Pages

Translate

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Wednesday, April 9, 2014

MyanPay အွန်လိုင်း ငွေပေးချေမှုစနစ်တွင် VISA Card များ စတင်အသုံးပြုနိုင်ပြီ



MyanPay အွန်လိုင်း ငွေပေးချေမှုစနစ် (MyanPay Online Pay-ment Gateway) တွင် နိုင်ငံတကာသုံး ဗီဇာကတ်များ စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

ယခုလ ပထမအပတ်မှ စတင်ကာ အသုံးပြုနိုင်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူက ပြောသည်။ “VISA Card အတွင်းမှာရှိတဲ့ ငွေတွေကို MyanPay ထဲမှာ မြန်မာကျပ်ငွေနဲ့ ချက်ချင်း (Instantly) ငွေသွင်းပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်” ဟု ယင်းက ပြောကြားသည်။ Myan Pay - Secure Online Payment တွင် ၂၀၁၄ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှ စ၍ Master Card စတင် အသုံးပြုနိုင်ခဲ့ပြီး ယခုဧပြီလ ပထမအပတ်မှစတင်ကာ VISA Card အား အသုံးပြုနိုင်ခဲ့ခြင်း ဖြစ်သည်။ ဆက်လက်၍ ပြည်တွင်းရှိ MPU Card များ၊ Mobile Banking စနစ်များ၊ Mobile Money စနစ်များကိုလည်း Myan-Pay တွင် မကြာမီအသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။

“MyanPay အကောင့်အသုံးပြုဖို့ ဘဏ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ရတာဖြစ်လို့ ဘဏ်ဖွင့်ရက်မှာသာ သွားရောက် ဆောင်ရွက်နိုင်တာပါ။ အခု VISA Card, Master Card တွေနဲ့ ငွေပေးချေနိုင်ပြီဆိုတော့ ဘဏ်ကိုသွားစရာ သက်သာသွားတာပေါ့” ဟု လက်ရှိ MyanPay အသုံးပြုနေသူတစ်ဦးက ပြောကြားသည်။ MyanPay စနစ်မှာ အင်တာနက်မှတစ်ဆင့် ငွေပေးချေခြင်း၊ ငွေလွှဲပေးပို့ခြင်း၊ ငွေလက်ခံခြင်းတို့အား ဝန်ဆောင်မှုပေးခြင်း ဖြစ်သည်။ ငွေလွှဲပေးပို့ရာတွင် Myan Pay အကောင့်အချင်းချင်း (သို့) ငွေလွှဲပြောင်း ပေးပို့လိုသူ၏ အီးမေးလ်လိပ်စာ သိရှိရုံဖြင့် ပေးပို့နိုင်မည်ဖြစ်ကြောင်း၊ ပေးပို့လိုသော အီးမေးလ်ထံသို့ MyanPay အကောင့်တစ်ခုရယူ၍ ငွေလက်ခံရန်အကြောင်းကြား ပေးပို့ပေးကြောင်း သိရသည်။

ငွေလက်ခံရာတွင် အွန်လိုင်းပေါ်၌ အမြဲရှိနေရန် မလိုအပ်ဘဲ မိုဘိုင်းဖုန်းသို့ စာတိုပို့စနစ်ဖြင့် အကြောင်းကြားပေးကြောင်း သိရသည်။ ယခုကဲ့သို့ နိုင်ငံတကာကတ်များနှင့် အသုံးပြုလာနိုင်ခြင်းဖြင့် ရုံးပိတ်ရက်များတွင် အသုံးပြုနိုင်မည်ဖြစ်ခြင်း၊ ၂၄ နာရီအသုံးပြုနိုင်ခြင်း စသည့် အားသာချက်များ ရှိလာမည်ဖြစ်ကြောင်း ဆိုသည်။ လက်ရှိတွင် MyanPay ထဲသို့ မြန်မာနိုင်ငံအတွင်းရှိ ဘဏ်ခွဲပေါင်း ၅၁၀ ကျော်မှ ငွေသွင်း၍ရကြောင်း သိရသည်။ VISA Card အသုံးပြုသူများ အနေဖြင့် www.myanpay.com.mm သို့ ဝင်ရောက်ကာ Login ပြုလုပ်ပြီး ဗီဇာကတ်အတွက် သတ်မှတ်ထားသော Link ထံသို့ ဝင်ရောက်ကာ ညွှန်ကြားချက်အတိုင်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။


