Pages

Translate

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Thursday, December 6, 2012

ကျွန်တော်သိသမျှ Windows Registry အကြောင်း

 
ကျွန်တော်သိသမျှကို ပြန်လည် ရှင်းပြပေးတာပါ။ ကျွန်တော့် ထက်ပိုသိတဲ့သူတွေ လည်းအများကြီးရှိတာမို့ ၀င်ရောက်ပြင်ဆင်ဆွေးနွေးပေးကြပါ............... .

Windows Registry အကြောင်းကို အပိုင်း သုံးပိုင်းခွဲပြီး ရှင်းပြပါမယ်။

   Chapter(1) - Windows Registry အကြောင်း
  Chapter(2) - Windows Registry ကို manual ပြုပြင်ခြင်း
  Chapter(3) - Windows Registry ကို Script များရေးပြီး ပြုပြင်ခြင်း တို့ဖြစ်ပါတယ်။

 
 
Chapter (1)
  Windows Registry အကြောင်း
  Windows O.S ရဲ့ Registry ဆိုတာ O.S နဲ့ စက်ရဲ့ Application, Hardware, Software, Device Driver & Network Portocol တွေနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက် အစုအဝေးပါ။
Registry ထဲမှာ အဓိက ပါဝင်မှုတွေကတော့-Device & Application များရဲ့ Setup Progarm များ

-User Profile များ

-NTLDR (Windows ကို load ပေးတဲ့ Progarm)

-Device Driver

-Hardware Profile

-Application Progarms

 
Registry ကို တည်ဆောက်ပုံ နှစ်မျိုး ခွဲနိုင်တယ်။

(1) Logical Organization

(2) Physical Organization

 
(1) Logical Organization

သူ့မှာတော့ Branch (5) ခုရှိတယ်။ အဲ့ဒီ ငါးခုကို High level key(or) Sub key(or) Main key
 လို့ ခေါ်တယ်။ သူ့ အောက်မှာလည်း နောက်ထပ် Sub key တွေ ရှိပြီးတော့ အောက်ဆုံးအဆင့် မှာ
 Value တွေရှိတယ်။ Value တွေမှာလည်း Value name တွေ ရှိပြီးတော့ Assign လုပ်ထားတဲ့ Data
 & Data Type တွေရှိတယ်။အဲ့ဒီ High level key(or) Sub key(or) Main key တွေ ကတော့-

 
 
-HKEY_CURRENT_USER

- လက်ရှိ logon ၀င်ရောက်နေတဲ့ user နဲ့သက်ဆိုင်တဲ့ အချက်တွေကိုဖော်ပြပေးတယ်။

- လက်ရှိ User ရဲ့ အချက်အလက်တွေကို သိမ်းထားပေးတယ်။

 
-HKEY_CLASSES_ROOT

- Software နှင့် ၄င်း Software တွေ မည်သို့ ဖွဲ့စည်းထားသည်ကိုဖော်ပြပေးတယ်။
 - -HKEY_LOCAL_MACHINE ၏ Sub key တစ်ခုဖြစ်တယ်။

 
-HKEY_CURRENT_CONFIG
 - လက်ရှိ Active ဖြစ်နေတဲ့ Hardware Configuration ကို ဖော်ပြပေးတယ်။
 - ၄င်းသည် -HKEY_LOCAL_MACHINE ၏ Sub key နှစ်ခုဖြစ်သော Software & System မှ

Data များကို ထုတ်နှုတ်ဖော်ပြပေးတယ်။

 
-HKEY_USERS
 - လက်ရှိ Logon ၀င်ရောက်နေသော User ရဲ့ ID & Logon Screeen ကို တည်ဆောက်ရန်လိုအပ်တဲ့ အချက်အလက်တွေကိုပြတယ်။

  - User အားလုံးရဲ့ Profile တွေကို သိမ်းပေးတယ်။
 - -HKEY_CURRENT_USER သည် -HKEY_USERS ၏ Sub key တစ်ခုဖြစ်သည်။
 -HKEY_LOCAL_MACHINE
 - O.S စတင်တက်ရန် လိုအပ်သော Device များ၊ Device Driver များနဲ့သက်ဆိုင်သော Dataများအပါ အ၀င် ကွန်ပျူတာနဲ့သက်ဆိုင်သော Data Configuration များကိုပြပေးတယ်။

- မတူညီသော User များ Logon ၀င်ရောက်နေစဉ်တွင် ၄င်း ရဲ့ အချက်အလက်တွေကိုပြောင်းမပေးပါ။
  (အထက်ပါ Sub Key ငါးခုကိုကြည့်ခြင်းအားဖြင့် Registry မှာ အဓိက Sub key က နှစ်ခုပဲရှိတာကို
 မြင်တွေ့နိုင်ပါတယ်။ -HKEY_USERS အောက်မှာ -HKEY_CURRENT_USER , -HKEY_LOCAL_MACHINE
 အောက်မှာ -HKEY_CURRENT_CONFIG & -HKEY_CLASSES_ROOT ရှိနေပါတယ်။)

 
(2) Physical Organization
 Registry ကို Hive လို့ခေါ်တဲ့ ဖိုင် ငါး ခုထဲမှာ သိမ်းထားတယ်။ အဲ့ဒါတွေကတော့

  1.Default
2.SAM
  3.SECURITY
4.SOFTWARE
  5.SYSTEM တို့ဖြစ်ပါတယ်။

 
-HKEY_LOCAL_MACHINE

SAM
SECURITY
SOFTWARE [-HKEY_CLASSES_ROOT] , [-HKEY_CURRENT_CONFIG]
SYSTEM [-HKEY_CURRENT_CONFIG]

 
-HKEY_USERS
 Default [-HKEY_CURRENT_USER]

 လက်တွေ့လုပ်ဆောင်မှုအပိုင်းမှာတော့ ကျွန်တော်တို့ဟာ Logical အပိုင်းကိုပဲ အသုံးပြုပြီးတော့Physical ပိုင်းကိုတော့ နားလည်ယုံဆို အဆင်ပြေပါတယ်။ကဲကျွန်တော်တို့ Registry ကိုသိပြီ။ နားလည်ပြီ....... သူ့ကိုဘယ်မှာရှာရမလဲ ဆိုရင်

Start Menu> Run ကိုသွားပါ၊ နောက်ပြီး Run dialog box ပေါ်လာရင် regedit လို့ ရိုက်ပြီးEnter ခေါက်လိုက်ရင် Registry Editor ပေါ်လာပါလိမ့်မယ်။

Registery ကို ဘယ်မှာသိမ်းသလဲ ဆိုတော့..............
partation C: ရဲ့ Win32 ထဲက Config ထဲမှာသိမ်းပါတယ်။Registry ရဲ့ Repair ကိုတော့ C အောက်က Window ထဲက repair ထဲမှာသိမ်းပါတယ်။အထက်မှာ ပြောပြထားသလို Value တစ်ခုမှာရှိတဲ့ Data တစ်ခု ကိုဖော်ပြတဲ့နေရာမှာ Data typeအမျိုးအစား (၆)မျိုးအနက်က တစ်ခုခုနဲ့ဖော်ပြနိုင်ပါတယ်။ အဲ့ဒီ (၆) မျိုးကတော့ ...........

