 2.3 GHz Qualcomm quad cord processor ကိုသုံးထားပါတယ်။ ဒါ့အပြင် RAM ကို 3 GB RAM ထည့်သွင်းပေးထားပြီး သိုလှောင်နိုင်မှုပမာဏ 32 GB, 64 GB နှစ်မျိုး ရွေးချယ်နိုင်မှာဖြစ်သလို micro SD နဲ့ 64GB ထိလည်း ထပ်မံ တိုးမြှင့်နိုင်ပါတယ်။ Note 3 မှာ အသစ်ပါဝင်လာတာကတော့ Air command function ဖြစ်ပြီး screen ပေါ်မှာ SPen ကိုမထိဘဲထားပြီး ဘေးက ခလုတ်ကိုနှိပ်ရုံနဲ့ menu တက်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Android 4.3 ကိုသုံးထားတာဖြစ်ပြီး Note 2 မှာ ဒီ version ကိုမြှင့်လို့မရသေးပါဘူး။ ဒါပေမဲ့  Note 3 ကိုပဲ ကြည့်ပြီး Note 2 ကို သိပ်ညံ့တယ်လို မထင်လိုက်ပါနဲ့။ Note 2 မှာ 1.6 GHz quad core processor နဲ့ 2 GB RAM တို့ပါဝင်ပြီး အကောင်းဆုံးတွေထဲက နေရာတစ်ခုကိုယူထားဆဲပါ။




Screen

Note 3 မှာ အဓိက သတိထားမိမှာကတော့ 5.7 လက်မထိမြှင့်တင်လိုက်တဲ့ display ပဲဖြစ်ပြီး Full HD 192.1 x 1080 pixel နဲ့ 368 ppi ရှိတဲ့ Super AMOLED panel ပဲဖြစ်ပါတယ်။ Note 2 ကလည်း 5.5 လက်မ HD Super AMOLED screen ပဲဖြစ်ပြီး စိုပြေတဲ့အရောင်တွေကို ခံစားနိုင်မှာဖြစ်ပါတယ်။ Note 3 ဟာ 6 လက်မ အရွယ်ကို နီးလာနေပြီး အနာဂတ်မှာဒီ့ထက်ပိုကြီးလာမယ့် သဘောရှိနေပါတယ်။



Camera

Note 2 ရဲ့ အဓိကကင်မရာဟာ 8 megapixel ရှိပြီး screen ပေါ်မှာ ချိန်ညှိနိုင်တဲ့  autofocus နဲ့ LED Flash တို့ ပါဝင်ပါတယ်။ ရှေ့ဘက်ကင်မရာဟာ HD ဗီဒီယိုရိုက်ကူးနိုင်ပြီး အဓိကကင်မရာဟာ 13 megapixel ရှိလာသလိုအားလုံးမျှော်လင့် ကြသလို ပဲ Ultra HD 4K ဗီဒီယို ကို 30 fps နဲ့ရိုက်ကူးနိုင်ပြီး Full HD ကို 30 fps , slow motion 120 fps စတာတွေနဲ့ရိုက်နိုင်ပါတယ်။ ရှေ့ဘက်မှာ 2 MP ကင်မရာ ပါဝင်ပါတယ်။ Samsung ရဲ့ Dual Shot, Dual Recording နဲ့ Dual Video Call စတဲ့ Feature တွေလည်းပါဝင်ပါတယ်။ Note 3 ဟာ space တွေအရတော့ ကင်မရာပိုင်းကို အထူးမြှင့်တင်ထားပါတယ်။




Operating System
Note 2 ကော 3 ပါ Android ကိုအခြေခံပြီး Samsung ရဲ့ Toch Wiz ပါဝင်ပါတယ်။ Note 3 မှာတော့ အရင် Feature တွေအပြင် new magazine နဲ့ SPen သုံးစွဲနိုင်တဲ့ ပုံစံသစ်တွေပါဝင်သလို SNote ကိုပဲ ဒီဇိုင်း ပြောင်းလဲ ထားတယ်။ Samsung ရဲ့ စမတ်နာရီ Galaxy Gear ဟာ Note 3 နဲ့ တစ်ခါတည်း တန်းပြီး အလုပ်လုပ်နိုင်ပါလိမ့်မယ်။


သုံးသပ်ချက်

Samsung ရဲ့ Galaxy Note 3 ဟာလက်ရှိ Galaxy devices တွေထဲမှာ အင်အားအကောင်းဆုံးလို့ဆိုရမှာဖြစ်ပြီး ဈေးနှုန်းနဲ့အရည်အသွေးထိုက်တန်တာကိုတွေ့ရပါတယ်။ ခပ်ကြီးကြီး ဖုန်းတစ်လုံး ကို feature စုံစုံလင်လင်နဲ့ခပ်မြန်မြန်လေးသုံးချင်တယ်ဆိုရင် Note 3 ဟာ ပထမဆုံး ရွေးချယ်စရာပါ။

ကိုးကား >>>> Net Guide ဂျာနယ်

အားလုံးအဆင်ပြေကြပါစေဗျာ။

Aung Ko Htet (IT Studier)

0 comments:

Post a Comment