Pages

Translate

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Sunday, August 17, 2014

Networking ပိုင်းဆိုင်ရာ နှင့် ပက်သက်သော အကြောင်းအရာများ

GSM Connection ချိတ်ဆက်နည်း

 

 စာဖတ်သူ သူငယ်ချင်းများ အားလုံး မင်္ဂလာပါ ။

ကျွှန်တော် အခု ဆွေးနွေးချင်တဲ့အကြောင်းအရာကတော့ 5သိန်း တန် GSM ဖုန်းတွေနဲ့ အင်တာနက်ချိတ်ဆက်နည်းကို ဆွေးနွေးမှာဖြစ်ပါတယ်။

အခု အပြင်မှာ အင်တာနက် ရတဲ့ဖုန်းတွေကတော့ CDMA ထက်တော့ များပါတယ် ။ CDMA ကျတော့ Hauwai   နဲ့ပဲ အဆင်ပြေပါတယ် ။ GSM ကျတော့ ဒီလိုမဟုတ်ပါဘူး ။

Connection ရတဲ့ ဖုန်းအမျိုးအစားတွေကတော့ ကျွှန်တော်သိသလောက် Nokia နှင့် Samsung က တော့ ရတယ် ဆိုတာ သေချာပါတယ်။ (ချိတ်ဖူးထားလို့)

အဲ့ဒီ ဖုန်း အမျိုးအစား နှစ်မျိုးစလုံး က သူတို့ နဲ့ သက်ဆိုင်တဲ့ PC Suite ကို ထည့်သွင်းပေးရပါတယ် ။
ထိုသို့ ထည့်သွင်းပြီးပါက အောက်ဖော်ပြပါ လုပ်ဆောင်ချက်များ အတိုင်း ဆက်လက်လုပ်ဆောင်သွားပါရန်။ 

GSM ဖုန်းများ နှင့် မိမိကွန်ပြူတာအား ချိတ်ဆက်ခြင်း

၁။ပထမဦးစွာ Start ထဲမှ Run ကို သွားပါ။

၂။Run တွင် ncpa.cpl ဟုရိုက်ထည့်ပါ။

၃။ထိုအခါ Network Connections Box ပေါ်လာလိမ့်မည်။ ဘေးမှ Network Tasks ထဲမှ Create a new connection  
   ကို နှိပ်ပါ။

၎။New Connection Wizard ပေါ်လာပါလိမ့်မည်။ Next ကို ရွှေးပါ။ ထို့နောက် Connect to the Internet ကို ရွှေးပြီး
   Next ကို နှိပ်ပါ။

၅။အလယ်မှ Set up my connection manually ကို ရွှေးချယ်ပါ။ ဖုန်းနဲ့ ချိတ်ဆက်မည်ဖြစ်ပါသဖြင့် Connect Using a 
   dial-up modem ကိုရွှေးချယ်ပါ။ ISP Name နေရာ တွင် မိမိကြိုက်နှစ်သက်ရာ နာမည်ပေးပါ။ Phone Number
   နေရာတွင် *99# ကို ရိုက်ထည့်ပါ။

၆။ထို့နောက် Username နေရာတွင် mptnet
ဟုရိုက်ထည့်ပါ။

၇။Password နေရာတွင် မိမိ နှစ်သက်ရာကို ထည့်သွင်းရေးသားပါ။အောက်မှ Confirm Password နေရာတွင် အပေါ်မှ
   Password ကို ပြန်လည်ရေးသားပါ။

၈။ထို့နောက် Completing Wizard သို့ ရောက်လာသောအခါ Desktop ပေါ်တွင် Shortcuts တင်မလားဟု
   မေးလာသော စာသားကို အမှန်ခြစ်ပေးပါ။ ထို့နောက် Finish လုပ်ပါ။


ထိုကဲ့သို့ လုပ်ကြည့်ပြီး အဆင်မပြေသည်များကို itnyinge.ygn@gmail.com နှင့် djaung.ygn@gmail.com များသို့ မေး(လ်) ဖြင့် ဆက်သွယ်ပြီး မေးမြန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။




Blogspot တွင်မိမိ၏ မိုဘိုင်းဖုန်းဖြင့် blog တင်နည်း

 

 ပထမဦးဆုံးကို မိမိဘလော့၏ Overview သို့ အရင်ဝင်ပါ။ ထို့နောက် Publish blog posts on the go ခေါင်းစဉ်၏ အောက်တွင် Get Blogger for mobile ဆိုသည့် Bottom ကို နှိပ်ပြီး သွားပါ။ ထိုအခါတွင် http://www.google.com/mobile/blogger ဆိုသည့် လင့်သို့ ထွက်သွားပြီး မိမိအသုံးပြုသော ဖုန်းအမျိုးအစားကို ရွှေးချယ်ပြီး ဘလော့များကို ဖုန်းမှ တဆင့် တင်နိုင်ပြီ ဖြစ်ပါကြောင်း အသိပေး ပြောကြားအပ်ပါသည်။ 

 

 

 

Cat 5 Network Cabling

 

 

Note

                     W = White
                     B1 = Blue
                     G  = Green
                     O  = Orange
                     B2 = Brown


CDMA 800MHz ဖြင့် အင်တာနက်ချိတ်ဆက်နည်း (Haewei

 

C 5900 ဖုန်းဖြင့်)


စာဖတ်သူ သူငယ်ချင်း များ အားလုံးမင်္ဂလာပါ ခင်ဗျာ
ကျွှန်တော် အခု ဆွေးနွေးမယ့် အကြောင်းအရာလေးက တော့ CDMA 800MHz ဖြင့် အင်တာနက်ချိတ်ဆက် အသုံးပြုပုံလေးပဲ ဖြစ်ပါတယ်။
အခု ကျွှန်တော်တို့အရင်ဆုံး CDMA 800MHz ဖုန်း ကို အင်တာနက်ချိတ်မယ် ဆိုရင် လိုအပ်တဲ့ အချက်တွေကို ပြောပြပေးပါမယ်။
ပထမဆုံး CDMA 800MHz ကို အသုံးပြုရမယ့် ဖုန်း အမျိုးအစား ဟာ Haewei ဖုန်း အမျိုးအစား ဖြစ်မှသာလျှင် ချိတ်ဆက်လို့ အဆင်ပြေမှာဖြစ်ပါတယ် ။ ဘာလို့လဲ ဆိုတော့ ရန်ကုန်မြို့ မှာ ကျွှန်တော် သိသလောက်တော့ပေါ့နော်... Haewei ဖုန်းနဲ့ သာ ချိတ်ဆက်လို့ ရတယ် လို့ ကြားရပါတယ် ။
အဲ့ဒီတော့ ကာ Haewei ဖုန်းအမျိုးအစား သုံးမယ် ဆိုရင် အမျိုးအစားတွေက တော့ အမျိုးမျိုး ရှိသည့် အထဲမှ
အသုံးပြုတွေ အတွက် အသုံးလိုမယ် ထင်တဲ့ Haewei C5900 ဖုန်း အကြောင်း တင်ပြလိုပါတယ်။

Haewei 5900 ဖုန်း အကြောင်း


CDMA 5900 အား Internet ချိတ်ဆက်ခြင်း

Driver ရှာဖွေခြင်း

၁။ ပထမဦးစွာ CDMA 5900 Handset ကို မိမိကွန်ပြူတာတွင် ဖုန်းအားသွင်းကြိုး ကို အသုံးပြုပြီး ချိတ်ဆက်ပါ။

၂။ ပြီးနောက် ဖုန်းဆိုင်မှ ပေးလိုက်သော Driver ခွေအား CD-ROM ထဲသို့ ထည့်သွင်းပါ။

၃။CD-ROM ထဲတွင် Device Driver ဆိုသည့် Folder ကို ဖွင့်ပြီး အထဲ Application ကို Install လုပ်ပါ။

၎။ ထိုသို့လုပ်ပြီးပါက My Computer ကို Right-click နှိပ်ပြီး Manage ကို ခေါ်ပါ။

၅။ Computer Management ထဲသို့ ရောက်လာပါက Device Manager ကို ထပ်မံဝင်ရောက်ပါ။

၆။Device Manager ထဲတွင် Data transfer ဟူသောနာမည်ဖြင့် ၃ခု (သို့) ၄ခု လောက် Device 
   မသိသည့်ပုံဖြစ်နေလိမ့်မည်။