ထွန်းထွန်း

Internet Journal

ပျောက်ဆုံးလေယာဉ် Black Box အချက်ပြသံ ဖြစ်နိုင်ခြေထပ်မံတွေ့ရှိ

08.04.2014 

မလေးရှားပျောက်ဆုံးလေယာဉ်ရဲ့ လေယာဉ်ပျံသန်းမှု မှတ်တမ်းတင် Black Box က အချက်ပေးသံနဲ့ ကိုက်ညီတဲ့ အသံအသစ်တွေကို ရေတပ်သင်္ဘောတစီးက လက်ခံရခဲ့တယ်လို့ Australia ရှာဖွေရေး အရာရှိတွေက ထုတ်ပြောလိုက်ပါတယ်။

ရှာဖွေရေးအကြီးအကဲ Angus Houston က ပြီးခဲ့တဲ့ရက်အတွင်းတွေ့ခဲ့ရတာတွေက Australia ကမ်းလွန် က အိန္ဒိယသမုဒ္ဒရာထဲမှာ ဒီ Boeing 777 လေယာဉ်ရှာဖွေမှုအားလုံးထဲမှာ အားရစရာ အကောင်းဆုံးဖြစ် တယ်လို့ Perth မြို့မှာ တနင်္လာနေ့ကပဲ ပြောခဲ့ပါတယ်။ ဒါပေမယ့် ထပ်မံ အတည်ပြုချက်တွေ ယူဖို့ လိုနေသေးပြီး အဲ့ဒီအတွက် နောက်ထပ်ရက်တွေထပ်ကြာနိုင်သေးတယ်၊ ဒါပေမဲ့လည်း ဒီအမေရိကန်ရေ တပ် သင်္ဘောကရတဲ့ အချက်ပေးသံဟာ သိပ်အားရစရာကောင်းနေတယ်လို့ Mr. Houston က ဆက်ပြောခဲ့ ပါတယ်။

Australia သင်္ဘော Ocean Shield ဆွဲလာတဲ့ အချက်ပေးသံရှာနေတဲ့ စက်ကိရိယာက Black Box က အချက်ပေးသံကို ၂ နာရီ မိနစ် ၂၀ ကြာအောင် ရနေခဲ့ပြီး နောက်တခေါက်အနေနဲ့လည်း ၁၃ မိနစ်ကြာအောင် ထပ်ကြားခဲ့တယ်လို့ Mr. Houston က ဆိုပါတယ်။

သူကပဲ ခုလို ကြားခဲ့ရတာက လေယာဉ်ပျံသန်းမှု မှတ်တမ်းတင် ကိရိယာကနေ ရတာရော၊ လေ ယာဉ်မောင်းခန်းက အသံသွင်းကိရိယာက ရတဲ့အသံအတွက်ပါ နှစ်ခုစလုံးနဲ့ သွားကိုက်ခဲ့တာ ဖြစ်နိုင်တယ် လို့ သုံးသပ်ပြခဲ့ပါတယ်။

နောက်ဆုံးရတဲ့ အချက်ပေးသံ ယျေဘုယျအားဖြင့် ဘယ်ကလာလဲဆိုတဲ့ နေရာကို အတည်ပြုလိုက်နိုင်ပြီ ဆိုရင်တော့ အလိုအလျောက်သွားတဲ့ ရေငုပ်သင်္ဘောလွှတ်ပြီး စုံစမ်းမယ်လို့ Mr. Houston က ဆက်ပြောခဲ့ပါတယ်။

