Pages

Translate

Wednesday, February 22, 2012

USB stick to window installation ပြု လုပ်နည်း

အချို့ အရွယ်အစားငယ်သော laptop များ mini note book များတွင် CD/DVD ROM များပါလေ့မရှိပါ။
ထိုအခါမျိုးတွင် USB stick ဖြင့် window installation ပြုလုပ်နိုင်ပါသည်။
window cd မှ file များကို usb stick ထဲသို့မည်သို့ထည့်မည်နည်း။ copy , paste လုပ်ပြီးကူးထည့်လို့မရပါ။
လွယ်ပါသည်...ဒီ ဆော့ဖ်ဝဲ လေးသုံးလိုက်ပါ။ WinToFlash download
window xp အတွက် usb drive သည် 1GB ရှိရမည်။ window vista နှင့် window 7 အတွက် 4GB ရှိရမည်။

၁။ ဆော့ဖ်ဝဲကိုဒေါင်းလုပ်ချပြီးလျင် zip file ဖြစ်သည့်အတွက် extract လုပ်ပါ။
၂။ WinToFlash.exe ကို run ပါ။



၃။ ROM ထဲတွင် window cd ကိုထည့်ထားပါ။
၎။ Task tab တွင် flash drive ထဲသို့ ထည့်မည့် window အမျိုးအစားကိုရွေးပါ။
၅။ Welcome tab တွင် အစိမ်းရောင်အမှန်ခြစ် ကို click လုပ်ပါ။
၆။ window cd ထည့်ထားသော ROM drive နှင့် usb drive path များရွေးပေးပါ။
၇။ usb drive ကို format လုပ်ချိန် window cd မှ window file များကူးချိန်ကိုစောင့်ပါ။

usb drive ထဲသို့window file များကူးပြီးလျင် ကွန်ပျူတာကို restart လုပ်ပြီး BIOS ထဲတွင် boot device
ကို usb device ပြောင်းပါ။ထိုအခါ usb stick မှ window installation ပြုလုပ်နိုင်ပါပြီ။
WintoFlash software သည် window live cd များကိုလည်း window live usb stick များပြုလုပ်နိုင်သည်။
အဆင်ပြေချောမောကြပါစေ

0 comments:

Post a Comment