၇။ထိုအခါ Update Driver လုပ်ပြီး Install the Software automatically (Recommended) ဆိုသည့်စာသားကို
   ကလစ်ပေးပြီး ရှာပါ။ Driver သိလာပါလိမ့်မည်။

CDMA 5900 နှင့် မိမိကွန်ပြူတာအား ချိတ်ဆက်ခြင်း

၁။ပထမဦးစွာ Start ထဲမှ Run ကို သွားပါ။

၂။Run တွင် ncpa.cpl ဟုရိုက်ထည့်ပါ။

၃။ထိုအခါ Network Connections Box ပေါ်လာလိမ့်မည်။ ဘေးမှ Network Tasks ထဲမှ Create a new connection  
   ကို နှိပ်ပါ။

၎။New Connection Wizard ပေါ်လာပါလိမ့်မည်။ Next ကို ရွှေးပါ။ ထို့နောက် Connect to the Internet ကို ရွှေးပြီး
   Next ကို နှိပ်ပါ။

၅။အလယ်မှ Set up my connection manually ကို ရွှေးချယ်ပါ။ ဖုန်းနဲ့ ချိတ်ဆက်မည်ဖြစ်ပါသဖြင့် Connect Using a 
   dial-up modem ကိုရွှေးချယ်ပါ။ ISP Name နေရာ တွင် မိမိကြိုက်နှစ်သက်ရာ နာမည်ပေးပါ။ Phone Number
   နေရာတွင် #777 ကို ရိုက်ထည့်ပါ။

၆။ထို့နောက် Username နေရာတွင် -------@
c800.mm ဟုရိုက်ထည့်ပါ။
   ---------- နေရာတွင် မိမိ နှစ်သက်ရာ နာမည်ကို ရေးသားပါ။

၇။Password နေရာတွင် မိမိ နှစ်သက်ရာကို ထည့်သွင်းရေးသားပါ။အောက်မှ Confirm Password နေရာတွင် အပေါ်မှ
   Password ကို ပြန်လည်ရေးသားပါ။

၈။ထို့နောက် Completing Wizard သို့ ရောက်လာသောအခါ Desktop ပေါ်တွင် Shortcuts တင်မလားဟု
   မေးလာသော စာသားကို အမှန်ခြစ်ပေးပါ။ ထို့နောက် Finish လုပ်ပါ။ 

 








မှတ်ချက်။ ။ အခုဖော်ပြထားသော နှစ်မျိုးကို ဒေါင်းပြီးမှ သာ အပေါ်မှ လုပ်ဆောင်ချက်အတိုင်း လုပ်ဆောင်ကြပါရန် အသိပေး အပ်ပါသည်။

Device Driver အတွက် ဒေါင်းရန်။ 
PC Suite အတွက် ဒေါင်းရန်။










အဆင်မပြေသည်များရှိပါက
djaung.ygn@gmail.com နှင့် aungthuaye.info@gmail.com များထံသို့ပြန်လည် ပြောကြားနိုင်ပါသည်။

G-Mail ကို တစ်ခု ထက် ပိုသုံးချင်တဲ့အခါ

Access Kit ဖြင့် Internet ချိတ်ဆက်အသုံးပြုပုံ

Modem Card အား ပထမဦးစွာတပ်ဆင်ခြင်း
၁။ ပထမဆုံး မိမိ၏စက်တွင် Modem Card ရှိ၊မရှိ စစ်ဆေးပါ ။ မရှိပါက Modem Card ကို ပထမဦးစွာ ၀ယ်ယူတပ်ဆင်ရမှာဖြစ်ပါတယ် ။ အောက်ဖော်ပြပုံအတိုင်း ကြည့်ရူတပ်ဆင်ပါ။ (တပ်ဆင်တတ်သူများ အတွက်မဟုတ်ပါ။ )
၂။ ထိုသို့ Modem Card စိုက်ပြီးပါက စက် အဖုံးပြန်ပိတ်ပြီး အသစ်တပ်ဆင်ထားသော Modem Card မှပါလာသော Driver ခွေဖြင့် Modem Card သိအောင် အရင် လုပ်ပါ။

Network Settings ချိတ်ဆက်ခြင်း(Window XP တွင်)
၁။ပထမဦးစွာ Start>Run သို့ သွားပြီး ncpa.cpl ဆိုသည့် Command ကို ရိုက်ထည့်ပါ။

၂။ ထိုအခါ Connection အသစ်တခုပြုလုပ်ရန် ဘေးဘက်ရှိ box မှ New Connection ဆိုသော Tab ကို နှိပ်ပါ။

၃။ထို့နောက် Internet Connection Wizard တွင် Connect using a dial-up connection ဆိုသော Tab ကို နှိပ်ပါ။

 


7Day News Journal 01/27/2011 - 13:06

ကျပ်ငါးသိန်းတန် CDMA 800 MHz ဖုန်းများတွင် အင်တာနက် ချိတ်ဆက် အသုံးပြုနိုင်မည့်စနစ်ကို စိတ်ပါဝင်စားသူများ အတွက် အဆိုပါ ဝန်ဆောင်မှု အသုံးပြုပုံများကို သိရှိနိုင်ရန် ဖော်ပြပေး လိုက်ပါသည်။ ထိုစနစ်သည် ဖုန်းတွင် အသုံးပြုနိုင်သကဲ့သို့ ကွန်ပျူတာနှင့် ချိတ်ဆက်၍လည်း အသုံးပြုနိုင်သည်ဖြစ်ရာ ကွန်ပျူတာနှင့် ချိတ်ဆက် အသုံးပြုပုံကို ဖော်ပြလိုက်ပါသည်။ ကွန်ပျူတာဖြင့် အသုံးပြုလို သူများအနေဖြင့် ဆက်သွယ်ရေး နှင့် ပြင်ပ အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသည့် EVDO USB Wireless Modem တစ်ခု ဝယ်ယူရမည် ဖြစ်သည်။

ယင်းမိုဒမ်သည် ဈေးကွက်အတွင်း ၂ မျိုးခန့်ရှိပြီး ဈေးနှုန်းမှာ ၄၀,၀၀၀ ကျပ်ဝန်းကျင် ရှိကြောင်း စုံစမ်း သိရှိရသည်။ ပထမဦးစွာ ယင်း Device ကို ကွန်ပျူတာ USB အပေါက်တွင် ချိတ်ဆက်၍ My Computer ၌ပေါ်လာမည့် Connector.exe file ကို ဖွင့်ပြီးပေါ်လာမည့် Setup Flexi 3G Connector ကို Next ခလုတ်နှိပ်ကာ Install ပြုလုပ်ရမည် ဖြစ်သည်။ Install ပြုလုပ်ပြီးပါက Desktop ပေါ်တွင် Flexi 3G Connector Icon ကိုဖွင့်ရမည်။ ထို့နောက် Flexi Window Box တစ်ခုပေါ်လာပြီး ယင်း Box မှ Menu Bar ရှိ File Button ရှိ File အတွင်းမှ Setting ကို ကလစ်နှိပ်ပါက Box တစ်ခု ထပ်မံကျလာ မည်ဖြစ်သည်။ ယင်း Box မှ New ကို ဆက်လက်နှိပ်၍ ယင်း Box မှ Name နေရာတွင် မိမိကြိုက်နှစ်သက်သည့် အမည်တစ်ခု Number နေရာတွင် #777 နှင့် User name နေရာတွင် Username @c800,mm နှင့် Password မှ လျှို့ဝှက်အမှတ်အသား ရိုက် ထည့်ကာ OK Button ကိုနှိပ်ရပါမည်။

