Pages

Translate

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Friday, January 4, 2013

newbies hacker tutorial (လျို့ဝှက်ချက်လေးများ)

newbies hacker tutorial (လျို့ဝှက်ချက်လေးများ)
လူငယ်တော်တော်များများ က အီးမေးလ် ဘယ်လို ဟက်လို့ ရမလဲ ဆိုတာကို အမြဲတမ်း စူးစမ်းနေတာ ကို

ကျနော်သိပါတယ်။ အခု စာဖတ်သူတွေ အနေနဲ့ လဲ ဒီ ပို့ စ်လေး ကို ဖတ် ကြတာ ကလည်း သူများ မေးလ်ကို

ဟက်ဖို့ စိတ်ဝင်စား တယ်ဆိုတာ ပစ်မလွဲပါဘဲ ဗျာ။ ကောင်းပြီးဗျာ .. အီးမေးလ် တစ်ခု ကို ဟက်တော့

မယ်ဆိုရင်တော့ တကယ့်ကို အလုပ်များတဲ့ အလုပ်ပါ. တစ်ချို့ သူတွေ မေးကြပါတယ် မေးလ် password

ကိုဘယ်လို ဟက်မလဲ တဲ့.. ဟက်လို့ရလား တဲ့ .. ဟက်လို့ တော့ ရပါတယ် ဒါပေမယ့် မိမိ ဟက်ချင်တဲ့ သူကို

သူက သူ့ password ကို သူ့ ဖာသာ သူ ပေးမှန်းမသိ ပေးမိအောင် လိမ်ညာပြီး ဟက်တဲ့ နည်း က တော့

ပျော်စရာအကောင်းဆုံးပါဘဲ ဗျာ .အများစု က တော့ phishing ကိုသုံးကြတာပေါ့.

အီးမေးလ် ကို ဟက်လို့ ရပါသလား ။

ဘယ်အရာမဆို ကွန်ပြူတာ နဲ့ ပတ်တာ တွေမှန်သမျှအားလုံး က ဟက်လို့ရပါတယ်။ သို့ ပေမယ့်လဲ

ဘယ်လိုဟက်မလဲ ဆိုတဲ့ တကယ့်နည်းလမ်းတွေ ကိုမသိခင်လေး မှာ အောက် ပါ အချက်လေး တွေကို တော့

သိသင့်တယ်လို့ မျှော်လင့်ပါတယ်.


၁။ ခလုတ်လေး တစ်ချက်နိုပ်ရုံ နဲ့ မိမိ ဟက်ချင်တဲ့ password ကို ဘွားခနဲ့ ပေးတဲ့ ဆော့ဝဲမရှိဘူး ဆိုတာပါဘဲ။

အကယ်၍စာဖတ်သူ က ဆိုဒ်တွေမှာ လိုက်ကြည့်ပြီးတော့ တချို့ ဆိုဒ်က ဆော့ဝဲလ်ဟက်တဲ့ ပရိုဂမ် လို့

ကြော်ငြာထားခဲ့ ရင်တော့ မယုံပါနဲ့ လို့ အကြံပေးချင်ပါတယ်။

၂။ တချို့ ဆားဗစ်တွေ ရှိပါတယ် ဒေါ်လာတစ်ရာ နှစ်ရာ ပေးရင် ဟက်ပေးပါတယ်။ လုံးဝမယုံပါနဲ့ လို့

အကြံပေးပါတယ်။ အများစု က scam ထက်မပိုပါဘူး။

အဲ့ဒါကြောင့် စာဖတ်သူ တို့ မှတ်ထားရမှာ တော့ အဲ့လိုကြော်ငြာထားတဲ့ အရာအားလုံးက တော့

အမှိုက်အရှုပ်တွေပါဘဲ။ အီးမေးလ် ဟက်ကင်း ဆားဗစ် သို့ မဟုတ် အီးမေးလ် ဟက်ကင်း အတွက် အထူး

ပရိုဂမ် ဆိုတာလဲ မရှိပါဘူး.


အီးမေးလ် password တွေကို ဘယ်လိုဟက်မလဲ။

အီးမေးလ် တစ်ခု ကို ဟက်ဖို့ က တော့ လွယ်ကူတဲ့ အလုပ်မဟုတ်ပါဘူး။ ပရိုဂမ်တစ်ခုမှာ မိမိဟက်ချင်တဲ့ သူရဲ့

အီးမေးလ် အကောင့်လေး ကို ရိုက်ထည့်ပြီးတော့ ကွန်ပြူတာ မျက်နှာပြင်လေး ကို ပြူးတူးတူးလေး နဲ့ 

ကြည့်နေရုံ နဲ့ ဒီဒါ က ပါတ်စဝေါ့ ပါလို့ လုပ်လို့ မရပါဘူး။ တကယ်တော့ မိမိ ဟက်ချင်တဲ့ သူ ရဲ့

အားနည်းချက်ကို သာ အသုံးချပြီးတော့ လိမ်လည် လှည့်ယူတဲ့ နည်းက တော့ အသက်သာဆုံးပါဘဲ.. ။ ကျနော်

သိတဲ့ အဓိက အီးမေးလ် ဟက်နည်း တွေက တော့

၁။ Remote Spy system

၂။ Phishing

၃။ Brute forcing

၎။ Social engineering

၅။ USB Thief . .. တစ်ကယ်တမ်းတော့ ဟက်နည်းတွေ က တော့ ငါးမျိုးထက်မနည်းရှိပါတယ်..

အများကြီးပါ...ဒါပေမယ့် ဒီငါးမျိုး ကတော့ newbies တွေအတွက်အသုံးလွယ်မယ့်နည်း တွေပေါ့ ဗျာ.. တခြား

sub seven တို့ netbus တို့ orkut တို့လည်း ရှိပါတယ် အဲ့ဒါတွေက တော့ advance တွေပေါ့ .. ဖိုရမ်က

ဟက်ကင်းနည်း ရေးခွင်ပေးမပေး တော့ ကျနော် မသိသေးပါဘူး ကျနော် အမှန်အတိုင်းဝန်ခံရမယ်ဆိုရင်တော့

ကျနော် စည်းကမ်းချက်တွေ တစ်ခါမှ ဖတ်ဖို့အချိန်မရခဲ့ပါဘူး .. :P နောက်တစ်ခါတော့

ကြိုးစားအချိန်ပေးပြီးဖတ်ပါ့မယ်..

၁။ Remote Spy system

ဒီနည်းက တော့ ကျနော်ပြောတဲ့ နည်းငါးမျိုးထဲ က အလွယ်ကူဆုံး နဲ့ အားစိုက်စရာ မလိုတဲ့ နည်းတစ်မျိုးပါဘဲ။

အများစု က တော့ key logger လို့ လဲ သိကြပါတယ်။ key logger ကတော့ ကွန်ပြူတာ လုပ်သမျှ အရာတွေ

ကိုမော်နီတာ လုပ်ပေးတဲ့ ပရိုဂမ်အသေးစား ဖြစ်ပါတယ်။ key logger ကို စသွင်းလိုက်ပြီးဆိုက တည်းက ပရိုဂမ်

မှာ auto start up နဲ့invisible mode နဲ့ စတင် run ပြီးတော့ ကွန်ပြူတာ မှာ အသုံးပြုသူရိုက်ထည့်သမျှ

keystroke အားလုံးကို မှတ်သားထားပါတယ်။ တချို့  အဆင့်မြင့် key logger က တော့ screen shots &

monitor every activity on the computer အားလုံးကို မှတ်ထားပါတယ်။ key logger ကို အင်စတော လုပ်ပြီး

တော့ အသုံးပြုဖို့က တော့ မည်သည့် ကွန်ပြူတာ ဗဟုတုတ အသိပညာမလိုအပ်ပါဘူး။ အဲ့ဒါကြောင့်မို့ 

တော်ရုံတန်ရုံ ကွန်ပြူတာ အသုံးပြုတက်သူ တွေ အတွက်လွယ်ကူစွာ အသုံးပြုနိုင်ပါတယ်။

ကွန်ပြူတာ စစ အသုံးပြုတဲ့ သူတွေ အတွက် တော့ အသုံးပြုရန် အလွယ်ကူဆုံး ပရိုဂမ်ဖြစ်ပါတယ်။


၂။ Phishing

Phishing ဆိုတာ က ကွန်ပြူတာ ရပ်ဝန်းနယ်ပယ်မှာ web page အတုတစ်ခုပြုလုပ်ပြီးတော့ မိမိ ဟက်ချင်တဲ့

သားကောင်း ကို သူရဲ့ အကောင့် ကို အသုံးပြုပြီးတော့ လော့အင် လုပ်ခိုင်းပြီး ခိုးယူချင်းဖြစ်ပါတယ်.. phishing

ကတော့ ယုံကြည့်မှုကို အလွဲသုံးစား ပြုပြီးတော့ ခိုးယူခြင်းတစ်မျိုးပါဘဲ။ တစ်ချို့ သူတွေ ရှိပါတယ် g mail.