လူပေါင်း၂၃၉ ဦးပါတဲ့ မလေးရှားလေယာဉ်ဟာ ကွာလာလမ်ပူမြို့ကနေ တရုတ်နိုင်ငံ၊ ဘီဂျင်းမြို့ကို ထွက်ခဲ့ရာမှာ မတ်လ ၈ ရက်နေ့မှာ ဝေဟင်ကနေ ရုတ်တရက်ပျောက်ဆုံးသွားခဲ့ရာမှာ တလခန့်အကြာ တနင်္ဂနွေနေ့မှာ အိန္ဒိယသမုဒ္ဒရာအောက်ကနေ အချက်ပေးသံ ၃ ချက်ကို ရှာဖွေရေးသမားတွေက ကြားခဲ့ရအပြီး အခုလို တိုးတက်မှုအလားအလာရှိလာခဲ့တာပါ။
 
VOA

Telenor က ကိုယ်ပိုင်အင်တာနက်လိုင်းကို နိုင်ငံတကာနှင့် ချိတ်ဆက်ပြီး ဝန်ဆောင်မှုပေးရန်ရှိ

နော်ဝေ ဆက်သွယ်ရေးကုမ္ပဏီ Telenor က အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် မရှိသည့် ကိုယ်ပိုင်အင်တာ နက်လိုင်းတစ်ခုကို နိုင်ငံတကာ အင်တာနက်ကွန်ရက်နှင့် ချိတ်ဆက်အသုံးပြုနေပြီဖြစ်ကြောင်း ယခုလ ပထမပတ်အတွင်းတွင် ပြည်တွင်း၊ ပြည်ပသတင်းဌာနအချို့၏ တရားဝင် အင်တာနက်စာမျက်နှာများပေါ် ၌ ရေးသားဖော်ပြလာခဲ့ကြသည်။

Telenor Myanmar ကုမ္ပဏီသည် ၎င်းတို့၏ ကိုယ်ပိုင်အင်တာနက်လိုင်း တစ်ခုကို သီးသန့်တည်ဆောက် ရန်ရှိပြီး အဆင့်မြင့် အင်တာနက်ဝန်ဆောင်မှုကို ပေးနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်တွင်း မီဒီယာသို့ ပြောကြားခြင်းများ ရှိခဲ့သည်။

ယခုထွက်ပေါ်လာသည့် သတင်းများတွင် စင်ကာပူနိုင်ငံရှိ ဆက်သွယ်ရေးကုမ္ပဏီမှဖြစ်သည့် TaTa မှ တစ်ဆင့် နိုင်ငံတကာ အင်တာနက်လိုင်းကို ချိတ်ဆက်ထားခြင်းဖြစ်ပြီး ယင်းချိတ်ဆက်မှုသည် ၂၀၁၃ ခုနှစ်၊ မတ်လ ၈ ရက်က စတင်ခဲ့သည့်ဟု အထက်ပါသတင်းများတွင် ဆက်လက်ဖော်ပြထားကြသည်။

Telenor Myanmar ကုမ္ပဏီသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို မမှီခိုသည့် နိုင်ငံတကာနှင့် ချိတ်ဆက် ထားသည့် ကိုယ်ပိုင်အင်တာနက်လိုင်းတစ်ခုကို တည်ဆောက်ထားခြင်းဖြစ်ပြီး ယခုကဲ့သို့ လုပ်ဆောင်မှု သည် မြန်မာနိုင်ငံ၌ ပထမဆုံးလုပ်ဆောင်လိုက်သည့် အင်တာနက်ဆက်သွယ်မှုနှင့် ပတ်သက်ပြီး ပထမဆုံးခြေလှမ်းဖြစ်သည်ဟု သိရသည်။