ယင်းနောက်တွင် 3G Connector Box မှ Connection Button ကိုနှိပ်ပြီး EVDO Connection ကိုရွေးချယ်ရမည်။ ယခု Device မှာ window XP များအတွက် အဓိကစီစဉ်ထားခြင်း ဖြစ်သည့်အတွက် window 7 တွင် Install ပြုလုပ်လိုသူများ အတွက်မူ အခက်အခဲ ရှိနေမည်ဖြစ်သည်။ အကယ်၍ window 7 နှင့် အသုံးပြုမည် ဆိုပါက စက်တွင် ပေါ်လာမည့် flexn connector ကို right click နှိပ်၍ properties သို့ဝင်၍ ယင်းမှ capabality သို့ တစ်ဆင့်သွားပြီး run as ဘေးမှ check ကို (အမှန်ခြစ်) ပေးရမည်။ ထို့နောက် အောက်တွင်ရှိသော Windows XP (Service Pack 3) ကိုရွေး၍ Apply/Ok ပြုလုပ်ကာ သုံးစွဲ၍ရနိုင်မည် ဖြစ်သည်။ ယင်းအဆင့်များ အားလုံးပြီးစီးပါက Internet Explorer (IE) ကိုဖွင့်၍ Tools>Internet Options>Connection> LAN Settings ကိုသွားရမည်။ နောက် နောက်ဆုံး အဆင့်အနေဖြင့် Local Area Network (LAN) Settings တွင် no proxy ပြုလုပ်ပြီးပါက မိမိကွန်ပျူတာတွင် အင်တာနက် ချိတ်ဆက်မှု ရရှိသွားမည် ဖြစ်သည်။

အထက်ပါ အဆင့်များမှာ စတင် ချိတ်ဆက်ရာတွင်သာ ပြုလုပ်ရမည်ဖြစ်ပြီး နောက်ပိုင်း အသုံးပြုရာတွင် G-Talk, IE Firefox များဖွင့်သကဲ့သို့ Flexi ဖွင့်သွားရုံနှင့် အသုံးပြု၍ ရပြီဖြစ်သည်။ ယင်းချိတ်ဆက် အသုံးပြုမှုသည် ကွန်ပျူတာနှင့် ပတ်သက်ပြီး Install ပြုလုပ်ဖူးသူများ ကွန်ပျူတာနှင့် ရင်းနှီးပြီးသူများအတွက် လွယ်ကူသော်လည်း ကွန်ပျူတာနှင့် အနည်းငယ် စိမ်းနေသေးသူများမှာ ဖော်ပြပါ ပုံစံအတိုင်းပြုလုပ်၍ မရပါက နီးစပ်ရာ အင်တာနက်ဆိုင် ဝန်ထမ်းများ သို့မဟုတ် ကွန် ပျူတာ ဝန်ဆောင်မှု ပေးသူများထံတွင် ဝန်ဆောင်ခပေး၍ ပြုလုပ်နိုင်သည်။ ဆက်သွယ်ရေး လုပ်ငန်းမှ ယင်းဝန်ဆောင်မှု အတွက် စတင်နေပြီ ဖြစ်သော်လည်း လတ်တလော ဈေးကွက်တွင်မူ ယင်းစနစ်အတွက် အဓိကကျသည့် EVDO USB မိုဒမ်မှာ ပြင်ပဆိုင်များတွင် အနည်းငယ်သာ ရောက်ရှိသေးပြီး ဝယ်လိုအားများ၍ ဝယ်ယူရန် အခက်အခဲ ရှိနိုင်ကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေးရုံး များတွင်လည်း ရောင်းချပေးနေ ပြီဖြစ်ကြောင်းသိရသည်။




Browser မရှိဘဲ Website ကြည့်မယ်


Posted: 27 Jan 2011 12:25 PM PST
ကျတော်ဒီနေ့ browser software မသုံးပဲ ဆိုဒ်တွေကို windows မှာပါတဲ့ tools လေးတွေနဲ့ ကြည့်လို့ရစေမယ့်နည်းလမ်းလေးတစ်ခု ဝေမျှချင်ပါတယ်။ ဒါပေမယ့် သူက Browser Software မဟုတ်တဲ့အတွက် ကျတော်တို့ လက်ရှိအသုံးပြူနေတဲ့ Browser တွေမှာ ရရှိနေတဲ့ (တစ်နည်းပြောရရင်) လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်မှူတွေကိုတော့ ရရှိနိုင်မှာ မဟုတ်ဘူးဆိုတာကိုတော့ မေ့ထားလို့မရပါဘူး။ ဆိုလိုတာကတော့ pageတွေကိုအများကြီး open link at a new tab တို့နဲ့ဖွင့်လို့ မရနိုင်တာမျိုး၊ ဒေါင်းလုပ်ချဖို့အတွက်ကို မလွယ်ကူတာမျိုးတွေပါ။ ဒါပေမယ့် youtube ဖွင့်ပြီးတော့ အရုပ်ရောအသံပါ ခံစားနိုင်တဲ့အတွက် စိတ်ဝင်စားစရာတော့ ကောင်းတာအမှန်ပါ။ အဓိကရည်ရွယ်တာကတော့ Windows မှာပါတဲ့ Tools လေးတွေကို ဘယ်လိုသုံးလို့ရနိုင်တယ် ဆိုတာလေးတွေကို သိစေချင်တဲ့အတွက် တတ်နိုင်သလောက် ဝေမျှပေးလိုက်ခြင်းဖြစ်ပါတယ်။ မိမိတို့အဆင်ပြေသလို အသုံးပြူနိုင်ပါစေ။ 

လုပ်နည်း
1. Winkey+R လို့နှိပ်ပြီး Run Box လေးကိုခေါ်လိုက်ပါ။ ပေါ်လာတဲ့ Run Box လေးထဲမှာမှ calc လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ။

 2. ပေါ်လာတဲ့ Calc Box လေးရဲ့ Menu Bar လေးမှာပါတဲ့ Help ဆိုတဲ့ခေါင်းစဉ်လေး အောက်မှာရှိတဲ့ Help Topics လေးကို ဖွင့်လိုက်ပါ။

 3. ကျလာတဲ့ Help Topics ဘောက်လေးရဲ့ Title bar ကို Right Click လေးထောက်ပြီး Right Click လေးမှတစ်ဆင့် Jump to URL ကိုဖွင့်လိုက်ပါ။

 4. ထပ်ပွင့်လာတဲ့ Jump To URL Box လေးထဲကနေ Jump to this URL ဆိုတဲ့ Box လေးထဲမှာ မိမိဖွင့်ချင်တဲ့ website တစ်ခုရဲ့ လိပ်စာကို အရှေ့ကနေ http:// လို့မဖြစ်မနေ ရိုက်ပြီး ဖွင့်ရမှာဖြစ်ပါတယ် (http://google.com)။ ကျတော်အခုက Google page ကိုဥပမာအနေနဲ့ ဖွင့်ပြထားပါတယ်။
 5. Gmail တွေဖွင့်လို့ ရနိုင်သလို Youtube လေးဖွင့်ပြီးတော့လည်း မိမိနှစ်သက်ရာကို ရုပ်မြင်သံကြား ခံစားနိုင်တဲ့အတွက် ဗဟုသုတအဖြစ် ဝေမျှလိုက်ခြင်းဖြစ်ပါတယ်။


File Hosting လုပ်နည်းများ...


File Hosting လုပ်နည်းများ...  


Contributor: ရန်အောင်

File Hosting ဆိုတာက ကိုယ်တင်ချင်တဲ့ ဖိုင်လေးတွေကို အဲဒီ့ Site တွေက သိမ်းပေးထားပြီး http://..... ဆိုတဲ့ URL Link လေး ပြန်ထုတ်ပေးတာပါ. အဲဒါကိုမှ ကိုယ်တင်ချင်တဲ့ website, blog စတဲ့နေရာတွေမှာ တင်ပေးရတာမျိုးပါ. (Host= အိမ်ရှင် ဆိုတော့ ကိုယ့်ဖိုင်လေးတွေက သူ့အိမ်မှာ သွားပြီး စတည်းချနေတာပေါ့ဗျာ.)

Free hosting site တွေ ရှိသလို အခကြေးငွေနဲ့ တင်ပေးတဲ့ site တွေလည်း ရှိပါတယ်. Professionally လုပ်တော့မယ့်သူတွေ၊ ဒါမှမဟုတ် file အများကြီး တင်ချင်တဲ့သူတွေကတော့ ပိုက်ဆံပေးပြီး Capacity များများပေးတဲ့ hosting site တွေမှာ accnt လုပ်ကြပါတယ်. ပုံမှန် ကျွန်တော်တို့လို အပျော်တမ်းသမားတွေကတော့ free hosting site တွေကိုပဲ သုံးကြပါတယ်. သိပ်များလာလို့ မနိုင်တော့ရင် နောက်ထပ် accnt တစ်ခု ထပ်ဖွင့်ရုံပဲပေါ့ဗျာ. အဓိကက ပိုက်ဆံ မပေးရရင် ပြီးရော မဟုတ်လား. ဟတ်ဟတ်

ကဲ. ဒါလေးတွေကတော့ ကျွန်တော်တို့ သိထားသင့်တဲ့ free hosting site လေးတွေပါပဲ ခင်ဗျာ.