Face book. Twister . တို့ အတွက် web page အတုပြုလုပ်ကြပြီး တော့ အကောင့်ကို ခိုးယူ ကြပါတယ်။

phishing ကိုအသုံးပြုပြီးတော့ မည်သည့် အရာမဆိုနည်းပါလောက်ကို ခိုးယူလို့ရပါတယ်။ စာဖတ်သူတို့တောကီ

ကောင်းရင်တော့ မိမိ phishing လုပ်ထားတဲ့ web page ကို မိမိ သားကောင်ဆီ ပို့ ကာ သူ့ဆီက အကောင့် နဲ့ 

ပတ်စ်ဝေါ့ကို အသာလေး မေးလ်ထဲ က နေထိုင်ယူယုံပါဘဲ။ ဘဏ်အကောင့်၊ ခရက်တစ်အကောင့်၊

မေးလ်အကောင့်၊ electronic communication နဲ့ ပတ်သက်တာ မှန်သမျှ အားလုံး အပါအဝင်ဖြစ်ပါတယ်။

phishing ကို စိတ်ဝင်စားတယ်ဆိုရင် တော့ ကျနော့်ကို ဆက်သွယ်ပြီးတော့ မေးမြန်းနိုင်ပါတယ်။ ကျနော်

ကျောင်းနဲ အလုပ်မသွားတဲ့ နေ့ ကျရင် ပြန်လည်ဆက်သွယ်ပါ့မယ်။ နောက်မဟုတ်ရင် လဲ ကျနော့် g mail

ကိုမေးလ် ပို့ ပြီးတော့ မေးထားလို့ရပါတယ်။ မေးလိပ်စာက တော့ ကျနော့်စာမျက်နှာမှာရှိပါတယ်.. ဒီမှာ

မကြော်ငြာ တော့ပါဘူး.။

၃။ Brute forcing

Brute forcing ဆိုတဲ့နည်းလမ်းက တော့ လူသိနည်းတဲ့ နည်းလမ်းတစ်မျိုးပါဘဲ ။ အသုံးပြုတာလဲ နည်းပါတယ်.

ကျနော် အမှန်တိုင်းပြောရမယ်ဆိုရင် ကျနော် ဒိနည်းကို တစ်ခါမှ မစမ်းဘူးသေးပါဘူး

.စာဖတ်ထားသလောက်တော့သိပါတယ်။ hot mail acc ကိုတော့ brute force လုပ်လို့ရတယ်လို့ ဖတ်ရပါတယ်။

လုပ်တဲ့ အခါကျရင်လဲ မိမိ က စာလုံးတွေအများကြီးပါတဲ့ word list ကနေပြီးတော့ multiple choice လုပ်သမျိုး

ရွေးရပါလိမ့်မယ်။ သာမန်အားဖြင့်တော့ g mail တို့ yahoo တို့ ကျတော့ log in chance ကို

လစ်မစ်လုပ်ထားကြတာများတယ်။ သူပေးထားတဲ့ word list ကိုတစ်ခေါက်သုံးပြီးရင် နောက်တစ်ခါ

ထပ်သုံးလို့မရတာများပါတယ်။ g mail နဲ့ yahoo တို့ မှာ ကျတော့ အရမ်းကောင်းတဲ့ စစ်စတမ်တွေကာထားတဲ့

အတွက်ကြောင့်မို့လို့ဟက်ဖို့မလွယ်ပါဘူး ဒီနည်းလမ်းနဲ့ ။ အခု ကျနော်တို့ ဟက်ကာအသိုင်းအဝိုင်းမှာ

ရေပန်းအစားဆုံး ငြင်းခုံစရာ တော့ပစ်တစ်ခုလည်း ဖြစ်နေတာပေါ့ ဗျာ ။ ဒီနည်းလမ်းနဲ့ ဟော့မေးလ် ကို

ပတ်စဝေါ့ကို ဟက်လို့ရပြီးလို့တော့ ပြောနေကြပါပြီး။ ကျနော်က တော့ multiple choice လို မျိုး လုပ်ရတာ

ကျနော် က တော့ စိတ်သိပ်မဝင်စားပါဘူး။ သူငယ်ချင်း တို့ အဲ့အကြောင်း ပိုသိချင်ရင်တော့ ကျနော်

နောက်ပို့စ်တစ်ခုမှာ ထပ်ရေးပေးပါ့မယ်။

brute forcing မှာ မှ BRUTUS ဆိုတဲ့ ဆော့ဝဲလ် ကတော့ နာမည်အကြီးဆုံးနဲ့ နီးစပ်တဲ့ word list ကိုပေးပါတယ်။

ဒါပေမယ့် တစ်ခုတော့ အကြံကြိုပေးထားပါ့မယ်.. ဒီနည်းလမ်းကို စမ်းမယ်ဆိုရင် တော့ အနည်းဆုံးတော့

စာဖတ်သူမှာ word list ကို multiple choice ရွေးတဲ့ အရည်ချင်းကောင်းကောင်းမွန်မွန် ရှိဖို့လိုပါလိမ့်မယ်။


၎။ Social engineering

Social engineering ဆိုလို့ သိပ်နည်းလမ်းမဝင်ဘူး.. အသုံးမဝင်ဘူးလို့မမှတ်လိုက်ပါနဲ့  စာဖတ်သူတို့ က

ဟက်ချင်တဲ့ သူ ကို တောကီကောင်းကောင်း ပစ်နိုင်ရင် ရပါတယ်။ ကျနော်လည်း အရင်တုန်းက ဒီနည်းလမ်းကို

အသုံးမဝင်လောက်ဘူး လို့ထင်နေတာ.. ဒီနည်းလမ်းကတော့ ဘာပညာသားမှ တော့မပါဘူး။ ကျနော်

အရင်တုန်းက စမ်းဖူးပါတယ် ကျနော့် ဆရာမ အကောင့်ကို ပါ. ပထမတော့ orkut

သုံးမလို့စဉ်းစားထားလိုက်တယ်.. နောက်ဆုံးတော့ ဆရာမလည်း ကျနော် နဲ့ တောကီပွားလို့တည့်သွားတာ နဲ့ 

ကျနော် သူ့ရဲ့ အကောင့်ကို အသာလေး ဟက်လို့ရသွားပါတယ်။ အော်ဒါနဲ့ social engineering ဆိုတာဘာလဲ

ဆိုတာတောင်မပြောရသေးဘူး .. ဟက်ကင်းကို လေ့လာဖူးတဲ့ သူတွေက တော့ သိပါတယ် ဒါပေမယ့် newbies

တွေ အတွက်ကတော့ မသိဖို့များပါတယ်.. ကျနော်လမ်းကြုံတုန်းလေး ပြောလိုက်ပါ့မယ်.. ဆိုရှယ်

အင်ဂျင်နီယားရင်း ဆိုတာ က မိမိ ရဲ့သားကောင်ကို စကားဝင်ရောက် အရောဝင်ပြောပြီး သူ့ ရဲ့ ယုံကြည်မှုကို

