Pages

Translate

Sunday, March 3, 2013

start နှင့် shutdown မြန်အောင်

start နှင့် shutdown မြန်အောင်

Window XP တွင် start နှင့် shutdown မြန်အောင်လုပ်နည်း
အရင်ဆုံး start မြန်အောင်လုပ်နည်းကို ဆွေးနွေးပါ့မယ်….
ထုံးစံအတိုင်း start Run (or) win + R ကို သွားလိုက်ပါ…Run Box တွင် regedit ကိုရိုက်ထည့်ပြီး ok ပေးလိုက်ပါ.
ပေါ်လာတဲ့ Register Editor Box မှာ အောက်မှာရေးးထားတဲ့ အတိုင်း အဆင့်ဆင့်သွားလိုက်ပါ
HKEY_LOCAL_MACHINE >> SYSTEM >> CurrentControlSet >> Control >> Session Manager >>
Memory Management >> Prefetchparameters ဆိုတာကို double click ပေးလိုက်ပါ..
ဘေးက Box ထဲမှာ EnablePrefetcher ဆိုတာကိုလိုက်ရှာပြီး right click >> Modify >> Value data မှာ
3 နေရာမှာ 5 လို့ပြောင်းပြီး ok ပေးလိုက်ပါ ..ဒါဆိုရင် start မြန်အောင် လုပ်နည်းပြီးပါပြီခင်ဗျာ နောက်တစ်ခု
Shutdown မြန်အောင်လုပ်နည်းကို ဆွေးနွေးပါမယ်.. အရင်ဆုံး အပေါ်က အတိုင်းပဲ
start Run (or) win + R ကို သွားလိုက်ပါ…Run Box တွင် regedit ကိုရိုက်ထည့် ok ပေးပြီး
အောက်မှာ ရေးထားတဲ့ အတိုင်း အစဉ်လိုက်လုပ်ကြည့်ပါ
HKEY_CURRENT_USER>> Control Panel >> Desktop ထိရောက်အောင်သွားပါ..
ဘေးက Box မှာ AutoEndTasks ဆိုတာကိုရှာပြီး Value data မှာ 1 ပြောင်းပေးလိုက်
HungAppTimeout နဲ့ WaitToKillAppTimeout နှစ်ခုလုံးကို 1000 လို့ပြောင်းပေးလိုက်ပါ..
အရမ်းကြီးမြန်ချင်တယ်ဆိုရင်တော့ ကိုယ်စိတ်ကြိုက် ပြောင်းကြည့်ပေါ့ ကျနော်ကတော့ 1000 လို့ပဲပြောင်းထားပါတယ်..
နှစ်ခုလုံး လုပ်ပြီးပြီဆိုရင်တော့ ကွန်ပျူတာကို restart ချလိုက်ပါခင်ဗျာ…တက်တာရော ကျတာပါ
မြန်မြန်ဆန်ဆန်ဖြစ်နေတာကို တွေ့ရမှာပါ ..

0 comments:

Post a Comment