ပုံတင်ရန်

http://imageshack.us/
http://photobucket.com/

ဖိုင်တင်ရန်

http://www.fileden.com/
http://www.filefactory.com/
http://www.filexoom.com/
http://www.ripway.com/
http://www.pages.google.com/
http://www.mediafire.com/
http://files-upload.com/
http://www.wikiupload.com/
http://upload2.net/
http://www.filecrunch.com/


အဲဒါလေးတွေကတော့ ကျွန်တော်သိသလောက်လေးတွေပါပဲ. တစ်ခုနဲ့တစ်ခု ပေးတဲ့ storage space မတူပါဘူး. Fileden က 1 G ပေးပါတယ်. Ripway ကတော့ 30 MB ပဲ ပေးပါတယ်. ကျန်တာတွေမှာလည်း ထိုနည်းလည်းကောင်းပါပဲ. Unlimited ပေးတာ တစ်ခုတော့ ရှိပါတယ်. Mediafire ပါ. (စာအုပ်တွေတင်ဖို့ သိပ်ကောင်းပါတယ်) Pages.google.com ကတော့ google pages ကို ပြောတာပါ. Account Sign Up လုပ်စရာ မလိုပါဘူး. ကိုယ့်ရဲ့ Gmail Account နဲ့ပဲ သုံးလို့ရပါတယ်.

တစ်ခုကို အစမ်းလုပ်ပြပါမယ်. သဘောတရားက အတူတူပါပဲ.

http://www.fileden.com ကိုသွားပါမယ်. Account Sign Up လုပ်ပါမယ်. ကိုယ့် Email ကို စာဝင်လာပါလိမ့်မယ်. Activate လုပ်ဖို့ပေါ့. လုပ်လိုက်ပါ. ပြီးသွားရင်တော့ Login လုပ်ပါမယ် ခင်ဗျာ.



အပေါ်မှာ မြင်နေရတဲ့ Navigation Bar လေးထဲကနေ upload files ကို ရွေးပါမယ်. တစ်ခြား site တွေမှာလည်း upload ဆိုတဲ့ ပုံစံလေးတွေ ပါပါလိမ့်မယ်. ချွတ်စွပ်ကြီးတော့ ဘယ်တူပါ့မလဲဗျာနော်. စိတ်ရှည်ရှည်ထားပြီး ရှာကြည့်ရင် သဘောပေါက်သွားပါလိမ့်မယ်…

Upload files ကိုရွေးလိုက်ပါပြီ. အခု file စတင်ပါတော့မယ်. အစမ်းအနေနဲ့ peekaboo လုပ်ဖို့ myhacko.js ဆိုတဲ့ ဖိုင်လေးကို တင်ပေးပါမယ်. အဲဒါကို အရင်ဆုံး ကိုယ့် computer ပေါ်ကို download လုပ်ဖို့ မမေ့နဲ့ဦးနော်. မလုပ်ရသေးရင် ဒီမှာ အခုပဲ လုပ်လိုက်ပါ

Save လုပ်လိုက်တဲ့ File လေးကို Browse လုပ်ပြီး ရှာပါမယ်. Click ခေါက်ပြီး ရွေးလိုက်ပါမယ်. Upload ကို နှိပ်လိုက်ပါပြီ.




ဘာဖြစ်လဲ…



Error message ပေါ်လာပါတယ်. This file extension is not allowed. တဲ့. ကျွန်တော်တို့ တင်တဲ့ ဖိုင်က javascript file လေ. Extension က js နဲ့ ဆုံးတယ်. အဲဒီ့လိုမျိုး file type ကို လက်မခံဘူး. ဘယ်လိုလုပ်မလဲ.

နောက်တစ်မျိုးနဲ့ ပြောင်းတင်မှာပေါ့. မဟုတ်ဘူးလား. ဒါမျိုးကိစ္စလေးတွေ ဖြစ်တတ်လို့ တမင်အမှားကို လုပ်ပြပေးတာပါ. နို့မို့ဆို ကိုယ်လုပ်တာပဲ မှားနေပြီလားလို့ တွေးပူနေမိမှာ စိုးလို့ပါ.

ကဲ. Ripway နဲ့ ပြောင်းတင်ပါမယ်.

ထုံးစံအတိုင်း sign up/register လုပ်ပါ. Email activation တောင်းရင် လုပ်ပေးလိုက်ပါ. မတောင်းရင်တော့ ကိုယ်လုပ်စရာရှိတာသာ ဆက်လုပ်သွားလိုက်ပါ.



My files ဆိုတာကို ရွေးမယ်နော်. ဒီလိုပုံစံ တွေ့ရပါမယ်.



အဲဒီ့ထဲကမှ Upload files ဆိုတာကို ရွေးပါမယ်ခင်ဗျာ. အောက်ကပုံစံအတိုင်းလေး ပေါ်လာပါလိမ့်မယ်



Browse လုပ်ပြီး ကိုယ်တင်မယ့် file ကိုရွေးပါ. Myhacko.js ကိုရွေးမယ်နော်. ရွေးပြီးရင် upload လုပ်လိုက်ပါ. နောက်တစ်မျက်နှာမှာ ဒီလိုမြင်ရပါမယ်.



Continue ဆက်လုပ်လိုက်ပါ. နောက်တစ်မျက်နှာမှာတော့ ကိုယ်တင်လိုက်တဲ့ ဖိုင်လေးကို တွေ့ရပါမယ်. အဲဒီ့ထဲကမှ Direct Link URL ဆိုတာလေးရဲ့ အောက်မှာ တွေ့ရတဲ့ Link လေးဟာ ကျွန်တော်တို့လိုချင်တဲ့ URL link လေးပါပဲ ခင်ဗျာ.



နောက်တစ်ခုအနေနဲ့ googlepages နဲ့ တင်နည်းပြပါမယ်. ဒီနေရာကိုသွားပြီးရင် ကိုယ့်ရဲ့ gmail account နဲ့ sign in ၀င်လိုက်ပါ. ပြီးသွားရင် accept terms တွေဘာတွေ ဆက်လုပ်သွားပါ. နောက်တစ်ဆင့်မှာ ကိုယ့်ကို publish page တစ်ခုခု လုပ်ခိုင်းပါလိမ့်မယ်. အဲဒါလည်း အရေးမကြီးပါဘူး. လုပ်လိုက်ပါ. နာမည်ကိုလည်း ကိုယ်ကြိုက်တာ ပေးလို့ရပါတယ်. ကျွန်တော်ကတော့ theseandthose လို့ ပေးထားခဲ့တယ်ဗျ.

နောက်တစ်မျက်နှာမှာ ဒီလိုမြင်ရပါမယ်.



ညာဖက်နား ခပ်ကျကျလေးက ဒီပုံလေးကို ကြည့်ပါ. အဲဒီ့မှာ file တွေကို Upload လုပ်ရမှာပါပဲ.



Browse လုပ်ပြီး တင်မယ့် file ကို ရွေးပါ. Googlepages က အလိုလိုပဲ တင်ပေးသွားပါလိမ့်မယ်. ပြီးသွားရင် ဖိုင်ရဲ့ URL ကို ယူရပါမယ်.

ကိုယ်တင်လိုက်တဲ့ ဖိုင်လေးရဲ့ အပေါ်မှာ right click လေး ခေါက်လိုက်ပါ. ပြီးရင် copy link location ကို ရွေးလိုက်ပါ. အဲဒါ သူ့ရဲ့ URL ပါပဲ.

တစ်ခြားသော file hosting site များမှာလည်း ဒီပုံစံဆင်ဆင်လေးတွေပါပဲ. စမ်းသုံးကြည့်ကြပါလို့ တိုက်တွန်းပါတယ်.