ရယူပြီးတော့ သူ့ ရဲ့ personal သတင်းအချက်လေး တွေကို မေးရမှာဖြစ်ပါတယ်။ အဲ့လိုမေးပြီးတော့

အလွယ်တကူဘဲ forget password ကိုသွားပြိး recovery လုပ်တဲ့ နေရာမှာ မိမိ သိထားတဲ့ သူ့ personal

အချက်လေး တွေကို ဖြည့်ပြီးတော့ recovery လုပ်ယူရတဲ့ နည်းပါဘဲ.။ . မြန်မာပြည်မှာ အသုံးဝင်မဝင်တော့

မသိပါဘူး ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာပြည်က သူ တွေအများစု က မိမိ ရဲ့ personal အချက်အလက်တွေကို

အမှန်တိုင်းမဖြည့်ကြတာများလို့ပါ.. ဒါပေမယ့် ကျနော်တို့ဆီမှာတော့ .. အသုံးဝင်ပါတယ်။ .. စာဖတ်သူတို့

ဗဟုတုတ ရစေလိုတဲ့ စိတ်ကူးနဲ့ ထည့်ရေးပေးလိုက်ဖြစ်ပါတယ်။

၅။ USB Thief

အားလုံးသိထားကြ သလိုမျိုး ကွန်ပြူတာ အများစု က နေ့တိုင်းသုံးတဲ့ ပေါ်မှာ မူတည်ပြီးတော့ instant

messenger passwords တွေကို မှတ်ထားကြပါတယ်.. MSN, Yahoo, AOL , Windows messenger

တို့လိုမျိုးပေါ့ဗျာ။. တချို့တွေဆိုရင် outlook express, SMTP, POP, FTP accounts တွေဆို ရင်

တစ်ခါတစ်လေကျရင် IE တို့ Firefox တို့မှာ အော်တိုမှတ်ထားတဲ့ အခါလည်း ရှိပါတယ်။ အဲ့လိုကျန်တဲ့

အခါမျိုးတွေကျရင် စာဖတ်သူတို့ က အလွယ်တကူလေးဘဲ tools လေးတွေ သုံးပြိးတော့ stored လုပ်ထားတဲ့

နေရာက နေပြီးတော့ ယူလိုက်ရုံပါဘဲ။ အသုံးပြုဖို့လိုအပ်တဲ့ tools တွေက တော့ Messengers, Mail

Pass View, IE Pass view, Protected Storage Pass View, Password Fox ဆိုတဲ့ tools ငါးမျိုးကို ကျနော်

ပြောတဲ့နည်းတဲ့နည်း အတိုင်း သုံးမယ်ဆိုရင် အလွယ်တစ်ကူအသုံးပြုလို့ရပါတယ်။ ကျနော် နောက်ပို့စ်လေး မှာ

USB Thief နည်းလေးကို ဘယ်လိုသုံးမလဲ ဆိုတာကို ဆက်လက်ဖော်ပြပေးပါ့မယ်။ အခုတော့

အိပ်ငိုက်ပြီးဗျို့..... အခုပို့စ်မှာတော့ စာတွေချည်းပါဘဲ . ဆော့ဝဲလ်တွေကို ကျနော် နောက်ပို့စ်တစ်ခုမှာ

ထပ်တင်ပေးဖို့ မျှော်မှန်းပါတယ်.. ကျနော် အချိန်ပေးပြီးရေးထားတာကို အချိန်ပေးပြီး ဖတ်သွားတဲ့ ..

ဟက်ကင်းစိတ်ဝင်စားတဲ့ စာဖတ်ပရိတ်သတ်ကြီး ကိုလည်းအများကြီး ကျေးဇူးတင်ပါတယ်။ 


IP Address သိရင် ဘယ်လိုဟက်လို့ရနိုင်သလဲ ?

-->
IP Address သိရင် ဘယ်လိုဟက်လို့ရနိုင်သလဲ ?
ဒီဟာကတော့ ရိုးရှင်းတဲ့ အခြေခံ NETBIOS Post တစ်ခုဖြစ်ပြီး ဒီ post မှာတင်ထားတဲ့ အချက်အလက်တွေကို aCId_rAIn ကဖန်တီးခဲ့တာဖြစ်ပါတယ်။ ဒီ post ကနေပြီး သင့်ကို NETBIOS အကြောင်း ကို ဖော်ပြပေးမှာဖြစ်ပြီး ၄င်းက ဘာလဲ ၊ ၄င်းကို ဘယ်လိုအသုံးပြုနိုင်သလဲ ၊ ၄င်းနဲ့ ဘယ်လို hack နိုင်သလဲ ဒါ့အပြင် သင့်အတွက် နောင်တချိန်မှာ အသုံးဝင်လာနိုင်တဲ့ ရိုးရှင်းတဲ့ DOS comment များအကြောင်းပါဝင်ပါတယ်။ အခုဖော်ပြပေးမယ့် အချက်တွေဟာ hacking ကို စတင်လေ့လာသူများအတွက်သာ ဖြစ်ပါတယ်။

Hardware & Firmware

၁။ BIOS

BIOS ( short for Basic Input/Output Services) - ၄င်းဟာ PC မှာရှိတဲ့ control program ဖြစ်ပါတယ်။ ၄င်းဟာ သင့်computer ကို starting up ဖြစ်ဖို့အတွက် systemရဲ့ ထိန်းချုပ်မှုတွေကို သင့်ရဲ့ operation system ဆီသို့ ရွှေ့ပြောင်းပေးပါတယ်။ ဒါ့အပြင် disk access ကဲ့သို့သော အခြား low-level funciton များကို ထိန်းကျောင်းကိုင်တွယ်ပါတယ်။ တခုမှတ်ထားရမှာက BIOS ဆိုတာ software program တစ်ခုမဟုတ်ပါဘူး။ သင့် computer ကို turn off လုပ်လိုက်သည့်တိုင်အောင် memory ထဲကနေ ဖယ်ရှားလိုက်ခြင်းမရှိပါဘူး။ ၄င်းဟာ firmware ဖြစ်ပြီး အခြေခံအားဖြင့်တော့ chip တစ်ခုထဲမှာ ရှိနေတာဖြစ်ပါတယ်။
အဆင်ပြေတဲ့ feature လေးတစ်ခုကတော့ BIOS ထုတ်လုပ်သူအများစုထည့်သွင်းထားတဲ့ startup password ပဲဖြစ်ပါတယ်။ ၄င်းက သင် မှန်ကန်တဲ့ password နဲ့ မ၀င်မချင်း ၄င်းက system ထဲသို့ဝင်တဲ့ ၀င်လမ်းကို တားဆီးပေးထားပါတယ်။ သင့် local H/P/A/V site တွေမှာ ရရှိနိုင်တဲ့ တော်တော်များများ software တွေကို အခြေခံထားတဲ့ BIOS password extractorတွေကိုအသုံးပြုပြီး password တစ်ခုနဲ့ system ထဲကို ၀င်ရောက်နိုင်ပါတယ်။


၂။ NETBIOS/NBTSTAT - ၄င်းက ဘာတွေကိုလုပ်ဆောင်ပါသလဲ


NETBIOS ကို NBTSTAT လို့လည်း ခေါ်ပါတယ်။ ၄င်းဟာ Windows system ပေါ်မှာ run တဲ့ software တစ်ခုဖြစ်ပြီး remote network တစ်ခုကိုခွဲခြားသတ်မှတ်ခြင်း (သို့) computer ရဲ့ file sharing တွေ enable လုပ်ဖို့အတွက် အသုံးပြုပါတယ်။ systemတွေ အသုံးပြုနေတဲ့ ဒီနည်းလမ်းကို ကျနော်တို့ အသုံးချနိုင်ပါတယ်။ ၄င်းက နည်းလမ်းဟောင်းတစ်ခုဖြစ်ချင်ဖြစ်မယ် ဒါပေမယ့် home pc တွေမှာတော့ တစ်ခါတရံ ၄င်းဟာ ကောင်းကောင်း အလုပ်လုပ်နေဆဲပါ။ NBTSTAT ကို ဘယ်လိုရယူနိုင်သလဲဆိုရင် ၄င်းကို ရယူဖို့ နည်းလမ်းနှစ်ခုရှိပါတယ်။ ဒါပေမယ့် အဲဒီနှစ်ခုထဲက တစ်ခုက ပိုပြီးမြန်ဆန်ပါတယ်။
နည်းလမ်း ၁ ။ Programs>MSDOS PROMPT>Type NBTSTAT
နည်းလမ်း ၂ ။ Run>Type Command>Type NBTSTAT