ယုဇနကိုကို

Internet Journal

Hacking ကို အခြေခံသဘောလောက် ကလိချင်သူများအတွက် - Relytec All In One Keylogger v3.8 + Patch / Keygen

http://www.sharewarebay.com/images/screenshot/relytec/All_In_One_Keylogger.jpg
Facebook ကနေ အားမနာပါးမနာနဲ့ တွေ့တိုင်းတောင်းနေတဲ့ အကိုတစ်ယောက်အတွက် Keylogger တစ်ခု တင်ပေးလိုက်ပါတယ်ဗျာ။ Kelogger တစ်ခုကို ကျွမ်းကျင်ပိုင်နိုင်စွာအသုံးပြုနိုင်မယ်ဆိုရင်တော့ မိမိလိုချင်တဲ့ Data တွေကို လွယ်ကူစွာရရှိနိုင်မှာပါ။ ဒါပေမယ့် Security ကောင်းမွန်တဲ့ ပညာရှင်များထံမှ Data တွေကို ရယူနိုင်မှာတော့မဟုတ်ပါဘူး။ Feature အပြည့်အစုံသုံးနိုင်ဖို့အတွက် Patch နဲ့ Keygen ကိုပါထည့်ပေး လိုက်ပါ တယ်ဗျာ။ အဆင်ပြေတာနဲ့သာအသုံးပြုကြပါဗျာ။ နည်းပညာနဲ့ပတ်သတ်ရင် သူများထက်ခြေတစ် လှမ်းနောက်မကျစေချင်တဲ့ ရည်ရွယ်ချက်နဲ့ တင်ပေးလိုက်တာပါ။ အခုပေးလိုက်တဲ့ Relytec All In One Keylogger  ဟာ သူတပါး အကျိုးစီးပွားကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့တင်ပေးခြင်းမဟုတ်ပါ။ အသေး စိတ်သိချင်တယ်ဆိုရင်တော့ အောက်က Link မှာဒေါင်းယူနိုင်ပါတယ်ဗျာ။

This is Invisible Keylogger surveillance software , Keystrokes Recorder, Spy Software tool that registers every activity on your PC to encrypted logs. The Keylogger Software allows you to secretly track all activities from all computer users and automatically receive logs to a desire e-mail/FTP/LAN accounting.
All In One Keylogger allows you to view all keystrokes typed, chat conversations, e-mails messages, printed documents names, name of files that were created, deleted or renamed and watch the websites they surfed to (even after browser history has been deleted).
By activating All In One Keylogger, you can monitor everything Including blocking unwanted programs and websites.
All In One Keylogger allows you to register all keystrokes typed including language-specific characters, talk and messages conversations (Both sides), passwords, e-mails, text that was copied to clipboard, microphone sounds, screenshots capturing, desktop and Internet activity (like sites your kids have visited).
All In One Key logger automatically activates itself when windows starts and is completely invisible in Applications and Processes tabs in Task Manager, Windows Task Bar, System Tray, MSConfig (Startup entry), Uninstall list (Add/Remove programs) And startup menu. All In One Key logger also Hides its files. 


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

ပထမဆုံး မြန်မာစာ Build-in ပါဝင်တဲ့ Huawei စမတ်ဖုန်း Huawei Ascend G6



USD 250 Around ( ခန့်မှန်း ၂၅၀,၀၀၀ ကျပ်ဝန်းကျင်)
 
Huawei Showroom
၀၉-၃၁၅ ၉၇၇ ၇၀

Ascend G6 ဟာ မြန်မာနိုင်ငံကို မကြာခင်ရောက်ရှိလာတော့မယ့် ဖုန်းတစ်လုံးပါ။ Huawei စမတ်ဖုန်းတွေထဲ မြန်မာစာ Build-in ပထမဆုံး အသုံးပြုထားတဲ့ ဖုန်းပေါ့။ ပြည်တွင်းဈေးကွက်ထဲကိုတော့ ဧပြီလအတွင်းမှာ စတင်ရောင်းချသွားပါ လိမ့်မယ်။ G6 အကြောင်းပြောရမယ် ဆိုရင် သူဟာ P6 နဲ့ ညီအစ်ကိုလိုပါပဲ။ P6 နဲ့ ဒီဇိုင်းအသွင်အပြင် တထေရာတည်းတူညီပြီး ပါးလွှာမှု အပိုင်းမှာလည်း နှိုင်းယှဉ်နိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ P6 လောက် အရွယ်အစားမကြီးပေမယ့် အသုံးပြုနိုင်တဲ့ Feature တွေက P6 ထက်တောင် ပိုနေပါသေးတယ်။ G6 ကို ကိုယ်တိုင်စမ်းသပ်ကြည့် လိုက်တော့…….

မြန်မာစာ Build-in ပါဝင် မိုဘိုင်းဖုန်းမှာ မြန်မာစာသုံးနိုင်ဖို့ ဆိုတာ အရေးကြီးတဲ့ အချက်တစ်ခု
ဖြစ်လာပါတယ်။ ဒါကို Huawei က အလေးထားပါတယ်။ ဒါ့ကြောင့်
မြန်မာစာ Build-in ပါတဲ့ စမတ်ဖုန်းတစ်လုံးကို ဖန်တီးပေးလိုက်တာပါ။

မြန်မာစာ Build-in ပါလာတဲ့အတွက်ကြောင့် ဖုန်းရဲ့ App တွေ၊ Setting တွေ၊ Network ချိတ်ဆက်မှုတွေကအစ မြန်မာဘာသာ
စကားတွေနဲ့ မြင်တွေ့ရပါပြီ။ အားသာချက်က မြန်မာစာဖော်ပြမှုတွေဟာ ပိုမိုရှင်းလင်းပြီး နားလည်ရလွယ်ကူတဲ့ စာသားတွေမြင်တွေ့ရခြင်းပါ။

ရှေ့ကင်မရာကို အလေးပေးထား
G6 မှာ ရှေ့ကင်မရာစွမ်းရည်ကို ပိုအလေးပေးထားတာ တွေ့ရပါတယ်။
ရှေ့ကင်မရာကို 5MP အထိတောင် သုံးပေးထားပါတယ်။ မနည်းလှတဲ့ Pixels အရည်အသွေးပါ။ 88° Wide-Angle ရိုက်ကူးနိုင်မယ့် စွမ်းရည်တွေ ရှိနေပါတယ်။ အသံနဲ့ခိုင်းစေ ရိုက်ကူးနိုင်တဲ့ Voice System လည်း ပါဝင်ပါတယ်။

နောက်ဘက်မှာတော့ Auto Focus လုပ်ပေးနိုင်တဲ့ 8 MP BSI ကင်မရာ တစ်လုံးကို တပ်ဆင်ထားပါတယ်။ အဲဒီကင်မရာမှာ 5P Lens တွေ တပ်ဆင်ထားပြီး F2.0 Aperture စွမ်းရည်တွေကို ပိုင်ဆိုင်ထားပါတယ်။ အလင်းပြန်မှု အရမ်းများနေတဲ့ ပတ်ဝန်းကျင်မှာ အဆင်ပြေပြေ ဓာတ်ပုံရိုက်ယူနိုင်အောင် စီစဉ်ပေးမယ့် Blue Glass Infrared Filter တွေကိုလည်း တပ်ဆင်ထားတယ်။ HDR စနစ်တွေ၊ မြင်ကွင်းကျယ် Panorama စနစ်တွေ၊ အလှဓာတ်ပုံရိုက်နိုင်မယ့် Beaty Level စနစ်တွေ သုံးနိုင်ပါသေးတယ်။ ထူးခြားချက်တစ်ခုက ဓာတ်ပုံရိုက်ရာမှာ အသံပါဖမ်းယူပေးမယ့် Sound & Shot စနစ်တစ်ခုပါဝင်လာပါတယ်။ Sound & Shot စနစ်က သင့်ရဲ့အမှတ်တရ ဓာတ်ပုံတွေကို ပိုပြီး အမှတ်တရ ရှိသွားစေတာပေါ့။

ဓာတ်ပုံတွေကို တိုက်ရိုက်ပြုပြင်နိုင်
ရိုက်ယူထားတဲ့ ဓာတ်ပုံတွေကို Effect အမျိုးမျိုးသုံးပြီး အလန်းစား ဓာတ်ပုံတွေအဖြစ် ပြုပြင်နိုင်ပါတယ်။ ဘယ် ကင်မရာ App ကိုမှ သုံးနေဖို့မလိုပါဘူး။ G6 ရဲ့ကိုယ်ပိုင်ကင်မရာမှာပဲ တိုက်ရိုက်ပြုပြင်
နိုင်ပါတယ်။ ဓာတ်ပုံတွေကို လိုအပ်တဲ့အတိုင်းအတာအထိ Cropping
ဖြတ်နိုင်ပြီး အလင်းအမှောင်ချိန်ညှိခြင်း၊ ဓာတ်ပုံဖရိန်ထည့်ခြင်းတွေကို လုပ်ဆောင်နိုင်ပါတယ်။ Effect အမျိုးမျိုးလည်း ပါဝင်ပါတယ်။

Emotion UI 2.0
P6 မှာသုံးထားတဲ့ UI ထက်ဗားရှင်းပိုမြင့်တဲ့ Emotion UI 2.0ကိုသုံးထားတာ
ပါ။ P6 ထက် UI က ပိုပြီးလန်းလာပါတယ်။ Home Screen ကနေ
နှစ်သက်ရာ App တွေကို အလွယ်တကူ အသုံးပြုနိုင်ခြင်းက Emotion UI ရဲ့အားသာချက်တွေပါ။

စွမ်းဆောင်ရည်

G6 မှာ ၄.၅ လက်မရှိတဲ့ qHD မျက်နှာပြင်ကို သုံးထားတာပါ။ P6 ထက်တော့ အရွယ်အစား သေးပါတယ်။ 4 GB Storage နဲ့ 1 GB RAM ကို သုံးထားပါ
တယ်။ 1.2 GHz မြန်နှုန်းရှိတဲ့ Quad-core Processor ကိုသုံးထား
ပါတယ်။ မြန်ဆန်သွက်လက်မှုကို မြင့်မားစွာ စွမ်းဆောင်နိုင်တဲ့ ဖုန်းတစ်လုံးပါပဲ။ Android ဗားရှင်း 4.2 (Jelly Bean) ကိုသုံးထားပါတယ်။ ကြာရှည်အသုံးခံနိုင်မယ့် Li-Ion 2000 mAh ဘတ်ထရီကို တပ်ဆင်ထား
ပါတယ်။

သုံးသပ်ချက်

လက်ရှိပြည်တွင်းကို ဝင်ရောက်လာမယ့် G6 ဗားရှင်းက 3G Network သုံး GSM ဆင်းကဒ် သီးသန့်ထည့်သုံးနိုင်တဲ့ ဗားရှင်းပါ။ နောက်ပိုင်းမှာ CDMA အတွက်ရော၊ ဆင်းကဒ်နှစ်ကဒ်အတွက်ရော ဗားရှင်းအသစ်တွေ ထပ်ထုတ်မယ်လို့ သိရပါတယ်။ CDMA ကိုင်ဆောင်သူတွေ စိတ်မပျက်ရတော့ဘူးပေါ့။

Specifications
- 4.5 inches qHD Display
- GSM 3G Network
- 4 GB Storage, 1 GB RAM
- 8MP Back & 5MP Front Camera
- Android OS, v4.2 (Jelly Bean)
- Quad-core 1.2 GHz Processor
- Li-Ion 2000 mAh Battery

 
 
  TechSpace Journal

ကမ္ဘာ့ အဆင့်ရှိ တဲ့ Telenor နဲ့ Ooderoo တို့ကို ယှဉ်ပြိုင်နိုင်ရန် မြန်မာ့ဆက်သွယ်ရေးပြင်ဆင်နေမှု Final အဆင့်ရောက်