အားလုံးပဲ အဆင်ပြေချောမွေ့ကြပါစေ..


http://mmbloggershelpdesk.blogspot.com/2007/08/file-hosting.html မှ

ဘလော့နောက်ခံမှာလွယ်ကူစွာပုံထည့်နည်း


kp3နည်းပညာ၊၁၂၆၊ဘလော့နောက်ခံမှာလွယ်ကူစွာပုံထည့်နည်း

ဒါလေးကတော့ဘလော့နောက်ခံမှာလွယ်ကူစွာပုံထည့်နည်းလေးပါ၊သိပြီးကြတဲ့မိတ်ဆွေတွေ
လည်းများပါတယ်၊မသိကြသေးတဲ့သူတွေအတွက်လိုအပ်ခဲ့ရင်သုံးလို့ရအောင်ပါ၊ဘလော့ဂါမိတ်ဆွေ
အားလုံးကိုလည်းအစဉ်မြဲလေးစားလျှက်ပါ။

၁။Layout

၂။Edit HTML

အောက်ကCodeကိုရှာပါ၊Press Ctrl + F
body {

အောက်မှာအောက်ကအတိုင်းထည့်ပေးလိုက်ပါ၊
background: url('ဤနေရာမှာမိမိရဲ့နောက်ခံပုံလင့်ခ်ကိုထည့်ပေးပါ။IMAGE-URLပေါ့နော်') fixed;

ဥပမာအောက်ကအတိုင်းဖြစ်သွားတာပေါ့နော်၊
body {
background: url('http://rpgwallpapers.com/wallpapers/luna-online-boy-and-dog-1280x960.jpg ') fixed;
   margin:0px
auto 0px;
padding:0px;
color:$bodytextcolor;
font-family:Arial,Helvetica,sans-serif;
   font-size:12px;
}

နောက်ခံအရောင်ပြောင်းချင်ရင်တော့အောက်မှာ
body {
background:#ဤနေရာမှာHTML colour codeထည့်လိုက်ပါ;

ဥပမာအောက်ကအတိုင်းဖြစ်သွားတာပေါ့နော်၊
body {
background:#ffa22f
margin:0px
auto 0px;
   padding:0px;
color:$bodytextcolor;
font-family:Arial,Helvetica,sans-serif;
font-size:12px;
   }

၃။Save Template button.နိုပ်ပါ။။

မသိသေးတဲ့မိတ်ဆွေတွေကိုအသိပေးမျှဝေစေချင်ပါတယ်၊
ဘလော့ဂါမိတ်ဆွေအားလုံးကိုအစဉ်မြဲချစ်ခင်လေးစားလျှက် kp3မိသားစု                    
kp3မိသားစု မှ ကူးယူ ဖော်ပြပါသည်။

pdf password remover


pdf password remover

zaw2aung: ညီရေ pdf password remover fullversion လေးများရှိရင်ပို့ပေးပါဦး

ကျွန်တော်တင်ပေးလိုက်ပါပြီ .. ဒါပေမယ့် တစ်ခုကြိုပြောပါရစေဗျာ . ဒီစကားကလဲ ခဏခဏ ပြောနေရတာပါ . တစ်ချို့ဆိုရင် ကျွန်တော့်ကို အမြင်တောင် ကပ်နေပြီလားမသိပါဘူး . ကျွန်တော်အခု ဖိုင်နဲ့တွဲပြီး Keygen ပါတွဲပြီး တင်ပေးလိုက်တာပါ . အဲ့တော့ Register မလုပ်ခင် ဗိုင်းရပ်စ် program ကို ခဏပိတ်ထားပေးပါ . Virus သတ်တဲ့ ဘယ် Program ပဲဖြစ်ဖြစ် Keygen ကို virus လို့ပဲ သိကြတာပါ . ပြီးတော့မှ ကျွန်တော့်ကို serial no. တောင်းနေတယ်လို့ . လိုင်စင်လုပ်ဖို့တောင်းနေတယ် . ကိုညီနေမင်းက product key အတွက်တော့ ဘာမှမပေးလိုက်ဘူးတို့ . ခဏခဏပြောနေတာ တွေ့ရပါတယ် . ဟိုတစ်ရက်ကဆိုရင် ဗိုင်းရပ်စ်ပါတယ်တောင် လုပ်တာ . ကျွန်တော် keygen ဖိုင်တွဲထည့်ပေးတဲ့ အခါတိုင်း ဒီစကားကို ခဏခဏပြောပါတယ် . အဲ့တော့ ကျွန်တော်တို့ register မလုပ်ခင် ပိတ်ပြီးမှ Keygen ကို run ပါ . ပြီးတော့မှ virus တော့ပါတယ် . လိုင်စင်လုပ်ဖို့တော့ မပါဘူးလို့ မပြောကြပါနဲ့ . ကျွန်တော် ဘယ်တော့မှ အဲ့လိုမျိုး သူများဒုက္ခရောက်အောင် စိတ်အပင်ပန်းလူအပင်ပန်းခံပြီး မလုပ်ပါဘူး . အစ်ကိုရာ ဗိုင်းရပ်စ်တွေပါလာတယ် . အစ်ကိုအဲ့လိုတော့ မလုပ်သင့်ပါဘူး ဆိုတော့ ကိုယ်ကဘဲ လူယုတ်မာလိုလိုဘာလိုလို နဲ့ ပြောပုံက အတော်အခံရခက်တာဗျ . ရေးပြထားတာတွေကိုလဲ အသေအချာ အစအဆုံးမဖတ်ပဲ နင်းကန် အပြစ်တင်တာ အတော်ဆိုးတယ်ဗျာ .. အခမဲ့ သက်သက် မြန်မာပြည်က လူငယ်တွေ နည်းပညာလေ့လာရလွယ်ကူအောင် တစ်ဖက်တစ်လမ်းကနေ ကူညီပေးရုံသက်သက်ပါ . ကျွန်တော် ဓါတ်ပုံနဲ့ကို လုပ်ပုံလုပ်နည်း ကိုတင်ပေးလိုက်ပါတယ် . register လုပ်တဲ့နေရာမှာ ကိုကြိုက်တဲ့နာမည်နဲ့လုပ်ပါ . အောက်မှာ ပုံနဲ့ပြထားပေးပါတယ် .




Download ifile.itDownload mediafire
http://www.nyinaymin.com/2009/09/pdf-password-remover.html မှ



ကျွန်တော် ဒီနေ့တော့ ဘလော့လ်တွေ ဘာတွေကြောင့်လေးနေတယ်။ ဖွင့်ရင် အရမ်းကြာနေတယ်ဆိုတာကို တင်ပြပေးပါမည်။ ကိုညီနေမင်းလည် တင်ပြခဲ့တာ ကျွန်တော်ဖတ်ခဲ့ရပါတယ်။ ကျွန်တော်တို့ ဆိုဒ်တွေကို အဓိက Speed နှေးစေတာကတော့ JavaScript (Js)ဖိုင်တွေနဲ့ CSS (Cascading Style Sheets)တွေရဲ့ upload Link တွေကြောင့် လေးလံကျတာ အဖြစ်များပါတယ်။ နောက်နှေးစေတာက picture ဆိုဒ်တွေကြောင့်ဖြစ်စေပါတယ်။ ကျွန်တော်အရင်က Js နှင့် CSS တွေကို upload တင်ရင် www.ripway.com နှင့် www.hostfile.com မှာ အတင်များပါတယ်။ ဒါပေးမဲ့ အဲဒီ Link တွေက Anti-virus နဲ့ညှီတဲ့အခါရှိသလို တစ်ခါတစ်လေ upload ဆိုဒ်က error ဖြစ်နေပါတယ်။ အဲဒီလို ဖြစ်နေတဲ့ အချိန်မှာ ဆိုဒ်က တော်တော်နဲ့ ပွင့်မလာပါဘူး။ ဒါနဲ့ဘယ်မှာ ကြာနေတယ်ဆိုတာ မိမိတို့ ရဲ့ဘယ်ဘက်ထောင့်မှာ ကြည့်က တွေ့မြင်နိုင်ပါတယ်။ ဒါနဲ့ Layout မှာ မိမိရဲ့ js နှင့် css link တွေကို https://sites.google.com မှာ ပြောင်းတင်ပြီ ကျွန်တော်ပြန်ပြင်လိုက်တော့မှ မြန်သွားတယ်။ ဒါကြောင့် မိမိတို့ ဆိုဒ်တွေ လေးလံနေတယ်ဆိုရင် js နှင့် css link တွေနဲ့ picture ဆိုဒ်တွေကို ပြန်ပြင်ပါ။ နောက်ပြီ မိမိဆိုဒ်မှာ flash တွေအ၇မ်းထည့်တာတို့မှ ရှောင်ကျင်ပါ။ ကျွန်တော်တော့ အခုနောက်ပိုင်း Jss နှင့် css link တွေကို https://sites.google.com မှာ တင်ပါတော့တယ်။ ဘယ်လိုတင်လဲသိချင်က မေးမြန်နိုင်ပါတယ်။ မိမိ Blog ဘယ်လောက် Speed မြန်လဲဆိုတာ စမ်းနိုင်ရန် အောက်မှာဆိုဒ်တွေကို တင်ပြပေးလိုက်ပါတယ်။ မိမိဆိုဒ်ဖွင့်လို့ လေးလံနေရင်လည် အောက်က ဆိုဒ်တွေမှာ စမ်းလိုက်ပါ။ ဘယ်လင့်က error ပြနေတယ်ဆိုတာ တွေ့ရပါမည်။ ကျေးဇူးတင်ပါတယ်

