Pages

Translate

Friday, February 28, 2014

ooredoo မှ မိုဘိုင်းဆင်းကဒ်များကို ယခုနှစ် ဇူလိုင်လတွင် စတင်ရောင်းချ ပေးတော့မည်ဟုဆို

 
 
ရန်ကုန်-ဖေဖော်ဝါရီ ၂၇

ooredoo မှ မိုဘိုင်းဆင်းကဒ်များကို ယခုနှစ်ဇူလိုင်လတွင် စတင်ရောင်းချ ပေးတော့မည်ဟု ကာတာအခြေစိုက်ဆက်သွယ်ရေးကုမ္ပဏီ ooredoo မှ သိရသည်။
` ဆင်းကဒ်ဈေးနှုန်း ဘယ်လောက်နဲ့ ရောင်းမယ်၊ ဖုန်းခေါ်ခ ဘယ်လောက် ဖြစ်မလဲဆိုတာ မပြောနိုင်သေးပေမဲ့ရောင်းမဲ့ အချိန်ကတော့ ဇူလိုင် သေချာသလောက် ရှိပါတယ်´ဟု ooredoo မှ သတင်းပြန်ကြားရေး တာဝန်ခံ မသီရီကြာညိုကပြောသည်။၊

ဆင်းကဒ်များကို ရန်ကုန်၊ နေပြည်တော်၊ မန္တလေး မြို့ကြီးများတွင်စတင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း 2G ၊ 3G စနစ်များပါဝင်မည် ဖြစ်ကြောင်း ၊ အလွယ်တကူ ၀ယ်ယူခွင့်ရရှိမည်ဖြစ်ကြောင်း ၊ဖုန်းခေါ်ဆိုခကိုသက်သာသောနူန်းဖြင့် ကောက်ခံမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီမှသိ ရသည် ။

az

Popular Myanmar News Journal

0 comments:

Post a Comment