အခုဆိုရင် သင်ဟာ NBTSTAT အောက်မှာရှိတဲ့ DOS command ထဲကို ရောက်ရှိသွားပါပြီ။ ဒီနေရာမှာ သင် command တွေကို သုံးချင် သုံးနိုင်ပါတယ်။ ခွင့်ပြုချက်ရဖို့အတွက် ကြိုးပမ်းနေတဲ့ သင့်အတွက် သင်သိဖို့လိုအပ်တာတွေကိုသာ ဖော်ပြပေးသွားပါမယ်။ သင့်ရဲ့ screen မှာ အောက်မှာဖော်ပြထားတဲ့ အတိုင်းဖြစ်သင့်ပါတယ်။
NBTSTAT [ [-a RemoteName] [-A IP address] [-c] [-n]
[-r] [-R] [-RR] [-s] [-S] [interval] ]
-a (adapter status) Lists the remote machine's name table given its name
-A (Adapter status) Lists the remote machine's name table given its IP address.
-c (cache) Lists NBT's cache of remote [machine] names and their IP addresses
-n (names) Lists local NetBIOS names.
-r (resolved) Lists names resolved by broadcast and via WINS
-R (Reload) Purges and reloads the remote cache name table
-S (Sessions) Lists sessions table with the destination IP addresses
-s (sessions) Lists sessions table converting destination IP addresses to computer NETBIOS names.
-RR (ReleaseRefresh) Sends Name Release packets to WINS and then, starts Refresh
RemoteName Remote host machine name.
IP address Dotted decimal representation of the IP address.
interval Redisplays selected statistics, pausing interval seconds between each display . Press Ctrl+C to stop redisplaying statistics.

C:\WINDOWS\DESKTOP>

command နှစ်ခုသာလျှင် အသုံးပြုနိုင်ပါလိမ့်မယ်။ ၄င်းတို့ကတော့ :
-a (adapter status) Lists the remote machine's name table given its name
-A (Adapter status) Lists the remote machine's name table given its IP address.


၃။ Host Names


အခု -a အဓိပ္ပာယ်ကတော့ သင် ၀င်ဖို့ကြိုးစားနေတဲ့ သူရဲ့ computer ရဲ့ HOST NAME ထဲမှာ ရိုက်ရပါလိမ့်မယ်။ ဒီဖြစ်ရပ်မှာ သင် ဘာidea မှာမရှိဘူးဆိုရင်တော့ အောက်မှာပြထားတာနဲ့ တူညီတဲ့ Host Name ဖြစ်သင့်ပါတယ်။
123-fgh-ppp.internet.com


ဒီ addressတွေမှာ များစွာသော မူကွဲတွေရှိပါတယ်။ ကွဲပြားခြားနားတဲ့ address အသီးသီးအတွက် အဲဒီcomputer ဆီသို့ ISP assigned အသစ်တခု ရှိတယ်ဆိုတာ သင်နားလည်ထားရပါမယ်။ အောက်မှာ ကွဲပြားချက်တွေကို ဖော်ပြထားပါတယ်။
abc-123.internet.com
ghj-789.newnet.com

သင်မြင်ခဲ့ရသလိုပဲ မတူညီတဲ့ host nameတွေ ရှိကြပြီး နောက်ဆုံးစာလုံးတွဲတွေကို ခွဲခြားသတ်မှတ်ခြင်း အားဖြင့် ဒီ computer နှစ်လုံးဟာ မတူညီတဲ့ ISP တွေပေါ်မှာရှိတယ်ဆိုတာကို သင်ပြောနိုင်ပါလိမ့်မယ်။

အခုအောက်မှာဖော်ပြပေးထားတာကတော့ တူညီတဲ့ ISP ပေါ်မှာ ရှိတဲ့ host name နှစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ကွဲပြားတဲ့ server မှာ တည်ရှိပါတယ်။

123-fgh-ppp.internet.com
567-cde-ppp.internet.com


၎။ IP Addresses


သင် IP address ( Internet Protocol ) ကို လိုချင်တယ်ဆိုရင်တော့ ဖော်ပြခဲ့တဲ့ host name တွေကို သင် ခွဲခြားနိုင်ရပါမယ်။ IP addressများကို အမျိုးမျိုးခြားနားတဲ့ နံပါတ်တွေနဲ့ စီစဉ်ထားပါတယ်။ IP address ဟာ အောက်မှဖော်ပြထားတဲ့အတိုင်းဖြစ်ပါတယ်...
201.123.101.123


အများအားဖြင့် computer တစ်လုံးဟာ cable connection တစ်ခုပေါ်မှာ runနေတာလား ဆိုတာကို IP address ကို ကြည့်ခြင်းအားဖြင့်သိနိုင်ပါတယ်။ ဒီ မြန်ဆန်လှတဲ့ connection တွေဟာ အများအားဖြင့် ပထမဆုံး ကိန်းဂဏန်း နှစ်လုံးဟာ နိမ့်ကြပါတယ်။ cable connection တစ်ခုရဲ့ IP ကတော့ အောက်ပါပုံစံအတိုင်းဖြစ်ပါတယ်...
24.18.18.10


dialup connectionတွေကတော့ အောက်ပါအတိုင်း ကိန်းဂဏန်း မြင့်မားကြပါတယ်...
208.148.225.225


208 ဟာ cable connection ဖြစ်တဲ့ 24 ထက်မြင့်မားတယ်ဆိုတာ ဂရုပြုမိဖို့ လိုက်ပါတယ်။
နောက်တစ်ခုမှတ်ထားရမှာက IP address တွေအားလုံးဟာ ဒီပုံစံအတိုင်း မဖြစ်နိုင်ဘူးဆိုတာပါပဲ။
အချို့ ကုမ္ပဏီတွေက hacker တွေကို ထင်ယောင်ထင်မှားဖြစ်စေဖို့ cable connection ကို dialup ပုံစံမျိုး IP address တွေလုပ်ထားတတ်ကြပါတယ်။ ဒီအတွက် hacker တွေက T3 (သို့) OC-18 ကဲ့သို့ ထင်သွားစေပါတယ်။ ဒါကတော့ သင် nbstat command အသုံးပြုမှာဖြစ်တဲ့ IP address အပေါ်မှာ သင့်ကို အတွေးအခေါ်တခု ပေးတာဖြစ်ပါတယ်။