http://tools.pingdom.com/fpt/
http://www.netmechanic.com/cobrands/MarketingTips/load_check.htm
http://www.linkvendor.com/seo-tools/speedtester.html
http://www.robertjsteiner.com/seo_free_tools.php



Image and video hosting by TinyPic
Related Posts: Blog


Read more: http://www.knowledgewar07.com/2009/12/blog-speed.html#ixzz0zwN4B4ns

မိမိရဲ့Blog Name Scrolling လုပ်ချင်ရင်(ဘလော့နာမည်လေးကိုမရပ်ဘဲသွားအောင်လုပ်ချင်ရင်)


kp3နည်းပညာ၊၁၁၅၊မိမိရဲ့Blog Name Scrolling လုပ်ချင်ရင်

မိမိဘလော့နာမည်လေးကိုမရပ်ဘဲသွားအောင်လုပ်ချင်ရင်ပေါ့နော်၊Blog Name Scrolling
လို့ခေါ်ပါတယ်။တချို့ဘလော့မိတ်ဆွေတွေတင်ထားတော့မြင်ဖူးပါတယ်၊မတူလောက်ဘူးလို့တော့
ထင်ပါတယ်။အောက်မှာ DEMO လင့်ခ်လုပ်နည်းလေးပြထားပါတယ်။အရမ်းကိုလွယ်ပါတယ်။

၁။Dashboard

၂။ layout

၃။Edit HTML

အောက်က Code ကိုရှာပါ။

</head>


တွေ့ပြီဆိုရင်အပေါ်မှာအောက်က Code ကိုထည့်ပါ။
<script type='text/javascript'>
var txt="ဤနေရာမှာမိမိရဲ့ဘလော့နာမည်လေးရေးလိုက်ပါ ";
   var espera=200;
var refresco=null;
function rotulo_title()
{
   document.title=txt;
txt=txt.substring(1,txt.length)+txt.charAt(0); refresco=setTimeout("rotulo_title()",espera);
   }
rotulo_title();
</script>


နမူနာလင့်ခ်ဒီမှာDEMO

၎။Save Template ကိုနိုပ်ပါ၊ပြီးပါပြီ။။

မသိသေးတဲ့မိတ်ဆွေတွေကိုအသိပေးမျှဝေစေခြင်ပါတယ်၊ ဘလော့ဂါမိတ်ဆွေအားလုံးကိုအစဉ်မြဲချစ်ခင်လေးစားလျှက် kp3မိသားစု




 

 

Networ အကြောင်း အခြေခံ..


ဒီနေ့ တော့ Network အကြောင်းကို ရှင်းပြပါမယ်…
သူငယ်ချင်းတို့  အခုသုံးနေတဲ့ ချော့ကလက်မြို့ တော်ဟာ Ning Network ဖြစ်ပါတယ်…
ပင်မစာမျက်နှာညာဖက် မြို့ စားလေးပုံမှာ ရေးထားတဲ့စာလေးကို ဖတ်မိမှာပါ…
မြို့ စားလေး Created this Ning Network ဆိုတာကို တွေ့ ကြမှာပါ…
နိုင်ငံအသီးသီးက သူငယ်ချင်းများက မိမိတို့ ရဲ့ ကွန်ပျူတာကို အင်တာနက်နဲ့  ချိတ်ဆက်ပြီး သတင်းအချက်အလက်များ၊ စာပေများ၊၊ သီချင်းများ၊ Video များကို ဝေမျှခံစားစေတာဟာ Network ကြီးတစ်ခုထဲမှာ လှုပ်ရှားနေကြတာပါ…

INTRODUCTION TO NETWORKS
A network is a group of connected computers that allow people to share information and equipment.
Network ဆိုတာ အချက်အလက်တွေ၊ ကိရိယာတွေကို ဝေမျှသုံးစွဲတာကို ခွင့်ပြုတဲ့
ကွန်ပျူတာအချင်းချင်း ချိတ်ဆက်ထားတဲ့ အုပ်စုကို ဆိုလိုတာပါ…

Types of Networks Network အမျိုးအစားများ
Local Area Network A Local Area Network (LAN) is a network that connects computers within a small geographic area, such as a building.
Local Area Network (LAN) ဆိုတာဟာ အဆောက်အဦတစ်ခုထဲအတွင်းမှာပဲ ကွန်ပျူတာတွေကို ချိတ်ဆက်အသုံးပြုတာကို ဆိုလိုတာပါ…
ကုမ္ပဏီများ၊ အင်တာနက်ဆိုင် (Cyber Cafe) တွေမှာ ကွန်ပျူတာကို တစ်ခုနဲ့ တစ်ခု ချိတ်ဆက်အသုံးပြုတာကို LAN လို့  ခေါ်ပါတယ်…
Wide Area Network A Wide Area Network (WAN) is a network that connects computers across a large geographic area, such as a city or country. A WAN can transmit information by telephone line, microwave or satellite.
Wide Area Network (WAN) ဆိုတာကတော့ မြို့ တွေ၊ တိုင်းပြည်တွေကို ဖြတ်ပြီး ကွန်ပျူတာများ ချိတ်ဆက်အသုံးပြုတာကို ဆိုလိုတာပါ… WAN ကတော့ တယ်လီဖုံးလိုင်း (သို့ မဟုတ်) ဂြိုလ်တုစနစ်နဲ့  သတင်းအချက်အလက်တွေကို ပေးပို့ တာပါ…
Network Advantages Network ဆက်သွယ်ခြင်းရဲ့ အကျိုးကျေးဇူးများ
Work Away From Office When traveling or at home, you can connect to the network at work to exchange messages and files.
မိမိခရီးသွားတဲ့အခါဖြစ်စေ၊ အိမ်မှာနေရင်းဖြစ်စေ Network ချိတ်ထားမယ်ဆိုရင် သတင်းနဲ့  ဖိုင်များကို ဖလှယ်လို့  ရပါတယ်…
Share Information Networks let you easily share data and programs. You can exchange documents, electronic mail, video, sound and images.
Network ချိတ်ထားခြင်းဖြင့် အချက်အလက်တွေ၊ Programs တွေကို ဝေမျှလို့  လွယ်ပါတယ်… စာတွေ၊ E-Mail တွေ၊ Video တွေ၊ အသံတွေနဲ့  ရုပ်ပုံတွေကို ဖလှယ်လို့ ရပါတယ်… ဆိုလိုတာကတော့ ညီတို့ တွေ Data တွေကို သိမ်းဆည်းနိုင်တဲ့ Memory Stick တို့ ၊ External Harddisk တို့  မလိုတော့တာပါ…
Share Equipment Computers connected to a network can share equipment, such as a printer or modem.
Network ချိတ်ထားမယ်ဆိုရင် Printer တို့ ၊ Modem တို့ ၊ Scanner တို့ ကို ကွန်ပျူတာအားလုံးက ဝေမျှသုံးစွဲနိုင်တာပါ…
ဥပမာအားဖြင့် အင်တာနက်ဆိုင်မှာ Modem တစ်ခုပဲ လိုပါတယ်… Computer တွေကို Network ချိတ်ထားပြီး Internet ကို ဝေမျှသုံးစွဲနေတာပါ…


