Pages

Translate

Friday, January 4, 2013

ဟက်ကင်နဲ့ပတ်သတ်လို့ ဖတ်ကိုဖတ်သင့်တဲ့ စာအုပ်နှစ်အုပ် ( I recommend )

ဟက်ကင်နဲ့ပတ်သတ်လို့ ဖတ်ကိုဖတ်သင့်တဲ့ စာအုပ်နှစ်အုပ် ( I recommend )
ဟက်ကာ နည်းပညာတွေကို လေ့လာလိုတဲ့ ညီအကို မောင်နှမတွေအတွက် အင်တာနက်ကနေ ရှာဖွေ တွေ့ရှိတဲ့ စာအုပ်များကို ဝေမျှပေးလိုက်ပါတယ်..

  • "ကွန်ပျုတာ သင်္ကေတများကို ဘယ်လို ဖောက်ထွင်းချိုးဖျက်မလဲ" ဆိုတဲ့ စာအုပ် - ပီဒီအက်ဖ် - စာမျက်နှာ ၅၉၇ - ၇.၇၆ မီဂါဘိုက် အခန်းပေါင်း (၈)ခန်း - ရည်ညွှန်းကိုးကားရန် အက္ခရာအညွှန်း
  • ဆော့ဖ်ဝဲ တွေကို ဘယ်လို ဖောက်ထွင်းကြည့်လို့ ရသလဲ
  • အဲဒီလို ဖောက်ထွင်းကြည့်သူတွေဟာ ဘယ်လို အကြောင်းတွေကြောင့် ဖောက်ကြည့်တာလဲ
  • Fire Wall, Intrusion Detection Systems တွေနဲ့ ဗိုင်းရပ်စ် ကာကွယ်ရေးဆော့ဖ်ဝဲ တွေဟာ ဒီလို လူဆိုးတွေကိုတော့ ဘာလို့ မကာကွယ်နိုင်တာလဲ
  • ဆော့ဖ်ဝဲတွေကို ဖောက်ထွင်းဖို့ ဘယ်လို ကိရိယာ တွေကို သုံးမလဲ
  • အဲဒီအချက်တွေ အတွက် အဖြေတွေ ဒီစာအုပ်မှာ ပါရှိပါတယ်
  • ဒီစာအုပ်ဟာ ပညာပေးဖို့ အတွက် သီးသန့်ရည်ရွယ်ထားတာ ဖြစ်ပြီး မိမိတို့ ရေးသားထားတဲ့ ဆော့ဖ်ဝဲတွေကို လုံခြုံအောင် ဘယ်လို အကာအကွယ် လုပ်ရမလဲ ဆိုတာ သိနိုင်ဖို့ ဖောက်ထွင်းကြည့်တဲ့ နည်းစနစ်တွေကို လေ့လာတဲ့ သဘော ဖြစ်ပါတယ်

  • "လုံခြုံသော ကွန်ပျုတာ သင်္ကေတများ - ရေးသားနည်းများနှင့် အလေ့အကျင့်ကောင်းများ" ဆိုတဲ့ စာအုပ် - ပီဒီအက်ဖ် - စာမျက်နှာ ၂၀၀ - ၂.၁ မီဂါဘိုက် အခန်းပေါင်း (၆)ခန်း - ရည်ညွှန်းကိုးကားရန် အက္ခရာအညွှန်း
  • ကွန်ပျုတာ စနစ်တွေထဲကို ဖောက်ဝင်နိုင်တဲ့ အဖြစ်အပျက်တွေကို လေ့လာကြည့်မယ်ဆိုရင် သက်ဆိုင်ရာ စနစ်တွေမှာ လုံခြုံမှု အားနည်းတဲ့အတွက် ဖောက်နိုင်တယ် ဆိုတာ ထင်ရှားပါတယ်
  • ဒီဇိုင်း၊ လက်တွေ့ရေးသားမှု၊ စမ်းသပ်မှု နဲ့ လုပ်ငန်းဆောင်ရွက်မှုများ အားလုံးမှာ အားနည်းချက်တွေရှိနေလေလေ တိုက်ခိုက်ခံရဖို့ အခွင့်များလေလေ ဖြစ်ပါတယ်
  • ဒီစာအုပ်ကတော့ အားနည်းချက်ရှိတဲ့ ပရိုဂရမ် သင်္ကေတများဆိုင်ရာ ပြဿနာများကို ရှုထောင့်သစ် တစ်ရပ်ကနေ တင်ပြထားပါတယ်
  • စာအုပ်ကို ပြုစုသူကိုယ်တိုင်က ကွန်ပျုတာ လုံခြုံမှုစနစ် နယ်ပယ်မှာ နှစ်ပေါင်းများစွာ အလုပ်လုပ်လာခဲ့တဲ့ အတွေ့ အကြုံတွေက ရလာတဲ့ အချက်တွေကို စုစည်းဖော်ပြထားတာ ဖြစ်ပါတယ်


0 comments:

Post a Comment