  1.REG_BINARY
Raw Binary Data, Hardware သတင်းတွေကို ကွန်ပျူတာမှ binary အဖြစ်သိမ်းပေမယ့်၊Registery editor မှာ အကျဉ်းခြုံးရန် Hexa Decimal နဲ့ပြပေးတယ်။

 
2.REG_DWORD
 4 byte အရှည်ရှိတဲ့ ကိန်းဂဏန်းနဲ့သိမ်း၊ Device Driver များ၊ Service နှင့်သက်ဆိုင်သောကန့်သတ်ချက် (parameter) များကိုဖော်ပြပေးတယ်။


3.REG_EXPAND_SZ
 ကိန်းရှင် (variable) များ

   4.REG_MULTI_SZ
 multiple type, user များသိနိုင်သော Char နှင့်ဂဏန်းများရောနှောပုံ၊ နေရာလွတ် ၊ ကော်မာနဲ့အခြား အမှတ်တွေပါ။

5.REG_SZ
စာသားများပါဝင်ပြီး အလျားသတ်မှတ်ချက်ရှိသော အက္ခရာစဉ်ကိန်းတန်း တစ်ခု။

6.REG_FULL_RESOCE_DESCRIPTOR

Hardware တစ်ခုကို (Dirver တစ်ခု) Resource List ကိုသိမ်းဆည်းရန် ဒီဇိုင်းထုတ်ထားသောNested Array တစ်ခု။

  (အသုံးများတဲ့ data type တွေကို အနီနဲ့ ပြထားပေးပါတယ်။)

 
 
Registry Backup လုပ်ခြင်း

Windows Registry ကို backup ပြုလုပ်ခြင်း (ဒါက Chapter(1) နဲ့ Chapter (2) ကြားက ကြော်ငြာ ကဏ္ဍ)
ဒီအပိုင်းမှာကတော့ Registry ကို ပြုပြင်တာတွေ ဖြစ်လို့ ပထမဦးစွာအနေနဲ့ Windows ရဲ့ Registry ကိုBackup လုပ်ထားစေချင်ပါတယ်။ Registry ဟာ Windows ရဲ့ ဦးနှောက် ဖြစ်တာကြောင့် တစ်စုံတစ်ခု ပျက်စီးချို့ယွင်း သွား ခဲ့ရင် Windows မတက်တဲ့ အထိ ပြသနာရှာတတ်ပါတယ်။

  ကဲ အခု Windows မှာ အသင့်ပါလာတဲ့ Backup or Restore Wizard ကို အသုံးပြုပြီး Registry ကို backup& restore လုပ်ရအောင်..............


Start Menu> Run (Run ထဲမှာ ntbackup လို့ရိုက်ထည့်ပေးပါ)
Backup & Restore Wizard Dialogbox ကျလာပါလိမ့်မယ်...... အဲ့ဒီ Welcome Page ပေါ်မှာ ရှိတဲ့
Advance Mode ဆိုတဲ့ အပြာရောင် စာသားကို နှိပ်လိုက်ရင် Backup Utility Box ထပ်ကျလာပါမယ်။
 အဲ့ဒီအထဲကမှ Backup Tab ကိုရွေးလိုက်ပြီးရင် ဘယ်ဘက် ခြမ်းရှိ My Computer အောက်က System
 State Checkbox ကို အမှန်ခြစ်ကလေး ခြစ်ပြီး အောက်ဆုံးက Backup Media or File Name box မှာ
 Backup လုပ်မယ့် ဖိုင်ကို သိမ်းမယ့် နေရာနဲ့ ဖိုင် အမည်ပေးနိုင်ဖို့အတွက် Browse ကိုနှိပ်ပါ။ Save as Dialog
 box ကျလာတဲ့အခါ Backup ဖိုင်ကို မိမိ သိမ်းလိုတဲ့ နေရာ(Folder) ကို ရွေး၊ အမည်ပေးပြီးတော့ Save လုပ်ပါ။
 နောက်ပြီးတော့ Start Backup ခလုပ်ကို နှိပ်လိုက်ရင် Backup Job Information Dialogbox ကျလာပြီး
 Start Backup ကိုထပ်နှိပ်ပေးလိုက်ပါ။

Backup လုပ်ပြီးသွားတဲ့အခါမှာတော့ "The Backup is complete"ဆိုတဲ့စာသားပေါ်လာမှာဖြစ်ပြီးတော့ Progress Box ကိုပိတ်ဖို့အတွက် Close ကိုနှိပ်ပါ။ ပြီးရင် Backup UtilityBox ကို ထပ်ပိတ်ပါ။ ဒါဆိုရင် Registry တစ်ခုလုံးကို Backup လုပ်တဲ့ အဆင့်ပြီးဆုံးသွားပါပြီ။

  Registry ကို ပြုပြင်တာ(လက်ဆော့တာ)ပြီးဆုံးသွားလို့ နဂိုအတိုင်းပြန်ဖြစ်ချင်တယ်ဆိုရင်တော့ Backupလုပ်ထားတဲ့ File ကို ပြန်ပြီး Restore လုပ်ပေးရပါတယ်။ Restore လုပ်ချင်ရင်တော့ ခဏက Backupလုပ် ထား တဲ့ file ကို double click နှိပ်ပေးလိုက်ပါ။ Backup & Restore Wizard Dialogboxကျလာပါလိမ့်မယ်...... အဲ့ဒီ Welcome Page ပေါ်မှာ ရှိတဲ့ Advance Mode ဆိုတဲ့ အပြာရောင် စာသားကိုနှိပ်လိုက်ရင် Backup Utility Box ထပ်ကျလာပါမယ်။ အဲ့ဒီအထဲကမှ Restore and Menage Media Tabကိုရွေးလိုက်ပါ။ ညာဖက်မှာ file ကိုဖြန့်ချထားပြီး System State ကို အမှန်ခြစ်ထားတာ တွေ့ရမှာပါ။

Backupဖိုင်ကို မူလနေရာမှာပဲ ပြန်ပြီး Restore လုပ်မှာမို့လို့ Start Restore ကိုနှိပ်ပေးပါ။ မူလရှိပြီးသားကို ဖျက်ပြီးရေးမယ်လို့ သတိပေးတဲ့ Warning Box ကျလာမှာဖြစ်ပြီး OK ကိုနှိပ်လိုက်ရင် Confirm Boxကျလာ မှာဖြစ် ပါတယ်။
(တော်တော် အမေးအမြန်းထူတယ်နော်.............) Ok ကိုပဲထပ်နှိပ်လိုက်ပါ။
  Restore Progress Box ထပ်ကျလာပြီး Restore လုပ်ပါလိမ့်မယ်။ ပြီးသွားရင်တော့ "The restore is complete"ဆိုတဲ့စာတန်းပေါ်လာ ရင် close ကိုသာနှိပ်လိုက်ပါ။ တစ်ချို့ setting တွေဟာ restart ချမှ ပြည့်စုံမှာမို့လို့Restart ချမလားလို့မေးတဲ့ dialog box ကျလာ ပါလိမ့်မယ်။ အကောင်းဆုံးကတော့ Yes ကိုနှိပ်ပေးလိုက်ပါ။Windows Restart ကျသွားပြီးတော့ နဂိုမူလအတိုင်း (မပြင်ဆင်ချိန်က အခြေအနေမျိုး)ပြန်လည်ရောက်ရှိသွားပါလိမ့်မယ်။

 အခြားအခြားသော Registery Software တွေအသုံးပြုပြီး Backup & Restroe လုပ်လို့လည်းရပါတယ်။
ဥပမာ- CCleaner, Power, Blue စသည်ဖြင့်ပေါ့...

