Pages

Translate

Tuesday, December 31, 2013

မလေးရှားရောက် မြန်မာ အလုပ်သမားများ (အမြန်ဆက်သွယ် ဆောင်ရွက်ကြပါရန် အသိပေး အကြောင်းကြားအပ်ပါသည်)


 မလေးရှားရောက် အထောက်အထားမရှိသော မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် ဝမ်းမြောက်ဖွယ် သတင်းကောင်း
6P အစီအစဉ်အရ သတ်မှတ်ထားသော စာရွက်စာတမ်း အထောက်အထားများ ပြည့်စုံပြီး မြန်မာနိုင်ငံကူး လက်မှတ် မပြုလုပ်ရသေးသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား မြန်မာနိုင်ငံသား ဟုတ်၊ မဟုတ် စိစစ်ပြီးနောက် မြန်မာနိုင်ငံသားဖြစ်ကြောင်း မှန်ကန်မှုရှိပါက သက်ဆိုင်ရာမှ မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးမည် ဖြစ်ကြောင်း EVERFIND SERVICE SDN,BHD မှ အသိပေး ဖော်ပြချက်အား ဒီဇင်ဘာ ၂၆ ရက်က မလေးရှားရောက် မြန်မာများ၏ ဆက်သွယ်ပြောပြချက်အရ သိရသည်။

 အဆိုပါ EVER FIND SERVICE SDN,BHD က အသိပေး ဖော်ပြချက်အရ မလေးရှားနိုင်ငံမှ Work Permit လျှောက်ထားမှုများအား ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင် အပြီးသတ် ဆောင်ရွက်သွားရ မည် ဖြစ်ကြောင်းနှင့် အချိန်ကာလ သတ်မှတ်ထားရှိခြင်းကြောင့် မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အ ထား ပြသနိုင် သူများ၊ မြန်မာနိုင်ငံတွင် နေရပ်လိပ်စာ အတိအကျရှိသူများ အားလုံး မြန်မာနိုင်ငံသား စိစစ်ခြင်း လုပ်ငန်း စဉ်များ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် မြန်မာသံရုံးနှင့် EVER FINE ကုမ္ပဏီတို့သို့ အမြန်ဆက်သွယ် ဆောင်ရွက်ကြပါရန် မလေးရှားရောက် မြန်မာနိုင်ငံသားများအား အသိပေး အကြောင်းကြားထားကြောင်း သိရသည်။

EVER FINE ကုမ္ပဏီတွင် မှတ်ပုံတင်ပြီးသူများအား ဒီဇင်ဘာ ၃၀ ရက်မှ ၃၁ ရက်အတွင်း နိုင်ငံသား စိစစ်ရေး လုပ်ငန်းများအား မြန်မာသံရုံး၌ အပြီးဆောင်ရွက်ပေးမည်ဖြစ်ပြီး EVER FINE ကုမ္ပဏီသို့ အမြန်ဆုံး ဆက်သွယ်ရန်နှင့် မြန်မာသံရုံးသို့ ကုမ္ပဏီကားများဖြင့် အခမဲ့ကြို/ပို့ ဆောင်ရွက်ပေး သွား မည် ဖြစ်ကြောင်းလည်း သိရသည်။
 မြန်မာနိုင်ငံမှ ရောက်ရှိလာသော သတင်းရဲတပ်ဖွဲ့၊ လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန တို့မှ ကိုယ်စားလှယ်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြန်မာသံရုံး၌ မြန်မာနိုင်ငံသား စိစစ်မှုများ ဆောင်ရွက်ပေးမည် ဖြစ်ပါသဖြင့် အမြန်ဆက်သွယ် ဆောင်ရွက်ကြပါရန် အသိပေး အကြောင်းကြားထားကြောင်းလည်း မလေးရှားရောက် မြန်မာများက ပြောပြခဲ့သည်ဟု ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

Ref:ခေတ်လူငယ်

0 comments:

Post a Comment