Pages

Translate

Wednesday, February 22, 2012

လူတိုင်း အတွက်လို အပ်သော အကြောင်းအရာများ

၁။အိပ်ရေး၀၀အိပ်ပါ။
ကျန်းမာတဲ့ခန္ဓာကိုယ်ကို တည်ဆောက်နိုင်စေဖို့  တစ်ညမှာ အိပ်ချိန် ၈နာရီလိုအပ်ပါတယ်။အိပ်ရေးဝတာက သင့်ကို နိုးကြား
တက်ကြွစေပါတယ်။အိပ်ရေး၀၀အိပ်နိုင်အောင် ကဖင်းနဲ့ သကြားပါတဲ့  စွမ်းအားဖြည့်အချိုရည်တွေ မသောက်ပါနဲ့ ။

၂။ရယ်ပါ ပြုံးပါ
ပြုံးတာက သင့်မျက်နှာကို ငယ်နုကာ လန်းဆန်းသွားစေပါတယ်။ဟက်ဟက်ပက်ပက်ရယ်မောတာကတော့ စိတ်ဖိစီးမှုဟော်မုန်း
လျော့ပါးသွားစေတာကြောင့် ပိုကျန်းမာလာစေပါတယ်။

၃။ဟင်းသီးဟင်းရွက်နှင့် သစ်သီး များများစားပါ။
တစ်နေ့ မှာ အနည်းဆုံး ဟင်းသီးဟင်းရွက်နဲ့  သစ်သီး ၅-၉ကြိမ် ပါဝင်အောင်စားပါ။

၎။ရေသောက်ပါ
စိတ်မကြည်လင်တဲ့အခါနဲ့  တွေးခေါ်နိုင်စွမ်းကျဆင်းလာတဲ့အခါတွေမှာရေသောက်ပေးပါ။စွမ်းအားပြည့်ပြီးဥာဏ်ထက်လာပါမယ်
ရေကိုအပြည့်အ၀မသောက်တာဟာ ခေါင်းကိုက်ခြင်း ရေဓာတ်ခြောက်ခန်းခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။

၅။ဘာမှမလုပ်ပဲ နေပါ။
တစ်နေ့ မှာ ၁၀မိနစ်လောက် မှောင်ပြီးတိတ်ဆိတ်တဲ့နေရာမှာ ဘာမှမတွေးပဲနေတာဟာ စိတ်ကိုလန်းဆန်းစေပါတယ်။
၁၀မိနစ်လောက် အပန်းဖြေပြီးချိန်မှာ သင်ပိုပြီး နေထိုင်လို့ကောင်းလာမှာပါ။

၆။အကြောလျှော့ပေးပါ။နံနက် အိပ်ရာထချိန်နဲ့  ရေချိုးကာနီးအချိန်တွေမှာ အကြောလျှော့ပေးတာက ကြွက်သားတွေကို
သန်စွမ်းစေပါတယ်။နေ့ စဉ်အကြောလျှော့ပေးရင် ခန္ဓာကိုယ်ပျော့ပျောင်းပြီး သန်စွမ်းစေပါတယ်။

၇။ခပ်သွက်သွက် လမ်းလျှောက်ပါ။
အချိန် ၁၀မိနစ်လောက်ပေးပြီးခပ်သွက်သွက် လမ်းလျှောက်ပေးတာဟာခန္ဓာကိုယ်အလေးချိန်ကို ထိမ်းထားပေးနိုင်ပြီး
ကြွက်သားတွေကို သန်မာစေပါတယ်။လမ်းလျှောက်ရင်း အသက်ပြင်းပြင်း ရှူသွင်း ရှူထုတ် ပြုလုပ်ပေးပါ။

၈။လက်ထောက်မှောက် လေ့ကျင့်ခန်း လုပ်ပါ။
ဒိုက်ထိုးတယ်လို့ ဆိုကြတဲ့  လက်ထောက်မှောက်လေ့ကျင့်ခန်းကို တစ်နေ့ ၁၀ကြိမ်လောက် ပြုလုပ်တာဟာခန္ဓာကိုယ်ကို
ကြံ့ ခိုင်သန်မာစေပါတယ်။

၉။သင်ချစ်သောလှုပ်ရှားမှုများ ဆောင်ရွက်ပါ။
အိမ်မွေးတိရစ္ဆာန်နဲ့  ကစားခြင်း ရေကူးခြင်း စတဲ့ ပျော်ရွှင်တဲ့လုပ်ဆောင်မှုတွေကို လုပ်ဆောင်ပေးပါ။ကျောင်းမှာ
အလုပ်မှာ အဆင်မပြေဖြစ်လာရင် စက်ဘီးအမြန်နင်းကာ ဒေါသတွေကို လွှင့်ပစ်လိုက်ပါ။

၁၀။တစ်နေ့ တာမှာ သီချင်းတပုဒ်စပ်ခြင်း၊ပန်းချီဆွဲခြင်း၊ကဗျာရေးခြင်း၊သစ်ပင်စိုက်ခြင်းလို တစ်ခုခုပြီးဆုံးအောင်မြင်အောင်
လုပ်နိုင်တာဟာ ပျော်ရွှင်စိတ်ချမ်းသာမှုကို ရရှိစေပါတယ်။အောင်မြင်ခြင်းဟာ ကိုယ့်ကိုယ်ကိုယ် လေးစားယုံကြည်စိတ်
တိုးမြင့်စေပါတယ်။။

0 comments:

Post a Comment