Pages

Translate

Friday, February 22, 2013

Android OS အကြောင်းသိကောင်းစရာ (၂)

Root ဆိုတာဘာလဲ???
Linux OS မှာတော့ Root ကို Administrator အဖြစ် သတ်မှတ်ပါတယ်။ Windows Platform မှာတော့ Admin Level တစ်ယောက်အနေဖြင့် Full Permission ကို အပြည့်အဝရပါတယ်။ Linux Platform မှာတော့ Root Level တစ်ယောက်အနေဖြင့် Full Permission အပြည့်အဝရသည့်အပြင် Open Source ဖြစ်သည့်အတွက် System အပိုင်းထိပါ ကိုင်တွယ်နိုင်ပါတယ်။

Android OS မှာ ဘာလို့ Root လုပ်ကြတာလဲ???
အထက်မှာ ရှင်းပြခဲ့သည့် Root Level အကြောင်းကို အထိုက်အလျောက်နားလည်မည်ဆိုပါက ဘာကြောင့် Root လုပ်တယ်ဆိုတာကို ဆက်စပ်တွေးကြည့်လို့ရပါတယ်။ အလွယ်ပြောရရင် ဖုန်းမှာ ပါဝင်ပြီးသား System and Application တွေအပြင် ပိုသုံးချင်သူ၊ ပိုကလိချင်သူတွေက Root လုပ်ကြပါတယ်။ ( ကျွန်တော် အပါအဝင်ပေါ့...။ ) အဲလို ကလိနိုင်ဖို့အတွက် Android ဖုန်းကို Root လုပ်ကြပါတယ်။ iphone မှာတော့ ဒါကို Jail break လုပ်တယ်လို့ ခေါ်ပါတယ်။

စာဖတ်သူက Andorid ဖုန်း အသုံးပြုသူဆိုရင်တော့ အောက်ပါ အဆင့်တွေအတိုင်း လွယ်ကူစွာ Root လုပ်နိုင်ပါတယ်။


Root လုပ်ဖို့အတွက် Root Application တစ်ခုလိုပါတယ်။ သို့သော် မိမိကိုင်ဆောင်သော ဖုန်း၏ Brand and Model ကို လိုက်ပြီး Root လုပ်နိုင်တဲ့ Application တွေကို သေချာရွေးချယ်ဖို့လိုပါတယ်။ ယခု စာရေးသူဖော်ပြပေးမည့် Z4root တွင်လည်း သူနဲ့ Compatible ဖြစ်သည့် ဖုန်းအမျိုးအစားများကို ဖော်ပြပေးထားပါတယ်။ မိမိ၏ ဖုန်းအမျိုးအစား အတိအကျ ပါဝင်မှသာလျင် Root လုပ်ပါရန် ကြိုတင် သတိပေးအပ်ပါသည်။

Z4root
Compatible with Permanent Root Option

Samsung Galaxy S (All variants)
Backflip
Sony X10
Xperia Mini
Droid 2
Galaxy Tab
Galaxy I5700
Galaxy 3 I5800
Droid X
Samsung Acclaim
Cricket Huawei Ascend
Motorola Cliq
Huawei 8120
Huawei C8500
Huawei C8600
Hero
G1
Optimus T
Droid 1
Garmin Asus A50
Motorola Defy
LG Ally
Motorola Flipside
Motorola Milestone 2
Dell streak
X10 Mini Pro
Smartq v7 android 2.1

( Reference by xda-developers.com )

အထက်ဖော်ပြပါ ဖုန်းအမျိုးအစားတွင် ပါဝင်မှသာလျင် Z4root.apk ကို Download လုပ်ယူပါ။

Download: Z4root 1.3.0.apk

1. Z4root.apk ကို မိမိဖုန်း၏ SDcard တွင် ထည့်သွင်းပါ။

2. မိမိ Android ဖုန်း၏ Menu တွင် File Manager ကို ရှာပါ။ ဝင်ပါ။ SDcard ကိုသွားပါ။ အဲမှာ ခုနက ကူးထည့်ထားတဲ့ Z4root.apk မှာ တစ်ချက်နှိပ်ပါ။ Install လုပ်ပါ။ Install လုပ်ပြီးနောက် Application အား တန်းသုံးလိုပါက Open လုပ်နိုင်သလို Done မှာ နှိပ်ပါက Application ထည့်သွင်းမှု ပြီးဆုံးသွားပါမည်။