Network Administrator A network administrator manages the network and makes sure the network runs smoothly. A network administrator may also be called a network manager, information systems manager or system administrator.
Network Administrator ဆိုတာဟာ Network ကို ချောမွေ့ စွာ အသုံးပြုနိုင်အောင် စီမံ အုပ်ချုပ်ရတဲ့သူကို ဆိုလိုတာပါ… Network Administrator ကို Network Manager, Information Systems Manager ဒါမှမဟုတ် System Administrator လို့  ခေါ်ပါတယ်…
Network Applications Network အသုံးပြုပုံများ
Electronic Mail You can exchange electronic mail (e-mail) with other people on a network. Electronic mail saves paper and provides a fast, convenient way to exchange ideas and request information.
Network ချိတ်ထားတဲ့ စက်အချင်းချင်း E-Mail ပို့ လို့ ရပါတယ်… အတွေးအခေါ်၊ တောင်းဆိုလိုတဲ့ သတင်းအချက်အလက်တွေကို လွယ်ကူလျင်မြန်စွာ ပို့ ပေးပြီး သိမ်းဆည်းထားလို့  ရပါတယ်… Network ချိတ်ထားတဲ့ ကုမ္ပဏီတွေမှာဆိုရင် ရုံးရောက်တာနဲ့  E-Mail စစ်ကြရပါတယ်… အစည်းအဝေးဖိတ်စာတွေ၊ ညွှန်ကြားချက်တွေကို E-Mail နဲ့  ပို့ တာပါ…

Videoconferencing
Videoconferencing allows you to have face-to-face conversations with other people on a network, whether they are around the corner or on the other side of the country. A computer must have a sound card, speakers and microphone to transmit and receive sound. The computer must also have a video camera to transmit video images.
Network ချိတ်ထားတဲ့ Computer တွေမှာ မျက်နှာချင်းဆိုင် စကားပြောလို့  ရပါတယ်… Computer မှာတော့ အသံကိုလက်ခံရန် Sound Card, Speaker နဲ့  Microphone ရှိရပါမယ်… ပုံရိပ်ကို မြင်နိုင်ရန်အတွက် Video Camera ရှိရပါမယ်…
Parts of a Network Network ရဲ့ အစိတ်အပိုင်းများ
Network Traffic Network traffic is the information that travels through a network. When there is a lot of network traffic, information travels more slowly through the network.
Network Traffic ဆိုတာကတော့ Network ကို ဖြတ်နေတဲ့ သတင်းအချက်အလက်ကို ဆိုလိုတာပါ.. Network Traffic များလာတာနဲ့ အမျှ Network ကိုဖြတ်ပို့ နေတဲ့ သတင်းအချက်အလက် ပို့ ဆောင်မှုဟာ နှေးသွားပါတယ်…
Hub A hub is a device that provides a central location where all the cables on a network come together.
Network ချိတ်ထားတဲ့ Computer တွေက လာတဲ့ ကြိုးတွေကို တစ်နေရာတည်းမှာ ဆက်သွယ်ထားတဲ့ ကိရိယာပါ…
ခုဆိုရင် Switch ဆိုပြီး အင်တာနက်ဆိုင်တွေမှာ သုံးပါတယ်…

Network Interface Card A network interface card is a device that physically connects each computer to a network. This card controls the flow of information between the network and the computer.
Network ချိတ်တဲ့ ကွန်ပျူတာတိုင်းမှာ Network Interface Card ရှိရပါမယ်… ဒီ Card ဟာ Network နဲ့  Computer ကြားမှာ သတင်းအချက်အလက်ပေးပို့ နိုင်ဖို့  ထိန်းချုပ်ပေးပါတယ်…
Cables Cables are the wires that connect computers and equipment on a network. There are four main types of cables-coaxial, Unshielded Twisted Pair (UTP), Shielded Twisted Pair (STP), and fiber-optic. Fiber-optic cable is the most expensive type of cable, but it can carry information faster and over longer distances than other types of cables.
Network ကြိုးများကို ကွန်ပျူတာနဲ့  Printer, Scanner စတဲ့ ကိရိယာတွေ ချိတ်ဆက်ရာတွင် သုံးပါတယ်… အဓိက ကြိုးအမျိုးအစား လေးမျိုးရှိပါတယ်… ၁။ Cables-coaxial ၂။ Unshielded Twisted Pair (UTP) ၃။ Shielded Twisted Pair (STP) ၄။ Fiber-optic Fiber-optic ကြိုးကတော့ ဈေးကြီးပြီး ဝေးလံတဲ့အကွာအဝေးတွေမှာ သတင်းအချက်အလက်ကို လျင်မြန်စွာ ပို့ ဆောင်ပေးနိုင်ပါတယ်…
How Information is Stored သတင်းအချက်အလက်များ သိမ်းဆည်းပုံ
Peer-To-Peer Network All the people on a peer-to-peer network store their files on their own computers. Anyone on the network can access files stored on any other computer. A peer-to-peer network provides a simple and inexpensive way to connect fewer than ten computers.

Peer-To-Peer Network ချိတ်ထားတဲ့ Computer တွေဟာ မိမိစက်မှာပဲ ဖိုင်များကို သိမ်းဆည်းပါတယ်… မိမိသိမ်းဆည်းထားသော ဖိုင်ကို Network ချိတ်ထားတဲ့ Computer တိုင်းက အသုံးပြုလို့  ရပါတယ်… Peer-To-Peer Network ဆက်သွယ်ပုံက ရိုးရှင်းပြီး အကုန်အကျနည်းပါတယ်… ၁၀-လုံးထက်နည်းတဲ့ Computer တွေကို ချိတ်ဆက်ရာမှာ အသုံးပြုပါတယ်…
Manage Files Files are stored in many different locations. This makes the files difficult to manage, back-up and protect. However, if one computer malfunctions, the rest of the network will not be affected.
ဖိုင်တွေကို နေရာအမျိုးမျိုးမှာ သိမ်းဆည်းထားတဲ့အတွက် ဖိုင်ကို ထိန်းချုပ်ဖို့  ၊ Back-up လုပ်ဖို့ ၊ ဖိုင်ကို မပျောက်ပျက်အောင် ကာကွယ်ဖို့  ခက်ပါတယ်… Back-up လုပ်တယ်ဆိုတာ မိမိအရေးကြီးတဲ့ဖိုင်တွေကို နောက်တစ်နေရာမှာ ထပ်ပြီး သိမ်းဆည်းထားတာကို ဆိုလိုတာပါ… ဒါပေမဲ့ ကွန်ပျူတာတစ်လုံး အလုပ်မလုပ်တော့ဘူးဆိုရင် ကျန်တဲ့ Network ချိတ်ထားတဲ့ Computer ကို မထိခိုက်စေနိုင်ပါဘူး…
CLIENT/SERVER NETWORK All the people on a client/server network store their files on a central computer. Everyone connected to the network can access the files stored on the central computer. A client/server network provides a highly efficient way to connect ten or more computers or computers exchanging large amounts of information.

