Pages

Translate

Sunday, November 3, 2013

MPT ဆန့်ကျင်ပွဲကြီး စပါပြီ

ပြည်ပက ညီအစ်ကိုမောင်နှမတွေကတော့သိမှာမဟုတ်ပါဘူး
ကျွန်တော်တို့ မြန်မာပြည်တွင်းက အင်တာနက်အသုံးပြုသူများ
အားလုံးသိပါတယ် အထူးသဖြင့် ကျွန်တော်တို့ Mobile Data 
အသုံးပြုသူတွေ ပိုဆိုးပါတယ် ရန်ကုန်လို မြို့ကြီးတွေမှာလည်းမကောင်းသလို
နယ်မြို့လေးတွေလည်းမကောင်းပါဘူး ဒါပေမယ့် ပုံမှန် 
အားဖြင့် တစ်မိနစ်ကို GSM (2G) ဆိုရင် မြန်မာငွေ (၂)ကျပ်
WCDMA , CDMA(800) ဆိုရင် မြန်မာငွေ (၄)ကျပ်ကျပါတယ်
အင်တာနက် အသုံးပြုခ ကုန်ကျငွေအားဖြင့်  အရမ်းကို များလွန်းတဲ့
အပြင် အင်တာနက်လိုင်းကလည်း ကျွန်တော်တို့ လူအများသုံးနေကြတဲ့
facebook တောင် မပွင့်တာတွေ ရှိပါတယ် ဒါပေမယ့် အင်တာနက်ဖိုးကတော့
လုံးဝလျော့မသွားခဲ့ပါ ။ ကျွန်တော်တို့မြန်မာပြည်သူတွေအပေါ်
လုံးဝ အမြတ်ကြီး စားပြီး မသထာ ရေစာ စားနေတဲ့ မြန်မာ့ဆက်သွယ်ရေး
MPT ကို ဆန့်ကျင်ဖို့ အချိန်တန်ပြီလို့ထင်ပါတယ်  ဘယ်လိုဆန့်ကျင်ကြမလဲ
အပေါ်က ပေးထားတဲ့ MPT Dislike photo လေးကို Facebook profile 
ပုံလေးအဖြစ်ပြောင်း ပေးခြင်းဖြင့် ကျွန်တော်တို့တွေ ဆန့်ကျင်မှုလုပ်ရပါလိမ့်မယ်
ဒါမှ အစိုးရ အနေနဲ့ ကျွန်တော်တို့အတွက် တစ်နည်းနည်းဆောင်ရွက်ပေး
မှာပါ အင်တာနက်လိုင်း ပိုမကောင်းလာဘူးဆိုခဲ့ရင်တောင်
အင်တာနက် အသုံးပြုခ စရိတ်ကို လျော့ချပေးဖို့ တောင်းဆိုရပါလိမ့်မယ်ခင်ဗျာ
အားလုံး ပူးပေါင်းဆန့်ကျင်ကြတာပေါ့

0 comments:

Post a Comment