3. Z4root Application ကို အသုံးပြုကြည့်ပါမယ်။ Menu ထဲတွင်Z4root ကို ရှာပါ။ ဝင်ပါ။ ပုံနှင့်တကွ ဖော်ပြပေးလိုက်ပါတယ်။ လေ့လာကြည့်ပါ။



4. ဒီအဆင့်မှာ Root လုပ်ဖို့အတွက် ရွေးချယ်စရာ နှစ်ခုရှိပါမယ်။ Temporary Root နဲ့ Permanent Root ပါ။

Temporary Root ကိုရွေးချယ်ပါက Root ကို ယာယီ လုပ်ပေးတာပါ။ ဖုန်းကို ပိတ်မိပြီး ပြန်ဖွင့်ပါက UnRoot ဖြစ်သွားပါတယ်။

ဒါကြောင့် အမြဲတန်း Root အဖြစ်ထားလိုပါက Permanent Root ကို ရွေးချယ်ရပါမည်။ Permanent Root ကို ​ရွေးချယ်ပြီးပါက Rooting လုပ်နေပါမည်။ ပြီးပါက ဖုန်းကို Restart ချသွားပါမည်။ Android OS ပြန်လည်တက်ပြီးပါက Menu ထဲတွင် SuperUser ဆိုသည့် Application Icon တစ်ခုပေါ်နေပြီ ဆိုပါက Android OS ကို Root လုပ်တာ အောင်မြင်ပါပြီ။



Root လုပ်ပြီးပြီဆိုတော့ ကြိုက်ရာ Android Application တွေ၊ မြန်မာဖောင့်တွေ၊ မြန်မာလက်ကွက်တွေနှင့် တခြားကလိစရာတွေ အများကြီးထည့်သွင်း အသုံးပြုနိုင်ပါပြီ။ ဒါပေမဲ့ ကိုယ်ဖုန်းက Root လုပ်ပြီးသုံးနေတာဆိုတာကိုလဲ မမေ့ပါနဲ့လေ...။ Root လုပ်ထားတော့ ကိုယ်ဘာလုပ်လုပ်အတားအစီးမရှိ ကလိလို့ရနေမှာပါ။

EVDO CDMA 800 ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ပြီး အင်တာနက်သုံးခြင်း

၁။ Huawei C5900 Handset ကို USB Cable အသုံးပြုပြီး ကွန်ပျူတာသို့ ချိတ်ဆက်လိုက်ပါ။

၂။ ထိုအခါ ကွန်ပျူတာတွင် တပ်ဆင်လိုက်သော Device ကို မသိသောကြောင့် Found New Hardware Wizard Box ကျလာပါမည်။ USB Cable ဖြင့် ချိတ်ဆက်မှုကို မိမိ၏ ကွန်ပျူတာမှ ကောင်းစွာသိရှိ နားလည်နိုင်ရန် USB Driver တင်ပေးဖို့လိုပါတယ်။

စာဖတ်သူ အနေဖြင့် လိုအပ်ပါက လက်တွေ့ စမ်းသပ်နိုင်အောင် Huawei C-series USB Driver ကိုပါ တင်ပေးလိုက်ပါတယ်။

Download Link: Huawei C5900 USB Driver ( for Win xp, Win 2000, Vista, Win 7 )
Password: mandalaybloggers.org


( မှတ်ချက် - ပုံမှန်အားဖြင့် ဖုန်းကို ကွန်ပျူတာတွင် ချိတ်ဆက်ပါက ဖုန်းတွင် Phone Mode အနေဖြင့် Activate ဖြစ်သွားပါသည်။ Phone Mode Active ဖြစ်နေတာကို Cancel လုပ်ပေးပါ။ )