IP Address သိရင် ဘယ်လိုဟက်လို့ရနိုင်သလဲ

IP Address သိရင် ဘယ်လိုဟက်လို့ရနိုင်သလဲ
IP Address သိရင် ဘယ်လိုဟက်လို့ရနိုင်သလဲ
https://fbcdn-photos-a.akamaihd.net/hphotos-ak-ash3/578903_122693887877201_1676675421_a.jpg



ဒီဟာကတော့ ရိုးရှင်းတဲ့ အခြေခံ NETBIOS Post တစ်ခုဖြစ်ပြီး ဒီ post မှာတင်ထားတဲ့ အချက်အလက်တွေကို aCId_rAIn ကဖန်တီးခဲ့တာဖြစ်ပါတယ်။ ဒီ post ကနေပြီး သင့်ကို NETBIOS အကြောင်း ကို ဖော်ပြပေးမှာဖြစ်ပြီး ၄င်းက ဘာလဲ ၊ ၄င်းကို ဘယ်လိုအသုံးပြုနိုင်သလဲ ၊ ၄င်းနဲ့ ဘယ်လို hack နိုင်သလဲ ဒါ့အပြင် သင့်အတွက် နောင်တချိန်မှာ အသုံးဝင်လာနိုင်တဲ့ ရိုးရှင်းတဲ့ DOS comment များအကြောင်းပါဝင်ပါတယ်။ အခုဖော်ပြပေးမယ့် အချက်တွေဟာ hacking ကို စတင်လေ့လာသူများအတွက်သာ ဖြစ်ပါတယ်။


Hardware & Firmware

၁။ BIOS

BIOS ( short for Basic Input/Output Services) - ၄င်းဟာ PC မှာရှိတဲ့ control program ဖြစ်ပါတယ်။ ၄င်းဟာ သင့်computer ကို starting up ဖြစ်ဖို့အတွက် systemရဲ့ ထိန်းချုပ်မှုတွေကို သင့်ရဲ့ operation system ဆီသို့ ရွှေ့ပြောင်းပေးပါတယ်။ ဒါ့အပြင် disk access ကဲ့သို့သော အခြား low-level funciton များကို ထိန်းကျောင်းကိုင်တွယ်ပါတယ်။ တခုမှတ်ထားရမှာက BIOS ဆိုတာ software program တစ်ခုမဟုတ်ပါဘူး။ သင့် computer ကို turn off လုပ်လိုက်သည့်တိုင်အောင် memory ထဲကနေ ဖယ်ရှားလိုက်ခြင်းမရှိပါဘူး။ ၄င်းဟာ firmware ဖြစ်ပြီး အခြေခံအားဖြင့်တော့ chip တစ်ခုထဲမှာ ရှိနေတာဖြစ်ပါတယ်။
အဆင်ပြေတဲ့ feature လေးတစ်ခုကတော့ BIOS ထုတ်လုပ်သူအများစုထည့်သွင်းထားတဲ့ startup password ပဲဖြစ်ပါတယ်။ ၄င်းက သင် မှန်ကန်တဲ့ password နဲ့ မ၀င်မချင်း ၄င်းက system ထဲသို့ဝင်တဲ့ ၀င်လမ်းကို တားဆီးပေးထားပါတယ်။ သင့် local H/P/A/V site တွေမှာ ရရှိနိုင်တဲ့ တော်တော်များများ software တွေကို အခြေခံထားတဲ့ BIOS password extractorတွေကိုအသုံးပြုပြီး password တစ်ခုနဲ့ system ထဲကို ၀င်ရောက်နိုင်ပါတယ်။


၂။ NETBIOS/NBTSTAT - ၄င်းက ဘာတွေကိုလုပ်ဆောင်ပါသလဲ

NETBIOS ကို NBTSTAT လို့လည်း ခေါ်ပါတယ်။ ၄င်းဟာ Windows system ပေါ်မှာ run တဲ့ software တစ်ခုဖြစ်ပြီး remote network တစ်ခုကိုခွဲခြားသတ်မှတ်ခြင်း (သို့) computer ရဲ့ file sharing တွေ enable လုပ်ဖို့အတွက် အသုံးပြုပါတယ်။ systemတွေ အသုံးပြုနေတဲ့ ဒီနည်းလမ်းကို ကျနော်တို့ အသုံးချနိုင်ပါတယ်။ ၄င်းက နည်းလမ်းဟောင်းတစ်ခုဖြစ်ချင်ဖြစ်မယ် ဒါပေမယ့် home pc တွေမှာတော့ တစ်ခါတရံ ၄င်းဟာ ကောင်းကောင်း အလုပ်လုပ်နေဆဲပါ။ NBTSTAT ကို ဘယ်လိုရယူနိုင်သလဲဆိုရင် ၄င်းကို ရယူဖို့ နည်းလမ်းနှစ်ခုရှိပါတယ်။ ဒါပေမယ့် အဲဒီနှစ်ခုထဲက တစ်ခုက ပိုပြီးမြန်ဆန်ပါတယ်။
နည်းလမ်း ၁ ။ Programs>MSDOS PROMPT>Type NBTSTAT
နည်းလမ်း ၂ ။ Run>Type Command>Type NBTSTAT

အခုဆိုရင် သင်ဟာ NBTSTAT အောက်မှာရှိတဲ့ DOS command ထဲကို ရောက်ရှိသွားပါပြီ။ ဒီနေရာမှာ သင် command တွေကို သုံးချင် သုံးနိုင်ပါတယ်။ ခွင့်ပြုချက်ရဖို့အတွက် ကြိုးပမ်းနေတဲ့ သင့်အတွက် သင်သိဖို့လိုအပ်တာတွေကိုသာ ဖော်ပြပေးသွားပါမယ်။ သင့်ရဲ့ screen မှာ အောက်မှာဖော်ပြထားတဲ့ အတိုင်းဖြစ်သင့်ပါတယ်။
NBTSTAT [ [-a RemoteName] [-A IP address] [-c] [-n]
[-r] [-R] [-RR] [-s] [-S] [interval] ]
-a (adapter status) Lists the remote machine's name table given its name
-A (Adapter status) Lists the remote machine's name table given its IP address.
-c (cache) Lists NBT's cache of remote [machine] names and their IP addresses
-n (names) Lists local NetBIOS names.
-r (resolved) Lists names resolved by broadcast and via WINS
-R (Reload) Purges and reloads the remote cache name table
-S (Sessions) Lists sessions table with the destination IP addresses
-s (sessions) Lists sessions table converting destination IP addresses to computer NETBIOS names.
-RR (ReleaseRefresh) Sends Name Release packets to WINS and then, starts Refresh
RemoteName Remote host machine name.
IP address Dotted decimal representation of the IP address.
interval Redisplays selected statistics, pausing interval seconds between each display . Press Ctrl+C to stop redisplaying statistics.

C:\WINDOWS\DESKTOP>
command နှစ်ခုသာလျှင် အသုံးပြုနိုင်ပါလိမ့်မယ်။ ၄င်းတို့ကတော့ :
-a (adapter status) Lists the remote machine's name table given its name
-A (Adapter status) Lists the remote machine's name table given its IP address.

၃။ Host Names

အခု -a အဓိပ္ပာယ်ကတော့ သင် ၀င်ဖို့ကြိုးစားနေတဲ့ သူရဲ့ computer ရဲ့ HOST NAME ထဲမှာ ရိုက်ရပါလိမ့်မယ်။ ဒီဖြစ်ရပ်မှာ သင် ဘာidea မှာမရှိဘူးဆိုရင်တော့ အောက်မှာပြထားတာနဲ့ တူညီတဲ့ Host Name ဖြစ်သင့်ပါတယ်။

123-fgh-ppp.internet.com

ဒီ addressတွေမှာ များစွာသော မူကွဲတွေရှိပါတယ်။ ကွဲပြားခြားနားတဲ့ address အသီးသီးအတွက် အဲဒီcomputer ဆီသို့ ISP assigned အသစ်တခု ရှိတယ်ဆိုတာ သင်နားလည်ထားရပါမယ်။ အောက်မှာ ကွဲပြားချက်တွေကို ဖော်ပြထားပါတယ်။

abc-123.internet.com
ghj-789.newnet.com
သင်မြင်ခဲ့ရသလိုပဲ မတူညီတဲ့ host nameတွေ ရှိကြပြီး နောက်ဆုံးစာလုံးတွဲတွေကို ခွဲခြားသတ်မှတ်ခြင်း အားဖြင့် ဒီ computer နှစ်လုံးဟာ မတူညီတဲ့ ISP တွေပေါ်မှာရှိတယ်ဆိုတာကို သင်ပြောနိုင်ပါလိမ့်မယ်။