၅။ DC (Direct Connection) ကိုဖြတ်ကျော်၍ IP ရယူခြင်း


ပထမဆုံးအနေနဲ့ သင်ဟာ hack ချင်သူရဲ့ IP (သို့) host name ကို ရှာဖွေဖို့လိုအပ်လာမှဖြစ်ပါတယ်။ ဒါကြောင့် အခုဖော်ပြမယ့် နည်းတွေထဲက တစ်ခုခုကတော့ သင့်အတွက် အဆင်ပြေပါလိမ့်မယ်။ အကယ်၍ သင့်မှာ mIRC ရှိရင် whois (nick)...where (nick) တစ်စုံတစ်ယောက်ရဲ့ nickname (လက်သဲကွင်းများ မပါပဲ) ရိုက်ခြင်းအားဖြင့် ၄င်းကို ရယူနိုင်ပါတယ်။ သင်ဟာ host name ကိုဖြစ်စေ IP address ကိုဖြစ်စေ ရရှိမှာဖြစ်ပြီး ၄င်းကို copy ကူးထားပါ။ အကယ်၍ သင် ၄င်းတို့ကို မရရှိဘူးဆိုရင်ဖြစ်စေ၊ mIRC ကို အသုံးမပြုရင်ပဲ ဖြစ်စေ သင်ဟာ သင်hackချင်သူတွေရဲ့ computer တွေနဲ့ direct connection ရဖို့ကြိုးစားရပါတယ် (သို့) sniffer တစ်ခုကို အသုံးပြုပြီး ၄င်းတို့ရဲ့ IP (သို့) host name တွေကို ပုံပေါ်လာအောင် ပြုလုပ်ချင် ပြုလုပ်နိုင်ပါတယ်။ အကောင်းဆုံးကတော့ sniffer မသုံးပဲလုပ်တာအကောင်းဆုံးဖြစ်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ ယနေ့အချိန်မှာ snifferတွေက အလုပ်မလုပ်တော့လို့ပါ။ ဒါကြောင့် သင်ဟာ သူတို့တွေရဲ့ computer တွေဆီကို direct connection တစ်ခု ထူထောင်ဖို့လိုအပ်လာပါပြီ။ ဟုတ်ပါပြီ...... direct connection ဆိုတာဘာလဲ ? သင် သူတို့ဆီကို file တစ်ခု ပေးပို့နေခြင်းဟာ direct connection ယူပြီးသွားတာပါပဲ။
AOL Instant Messager ဟာ Direct Connection ကို ခွင့်ပြုပါတယ် အကယ်၍ user က accept ပေးမယ်ဆိုရင်ပေါ့။
ICQ ကလည်း file တစ်ခုကို ပို့တဲ့အခါ (သို့) chat request ကိုလက်ခံနေတဲ့အချိန်မှာ direct connection ကိုခွင့်ပြုပါတယ်။
ဘယ်အချိန်မဆို သင် file တစ်ခုကို ပေးပို့နေတဲ့အချိန်တိုင်းမှာ directly connected ဖြစ်ပါတယ်။ ( သင်hackချင်တဲ့သူက proxy server ကိုမသုံးမပြုဘူးလို့ ယူဆရင် ဖြစ်ပါတယ်။)
Yahoo မှာ voice နဲ့ chatting လုပ်တဲ့အခါ direct connection ကိုထူထောင်နိုင်ပါတယ်။
အကယ်၍ သင့်ဆီမှာ အဲဒီ programတွေ တစ်ခုမှ မရှိဘူးဆိုရင်တော့ တစ်ခုခုကို ရယူလိုက်ပါ။ ဒါမှမဟုတ်ဘူး sniffer တစ်ခုကိုသုံးပါ။ (သို့) အောက်မှဖော်ပြထားတာတွေကို ဆက်လက်ဖတ်ရှုပါ။
အကယ်၍ သင်က သူတို့ဆီကို သင့် site ( သင့်ရဲ့ site ဟာ site traffic statistics ကို enables လုပ်ထားရပါမယ်၊ နောက်ပြီး သင် log in လုပ်နိုင်ရပါမယ်။) ဆီသို့ရောက်နိုင်တဲ့link ကို တနည်းနည်းနဲ့ပေးနိုင်မယ်ဆိုရင် အဲဒီ link တစ်ခုကိုပေးပို့လိုက်ပါ။ ပြီးရင် stat ကိုစစ်ဆေးပြီး နောက်ဆုံး ရောက်လာသူရဲ့ IP ကိုရယူပါ။ ဒီနည်းဟာ ရိုးရှင်းပြီး လွယ်ကူတဲ့ နည်းလမ်းတစ်ခုပါ။ ဒီနည်းလမ်းဟာ အရမ်းပါးနပ်ပါတယ်ဆိုတဲ့ hackerတွေကိုတောင် အရူးလုပ်နိုင်တဲ့ နည်းလမ်းတစ်ခုပါ။ ဘာကြောင့်လဲဆိုတော့ ဒီနည်းလမ်းဟာ ၄င်းတို့ကို အကာအကွယ်မဲ့စွာ ရယူနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်နေလို့ပါ။ ဘာပဲဖြစ်ဖြစ် သင်ဟာ ဒီနည်းလမ်းတွေထဲက တစ်ခုခုနဲ့ direct connection တစ်ကြိမ်ရယူနိုင်ခဲ့ပြီးဆိုရင်တော့ DOS ထဲကိုသွားဖို့အချိန်တန်ပါပြီ။ အဲဒီထဲမှာ NETSTAT -n လို့ ရိုက်လိုက်ပါ။ NETSTAT ဆိုတာကတော့ program တစ်ခုဖြစ်တဲ့ NET STATISTICS ရဲ့ နာမည်အတိုကောက်ဖြစ်ပါတယ်။ ၄င်းက သင့်ဆီကို လာရောက် ချိတ်ဆက်တဲ့ computerများ အားလုံးကိုပြသပါလိမ့်မယ်။( အကယ်၍ သင်ကို Sub Seven: 27374 ကဲ့သို့သော သင်သိနေတဲ့ port တစ်ခုပေါ်မှာ trojan horse တစ်ခုနဲ့ hack ခံနေရတယ်လို့ သင် ထင်နေရင်လည်းပဲ ဒီဟာက သင့်ကို အကူအညီပေးပါလိမ့်အုံးမယ်။) သင့်ရဲ့ screen မှာ အောက်မှာဖော်ပြထားတဲ့အတိုင်း သင့် computer ကို ချိတ်ဆက်နေတဲ့ connectionတွေကို သင်တွေ့ရပါလိမ့်မယ်။

C:\WINDOWS\DESKTOP>netstat -n
Active Connections
Proto Local Address Foreign Address State
TCP 172.255.255.82:1027 205.188.68.46:13784 ESTABLISHED
TCP 172.255.255.82:1036 205.188.44.3:5190 ESTABLISHED
TCP 172.255.255.82:1621 24.131.30.75:66 CLOSE_WAIT
TCP 172.255.255.82:1413 205.188.8.7:26778 ESTABLISHED
TCP 172.255.255.82:1483 64.4.13.209:1863 ESTABLISHED
C:\WINDOWS\DESKTOP>

ပထမစာကြောင်းကတော့ computer နှစ်လုံးအသုံးပြုနေကြတဲ့ Protocol (language) ကို ညွှန်ပြတာဖြစ်ပါတယ်။
TCP(Transfer Control Protocol) ကတော့ ဒီထဲမှာအသုံးပြုနေတာဖြစ်ပြီး အများဆုံးကျယ်ကျယ်ပြန့်ပြန့်အသုံးနေတာဖြစ်ပါတယ်။
Local Address ကတော့ သင့်ရဲ့ IP address ကိုပြပါတယ် (သို့) သင်အသုံးပြုနေတဲ့ system ရဲ့ IP address ဖြစ်ပါတယ်။
Foreign Address ကတော့ သင့်ကို လာရောက်ချိတ်ဆက်ခဲ့တဲ့ computer တွေရဲ့ address ကိုပြပါတယ်။
State ကတော့ သင်ဟာ ဘယ် connection အမျိုးအစားကိုပြုလုပ်နေတယ်ဆိုတာကိုပြောတာဖြစ်ပါတယ်။ ESTABLISHED ရဲ့ အဓိပ္ပာယ်ကတော့ သင် program ပေါ်မှာရှိနေသမျှကာလပတ်လုံး(သို့) computer က ခွင့်ပြုနေသမျှ ကာလပတ်လုံး (သို့) ၄င်းကို အခြား computer တစ်ခုက လိုအပ်နေသမျှ သင်နဲ့ connect ဖြစ်နေလိမ့်မယ် ဆိုတဲ့အဓိပ္ပာယ်ပါ။ CLOSE_WAIT ဆိုတာကတော့ ဒီအချိန်မှာ connection ကို ပိတ်ထားပြီး ၄င်းကို လိုအပ်သည့်တိုင်အောင် စောင့်ဆိုင်းနေတယ် (သို့) သင် နောက်ထပ် connection ကိုပြန်စသည့်တိုင်အောင် စောင့်ဆိုင်းနေတယ် ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ အပေါ်မှာပြခဲ့တဲ့ အထဲမှာ မပါတဲ့ TIME_WAIT ဖြစ်ပါတယ်။ ၄င်းရဲ့ အဓိပ္ပာယ်ကတော့ အချိန်ကို ဆုံးဖြတ်နေတာဖြစ်ပါတယ်။ အများအားဖြင့် AOL ပေါ်မှာ ကြော်ငြာတွေ run နေတဲ့ အချိန်မှာ ၄င်းဟာ TIME_WAIT state ကိုအသုံးပြုနေပါတယ်။
အောက်ပါ အချက်တွေကို ကြည့်ခြင်းအားဖြင့် သင့် computer သို့ တစ်စုံတစ်ယောက် တိုက်ရိုက် ဆက်သွယ်နေတယ်ဆိုတာကို သိနိုင်ပါတယ်...