၃။ My Computer တွင် Right Click နှိပ်ပြီး Properties ကိုရွေးပါ။ Hardware Tab ထဲက Device Manager ကိုဝင်ပြီး စစ်ကြည့်ပါ။ အဲမှာ Unknow ဖြစ်နေတဲ့ Huawei CDMA ဆိုသည့် စာဖြင့် သုံးခု ပြနေပါမည်။ တစ်ခုချင်းစီပေါ်မှာ Right Click နှိပ်ပြီး Update Driver ကိုရွေးပါ။ အောက်ပါပုံတွင် လေ့လာပါ။



၎။ Driver ကို Auto မရှာခိုင်းဘဲ။ Location ပေးပြီး Manual Driver တင်ပေးပါ။ အောက်ပါပုံအတိုင်း လုပ်ဆောင်ပါ။



၅။ Browse Button တွင် နှိပ်၍ USB Driver Folder တည်ရှိရာကို Location အတိအကျပေးပါ။ အောက်ပါပုံတွင် လေ့လာပါ။



၆။ Next နှိပ်ပါက USB Driver ကို စတင် ကူးယူနေပါပြီ။ အောက်ပါပုံအတိုင်းပါ။



၇။ USB Driver ထည့်သွင်းခြင်း ပြီးဆုံးပါပြီ။ Finish မှာ နှိပ်ပါ။ အောက်ပါပုံတွင် လေ့လာပါ။



အထက်ပါ အဆင့်များအတိုင်း USB Driver ကို မှန်ကန်စွာ မောင်းနှင်ပေးမှသာလျင် မိမိ၏ ဖုန်း Software ဖြစ်သည့် PC Suite နှင့် Dial Up Software တို့တွင် ချိတ်ဆက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ မိမိ၏ ဖုန်းနှင့် ကွန်ပျူတာ ချိတ်ဆက်မှုကတော့ အဆင်ပြေပါပြီ။ ယခု ဆက်လက်ပြီး ဖုန်းဖြင့် Dial Up ချိတ်ဆက်ပုံကို တဆင့်ချင်း သွားပေးပါ့မယ်။

၁။ ပထမဦးဆုံး Dial Up Software လိုပါတယ်။ စာဖတ်သူအနေဖြင့် အသုံးပြုလိုပါက အောက်ပါလင့်တွင် ယူပါ။

Download Link: Dial Up Software
Password: mandalaybloggers.org

၂။ ရရှိလာသော Dial Up Software အား install လုပ်ပါ။ Software Install လုပ်ပြီးပါက မိမိကွန်ပျူတာ၏ Desktop တွင် Dial Up Icon တခု ပေါ်လာပါပြီ။ Dial Up Icon တွင် Double Click နှိပ်ပြီး ဝင်ပါ။ Setting မှာ နှိပ်ပါ။ အောက်ပါပုံတွင် လေ့လာပါ။



၃။ New မှာ နှိပ်ပြီး Profile အသစ် တခု တည်ဆောက်ပါ။ Save လုပ်ပါ။ OK မှာ နှိပ်ပါ။ အောက်ပါပုံများတွင် လေ့လာကြည့်ပါ။





၎။ Access Point ရွေးချယ်မည့် နေရာတွင် မိမိပြင်ဆင် သတ်မှတ်ခဲ့သော Profile Name ဝင်နေပါမည်။ Connect မှာ နှိပ်လိုက်ပါ။



ရသွားပါပြီး။ စာဖတ်သူကိုယ်တိုင် CDMA 800 ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်ပြီး အင်တာနက်သုံးတတ်သွားပါပြီ။ ပြီးပါပြီ။ အိုင်တီမန်း(မန္တလေး)

Android ဖုန်းတွင် မြန်မာစာရိုက်၍ အသုံးပြုနိုင်ရန်
Android မှာ ဇော်ဂျီဖောင့်ထည့်တော့ ဘာတွေလုပ်လို့ရလဲ...?