အခုအောက်မှာဖော်ပြပေးထားတာကတော့ တူညီတဲ့ ISP ပေါ်မှာ ရှိတဲ့ host name နှစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ကွဲပြားတဲ့ server မှာ တည်ရှိပါတယ်။
123-fgh-ppp.internet.com
567-cde-ppp.internet.com

၎။ IP Addresses

သင် IP address ( Internet Protocol ) ကို လိုချင်တယ်ဆိုရင်တော့ ဖော်ပြခဲ့တဲ့ host name တွေကို သင် ခွဲခြားနိုင်ရပါမယ်။ IP addressများကို အမျိုးမျိုးခြားနားတဲ့ နံပါတ်တွေနဲ့ စီစဉ်ထားပါတယ်။ IP address ဟာ အောက်မှဖော်ပြထားတဲ့အတိုင်းဖြစ်ပါတယ်... 201.123.101.123

အများအားဖြင့် computer တစ်လုံးဟာ cable connection တစ်ခုပေါ်မှာ runနေတာလား ဆိုတာကို IP address ကို ကြည့်ခြင်းအားဖြင့်သိနိုင်ပါတယ်။ ဒီ မြန်ဆန်လှတဲ့ connection တွေဟာ အများအားဖြင့် ပထမဆုံး ကိန်းဂဏန်း နှစ်လုံးဟာ နိမ့်ကြပါတယ်။ cable connection တစ်ခုရဲ့ IP ကတော့ အောက်ပါပုံစံအတိုင်းဖြစ်ပါတယ်... 24.18.18.10

dialup connectionတွေကတော့ အောက်ပါအတိုင်း ကိန်းဂဏန်း မြင့်မားကြပါတယ်... 208.148.225.225

208 ဟာ cable connection ဖြစ်တဲ့ 24 ထက်မြင့်မားတယ်ဆိုတာ ဂရုပြုမိဖို့ လိုက်ပါတယ်။
နောက်တစ်ခုမှတ်ထားရမှာက IP address တွေအားလုံးဟာ ဒီပုံစံအတိုင်း မဖြစ်နိုင်ဘူးဆိုတာပါပဲ။
အချို့ ကုမ္ပဏီတွေက hacker တွေကို ထင်ယောင်ထင်မှားဖြစ်စေဖို့ cable connection ကို dialup ပုံစံမျိုး IP address တွေလုပ်ထားတတ်ကြပါတယ်။ ဒီအတွက် hacker တွေက T3 (သို့) OC-18 ကဲ့သို့ ထင်သွားစေပါတယ်။ ဒါကတော့ သင် nbstat command အသုံးပြုမှာဖြစ်တဲ့ IP address အပေါ်မှာ သင့်ကို အတွေးအခေါ်တခု ပေးတာဖြစ်ပါတယ်။


၅။ DC (Direct Connection) ကိုဖြတ်ကျော်၍ IP ရယူခြင်း

ပထမဆုံးအနေနဲ့ သင်ဟာ hack ချင်သူရဲ့ IP (သို့) host name ကို ရှာဖွေဖို့လိုအပ်လာမှဖြစ်ပါတယ်။ ဒါကြောင့် အခုဖော်ပြမယ့် နည်းတွေထဲက တစ်ခုခုကတော့ သင့်အတွက် အဆင်ပြေပါလိမ့်မယ်။ အကယ်၍ သင့်မှာ mIRC ရှိရင် whois (nick)...where (nick) တစ်စုံတစ်ယောက်ရဲ့ nickname (လက်သဲကွင်းများ မပါပဲ) ရိုက်ခြင်းအားဖြင့် ၄င်းကို ရယူနိုင်ပါတယ်။ သင်ဟာ host name ကိုဖြစ်စေ IP address ကိုဖြစ်စေ ရရှိမှာဖြစ်ပြီး ၄င်းကို copy ကူးထားပါ။ အကယ်၍ သင် ၄င်းတို့ကို မရရှိဘူးဆိုရင်ဖြစ်စေ၊ mIRC ကို အသုံးမပြုရင်ပဲ ဖြစ်စေ သင်ဟာ သင်hackချင်သူတွေရဲ့ computer တွေနဲ့ direct connection ရဖို့ကြိုးစားရပါတယ် (သို့) sniffer တစ်ခုကို အသုံးပြုပြီး ၄င်းတို့ရဲ့ IP (သို့) host name တွေကို ပုံပေါ်လာအောင် ပြုလုပ်ချင် ပြုလုပ်နိုင်ပါတယ်။ အကောင်းဆုံးကတော့ sniffer မသုံးပဲလုပ်တာအကောင်းဆုံးဖြစ်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ ယနေ့အချိန်မှာ snifferတွေက အလုပ်မလုပ်တော့လို့ပါ။ ဒါကြောင့် သင်ဟာ သူတို့တွေရဲ့ computer တွေဆီကို direct connection တစ်ခု ထူထောင်ဖို့လိုအပ်လာပါပြီ။ ဟုတ်ပါပြီ...... direct connection ဆိုတာဘာလဲ ? သင် သူတို့ဆီကို file တစ်ခု ပေးပို့နေခြင်းဟာ direct connection ယူပြီးသွားတာပါပဲ။
AOL Instant Messager ဟာ Direct Connection ကို ခွင့်ပြုပါတယ် အကယ်၍ user က accept ပေးမယ်ဆိုရင်ပေါ့။
ICQ ကလည်း file တစ်ခုကို ပို့တဲ့အခါ (သို့) chat request ကိုလက်ခံနေတဲ့အချိန်မှာ direct connection ကိုခွင့်ပြုပါတယ်။
ဘယ်အချိန်မဆို သင် file တစ်ခုကို ပေးပို့နေတဲ့အချိန်တိုင်းမှာ directly connected ဖြစ်ပါတယ်။ ( သင်hackချင်တဲ့သူက proxy server ကိုမသုံးမပြုဘူးလို့ ယူဆရင် ဖြစ်ပါတယ်။)
Yahoo မှာ voice နဲ့ chatting လုပ်တဲ့အခါ direct connection ကိုထူထောင်နိုင်ပါတယ်။
အကယ်၍ သင့်ဆီမှာ အဲဒီ programတွေ တစ်ခုမှ မရှိဘူးဆိုရင်တော့ တစ်ခုခုကို ရယူလိုက်ပါ။ ဒါမှမဟုတ်ဘူး sniffer တစ်ခုကိုသုံးပါ။ (သို့) အောက်မှဖော်ပြထားတာတွေကို ဆက်လက်ဖတ်ရှုပါ။
အကယ်၍ သင်က သူတို့ဆီကို သင့် site ( သင့်ရဲ့ site ဟာ site traffic statistics ကို enables လုပ်ထားရပါမယ်၊ နောက်ပြီး သင် log in လုပ်နိုင်ရပါမယ်။) ဆီသို့ရောက်နိုင်တဲ့link ကို တနည်းနည်းနဲ့ပေးနိုင်မယ်ဆိုရင် အဲဒီ link တစ်ခုကိုပေးပို့လိုက်ပါ။ ပြီးရင် stat ကိုစစ်ဆေးပြီး နောက်ဆုံး ရောက်လာသူရဲ့ IP ကိုရယူပါ။ ဒီနည်းဟာ ရိုးရှင်းပြီး လွယ်ကူတဲ့ နည်းလမ်းတစ်ခုပါ။ ဒီနည်းလမ်းဟာ အရမ်းပါးနပ်ပါတယ်ဆိုတဲ့ hackerတွေကိုတောင် အရူးလုပ်နိုင်တဲ့ နည်းလမ်းတစ်ခုပါ။ ဘာကြောင့်လဲဆိုတော့ ဒီနည်းလမ်းဟာ ၄င်းတို့ကို အကာအကွယ်မဲ့စွာ ရယူနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်နေလို့ပါ။ ဘာပဲဖြစ်ဖြစ် သင်ဟာ ဒီနည်းလမ်းတွေထဲက တစ်ခုခုနဲ့ direct connection တစ်ကြိမ်ရယူနိုင်ခဲ့ပြီးဆိုရင်တော့ DOS ထဲကိုသွားဖို့အချိန်တန်ပါပြီ။ အဲဒီထဲမှာ NETSTAT -n လို့ ရိုက်လိုက်ပါ။ NETSTAT ဆိုတာကတော့ program တစ်ခုဖြစ်တဲ့ NET STATISTICS ရဲ့ နာမည်အတိုကောက်ဖြစ်ပါတယ်။ ၄င်းက သင့်ဆီကို လာရောက် ချိတ်ဆက်တဲ့ computerများ အားလုံးကိုပြသပါလိမ့်မယ်။( အကယ်၍ သင်ကို Sub Seven: 27374 ကဲ့သို့သော သင်သိနေတဲ့ port တစ်ခုပေါ်မှာ trojan horse တစ်ခုနဲ့ hack ခံနေရတယ်လို့ သင် ထင်နေရင်လည်းပဲ ဒီဟာက သင့်ကို အကူအညီပေးပါလိမ့်အုံးမယ်။) သင့်ရဲ့ screen မှာ အောက်မှာဖော်ပြထားတဲ့အတိုင်း သင့် computer ကို ချိတ်ဆက်နေတဲ့ connectionတွေကို သင်တွေ့ရပါလိမ့်မယ်။
C:\WINDOWS\DESKTOP>netstat -n
Active Connections
Proto Local Address Foreign Address State
TCP 172.255.255.82:1027 205.188.68.46:13784 ESTABLISHED
TCP 172.255.255.82:1036 205.188.44.3:5190 ESTABLISHED
TCP 172.255.255.82:1621 24.131.30.75:66 CLOSE_WAIT
TCP 172.255.255.82:1413 205.188.8.7:26778 ESTABLISHED
TCP 172.255.255.82:1483 64.4.13.209:1863 ESTABLISHED
C:\WINDOWS\DESKTOP>

