Pages

Translate

Wednesday, February 22, 2012

လူတိုင်း ကြုံတွေ.နေရသော ပြသနာ connection ကျရင်း ဘာလုပ်ရမလဲ ဆိုတာပါ

အင်တာနက်ဆိုင်မှာ
ကွန်နက်ရှင်နှေးရင် … ဖြစ်နိုင်ချေအရှိဆုံး နဲ့ စစ်ဆေးရန်အတွက်
သေချာတာလေးတွေကို ပြောချင်ပါတယ် ….. ကွန်နက်ရှင်
ချွေတာရေးလေးလုပ်ကြရအောင်ဗျာ …… ကဲစမယ် ဟေ့
Firefox , Flock , Opera , Chrome , IE , Browser များကို အရင် စစ်ဆေးသင့်ပါတယ် …
အများစုကတော့ install လုပ်ချိန်မှာ Auto / Easy / Express တွေနဲ့ပဲ ရွေးပီးတော့ တင်ကြတာများပါတယ် …
Installation ကို အဲလို တင်လိုက်ခြင်းအားဖြင့် မလိုလားအပ်တဲ့
အွန်လိုင်း Update တွေကို အလိုလို Download ဆွဲချနေတက်ပါတယ် … ထို browser
တွေ အနေနဲ့ ကလဲ အမြဲလိုလို Update တွေက ဂလီးဂလီး ထွက်နေပြန်တော့
ဆွဲလိုက်တဲ့ Update – Defreeze , HD Guard ကလဲ ခံထားသေးတယ်ဆိုတော့
maintenance လုပ်မပေးမချင်းကို ဆွဲနေတော့မှာပါ … နေ့တိုင်း – Restart
ချတိုင်းမှာ ဆွဲနေမှာပါ …..
အဲဒီအတွက်ကြောင့် Defreeze – HD Guard တွေပိတ်ထားမယ် –
ပိတ်ချင်တယ်ဆိုရင်တော့ … maintenance လုပ်တဲ့ သူ – ဒါမှမဟုတ် Admin
ကိုယ်တိုင် Automatic Update တွေကို ရှင်းထားဖို့ အရမ်းကို လိုပါတယ်
ခင်ဗျာ…
အဲလိုမှ မဟုတ်ရင်တော့ Defreeze – HDGuard သုံးတဲ့
အကျိုးကျေးဇူးလေးတွေကို ကိုယ့်ဆိုင်မှာလားသုံးတဲ့ သူတွေ အနေနဲ့ တိုက်ရိုက်
ခံစားရမှာ ဖြစ်ပါတယ် … နောက်ဆုံးတော့ ဒီဆိုင်က
ကွန်နက်ရှင်မကောင်းဘူးဆိုပီးတော့ အပြောခံထိမှာပါ ခင်ဗျာ … ကဲ ကဲ ကဲ …
ကိုယ် ဆိုင်က စက်တွေမှာ Automatic Update တွေ ပိတ်ထားလား –
မပိတ်ထားလားဆိုတာကို စစ်ဆေးကြည့်လိုက်ကြပါအုံးဗျာ …. လက်လဲညောင်းနေပီ …
နားလိုက်အုန်းမယ်ဗျာ ….
မှတ်ချက် – internet နဲ့ ချိတ်ဆက်နိုင်သော Software အားလုံးတွင် Automatic Update Option ပါပါသည်။
1. Browser
2. Chatting Software
3. Application
4. Small Game
5. Virus Protection Software
6. System Maintenance Software
7. Media Player
8. Printer Driver
9. Microsoft Window OS … etc အကုန်းလုံးမှာ Automatic Update တွေပါပါတယ် …..
ရှာဖွေစစ်ဆေးပီးတော့ ပိတ်ပင်ထားဆီးလိုက်ကြရအောင်ဗျာ …. ဒါတွေအားလုံးက ကိုယ်တွေ့ဗျ …
ကျွန်တော့်ဆရာကတော့ သူ့နာမည်က ဦးအတွေ့အကြုံ ဖြစ်ပါတယ် … ဟား ဟား …
လူတိုင်းဆရာတင်သင့်ပါတယ် … အမှားများမှ အမှန်ရမှာပါ … မှားအောင် များများလုပ်ပါ မှန်လာပါလိမ့်မယ် …
ပထမ တစ်ခါမှားပီးသားကို နောက်ထပ် ဆက်မှားနေမယ်ဆိုရင်တော့ ကိုယ့်ကို ကိုယ်သာ သတ်သေလိုက်ပါ …
နောက် မမှားတော့ပါဘူး …. အဆင်ပြေနိုင်ကြပါစေဗျာ ….

ကွန်နတ်ရှင်နှေးရင် Browser တွေကို စစ်ကြည့်သင့်ပါတယ်။ ဒါကပထမအချက်ပါ -

ဒုတိယအချက်ကတော့ ကြိုးတွေပါ။

ကျွန်တော်တို့ရုံးက IT officer ဆိုတာကတော့ဗျာ လန်းချက်

သူ့ကျမှ Network ကြိုးတွေကို ထရန်ဂယ်ပြားထဲ ထည့်မြှုပ်ပြီး ပြေးထားတယ်။ သေရော အဲ့ဒီမှာ

ရုံးက ဘာ connection မှ သုံးစားလို့မရဘူး။

နောက်ဆုံး wifi ပြောင်းလိုက်မှပဲ ဟုတ်သွားတော့တယ်။

1 comment: