Pages

Translate

Friday, July 4, 2014

Samsung V 4.0.3 / 4.0.4 / 4.1.2 များအတွက် Root မလိုပဲ Flash Zip ဖြင့် စာမပျောက်ပဲ 100% မှန်အောင် မြန်မာဖောင့် + ကီးဘုတ် ထည့်သွင်းခြင်း


Samsung V4.0.3 ကနေ V4.1.2 တွေ အထိ Zawgyione Font ဖြင့် သုံးပါက မြန်မာစာ ရာနှုန်းပြည့် မမှန်ကန်ပါ။ ထို့အပြင် facebook, viber, Chat box နှင့် Web စာမျက်နှာများ၏ ညာဘက်ထောင့်တွေမှာ စာများအောက်ကို မဆင်းဘဲ ပျောက်တတ်ပါတယ်။ Samsung ပတ်သက်ဖူးတဲ့ သူတိုင်း သိပြီးသားဖြစ် မှာပါ။

ထိုအခက်အခဲများ ပြေလည်စေရန် ကိုကျော်စွာသွင်က မြန်မာစာမှန်အောင် Smart Zawgyi Pro.bat ထုတ်ပေးခဲ့ပါတယ်။ ထိုအပြင် facebook, viber, Chat box နှင့် Web စာမျက်နှာများ၏ ညာဘက်ထောင့် တွေမှာ စာများ အလိုအလျှောက် ပြန်ပေါ်အောင်နှင့် မြန်မာစာ ရာနှုန်းပြည့်မှန်အောင် ကိုကျော်ဇောနိုင်က fepfz.apk ကို ထုတ်ပေးခဲ့ပါတယ်။ ထိုကြောင့် မြန်မာဖုန်းလောကရဲ့ မြန်မာစာ အခက်အခဲကို အဆင်ပြေ စွာ ကျော်လွှားနိုင်ခဲ့ ကြပါတယ်။

ကျနော်က ကိုကျော်စွာသွင်ရဲ့ Smart Zawgyi Pro.bat နှင့် ကိုကျော်ဇောနိုင်ရဲ့ fepfz.apk တို့ကို ကောက်နုတ် မှီငြမ်းပြီး Samsung V4.0.3 ကနေ V4.1.2 တွေ အထိ မြန်မာစာ ၁၀၀% ပြည့်မြန်အောင် flashable zip ဖိုင်လေး လုပ်၍ သုံးစွဲခဲ့ပါတယ်။ ထို zip ဖိုင်ကို Samsung V4.0.3 ကနေ V4.1.2 ထိ ဖုန်းနဲ့ Tab တွေကို ဘယ်နေရာမှာမှ စာမပျောက် မြန်မာစာ ရာနှုန်းပြည့်မှန်အောင် အလုပ်မရှုပ်ပဲ အချိန် တိုတိုအတွင်း အလွယ်တကူ မြန်မာစာနှင့် ကီးဘုတ် သွင်းလို့ ရအောင် ကိုယ်တိုင် လုပ်သုံးနေခဲ့တာ ကြာပါပြီ။ တောင်းဆိုတဲ့ သူရှိလို့ ပြန်လည် မျှဝေလိုက်ပါတယ်။ အသုံးပြုလိုပါက အောက်ဆုံးက လင့်မှာ ဒေါင်းယူပါ။

သုံးစွဲပုံမှာ - သင်၏သက်ဆိုင်ရာ Samsung drive တွင် CWM (သို့) Philz (သို့) TWRP အရင်ဆုံး ထည့် ထားရပါမယ်။ မိမိဖုန်းနဲ့ သက်ဆိုင်ရာ CWM (သို့) Philz (သို့) TWRP ကို အောက်က လင့်မှာ ဒေါင်းယူ၍ Odin ဖြင့် မိမိဖုန်းထဲသို့ သွင်းယူပါ။ 

(CWM/Philz/Twrp တင်နည်း မသိသေးသူများ ကျနော် သူငယ်ချင်းရဲ့ ဒီလင့် http://tharyadanar.blogspot.com/2014/03/samsung-galaxy-s4-gt-i9500-cwm.html
မှာ သွားဖတ်ကြည့်ပါ)

CWM link >> http://www.clockworkmod.com/rommanager
Philz link >> http://d-h.st/users/philz_touch
TWRP link >> http://teamw.in/twrp_view_all_devices

ဘယ်နေရာမှာမှ စာမပျောက် မြန်မာစာ ရာနှုန်းပြည့်မှန်စေရန် Samsung(V4.0.3,4.0.4,4.1.2)_mmFont100%_Installer.zip ကို မိမိဖုန်းရဲ့ SdCard0 (သို့) exSdCard ထဲသို့ သွင်းထားပါ။ ဖုန်း ပါဝါကို ပိတ်၍ Power + Volume up + Home ကို ပေါင်း နှိပ်ပြီး Recovery mode (CWM/Philz/TWRP) သို့ဝင်ပါ။ ထိုနောက် မိမိထည့်ထားသော Zip သို့သွား၍ Install လုပ်ပြီး Reboot ချပေးပါ။ ကျနော်လုပ်ထားသော Zip ဖိုင်မှ data များကို ပြန်ဖျက်ချ လိုပါက Samsung (V4.0.3,4.0.4,4.1.2)_mmFont100%_Uninstaller.zip ကို Recovery mode သို့ ပြန်ဝင်ပြီး Install လုပ်၍ ပြန်ဖျက်ချပစ် နိုင်ပါတယ်။

ကျနော် သုံး၍ အဆင်ပြေသော zip ဖိုင်များကို အများအဆင်ပြေစေရန် ပြန်၍မျှဝေခြင်း ဖြစ်ပါတယ်။ zawgyione font ကို အသုံးပြုထားပါသည်။

Thanks to Xda, KoKyawZawNaing, KoKyawSwarThwin, Frozen Keyboard, Zawgyi Team.

ဒေါင်းရန် -
Samsung(V4.0.3,4.0.4,4.1.2)_mmFont100%_Installer.zip >>
http://www.mediafire.com/?t6nwpr1nkbd4u1c

Samsung(V4.0.3,4.0.4,4.1.2)_mmFont100%_Uninstaller.zip >>
http://www.mediafire.com/?u5aa1t51ysc2ary


Credit; kyaw min soe

0 comments:

Post a Comment