ပထမစာကြောင်းကတော့ computer နှစ်လုံးအသုံးပြုနေကြတဲ့ Protocol (language) ကို ညွှန်ပြတာဖြစ်ပါတယ်။
TCP(Transfer Control Protocol) ကတော့ ဒီထဲမှာအသုံးပြုနေတာဖြစ်ပြီး အများဆုံးကျယ်ကျယ်ပြန့်ပြန့်အသုံးနေတာဖြစ်ပါတယ်။
Local Address ကတော့ သင့်ရဲ့ IP address ကိုပြပါတယ် (သို့) သင်အသုံးပြုနေတဲ့ system ရဲ့ IP address ဖြစ်ပါတယ်။
Foreign Address ကတော့ သင့်ကို လာရောက်ချိတ်ဆက်ခဲ့တဲ့ computer တွေရဲ့ address ကိုပြပါတယ်။
State ကတော့ သင်ဟာ ဘယ် connection အမျိုးအစားကိုပြုလုပ်နေတယ်ဆိုတာကိုပြောတာဖြစ်ပါတယ်။ ESTABLISHED ရဲ့ အဓိပ္ပာယ်ကတော့ သင် program ပေါ်မှာရှိနေသမျှကာလပတ်လုံး(သို့) computer က ခွင့်ပြုနေသမျှ ကာလပတ်လုံး (သို့) ၄င်းကို အခြား computer တစ်ခုက လိုအပ်နေသမျှ သင်နဲ့ connect ဖြစ်နေလိမ့်မယ် ဆိုတဲ့အဓိပ္ပာယ်ပါ။ CLOSE_WAIT ဆိုတာကတော့ ဒီအချိန်မှာ connection ကို ပိတ်ထားပြီး ၄င်းကို လိုအပ်သည့်တိုင်အောင် စောင့်ဆိုင်းနေတယ် (သို့) သင် နောက်ထပ် connection ကိုပြန်စသည့်တိုင်အောင် စောင့်ဆိုင်းနေတယ် ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ အပေါ်မှာပြခဲ့တဲ့ အထဲမှာ မပါတဲ့ TIME_WAIT ဖြစ်ပါတယ်။ ၄င်းရဲ့ အဓိပ္ပာယ်ကတော့ အချိန်ကို ဆုံးဖြတ်နေတာဖြစ်ပါတယ်။ အများအားဖြင့် AOL ပေါ်မှာ ကြော်ငြာတွေ run နေတဲ့ အချိန်မှာ ၄င်းဟာ TIME_WAIT state ကိုအသုံးပြုနေပါတယ်။
အောက်ပါ အချက်တွေကို ကြည့်ခြင်းအားဖြင့် သင့် computer သို့ တစ်စုံတစ်ယောက် တိုက်ရိုက် ဆက်သွယ်နေတယ်ဆိုတာကို သိနိုင်ပါတယ်...
C:\WINDOWS\DESKTOP>netstat -n
Active Connections
Proto Local Address Foreign Address State
TCP 172.255.255.82:1027 205.188.68.46:13784 ESTABLISHED
TCP 172.255.255.82:1036 205.188.44.3:5190 ESTABLISHED
TCP 172.255.255.82:1621 24.131.30.75:66 CLOSE_WAIT
TCP 172.255.255.82:1413 abc-123-ppp.webnet.com ESTABLISHED
TCP 172.255.255.82:1483 64.4.13.209:1863 ESTABLISHED
C:\WINDOWS\DESKTOP>
ဖော်ပြထားတဲ့အထဲက လေးကြောင်းမြောက်မှာ IP address တွေအစား host name တစ်ခုပါဝင်နေတယ် ဆိုတာကို သတိပြုမိပါလိမ့်မယ်။ ဒီလိုတွေက အမြဲလိုလိုပဲ ဖြစ်တတ်ပါတယ်။ အခြားcomputer က သင့်ကို connect လုပ်ပါပြီး။ ဒါကြောင့် သင့်မှာ အခု host name တစ်ခုရရှိခဲ့ပါပြီ...
abc-123-ppp.webnet.com

host name ပဲဖြစ်ဖြစ် IP address ပဲဖြစ်ဖြစ် ပြဿနာမရှိပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ အလုပ်လုပ်ပုံက အတိအကျကို တထပ်တည်း တူညီနေလို့ပါ။ ဥပမာအနေနဲ့ ကျနော်က abc-123-ppp.webnet.com ဆိုတဲ့ host name ကိုသုံးပါမယ်။ သင်က သင်connect လုပ်ချင်တဲ့ remote system ရဲ့ IP (နဲ့ /သို့ )host name တစ်ခုကို သင်ရပြီဆိုပါတော့...... hack ဖို့အချိန်ရောက်ပါပြီ!
သင့်ရဲ့ DOS command ကို ဖွင့်လိုက်ပါ။ ပြီးရင် NBTSTAT လို့ရိုက်ပြီး NBTSTAT ကိုဖွင့်ပါ။
-a (adapter status) Lists the remote machine's name table given its name
-A (Adapter status) Lists the remote machine's name table given its IP address.
ဒါကိုတော့ သတိရကြအုံးမယ်ထင်ပါတယ်။ အခု ဒီဟာကို အသုံးချဖို့ အချိန်ရောက်ပါပြီ။
-a က host name ဖြစ်ပါလိမ့်မယ်။
-A က IP address ဖြစ်ပါလိမ့်မယ်။
ဒါကို ဘယ်လို သိခဲ့တာလည်း ဆိုတော့ -a -A commandတွေနောက်မှာ ရေးထားတဲ့ ဖော်ပြချက်တွေကို ဖတ်လိုက်လို့ပါ။ command တိုင်းမှာလည်း ဖော်ပြပေးထားပါတယ်။