မြန်မာနိုင်ငံ တွင်ရှိသော ကမ္ဘာ့ အဆင့်မီ ပြည်ပ ဆက်သွယ်ရေး အော်ပရေတာ များနှင့် ယှဉ်ပြိုင် နိုင် ရန် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ နိုင်ငံခြား အဖွဲ့အစည်း တစ်ခု နှင့် ပူးပေါင်း ဆောင်ရွက်ရန် စီစဉ်နေ ကြောင်း မြန်မာ့ ဆက်သွယ်ရေး၊ သတင်း အချက်အလက် နှင့် နည်းပညာ ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးမြတ်ဟိန်း က The Messenger သတင်းစာ သို့ ပြောသည်။
 
 
 ပြည်တွင်းမှာ ငွေကြေး အရင်းအနှီး နည်းပညာနဲ့ လူ့စွမ်းအား အရင်း အမြစ် တွေ အားနည်း နေပါတယ်။ ကျွန်တော်တို့ ချည်းပဲ လည်း မလုပ် နိုင်သေး ပါဘူး။ Telenor နဲ့ Ooderoo ဆိုတာ တကယ့် ကမ္ဘာ့ အဆင့်ရှိ တဲ့ Operator တွေလေ။ သူတို့နဲ့ ယှဉ်ပြိုင်နိုင် ဖို့ဆိုတာ တန်းတူတဲ့ အင်အားရှိ ဖို့တော့ လို အပ် နေပါတယ်။ ကျွန်တော် တို့လည်း သူတို့ နဲ့ တန်းတူ အင်အား ရှိတဲ့ နိုင်ငံခြား အဖွဲ့အစည်း တစ်ခု နဲ့ ဆွေးနွေး နေပါတယ်။ Final အဆင့် ရောက်ပြီလို့ ပြောလို့ ရပါတယ် ဟု ၎င်း ကဆို သည်။
 
 
 ယင်းသို့ ဆွေးနွေး နေသော နိုင်ငံခြား အဖွဲ့ အစည်းများ အနက် အဓိက အားဖြင့် ဂျပန် နိုင်ငံ နှင့် ဆွေးနွေး နေပြီး မကြာခင် အချိန် အတွင်း ဆွေးနွေးမှု အသေးစိတ် အချက် အလက် များအား သဘောတူညီ မှု ရရှိ လျှင် ထုတ်ပြန် သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ၀န်ကြီး က ဆိုသည်။ Telenor အနေ နဲ့ ယှဉ်ပြိုင်မှု တွေ ကို နှစ်သက် ပါတယ်။ ဒီ ယှဉ်ပြိုင်မှု တွေက မြန်မာ နိုင်ငံ မှာ သုံးစွဲ တဲ့ ပြည်သူတွေ အတွက် ပို ကောင်း တဲ့ ဆက်သွယ်ရေး စနစ်၊ သက်သာ တဲ့ နှုန်းထား တွေ ပိုရ လာနိုင် ပါတယ်။ Telenor အနေနဲ့ သုံးစွဲ တဲ့ပြည်သူတွေ အကောင်းဆုံး အနေ အထားရောက် အောင် ပြင်ဆင် သွားပါ မယ်။ မြန်မာ့ ဆက်သွယ်ရေး ပဲဖြစ်ဖြစ်၊ အောရီဒူး ပဲဖြစ်ဖြစ်၊ ရတနာပုံ တယ်လီပို့ ဖြစ်ဖြစ် ကြို ဆို ပါတယ် ဟု Telenor Myanmar မှ အမှုဆောင် အရာရှိ ချုပ် Mr.Petter Fuberg က The Messenger သတင်းစာသို့ ပြော သည်။