C:\WINDOWS\DESKTOP>netstat -n
Active Connections
Proto Local Address Foreign Address State
TCP 172.255.255.82:1027 205.188.68.46:13784 ESTABLISHED
TCP 172.255.255.82:1036 205.188.44.3:5190 ESTABLISHED
TCP 172.255.255.82:1621 24.131.30.75:66 CLOSE_WAIT
TCP 172.255.255.82:1413 abc-123-ppp.webnet.com ESTABLISHED
TCP 172.255.255.82:1483 64.4.13.209:1863 ESTABLISHED
C:\WINDOWS\DESKTOP>

ဖော်ပြထားတဲ့အထဲက လေးကြောင်းမြောက်မှာ IP address တွေအစား host name တစ်ခုပါဝင်နေတယ် ဆိုတာကို သတိပြုမိပါလိမ့်မယ်။ ဒီလိုတွေက အမြဲလိုလိုပဲ ဖြစ်တတ်ပါတယ်။ အခြားcomputer က သင့်ကို connect လုပ်ပါပြီး။ ဒါကြောင့် သင့်မှာ အခု host name တစ်ခုရရှိခဲ့ပါပြီ...
abc-123-ppp.webnet.com


host name ပဲဖြစ်ဖြစ် IP address ပဲဖြစ်ဖြစ် ပြဿနာမရှိပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ အလုပ်လုပ်ပုံက အတိအကျကို တထပ်တည်း တူညီနေလို့ပါ။ ဥပမာအနေနဲ့ ကျနော်က abc-123-ppp.webnet.com ဆိုတဲ့ host name ကိုသုံးပါမယ်။ သင်က သင်connect လုပ်ချင်တဲ့ remote system ရဲ့ IP (နဲ့ /သို့ )host name တစ်ခုကို သင်ရပြီဆိုပါတော့...... hack ဖို့အချိန်ရောက်ပါပြီ!
သင့်ရဲ့ DOS command ကို ဖွင့်လိုက်ပါ။ ပြီးရင် NBTSTAT လို့ရိုက်ပြီး NBTSTAT ကိုဖွင့်ပါ။
-a (adapter status) Lists the remote machine's name table given its name
-A (Adapter status) Lists the remote machine's name table given its IP address.
ဒါကိုတော့ သတိရကြအုံးမယ်ထင်ပါတယ်။ အခု ဒီဟာကို အသုံးချဖို့ အချိန်ရောက်ပါပြီ။
-a က host name ဖြစ်ပါလိမ့်မယ်။
-A က IP address ဖြစ်ပါလိမ့်မယ်။
ဒါကို ဘယ်လို သိခဲ့တာလည်း ဆိုတော့ -a -A commandတွေနောက်မှာ ရေးထားတဲ့ ဖော်ပြချက်တွေကို ဖတ်လိုက်လို့ပါ။ command တိုင်းမှာလည်း ဖော်ပြပေးထားပါတယ်။


၆။ ၄င်းတို့ကို ကောင်းစွာအသုံးချခြင်း


အကယ်၍သင့်မှာ host name ပဲရှိတယ်ဆိုရင် အောက်ပါအတိုင်း ရိုက်ပါ။
NBTSTAT -a (ဒီနေရာ host name ကို လက်သဲဂွင်းများမပါပဲ ရိုက်ထည့်ပါ။)
သင့်မှာ IP address ပဲရှိတယ်ဆိုရင်တော့ အောက်ပါအတိုင်း ရိုက်ပါ။
NBTSTAT -A (ဒီနေရာ IP address ကို လက်သဲဂွင်းများမပါပဲ ရိုက်ထည့်ပါ။)
ပြီးရင် Enter ခေါက်ပြီး ခဏစောင့်ပါ။ အောက်မှာ ဖော်ပြထားတဲ့ နှစ်ခုထဲက တစ်ခု ပေါ်လာပါလိမ့်မယ်...
၁။ Host not found
၂။ အောက်မှာတွေ့ရတဲ့ အတိုင်း...

--------------------------------------------
NetBIOS Local Name Table
Name Type Status
---------------------------------------------
GMVPS01 <00> UNIQUE Registered
WORKGROUP <00> GROUP Registered
GMVPS01 <03> UNIQUE Registered
GMVPS01 <20> UNIQUE Registered
WORKGROUP <1e> GROUP Registered

အကယ်၍ computer က "Host not found" ဆိုပြီး တုန့်ပြန်ခဲ့တယ်ဆိုရင်တော့ ဒီဖြစ်ရပ်နှစ်ခုထဲက တစ်ခု ဖြစ်နိုင်ပါတယ်...
၁။ သင် ရိုက်လိုက်တဲ့ host name လွဲချော်သွားတာ၊
၂။ ဒီ host ကို hack လို့မရနိုင်တာပဲ ဖြစ်ပါတယ်။
နံပါတ်တစ် ဖြစ်ရပ်ဆိုရင်တော့ သင် ကံကောင်းထဲမှာပါ ပါတယ်။ နံပါတ်နှစ်ဖြစ်ရပ်ဆိုရင်တော့ ဒီ system ဟာ NBTSTAT ကို အသုံးပြုပြီး hack လို့မရနိုင်ပါဘူး... ဒါကြောင့် အခြားsystemတစ်ခုနဲ့ ကြိုးစားရပါလိမ့်မယ်။
အကယ်၍ အထက်မှာဖော်ပြခဲ့သလိုမျိုး table တစ်ခုကို ရရှိခဲ့မယ်ဆိုရင်တော့ ၄င်း ကို သေချာစွာ ဂရုတစိုက်ကြည့်ပါ။ ပြီးတော့ ကျနော်ဖော်ပြထားတဲ့ အချက်တွေနဲ့ ၄င်းတို့ရဲ့ ရည်ရွယ်ချက်တွေကို ဆက်လက်ဖတ်ရှုပါ။
Name - computer မှာပါဝင်တဲ့ အပိုင်းတွေရဲ့ share name အနေအထား
<00>,<03>,<20>,<1e> - အဲဒီ share name ပေါ်မှာ services available ဖြစ်နေတဲ့ Hexidecimal codeတွေ ဖြစ်ပါတယ်။
Type - ၄င်းတို့ကတော့ self-explanatory ဖြစ်ပါတယ်။ ၄င်းတို့ဟာ turn on သော်လည်းကောင်း (သို့) သင့်ကြောင့် active ဖြစ်ခဲ့တာသော်လည်းကောင်း (သို့) အမြဲတမ်း on နေတာတွေ ဖြစ်ပါတယ်။
Status - share name များ အလုပ်လုပ်နေပြီး activate ဖြစ်နေကြတဲ့ ရိုးရှင်းတဲ့အခြေအနေ ဖြစ်ပါတယ်။
ဖော်ပြပေးခဲ့တဲ့ table ကိုကြည့်ပြီး အောက်ပါလင့်ကို ရှာဖွေပါ...
GMVPS01 <20> UNIQUE Registered
တွေ့ပြီလား ...?
OK... အခုအရေးကြီးတဲ့ အပိုင်းကို ရောက်ပါပြီ ... သေချာဖတ်ရှုပါ...။ <20> ရဲ့ Hexidecimal code ရဲ့ အဓိပ္ပာယ်ကတော့ hex number တွေနဲ့ ရှိနေတဲ့ line ပေါ်မှာဖြစ်တဲ့ share name မှာ file sharing ဟာ enable ဖြစ်နေပြီ ဆိုတဲ့ အဓိပ္ပာယ်ပါ။ ဆိုလိုတာကတော့ GMVPS01 မှာ file sharing ဟာ enable ဖြစ်နေတယ် လို့ဆိုလိုပါတယ်။ ကဲ...အခုသင် ဒီဟာကို hack ချင်နေပြီလား ... ဒါဆိုရင်တော့ ဒီမှာ ဘယ်လို လုပ်ရမယ်ဆိုတာကို ကြည့်ပါ။ ( ဒီအပိုင်းက အနည်းငယ်ခက်ခဲ့ပါတယ်။)