၆။ ၄င်းတို့ကို ကောင်းစွာအသုံးချခြင်း

အကယ်၍သင့်မှာ host name ပဲရှိတယ်ဆိုရင် အောက်ပါအတိုင်း ရိုက်ပါ။
NBTSTAT -a (ဒီနေရာ host name ကို လက်သဲဂွင်းများမပါပဲ ရိုက်ထည့်ပါ။)
သင့်မှာ IP address ပဲရှိတယ်ဆိုရင်တော့ အောက်ပါအတိုင်း ရိုက်ပါ။
NBTSTAT -A (ဒီနေရာ IP address ကို လက်သဲဂွင်းများမပါပဲ ရိုက်ထည့်ပါ။)
ပြီးရင် Enter ခေါက်ပြီး ခဏစောင့်ပါ။ အောက်မှာ ဖော်ပြထားတဲ့ နှစ်ခုထဲက တစ်ခု ပေါ်လာပါလိမ့်မယ်...
၁။ Host not found
၂။ အောက်မှာတွေ့ရတဲ့ အတိုင်း...
--------------------------------------------
NetBIOS Local Name Table
Name Type Status
---------------------------------------------
GMVPS01 <00> UNIQUE Registered
WORKGROUP <00> GROUP Registered
GMVPS01 <03> UNIQUE Registered
GMVPS01 <20> UNIQUE Registered
WORKGROUP <1e> GROUP Registered

အကယ်၍ computer က "Host not found" ဆိုပြီး တုန့်ပြန်ခဲ့တယ်ဆိုရင်တော့ ဒီဖြစ်ရပ်နှစ်ခုထဲက တစ်ခု ဖြစ်နိုင်ပါတယ်...
၁။ သင် ရိုက်လိုက်တဲ့ host name လွဲချော်သွားတာ၊
၂။ ဒီ host ကို hack လို့မရနိုင်တာပဲ ဖြစ်ပါတယ်။
နံပါတ်တစ် ဖြစ်ရပ်ဆိုရင်တော့ သင် ကံကောင်းထဲမှာပါ ပါတယ်။ နံပါတ်နှစ်ဖြစ်ရပ်ဆိုရင်တော့ ဒီ system ဟာ NBTSTAT ကို အသုံးပြုပြီး hack လို့မရနိုင်ပါဘူး... ဒါကြောင့် အခြားsystemတစ်ခုနဲ့ ကြိုးစားရပါလိမ့်မယ်။
အကယ်၍ အထက်မှာဖော်ပြခဲ့သလိုမျိုး table တစ်ခုကို ရရှိခဲ့မယ်ဆိုရင်တော့ ၄င်း ကို သေချာစွာ ဂရုတစိုက်ကြည့်ပါ။ ပြီးတော့ ကျနော်ဖော်ပြထားတဲ့ အချက်တွေနဲ့ ၄င်းတို့ရဲ့ ရည်ရွယ်ချက်တွေကို ဆက်လက်ဖတ်ရှုပါ။
Name - computer မှာပါဝင်တဲ့ အပိုင်းတွေရဲ့ share name အနေအထား
<00>,<03>,<20>,<1e> - အဲဒီ share name ပေါ်မှာ services available ဖြစ်နေတဲ့ Hexidecimal codeတွေ ဖြစ်ပါတယ်။
Type - ၄င်းတို့ကတော့ self-explanatory ဖြစ်ပါတယ်။ ၄င်းတို့ဟာ turn on သော်လည်းကောင်း (သို့) သင့်ကြောင့် active ဖြစ်ခဲ့တာသော်လည်းကောင်း (သို့) အမြဲတမ်း on နေတာတွေ ဖြစ်ပါတယ်။
Status - share name များ အလုပ်လုပ်နေပြီး activate ဖြစ်နေကြတဲ့ ရိုးရှင်းတဲ့အခြေအနေ ဖြစ်ပါတယ်။
ဖော်ပြပေးခဲ့တဲ့ table ကိုကြည့်ပြီး အောက်ပါလင့်ကို ရှာဖွေပါ...
GMVPS01 <20> UNIQUE Registered
တွေ့ပြီလား ...?
OK... အခုအရေးကြီးတဲ့ အပိုင်းကို ရောက်ပါပြီ ... သေချာဖတ်ရှုပါ...။ <20> ရဲ့ Hexidecimal code ရဲ့ အဓိပ္ပာယ်ကတော့ hex number တွေနဲ့ ရှိနေတဲ့ line ပေါ်မှာဖြစ်တဲ့ share name မှာ file sharing ဟာ enable ဖြစ်နေပြီ ဆိုတဲ့ အဓိပ္ပာယ်ပါ။ ဆိုလိုတာကတော့ GMVPS01 မှာ file sharing ဟာ enable ဖြစ်နေတယ် လို့ဆိုလိုပါတယ်။ ကဲ...အခုသင် ဒီဟာကို hack ချင်နေပြီလား ... ဒါဆိုရင်တော့ ဒီမှာ ဘယ်လို လုပ်ရမယ်ဆိုတာကို ကြည့်ပါ။ ( ဒီအပိုင်းက အနည်းငယ်ခက်ခဲ့ပါတယ်။)


၇။ LMHOST File

Windows system တွေအားလုံးမှာ LMHOST.sam ဆိုတဲ့ file တစ်ခုရှိပါတယ်။ ကျနော်တို့က ရိုးရိုးရှင်းရှင်းပဲ ဒီ LMHOST file ထဲကို IP address ပေါင်းထည့်ပေးဖို့လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ LMHOST ဟာ အခြေခံအားဖြင့် network တစ်ခုကဲ့ သို့ ပြုမှုပြီး သင်ကို ၄င်း ဆီသို့ အလိုအလျှောက် logging လုပ်ပါတယ်။ ဒါကြောင့် Start,Find, Files (သို့) Folders သို့သွားပါ။ LMHOST ထဲမှာ ရိုက်ပြီး Enter ခေါက်ပါ။ ၄င်းဟာ wordpad ကဲ့သို့သော text program တစ်ခုကို အသုံးပြုပြီး ပွင့်လာပါလိမ့်မယ်။ ဒါပေမယ့် ထိုဟာတွေပေါ်မှာရှိတဲ့ "always open files with this extension" ဆီသို့ checkmark မထားခဲ့ဖို့တော့ သင်သေချာသတိထားရပါမယ်။ ရှင်းရှင်းလေးပါပဲ အောက်မှာမြင်တွေ့နေရတဲ့ အပိုင်းတွေရောက်တဲ့ အထိ LMHOST file ကိုဖြတ်ကျော်သွားရမှာဖြစ်ပါတယ်...
# This file is compatible with Microsoft LAN Manager 2.x TCP/IP lmhosts
# files and offers the following extensions:
#
# #PRE
# #DOM:
# #INCLUDE
# #BEGIN_ALTERNATE
# #END_ALTERNATE
# \0xnn (non-printing character support)
#
# Following any entry in the file with the characters "#PRE" will cause
# the entry to be preloaded into the name cache. By default, entries are
# not preloaded, but are parsed only after dynamic name resolution fails.
#
# Following an entry with the "#DOM:" tag will associate the
# entry with the domain specified by . This affects how the
# browser and logon services behave in TCP/IP environments. To preload
# the host name associated with #DOM entry, it is necessary to also add a
# #PRE to the line. The is always preloaded although it will not
# be shown when the name cache is viewed.
#
# Specifying "#INCLUDE " will force the RFC NetBIOS (NBT)
# software to seek the specified and parse it as if it were
# local. is generally a UNC-based name, allowing a

