Pages

Translate

Monday, April 29, 2013

Android ဖုန်းတွေမှာ Connected ဖြစ်ပြီးသား Wifi Password တွေ ပြန်ကြည့်နည်း


ningtunaung: ကိုပေါက်ရေ ... ကျွန်တော်ကို wifi password ပြန်ကြည့်နည်းလေးသိရင်ပြောပြစေချင်ပါတယ်။ ဖြစ်ပုံက ကျွန်တော်သူငယ်ချင်းကသူ hangset ထဲမှာသူများရိုက်ပေးထားတဲ့ wifi password ရှိတယ် အဲဒါမကြည့်တတ်လို့။

ningtunaung မေးလို့ ကျွန်တော် လိုက်လေ့လာကြည့်တော့ App သုံးပြီးကြည့်လို့ရတယ်..
သုံးရမယ့် App ကို အောက်ကလင့်မှာ တင်ပေးထားပါတယ်...  တစ်မျိုးသုံးရင် ရပါပြီ...

Root Browser Lite ကိုသုံးပြီးကြည့်ခြင်း



1. ပေးထားတဲ့လင့်က Root Browser Lite ကို ဒေါင်းပြီး Install လုပ်လိုက်ပါ...

Solidfiles      Mediafire

2. ပြီးရင် Root Browser Lite Icon ကိုနှိပ်ပြီးဖွင့်လိုက်ပါ...


3. Data/misc/wifi folder ရောက်အောင်နှိပ်ပါ..
4. Data/misc/wifi folder အောက်မှာ wpa_supplicant.conf ဖိုင်ကို ရှာပြီး တစ်ချက်နှိပ်လိုက်ပါ...

5. RB Text Editor ကိုနှိပ်လိုက်ရင် Notepad နဲ့ ကျလာပါမယ်...

6. SSID = ရဲ့ဘေးကဟာက နာမည်
   psk  = ရဲ့ ဘေးကဟာက Password ပါ....



Root Explorer ကိုသုံးပြီးကြည့်ခြင်း

1. ပေးထားတဲ့လင့်က Root Explorer ကို ဒေါင်းပြီး Install လုပ်လိုက်ပါ...
 Solidfiles         Mediafire
2. ပြီးရင် Root Explorer ကိုနှိပ်ပြီးဖွင့်လိုက်ပါ... Super User တောင်းရင် Deny ပေးလိုက်ပါ... Root ဖောက်ပြီးသားဆိုရင်ပေါ့... မဖောက်ရသေးဘူးဆိုရင်တော့ Grant ကိုပေးလိုက်ရင် Root တောင်ပေါက်ပါတယ်.. တစ်ချို့ ဖုန်းတွေမှာပြောတာပါ...
3. Data/misc/wifi folder ရောက်အောင်နှိပ်ပါ..
4. Data/misc/wifi folder အောက်မှာ wpa_supplicant.conf ဖိုင်ကို ရှာပြီး တစ်ချက်နှိပ်လိုက်ပါ.. Notepad နဲ့ ကျလာပါမယ်...


5. SSID = ရဲ့ဘေးကဟာက နာမည်
   psk  = ရဲ့ ဘေးကဟာက Password ပါ....




 အဆင်ပြေပါစေ...

Credit to : မောင်ပေါက်

မေးလာနိုင်မယ့် မေးခွန်းတွေအတွက် ကြိုတင်အဖြေများ..

မေး . ကျွန်တော့်ဖုန်းမှာ Data မတွေ့ပါဘူး... ပြီးတော့ Wifi ဆိုတာလည်း မတွေ့ဘူးခင်ဗျ... ဘယ်လိုလုပ်ရမလဲ...
ဖြေ . မသိပါခင်ဗျာ...

မေး . root မဖောက်ဘဲ သုံးလို့ရလား...
ဖြေ . မရပါ.. Root Explorer နဲ့ တစ်ချို့ ဖုန်း တော်တော်များများ Root ပေါက်ပါတယ်...

မေး . ကျွန်တော့်ဖုန်းမှာ wpa_supplicant.conf မတွေ့ဘူးခင်ဗျ.. ဘယ်လိုလုပ်ရမလဲ...
ဖြေ . ဒါလည်း ကျွန်တော် မသိဘူးခင်ဗျ... ပုံမှန်အားဖြင့်တော့ ရှိပါတယ်...

0 comments:

Post a Comment