၇။ LMHOST File


Windows system တွေအားလုံးမှာ LMHOST.sam ဆိုတဲ့ file တစ်ခုရှိပါတယ်။ ကျနော်တို့က ရိုးရိုးရှင်းရှင်းပဲ ဒီ LMHOST file ထဲကို IP address ပေါင်းထည့်ပေးဖို့လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ LMHOST ဟာ အခြေခံအားဖြင့် network တစ်ခုကဲ့ သို့ ပြုမှုပြီး သင်ကို ၄င်း ဆီသို့ အလိုအလျှောက် logging လုပ်ပါတယ်။ ဒါကြောင့် Start,Find, Files (သို့) Folders သို့သွားပါ။ LMHOST ထဲမှာ ရိုက်ပြီး Enter ခေါက်ပါ။ ၄င်းဟာ wordpad ကဲ့သို့သော text program တစ်ခုကို အသုံးပြုပြီး ပွင့်လာပါလိမ့်မယ်။ ဒါပေမယ့် ထိုဟာတွေပေါ်မှာရှိတဲ့ "always open files with this extension" ဆီသို့ checkmark မထားခဲ့ဖို့တော့ သင်သေချာသတိထားရပါမယ်။ ရှင်းရှင်းလေးပါပဲ အောက်မှာမြင်တွေ့နေရတဲ့ အပိုင်းတွေရောက်တဲ့ အထိ LMHOST file ကိုဖြတ်ကျော်သွားရမှာဖြစ်ပါတယ်...
# This file is compatible with Microsoft LAN Manager 2.x TCP/IP lmhosts
# files and offers the following extensions:
#
# #PRE
# #DOM:
# #INCLUDE
# #BEGIN_ALTERNATE
# #END_ALTERNATE
# \0xnn (non-printing character support)
#
# Following any entry in the file with the characters "#PRE" will cause
# the entry to be preloaded into the name cache. By default, entries are
# not preloaded, but are parsed only after dynamic name resolution fails.
#
# Following an entry with the "#DOM:" tag will associate the
# entry with the domain specified by . This affects how the
# browser and logon services behave in TCP/IP environments. To preload
# the host name associated with #DOM entry, it is necessary to also add a
# #PRE to the line. The is always preloaded although it will not
# be shown when the name cache is viewed.
#
# Specifying "#INCLUDE " will force the RFC NetBIOS (NBT)
# software to seek the specified and parse it as if it were
# local. is generally a UNC-based name, allowing a

# centralized lmhosts file to be maintained on a server.
# It is ALWAYS necessary to provide a mapping for the IP address of the
# server prior to the #INCLUDE. This mapping must use the #PRE directive.
# In addtion the share "public" in the example below must be in the
# LanManServer list of "NullSessionShares" in order for client machines to
# be able to read the lmhosts file successfully. This key is under
# \machine\system\currentcontrolset\services\lanmans erver\parameters\nullsessionshares
# in the registry. Simply add "public" to the list found there.
#
# The #BEGIN_ and #END_ALTERNATE keywords allow multiple #INCLUDE
# statements to be grouped together. Any single successful include
# will cause the group to succeed.
#
# Finally, non-printing characters can be embedded in mappings by
# first surrounding the NetBIOS name in quotations, then using the
# \0xnn notation to specify a hex value for a non-printing character.

သင်လိုချင်တဲ့ လမ်းကြောင်းအတိုင်း သင့်ရဲ့ connection ကို set လုပ်နိုင်ဖို့အတွက် ဒီအပေါ်မှာ ဖော်ပြထားတာတွေကို နားလည်သည့် တိုင်အောင် ဖတ်ပါ။အောက်မှာ IP address ကို ဘယ်လို ပေါင်းထည့်နိုင်တယ်ဆိုတာကို ဥပမာ ပြထားပါတယ်...
#PRE #DOM:255.102.255.102 #INCLUDE

Pre ဟာ သင် net သို့ log on ဖြစ်တာနဲ့ connection ကို preload လုပ်ပါလိမ့်မယ်။DOM ကတော့ သင် connection ယူနေတဲ့ domain (သို့) host ရဲ့ IP address ဖြစ်ပါတယ်။INCLUDE ကတော့ သင့်ကို file လမ်းကြောင်းတွေဆီသို့ အလိုအလျှောက် set လုပ်ပါလိမ့်မယ်။ ဒီဖြစ်ရပ်မှာတော့ သင် net သို့ log on ဖြစ်တာနဲ့ တပြိုင်နက် သင်ဟာ C:/drive ပေါ်မှ 225.102.255.102 သို့ access ရရှိပါလိမ့်မယ်။ ဒီနေရာပြဿနာရှိနေတာလေး တစ်ခုက သင် connect လုပ်နေစဉ်အတွင်းမှာ NETSTAT command နဲ့ပြုနေရမှာဖြစ်ပြီး သင့်စက်ရဲ့ IP ကိုလည်း ယူပါတယ်။ ၄င်းဟာ ရိုးရှင်းတဲ့ PC တွေမှာပဲ အလုပ်လုပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ယနေ့ခေတ်မှာ လူတော်တော်များများဟာ computer illiterate တွေကို မသိတော့ပါဘူး ဒါကြောင့် ဒီ command တွေက ဘာတွေလုပ်နိုင်တယ်ဆိုတာကို သဘောမပေါက်နိုင်တော့ပါဘူး။ သူတို့ဟာ NETSTAT နဲ့ပတ်သတ်ပြီးတော့လည်း သဘောမပေါက်ကြတော့ပါဘူး ။ ဒါကြောင့် သင်က သူတို့ရဲ့ အားနည်ချက်တွေကို ကောင်းကောင်း အသုံးချ အသာစီးရယူရမှာဖြစ်ပါတယ်။ PC system အများစုဟာ ယခုဆိုရင် ဒီနည်းလမ်းနဲ့ hack ဖို့ခက်ခဲလာပါပြီ... ဘာကြောင့်လဲဆိုတော့ ၄င်းတို့ဟာ ပိုပြီးလုံခြုံစိတ်ချလာရပါပြီ။ ဒါ့အပြင် ၄င်းတို့ကို အခြားsystem တစ်ခု access ရယူဖို့ ကြိုးစားနေတဲ့အခါ တွေမှာ ဖော်ပြပေးနိုင်ကြပါတယ်။ သင်ဟာ ဘယ်နည်းနဲ့မဆို သူက firewall တစ်ခု run နေသလား၊ သူတို့ computer ဆီသို့ရောက်ရှိလာတဲ့ connection တွေကို block လုပ်မှာလား ဆိုတာကို တနည်းနည်းနဲ့ သိထားဖို့လိုပါတယ်။ home system အများစုကတော့ firewall ကို run နေခြင်းမရှိပါဘူး။ ဒါဟာသင့်အတွက် အခွင့်အရေးပါပဲ...သူတို့တွေဟာ firewall ကို ဘယ်လို လည်ပတ်စေရမယ်ဆိုတာကို မသိကြပါဘူး။ ဒါကြောင့် system ထဲမှာ hole ရှိနေပါတယ်။ သင့်ကိုအထောက်အကူပြုစေမယ့် အချို့ programming languageတွေကို ပြဖို့အတွက် computer က information တွေကို ဘယ်လို ဖတ်သလဲဆိုတာကို သိရှိထားခြင်းဟာလဲ ကောင်းတဲ့ အတွေးအမြင်တစ်ခုဖြစ်ပြီး TCP/IP(Transfer Control Protocol/Internet Protocol) ပေါ်မှာ အချို့အရာများကိုလည်း လေ့လာထားရမှာဖြစ်ပါတယ်။ အကယ်၍ သင်က သူတို့ဟာ firewall တစ်ခုကို run နေသလား ဆိုတာကို ရှာဖြေဖို့အတွက်ကတော့ ရိုးရိုးရှင်းရှင်းအနေနဲ့ Proxy တစ်ခုပေါ်မှာ ကျော်ဝင်ခြင်း နဲ့ သူတို့ IP ပေါ်မှာ port scan ဖတ်ခြင်းတို့ဖြင့် သိနိုင်ပါတယ်။ သင်တစ်ခုမှတ်ထားရမှာကတော့ သူတို့ဆီမှာ firewall တစ်ခု run နေတယ်ဆိုရင် portအများစုဟာ close ဖြစ်နေပါလိမ့်မယ်။ Microsoft ကို hack ခြင်းထက် home system တစ်ခုကို hack ခြင်းမှာ ပိုကောင်းတွေ အခွင့်အရေးတွေ သင့်မှာရှိနေပါသေးတယ်။