# centralized lmhosts file to be maintained on a server.
# It is ALWAYS necessary to provide a mapping for the IP address of the
# server prior to the #INCLUDE. This mapping must use the #PRE directive.
# In addtion the share "public" in the example below must be in the
# LanManServer list of "NullSessionShares" in order for client machines to
# be able to read the lmhosts file successfully. This key is under
# \machine\system\currentcontrolset\services\lanmans erver\parameters\nullsessionshares
# in the registry. Simply add "public" to the list found there.
#
# The #BEGIN_ and #END_ALTERNATE keywords allow multiple #INCLUDE
# statements to be grouped together. Any single successful include
# will cause the group to succeed.
#
# Finally, non-printing characters can be embedded in mappings by
# first surrounding the NetBIOS name in quotations, then using the
# \0xnn notation to specify a hex value for a non-printing character.
သင်လိုချင်တဲ့ လမ်းကြောင်းအတိုင်း သင့်ရဲ့ connection ကို set လုပ်နိုင်ဖို့အတွက် ဒီအပေါ်မှာ ဖော်ပြထားတာတွေကို နားလည်သည့် တိုင်အောင် ဖတ်ပါ။အောက်မှာ IP address ကို ဘယ်လို ပေါင်းထည့်နိုင်တယ်ဆိုတာကို ဥပမာ ပြထားပါတယ်...
#PRE #DOM:255.102.255.102 #INCLUDE
Pre ဟာ သင် net သို့ log on ဖြစ်တာနဲ့ connection ကို preload လုပ်ပါလိမ့်မယ်။DOM ကတော့ သင် connection ယူနေတဲ့ domain (သို့) host ရဲ့ IP address ဖြစ်ပါတယ်။INCLUDE ကတော့ သင့်ကို file လမ်းကြောင်းတွေဆီသို့ အလိုအလျှောက် set လုပ်ပါလိမ့်မယ်။ ဒီဖြစ်ရပ်မှာတော့ သင် net သို့ log on ဖြစ်တာနဲ့ တပြိုင်နက် သင်ဟာ C:/drive ပေါ်မှ 225.102.255.102 သို့ access ရရှိပါလိမ့်မယ်။ ဒီနေရာပြဿနာရှိနေတာလေး တစ်ခုက သင် connect လုပ်နေစဉ်အတွင်းမှာ NETSTAT command နဲ့ပြုနေရမှာဖြစ်ပြီး သင့်စက်ရဲ့ IP ကိုလည်း ယူပါတယ်။ ၄င်းဟာ ရိုးရှင်းတဲ့ PC တွေမှာပဲ အလုပ်လုပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ယနေ့ခေတ်မှာ လူတော်တော်များများဟာ computer illiterate တွေကို မသိတော့ပါဘူး ဒါကြောင့် ဒီ command တွေက ဘာတွေလုပ်နိုင်တယ်ဆိုတာကို သဘောမပေါက်နိုင်တော့ပါဘူး။ သူတို့ဟာ NETSTAT နဲ့ပတ်သတ်ပြီးတော့လည်း သဘောမပေါက်ကြတော့ပါဘူး ။ ဒါကြောင့် သင်က သူတို့ရဲ့ အားနည်ချက်တွေကို ကောင်းကောင်း အသုံးချ အသာစီးရယူရမှာဖြစ်ပါတယ်။ PC system အများစုဟာ ယခုဆိုရင် ဒီနည်းလမ်းနဲ့ hack ဖို့ခက်ခဲလာပါပြီ... ဘာကြောင့်လဲဆိုတော့ ၄င်းတို့ဟာ ပိုပြီးလုံခြုံစိတ်ချလာရပါပြီ။ ဒါ့အပြင် ၄င်းတို့ကို အခြားsystem တစ်ခု access ရယူဖို့ ကြိုးစားနေတဲ့အခါ တွေမှာ ဖော်ပြပေးနိုင်ကြပါတယ်။ သင်ဟာ ဘယ်နည်းနဲ့မဆို သူက firewall တစ်ခု run နေသလား၊ သူတို့ computer ဆီသို့ရောက်ရှိလာတဲ့ connection တွေကို block လုပ်မှာလား ဆိုတာကို တနည်းနည်းနဲ့ သိထားဖို့လိုပါတယ်။ home system အများစုကတော့ firewall ကို run နေခြင်းမရှိပါဘူး။ ဒါဟာသင့်အတွက် အခွင့်အရေးပါပဲ...သူတို့တွေဟာ firewall ကို ဘယ်လို လည်ပတ်စေရမယ်ဆိုတာကို မသိကြပါဘူး။ ဒါကြောင့် system ထဲမှာ hole ရှိနေပါတယ်။ သင့်ကိုအထောက်အကူပြုစေမယ့် အချို့ programming languageတွေကို ပြဖို့အတွက် computer က information တွေကို ဘယ်လို ဖတ်သလဲဆိုတာကို သိရှိထားခြင်းဟာလဲ ကောင်းတဲ့ အတွေးအမြင်တစ်ခုဖြစ်ပြီး TCP/IP(Transfer Control Protocol/Internet Protocol) ပေါ်မှာ အချို့အရာများကိုလည်း လေ့လာထားရမှာဖြစ်ပါတယ်။ အကယ်၍ သင်က သူတို့ဟာ firewall တစ်ခုကို run နေသလား ဆိုတာကို ရှာဖြေဖို့အတွက်ကတော့ ရိုးရိုးရှင်းရှင်းအနေနဲ့ Proxy တစ်ခုပေါ်မှာ ကျော်ဝင်ခြင်း နဲ့ သူတို့ IP ပေါ်မှာ port scan ဖတ်ခြင်းတို့ဖြင့် သိနိုင်ပါတယ်။ သင်တစ်ခုမှတ်ထားရမှာကတော့ သူတို့ဆီမှာ firewall တစ်ခု run နေတယ်ဆိုရင် portအများစုဟာ close ဖြစ်နေပါလိမ့်မယ်။ Microsoft ကို hack ခြင်းထက် home system တစ်ခုကို hack ခြင်းမှာ ပိုကောင်းတွေ အခွင့်အရေးတွေ သင့်မှာရှိနေပါသေးတယ်။


