Pages

Translate

Saturday, January 26, 2013

Gmail ပတ်စ၀ပ်မသိပဲ သူများအကောင့်ကိုဝင်ကြည့်ချင်တယ်ဆို(ကိုယ်တွေ့ )

Gmail ပတ်စ၀ပ်မသိပဲ သူများအကောင့်ကိုဝင်ကြည့်ချင်တယ်ဆို(ကိုယ်တွေ့ )


ဒီနည်းလေးက ဆောင်ရန်ရှောင်ရန်ထဲမှာပါတယ် ။ သူများအကောင့်ကို  မသိအောင်

ဝင်ကြည့်တော့မယ်ဆို အရေးပါတဲ့ နည်းလမ်းတစ်ခု ဖြစ်ခဲ့ဖူးတယ်။ ဟိုးအရင်က ဒီလို

နည်းလမ်းနဲ့  သူများအကောင့်တော့ မဟုတ်ဘူး  ။ဟန်ဂျီအင်း အကောင့်ကို ခိုးပြီး ၀င်

ကြည့်လိုက်တယ် ။ ဒီနည်းက ရခဲ့တယ်ဆိုရင် ပတ်စ၀ပ်ပြောင်းပြီးမှ ၀င်ရတာဆိုတော့

တစ်ဖက်လူက ဘာမှလုပ်လို့ မရတော့ဘူး 2009 ကတော့ google Security တွေက

အခုလို မမြင့်သေးဘူး ။ အကောင့်တစ်ခု ရဖို့  လွယ်ကူတယ်လို့ ပြောလို့ ရတဲ့ အပိုင်း

မှာပါတယ်။  မြန်မာပြည်အနေနဲ့ လည်း နည်းပညာတွေ တအားကြီး မထွန်းကားသေး

သလို  သုံးတဲ့ သူလည်း အခုလောက် မပေါသေးဘူး ။ အဲ့တော့ အခုပြောတဲ့ နည်းက

အတော်လေး အဆင်ပြေခဲ့ဖူးတယ် Security Question ဖြေတဲ့  နည်းလမ်းပါ သူစိမ်း

အကောင့်တွေ ဆိုရင် မလွယ်ပေမယ့် ကိုယ်နဲ့  နီးစပ်တဲ့သူတွေ  အကောင့်ကို လိုချင်

တဲ့အခါ သုံးလို့ ရခဲ့တယ်။ Gmail Php အတုနဲ့ လည်း အကောင့် ဟက်လို့ ရတယ် အဲ့

နည်းလမ်းကတော့ ပတ်စ၀ပ်မပြောင်းပဲနဲ့  မသိမသာဝင်ကြည့်တဲ့နည်းပါ သုံးတဲ့သူက

နည်းပညာအားနည်းရင် မသိနိုင်ပါဘူး အဲ့နည်းကတော့ အခုအထိအဆင်ပြေနေဆဲပါ

ဘာလို့ လည်းဆိုတော့  အဲ့နည်းနဲ့  စမ်းကြည့်တာ  ဟန်ဂျီအင်း အပါအ၀င် ကျနော့ရဲ့

အရင်းနီဆုံး သူများရဲ့ အကောင့်တွေကို ပတ်စ၀ပ် သိခဲ့ရတယ်။   နောက်ပြောင် ရုံပါ

ဟန်ဂျီအင်း  အကောင့်ကလွဲပြီး ဘယ်သူ့ အကောင့်မှ ၀င်မကြည့်ခဲ့ပါဘူး မေးလိပ်စာ

အတုနဲ့  ၀င်တဲ့နည်းလမ်းက နည်းပညာအား နည်းတဲ့ သူတွေဆို အခုထိ  ခံနေရဆဲပါ

ဘလော့ဂါ သူငယ်ချင်းတွေဆိုလည်း အဲ့လိုပါပဲ ။ကိုယ့်ဘလော့ကလွဲပြီး အပြင်ဆိုဒ်ကို

မလည်ဖြစ်တော့ဘူး လေ့တော့လေ့လာနေတာပဲ အခုပြောတဲ့နည်းလမ်းက သုံးကြည့်