 
လက်ရှိအချိန်တွင် မြန်မာ့ဆက်သွယ် ရေး ကဏ္ဍ၌ ၀န်ဆောင်မှု များနှင့် ပတ်သက် ၍ မြန်မာ့ ဆက် သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်း၊ ရတနာပုံ တယ်လီပို့ တို့မှ ၀န်ဆောင်မှု များ ပေးနေ သည်။ ထို့ အပြင် ပြည်ပ ကုမ္ပဏီ များ ဖြစ် သော တယ်လီနော နှင့် အောရီဒူး တို့မှ ဆက်သွယ် ရေး လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ရရှိ ထားပြီး ၀န်ဆောင် မှု ပေးနိုင်ရန် ကြိုတင်ပြင်ဆင်မှု များပြုလုပ်နေကြောင်း၊ မြန်မာ့ ဆက်သွယ် ရေး သတင်း အချက်အလက်နှင့် နည်းပညာ ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

 
The Messenger

Huawei C8816D Root နဲ့ မြန်မာဖောင့် ရပါပြီ



Huawei C8816D လေးမြန်မာစာ ရရှိပါပြီ။
                  




နှစ်ခုလုံးဒေါင်းပြီးရင်တော့ စလုပ်ပါမယ်။

အရင်ဆုံး Bootloader Unlock Code တောင်းရပါမယ်။

Bootloader Unlock Code ကို  ဒီကနေ တောင်းလိုက်ပါ။

Code ချက်ချင်းရပါတယ်။

ရလာတဲ့ Code ကို မှတ်ထားပါ။

Bootloader Unlock လုပ်ရန် ဒေါင်းထားတဲ့ exe file လေးကို ဖွင့်လိုက်ပါ။

Device ကို Fastboot Mode သွင်းပြီးကြိုးထိုးလိုက်ပါ။

Fatstboot mode >>> Volume Down + Power Key

PC က Device ကိုသိပြီဆိုရင် Bootloader Unlock exe ကို ဖွင့်ထားတဲ့ file ထဲက

Bootloader Unlock ဆိုတာကို Click လိုက်ပါ။

Box တစ်ခုကျလာပါမယ် ... OK & Cancel နှစ်ခုထဲက OK ကိုရွေးလိုက်ပါ။

Code တောင်းတဲ့ Box လေးကျလာပါမယ်။

မှတ်ထားတဲ့ Code လေးကို ထည့်ပြိး Enter ခေါက်လိုက်ပါ။

Device မှာ Rebbot ကျပြီး Battery အားသွင်းတဲ့ ပုံလေးပြရင် ရပါပြီ။

Battery ကို ဖြုတ်ပြီး ပြန်တက်ပြီး power ပြန်ဖွင့်လိုက်ပါ။

Device ပြန်တက်လာရင် USBDebugging တို့ Unknow source တို့ on ပြီးကြိုးထိုးလိုက်ပါ။

ပြီးရင် Root လုပ်ဖို့ဒေါင်းထားတဲ့ Rar file လေးဖြည်ပြီး အထဲထဲက ရလာတဲ့ Folder ထဲက

Root.cmd ကို ဖွင့်လိုက်ပါ။

သူ့ပါသူ အလုပ်လုပ်ပေးပါမယ် ... နောက်ဆုံး Enter ခေါက်ဖို့တောင်းလာရင် 

Enter ခေါက်ပေးလိုက်ပါ။

Device ပြန်တက်လာရင် Root ရပါပြီ။

Font အတွက်ကတော့ ကျနော်က Smart_Zawgyi_Pro နဲ့ ထည့်လိုက်ပါတယ်။
 

 
~~~~~~~~~~~~~~~~~~~~

ကျနော်ပြန်လည်မျှဝေပေးလိုက်တဲ့ အရာတစ်ခုပာာ တစ်ဦးတစ်ယောက်အတွက်

အထောက်အကူဖြစ်မယ်ဆိုကျေနပ်ပါတယ်။


..........::::: အဆင်ပြေပါစေ :::::..........
 
 
Kaung Htoo San

Credit : http://24sevennn.blogspot.com/