၈။ Access ရယူခြင်း

ဒီတစ်ကြိမ် သင့်LMHOST file ထဲကို ဒီဟာတွေ ပေါင်းထည့်ရမယ်။ ဒါတွေပြီးရင်တော့ သင် အခြေခံအားဖြင့်တော့ ပြီးဆုံးပြီလို့ပြောလို့ရပါတယ်။ သင် လိုအပ်တာတွေအားလုံးကို လုပ်ဖို့အတွက် Start>Find>Computer ကိုသွားပါတယ်။
သင်ရရှိလာတဲ့အထဲကို IP address (သို့) system ရဲ့ host name ကို ရိုးရိုးလေးပဲရိုက်ထည့်လိုက်ပါ။ ၄င်း ဖွင့်လာတဲ့အခါမှာ double click ပေးလိုက်ပါ။ အဲဒီထဲမှာ သင့်အတွက် GUI တစ်ခုရှိပါတယ်၊ ဒါကြောင့် သင် DOS တွေကို ထက်သုံးဖို့ စရာမလိုတော့ပါဘူး။ သုံးချင်တယ်ဆိုရင်လည်း DOS တွေကို အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် ဒီလမ်းကြောင်းဟာ ရိုးရှင်းပြီး လွယ်ကူတဲ့ ပါတယ်။ သင် system ကိုဖွင့်ပြီးသွားပြီဆိုရင်တော့ သင့်စိတ်ကြိုက် edit , delete, rename လုပ်နိုင်ပါပြီး ကြိုက်တဲ့ file ကို ကြိုက်သလို လုပ်လို့ရပါပြီ။ C:/ ထဲမှာရှိတဲ့ command file ကို delete လုပ်ဖို့လည်း လိုပါတယ်... ဘာကြောင့်လဲဆိုတော့ အကယ်၍ သူတို့ က သူတို့ computer ထဲမှာ တစ်စုံတစ်ယောက်ရှိနေတယ်လို့ ထင်ရင် ၄င်းကို အသုံးပြုချင် အသုံးပြုနိုင်နေတဲ့ အတွက်ပါ။ ဒါမှမဟုတ် ၄င်း command file ကိုသွားတဲ့ shortcut ကို delete လိုက်ပါ။
ပြီးရင်တော့ ဒီနေရာ programming ရဲ့ သုံးဝင်မှုအပိုင်းတွေ ရောက်လာပါပြီ။ NBTSTAT နည်းလမ်းကို အချိန်တိုင်းသုံးနေမယ့်အစား သင့်ရဲ့ ကိုယ်ပိုင်port number ပေါ်မှ သင့်ရဲ့ ကိုယ်ပိုင် trojan ကိုအသုံးပြုခြင်းနဲ့ ၄င်းကို system ထဲသို့ upload ပြုလုပ်ခြင်း လုပ်နိုင်ပါတယ်။ အဲလိုဆိုရင်တော့ သင် ပိုပြီးတော့ လွယ်ကူတဲ့ access ရှိပါလိမ့်မယ် ပြီးတော့ သင့်အတွက် ပိုကောင်းတဲ့ GUI တစ်ခုလည်း ရှိသွားပါလိမ့်မယ် ပြီးရင် အခြား ပိုကောင်းတဲ့ feature တွေလည်း ရှိနေပါလိမ့်မယ်။ သင် hack မယ်သူတွေဟာ မြန်ဆန်တဲ့ connection တစ်ခုပေါ်မှာ ရှိမနေဘူးဆိုရင် system သို့ connection တစ်ခုထက်ပိုပြီး connect လုပ်တာကို ခွင့်ပြုမှမဟုတ်ပါဘူး။အကယ်၍ သင်က သူတို့ computer ထဲမှာရှိတဲ့ အရာတစ်ခုခုကို download လုပ်နေခဲ့မယ်ဆိုရင် သူတို့ connection တွေတဖြေးဖြေးနှေးလာပါလိမ့်မယ်။ ဒီအတွက် သူတို့က သူတို့ရဲ့ NETSTAT ကို စစ်ဆေးကြည့်ခြင်း အားဖြင့် သူတို့ကို ဘယ်သူတွေ connect လုပ်နေတာဆိုတာကို ကြည့်လို့ရပါတယ်။ အဲဒီထဲမှာ သင့်ရဲ့ IP ကိုလည်း ပြနေမှာဖြစ်တဲ့အတွက် သူတို့ မသင်္ကာဖြစ်သွားနိုင်ပါတယ်။ဒါကြောင့် အဲလိုဖြစ်ခဲ့မယ်ဆိုရင် ထွက်လိုက်ပါပြီးရင် network (သို့) တစ်ခုခုကို scan ဖတ်ပါပြီးရင် port 21 (သို့) portတစ်ခုခုနဲ့ computer တစ်လုံးကို ရှာပြီး ဖွင့်လိုက်ပါ။


Hard Disk Space များများရရှိပြီး ကွန်ပြူတာမြန်ဆန်စေရန်

Hard Disk Space များများရရှိပြီး ကွန်ပြူတာမြန်ဆန်စေရန်
Hard Disk Space များများရရှိပြီး ကွန်ပြူတာမြန်ဆန်စေရန်
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho3CLnYsNctJ5yWOw_dnPfwgMhNipMbkbM823X0tv-po5HZU_-ccEo6-dgc6eFXmFO9jZRC_2C-zaqYAt5DcW7E5SYfABLmBGhFW3IM-Ho0XkUV39wGBJRdu1Cu8uTR-tBBreTE5r89IY/s1600/article-page-main-ehow-images-a05-n6-fg-wipe-drive-literally-start-over-800x800.jpg
ကွန်ပျူတာ တစ်လုံးမှာ hard disk ရဲ့ လုပ်ဆောင်မှု့ ဟာ အရေးပါလှပါတယ် မိမိရဲ့ hard disk မှာ free space နည်းနေရင် ကွန်ပျူတာ လုပ်ဆောင်မှု နှေးလာခြင်း၊ program များ run ရာတွင် ကြန့်ကြာခြင်းတို့ ဖြစ်ပေါ်လာလေ့ရှိပါတယ်…. Window တစ်ခု စတင် လိုက်တဲ့ အခါကတည်းက default disk setting ကိုWaste capacity ကို များစွာပေးထားတာပါ ကျွန်တော် တို့က အဲဒီမလို အပ်တဲ့ wasted capacityကို လျှော့ချလိုက်ခြင်းအားဖြင့် free space များများရ ရှိအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်..
လုပ်ဆောင်ရမဲ့ အဆင့်နည်းနည်းများပါတယ်.. တစ်ဆင့်ခြင်းကို သေသေချာချာ လုပ်ဆောင် သွားရင် လွယ်လွယ်လေးပါ……
ပထမဆုံး my computer ကို ဖွင့်ပါ Local disk :C ရဲ့ properties မှာ used space , free space ဘယ်လောက်ရှိတယ် ဆိုတာကို မှတ်သားထားလိုက်ပါ ဒါမှသာ ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှု့ဟာ အကျိုးသက်ရောက် မှု့ရှိမရှိ ကို သိရှိနိုင်မှာ ပါ ..မှတ်သားပြီးသွားရင်တော့
၁။ Start Menu , Control Panel မှ Power options ကို click ပါ
ကျလာတဲ့ Power options properties dialog box မှ Hibernate tab ကို ထပ်ပြီး click လိုက်ပါဦး
ပြီးရင် Enable Hibernation ဆိုတဲ့စာကြောင်းလေးကို uncheck လုပ်ပြီး Apply , Ok ပေးပါမယ်..
၂။ Run box မှာ sysdm.cpl လို့ရိုက်ထည့်ပြီးတော့ enter ခေါက်ပါ
ရရှိလာတဲ့ system properties dialog box မှ System Restore tab ကို ထပ်ပြီး click ပါမယ်
Available drivers : အောက်က ( C ) ကို select ပေးပြီး settings button ကို click ပါမယ်
Device Settings ဆိုတဲ့ box တစ်ခုထပ်မံ ကျရောက်လာတာ ကို တွေ့ရမှာပါ
Disk space to use: အောက်မှာ မူလက 12 % ( 6132 MB ) ရှိရာမှ 3 % ( 1386 MB) သို့ လျှော့ချလိုက်ပါမယ်. ပြီးရင် Ok ပေးပါ..
၃။ Start Menu , Internet explorer ကို open ရပါမယ်
Menu bar မှ tools , Internet options ကို click ပါ
Delet files ကို ထပ်မံ click ပါမယ် alert box တက်လာပါမယ် ..
Delete all offline content ဆိုတဲ့ စာကြောင်းကို check ပေးပြီး Ok ပေးပါ
၎။ Delete files button ရဲ့ ညာဘက်ဘေးက settings ကို click ပါမယ်
Amount of disk space to use : စာကြောင်းအောက်က box ထဲမှာ မူလက 474 MB ပေးထားတာကို 50 MB လို့ ပြင်ရိုက်ပြီး OK ,OK………..
နောက်ဆုံးအဆင့်ကတော့ shift+delete နဲ့ ဖျက်မထား မိလို့ Recycle Bin ထဲက မလိုအပ်တဲ့ ဖိုင်တွေကို right click ထောက်ပြီး Empty Recycle Bin လုပ်ပါမယ် ပြီးပါပြီဗျာ My computer ထဲ က Disk C မှာ free space ဘယ်လောက်တိုးလာ သလဲဆိုတာ စစ်ဆေးကြည့်လိုက်ပါဦး………
အနှစ်ချုပ်ကတော့..
• Recycle Bin: Default 10 % dropped to 1%
• Hibernation:Default ON ( for notebooks) switched OFF
• Internet explorer: Default 474 MB dropped to 50 MB
• System Restore: Default 12% dropped to 1% (~ 1 GB)