ဖုန်းမှာ ဇော်ဂျီဖောင့်နှင့် ဇော်ဂျီ လက်ကွက် ထည့်သွင်းထားမယ်ဆိုရင် Myanmar Website တွေကို ဖတ်လို့ရမယ်။ ရေးလို့ရမယ်။ ဒါအပြင့် ဖုန်း Contacts တွေ၊ SMS တွေမှာပါ မြန်မာလိုရိုက်ပြီး သုံးနိုင်ပြီလေ... တခြားလုပ်လို့ရတာတွေလည်း ရှိပါသေးတယ်...။

ကဲ... သူရဲ့ အကျိုးကျေးဇူးကို သိပြီဆိုတော့။ ဇော်ဂျီဖောင့်ကို ဘယ်လိုထည့်ရမယ်ဆိုတာကို ပြောပါ့မယ်။
စာရေးသူအနေဖြင့် ဖောင့်ထည့်သွင်းပုံနည်းလမ်း နှစ်မျိုးပဲ သိပါတယ်။ တခြားနည်းလမ်းတွေလည်း ရှိနိုင်ပါတယ်။

အခု ပထမ နည်းလမ်းက FontChangerLite Application ကိုသုံးပြီး ဖောင့်ကို ထည့်သွင်းမှာပါ။


၁။ FontChangerLite_v1.7.10.apk <OR> FontChangerLite_v1.8.3.apk လိုပါတယ်။

Download Link:
FontChangerLite_v1.7.10.apk

FontChangerLite_v1.8.3.apk


၂။ FontChangerLite​.apk ကို ဖုန်း၏ SDCard ထဲသို့ ကူးထည့်ပေးပါ။ ထို့နောက် မိမိ Android ဖုန်း၏ Menu တွင် ( File Manager OR Root Explorer OR And Explorer ) ကို ရှာပါ။ ဝင်ပါ။ SDcard ကိုသွားပါ။ အဲမှာ ခုနက ကူးထည့်ထားတဲ့ FontChangerLite​.apk မှာ တစ်ချက်နှိပ်ပါ။ Install လုပ်ပါ။ Install လုပ်ပြီးနောက် Application အား တန်းသုံးပါမယ်။ Open မှာ နှိပ်ပါ။ အဲ... ဒီအဆင့်မှာ ကိုယ့်ဖုန်းက Root လုပ်ထားပြီးသား ဖြစ်နေမှသာ SuperUser ပေါ်လာပြီး FontChangerLite Application ကို Run ခွင့်ပြုမပြု မေးပါမည်။ Allow Button ကို ရွေးပြီး ခွင့်ပြုလိုက်ပါ။


(မှတ်ချက် - Root လုပ်မထားသော Android ဖုန်းတွင် ပြုလုပ်နိုင်မည် မဟုတ်ပါ။ Root လုပ်နည်းမသိပါက ဒီမှာ နှိပ်ပြီး လေ့လာပါ။)


၃။ FontChangerLite Application အား Run ပြီးပါက ပြန်ပိတ်လိုက်ပါ။ ပြီးနောက် ဖုန်း၏ SD Card တွင် ဝင်ကြည့်ပါက .fontchanger ဆိုသည့် Folder တစ်ခုကို တည်ဆောက်ပေးသွားပါတယ်။ ထို .fontchanger Folder ထဲသို့ zawgyione.ttf ( OR ) zawgyione2008.ttf ဇော်ဂျီဖောင့် တစ်ခုခုကို ကူးထည့်ပါ။

၎။ ထို့နောက် FontChangerLite App ကို ပြန်ဖွင့်ကြည့်ပါက .fontchanger Folder ထဲတွင် ထည့်သွင်းခဲ့သော Zawgyi Font ကို တွေ့ရပါမည်။ ဇော်ဂျီဖောင့်ပေါ်မှာ One Touch တစ်ချက်နှိပ်ပါ။ Prompt တစ်ခု တပ်လာရင် Apply လုပ်ပါ။ Reboot now ကို ထပ်ရွေးပါ။ ဖုန်းကို Restart ချပေးသွားပါမည်။
ယခုဖေါ်ပြခဲ့သော Android Os အကြောင်းသိကောင်းစရာ (၂) သည်http://www.mandalaybloggers.org မှကူးယူ
ဖော်ပြသည်


Prev: Android OS ကို Memory Stick ပေါ်မှာ Insatall လုပ်မယ်
Next: Wondershare Time Freeze 2.0.3 အကြောင်း

0 comments:

Post a Comment