ချင်တယ်ဆိုရင် သူများမေးကို ပတ်စ၀ပ် မသိပဲ ၀င်လိုက်  မှားကြောင်းပြလာလိမ့်မယ်

Forgot your password ကို နှိပ်ပြီး ပေါ်လာတဲ့ အကွက်တွေအတိုင်းလိုက်သွားလိုက်

Security Question ဖြေဖို့  အကွက်ရယ် Recovery mail ရယ် ဖုန်းနံပတ်ထည့်ထား

ရင်တော့ verfication Code ပေးဖို့ ပေါ်လာမယ် ။ အရင်တုန်းက အဲ့စနစ်မပါသေးဘူး

အခုတော့ google Security က မြင့်လာပြီ ။ သာမာန်ဆို သူများအကောင့်ခိုးဖို့  သိပ်

မလွယ်ကူပါဘူး ။ security Question ကို မှန်အောင် ဖြေနိုင်ရင်တော့ သေချာပေါက်

ရတယ် အဲ့ကြောင့် gmail အကောင့်လုပ်တဲ့အခါမှာ Secondary email ရယ် နောက်

Security Question ကို သေသေချာချာ ဖြည့်သင့်တယ် သူများ ခိုးသွားရင်လည်း ပြန်

ယူဖို့ လွယ်တယ် ခိုးတဲ့သူက တော်ပြီး အကုန်ပြောင်းလိုက်ရင်တော့ မရတော့ဘူးပေါ့

Security မှာ ကိုယ်ပိုင်ရေးလို့ ရတယ် ဟန်ဂျီအင်းအကောင့်ကိုက သူက google က

ပေးတာမသုံးပဲ ကိုယ်ပိုင်ရေးထားတာ Who is your boyfriend? တဲ့ ။ အဲတော့ ဖြေ

လိုက်ပါတယ် မှန်သွားတော့ ပတ်ဝပ်ပြောင်းပြီးဝင်မိတယ် အဲ့လိုနဲ့ အငြင်းပွားစရာတွေ

ဖြစ်လာခဲ့တာ 2009 ကနေ 2012 အထိပဲ အကောင့်တစ်ခုကို Hack ချင်တာ မေးခွန်း

တစ်ခုသိရုံနဲ့  မရဘူးလို့ ငြင်းတဲ့သူတွေ ရှိနေတယ်။ သေချာတာကတော့ Security သိ

တာနဲ့ အကောင့်ခိုးလို့ ရတယ် အခုနောက်ပိုင်း Google Security က ပတ်စ၀ပ်သိနေ

တာတောင် IP Location ကွာလို့ အကောင့်ပွင့်မလာတာ တွေရှိတယ် မြန်မာပြည်က

သုံးတဲ့ အကောင့်ကို ပတ်စ၀ပ်သိတော့ ဒီက ခိုးဖွင့်တာ Different IP Location ဆိုပြီး

ပွင်မလာတာတွေလည်း ရှိတယ် အဲ့တော့ သတိထားသင့်တာက Security မေးခွန်းသိ

တာနဲ့  သူများအကောင့်ကို ဖွင့်လို့ ရတယ်ဆိုတာပါပဲ Two Step Verification လုပ်ရင်

တော့မဆိုလိုဘူးပေါ့ ပညာတော့မစမ်းပါဘူး ဗဟုသုတရေးကြည့်တာ အငြင်းပွားတဲ့သူ

တွေရှိနေလို့  ဆောင်ရန် နဲ့ ရှောင်ရန်ဗဟုသုတ အဖြစ်ရေးသားခြင်းဖြစ်ပါကြောင်း.

0 comments:

Post a Comment