၈။ Access ရယူခြင်း


ဒီတစ်ကြိမ် သင့်LMHOST file ထဲကို ဒီဟာတွေ ပေါင်းထည့်ရမယ်။ ဒါတွေပြီးရင်တော့ သင် အခြေခံအားဖြင့်တော့ ပြီးဆုံးပြီလို့ပြောလို့ရပါတယ်။ သင် လိုအပ်တာတွေအားလုံးကို လုပ်ဖို့အတွက် Start>Find>Computer ကိုသွားပါတယ်။
သင်ရရှိလာတဲ့အထဲကို IP address (သို့) system ရဲ့ host name ကို ရိုးရိုးလေးပဲရိုက်ထည့်လိုက်ပါ။ ၄င်း ဖွင့်လာတဲ့အခါမှာ double click ပေးလိုက်ပါ။ အဲဒီထဲမှာ သင့်အတွက် GUI တစ်ခုရှိပါတယ်၊ ဒါကြောင့် သင် DOS တွေကို ထက်သုံးဖို့ စရာမလိုတော့ပါဘူး။ သုံးချင်တယ်ဆိုရင်လည်း DOS တွေကို အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် ဒီလမ်းကြောင်းဟာ ရိုးရှင်းပြီး လွယ်ကူတဲ့ ပါတယ်။ သင် system ကိုဖွင့်ပြီးသွားပြီဆိုရင်တော့ သင့်စိတ်ကြိုက် edit , delete, rename လုပ်နိုင်ပါပြီး ကြိုက်တဲ့ file ကို ကြိုက်သလို လုပ်လို့ရပါပြီ။ C:/ ထဲမှာရှိတဲ့ command file ကို delete လုပ်ဖို့လည်း လိုပါတယ်... ဘာကြောင့်လဲဆိုတော့ အကယ်၍ သူတို့ က သူတို့ computer ထဲမှာ တစ်စုံတစ်ယောက်ရှိနေတယ်လို့ ထင်ရင် ၄င်းကို အသုံးပြုချင် အသုံးပြုနိုင်နေတဲ့ အတွက်ပါ။ ဒါမှမဟုတ် ၄င်း command file ကိုသွားတဲ့ shortcut ကို delete လိုက်ပါ။
ပြီးရင်တော့ ဒီနေရာ programming ရဲ့ သုံးဝင်မှုအပိုင်းတွေ ရောက်လာပါပြီ။ NBTSTAT နည်းလမ်းကို အချိန်တိုင်းသုံးနေမယ့်အစား သင့်ရဲ့ ကိုယ်ပိုင်port number ပေါ်မှ သင့်ရဲ့ ကိုယ်ပိုင် trojan ကိုအသုံးပြုခြင်းနဲ့ ၄င်းကို system ထဲသို့ upload ပြုလုပ်ခြင်း လုပ်နိုင်ပါတယ်။ အဲလိုဆိုရင်တော့ သင် ပိုပြီးတော့ လွယ်ကူတဲ့ access ရှိပါလိမ့်မယ် ပြီးတော့ သင့်အတွက် ပိုကောင်းတဲ့ GUI တစ်ခုလည်း ရှိသွားပါလိမ့်မယ် ပြီးရင် အခြား ပိုကောင်းတဲ့ feature တွေလည်း ရှိနေပါလိမ့်မယ်။ သင် hack မယ်သူတွေဟာ မြန်ဆန်တဲ့ connection တစ်ခုပေါ်မှာ ရှိမနေဘူးဆိုရင် system သို့ connection တစ်ခုထက်ပိုပြီး connect လုပ်တာကို ခွင့်ပြုမှမဟုတ်ပါဘူး။အကယ်၍ သင်က သူတို့ computer ထဲမှာရှိတဲ့ အရာတစ်ခုခုကို download လုပ်နေခဲ့မယ်ဆိုရင် သူတို့ connection တွေတဖြေးဖြေးနှေးလာပါလိမ့်မယ်။ ဒီအတွက် သူတို့က သူတို့ရဲ့ NETSTAT ကို စစ်ဆေးကြည့်ခြင်း အားဖြင့် သူတို့ကို ဘယ်သူတွေ connect လုပ်နေတာဆိုတာကို ကြည့်လို့ရပါတယ်။ အဲဒီထဲမှာ သင့်ရဲ့ IP ကိုလည်း ပြနေမှာဖြစ်တဲ့အတွက် သူတို့ မသင်္ကာဖြစ်သွားနိုင်ပါတယ်။ဒါကြောင့် အဲလိုဖြစ်ခဲ့မယ်ဆိုရင် ထွက်လိုက်ပါပြီးရင် network (သို့) တစ်ခုခုကို scan ဖတ်ပါပြီးရင် port 21 (သို့) portတစ်ခုခုနဲ့ computer တစ်လုံးကို ရှာပြီး ဖွင့်လိုက်ပါ။


How to Crack Wi-Fi WPA and WPA2 PSK Passwords


How to Crack Wi-Fi WPA and WPA2 PSK Passwords
Wireless Security Auditor from Elcomsoft is a premium software that can crack WiFi WAP/WPA2 PSK passwords, intercept data packets and locate wireless networks. This app makes use of dictionary attack by searching lists of dictionary words and common phrases that can be found on the internet. Elcomsoft Wireless Security Auditor is undetectable by the Wi-Fi network being probed and WPA/WPA2-PSK passwords can be retrieved  in plain text.
In order to speed up password recovery/ discovery Wireless Security Auditor harness the power of GPU. This app supports graphics cards like NVIDIA  like GeForce and ATI video cards such as Radeon HD 4800 and 5000 series.
Wifi crackinga href="http://utileriasborboa.files.wordpress.com/2008/03/ajndyh.jpg" target="_blank">credit>
Features of Elcomsoft Wireless Security Auditor:
  1. Determine how secure your wireless network is
  2. Built-in wireless network sniffer
  3. Test the strength of WPA/WPA2-PSK passwords protecting your wireless network
  4. Save time with patent-pending GPU acceleration technology when one or more compatible NVIDIA or ATI video cards are present
  5. Hardware acceleration on Tableau TACC1441 hardware
  6. Run advanced dictionary attacks with highly configurable variations
  7. Perform attacks from inside or outside of your network
Steps to crack Wi-Fi WPA and WPA2 PSK passwords:
1) Download and install Wireless Security Auditor. Launch the app.
Wireless Security Auditor

2) Go to File and from the drop down menu select Add WPAPSK Hash Manually.

Elcomsoft Wireless Security Auditor File
3) Now in the new window enter the WiFi networks SSID (name) or broadcast ID and hit OK.
Wireless Security Auditor SSID
4) Now the Security Auditor will do a dictionary match search till the password is found.
Wireless Security Auditor WPA WPA2
Tags: Hacking