Client/Server Network ဆိုတာ Network ချိတ်ထားတဲ့ Computer အားလုံးက Files တွေကို ပင်မကွန်ပျူတာတစ်ခုထဲမှာပဲ သိမ်းဆည်းတာကို ဆိုလိုတာပါ…
လူတိုင်းက ပင်မကွန်ပျူတာထဲက သိမ်းထားတဲ့ ဖိုင်တွေကို သုံးလို့ ရပါတယ်… Client/Server Network ဟာ ၁၀-လုံးထက် ပိုမိုတဲ့ ကွန်ပျူတာများ ချိတ်ဆက်ပြီး များစွာသော သတင်းအချက်အလက်တွေ ဖလှယ်တဲ့နေရာမှာ ထိရောက်စွာ အသုံးပြုနိုင်ပါတယ်…
Server The server is the central computer that stores the files of every person on the network.
Server ဆိုတာ Network ပေါ်မှာ ရှိတဲ့ လူတိုင်းက ဖိုင်တွေကို သိမ်းနိုင်တဲ့ ပင်မကွန်ပျူတာကို ဆိုလိုတာပါ…
Manage Files All the files are stored on the server. This makes the files easy to manage, back-up and protect. However, if the server malfunctions, the entire network will be affected.
ဖိုင်များအားလုံးကို Server မှာပဲ သိမ်းဆည်းထားတဲ့အတွက် ဖိုင်များကို လွယ်ကူစွာ ထိန်းချုပ်နိုင်ပါတယ်… Back-up လုပ်ဖို့  နဲ့  ကာကွယ်ဖို့  လွယ်ကူပါတယ်…
Client A client is a computer that can access information stored on the server.
Client ဆိုတာ Server မှာရှိတဲ့ သတင်းအချက်အလက်တွေကို သုံးစွဲနိုင်တဲ့ ကွန်ပျူတာကို ဆိုလိုတာပါ…
Intranet An intranet is a small version of the Internet inside an office.
မိမိရုံးအတွင်းမှာပဲ Internet လို သုံးနိုင်တာကို Intranet လို့  ခေါ်ပါတယ်… Intranet မှာ များသောအားဖြင့် မိမိကုမ္ပဏီသတင်းအချက်အလက်များကို ၀န်ထမ်းများသိစေရန် Webpage ပြုလုပ်တင်ထားလေ့ရှိပါတယ်…
ဒီလောက်ဆိုရင် Network နဲ့ ပတ်သက်ပြီး သိပြီလို့  ယူဆပါတယ်…
ဒီနေရာမှာ အင်တာနက်ဆိုတဲ့ အဓိပ္ပါယ်လေးကို ပြောပြချင်ပါတယ်…
The Internet is the largest computer network in the world. အင်တာနက်သုံးရင်း ကွန်ပျူတာနည်းပညာများ လေ့လာနိုင်ကြပါစေ… မူရင်း....www.fivethreeworld.net

Networking step-2 : NIC, MAC, IP and Connection

Cable လုပ်တာတော့ပြီးခဲ့ပြီ။ ကျနော့်ရဲ့ ပြောင်းပြန်သီအိုရီ အရ ကြိုးရပြီဆိုတော့ တပ်ဆင်ဆက်သွယ်ဖို့ ကဒ်တွေအလှည့်ပေါ့။
အခြေခံအကျဆုံးဖြစ်တဲ့ ကွန်ပြူတာ နှစ်လုံး ချိတ်ဆက်ဖို့ NIC (Network Interface Card) ကို တပ်ဆင်ထားရပါမယ်။ network card (သို့) NIC လို့ ခေါ်ကြတဲ့ device က ကွန်ပြူတာ တစ်လုံးမှ ပို့လိုတဲ့ data တွေကို electric signal အဖြစ် ပြောင်းလဲပြီး cable ကြိုးမှ တဆင့် တဖက် ကွန်ပြူတာရဲ့ NIC ဆီ ပေးပို့ပါတယ်။ တဖန် ၀င်ရောက်လာတဲ့ signal တွေကို data အဖြစ်ပြန်ပြောင်းပြီး လက်ခံပေးမှာ ဖြစ်ပါတယ်။ (NIC ကို သီးသန့် device တစ်ခု အနေနဲ့ Motherboard ရဲ့ media slot မှာ စိုက်သုံးခဲ့တာပါ။ နောက်ပိုင်းထုတ် motherboard တွေမှာတော့ build in အနေနဲ့ အသေတပ်ဆင်ပြီး ဖြစ်ပါတယ်။ NIC တပ်ဆင်ပြီး မဟုတ်တဲ့ laptop တွေအတွက်လည်း USB NIC တွေ ရှိပါတယ်)


ကွန်ပြူတာ NIC တွေဟာ RJ-45 (Registered Jack) port ဖြစ်တဲ့အတွက် ၀ါယာ ၈ ခု ပါပါတယ်။ pin 1 ဟာ ပို့ကြိုး (+) ဖြစ်ပြီး၊ pin 2 ဟာ ပို့ကြိုး (-) ဖြစ်ပါတယ်။ pin 3 ဟာ လက်ခံကြိုး (+) ဖြစ်ပြီး၊ pin 6 ဟာ လက်ခံကြိုး (-) ဖြစ်ပါတယ်။ ၈ ကြိုးမှာ ၄ ကြိုးပဲ အသုံးပြုပါတယ်။ ဒီလိုဆိုရင် ဘယ် NIC ဖြစ်ဖြစ် pin အလုပ်လုပ်ပုံ အတူတူ ဖြစ်လို့ crossover cable ကို သုံးမှသာ pin 1 နဲ့ 2 ပို့ကြိုးဟာ တဖက် NIC ရဲ့ လက်ခံကြိုး pin 3 နဲ့ 6 အဖြစ်ရောက်ရှိမှာဖြစ်ပါတယ်။

Hub နဲ့ Switch တွေရဲ့ pin 1 နဲ့ 2 ဟာ လက်ခံ (+) (-) ဖြစ်ပြီး pin 3 နဲ့ 6 ဟာ ပို့ကြိုး (+) (-) ဖြစ်လို့ NIC နဲ့ ပြောင်းပြန်လုပ်ပြီးသား ဖြစ်ပါတယ်။ ဒါ့ကြောင့် Straight-through cable ကို အသုံးပြုရခြင်း ဖြစ်ပါတယ်။
NIC တွေ ဆက်သွယ်အသုံးပြုမှ မဟုတ်ပါဘူး။ လူတောင် တစ်ယောက်ထက်ပိုရင် မှတ်လို့ရအောင် နာမည်တွေ လိပ်စာတွေ လိုပြီလေ။ NIC တစ်ခုမှာ အသေသတ်မှတ် ထည့်သွင်းပြီးသား လိပ်စာတစ်ခု ပါပါတယ်။ MAC Address (Media Access Control Address) လို့ ခေါ်တဲ့အပြင်၊ Physical address, Ethernet address, hardware address ရယ်လို့လည်း အမျိုးမျိုး ခေါ်ကြပါတယ်။ MAC address ဟာ NIC ထုတ်လုပ်စဉ်ကတည်းက သတ်မှတ်ထည့်သွင်းပေးထားပြီးဖြစ်လို့ သာမာန်အသုံးပြုသူတွေ အတွက်တော့ သိထားရုံပဲလိုပါတယ်။ လိုအပ်လို့ MAC address ပြင်ဆင်အသုံးပြုရမယ်ဆိုရင်လည်း (သုံးထားတဲ့ OS ပေါ် မူတည်ပြီး) ပြင်ဆင်နိုင်ပါတယ်။ (MAC address ပြင်နည်းကို ……. မှာ ရေးပြီး ဖြစ်ပါတယ်) MAC address မှာ ၁၂ လုံး ပါဝင်ပြီး hexadecimal ဖြင့် ဖော်ပြပါတယ်။ hex မှာ ဆိုရင် 0,1,2,3,4,5,6,7,8,9,A,B,C,D,E,F ဆိုတဲ့ ဂဏန်း ၁၆ လုံး ပါဝင်ပါတယ်။ binary စနစ် အရ ဆိုရင်တော့ decimal ဂဏန်း တစ်လုံးမှာ 4 bit ရှိပါတယ်။ decimal နဲ့ binary ဖလှယ်မှုကို အောက်ပါဇယားမှာ လေ့လာနိုင်ပါတယ်။

MAC address တစ်ခုမှာ hex ၁၂ လုံး ပါလို့ 12 x 4 bit = 48 bit (6 byte) ဖြစ်ပါတယ်။ (ဥပမာ – 6C-F0-49-B3-C4-B7)
Windows မှာ MAC address ကို သိချင်ရင် Run box မှာ cmd လို့ ရိုက်ပြီး ခေါ်ပါ။ cmd ပေါ်လာရင် ipconfig /all လို့ ရိုက်ပြီး Enter ခေါက်ပါ။ Physical Address ဆိုပြီး ဖော်ပြပါလိမ့်မယ်။

နားလည်လွယ်အောင် နှိုင်းပြရရင် MAC address ဆိုတာ NIC တစ်ခုရဲ့ မှတ်ပုံတင် နံပါတ် ဆိုပါစို့။ နာမည်၊ မှတ်ပုံတင်နံပါတ်တွေ သိရုံနဲ့ စာပို့၊ ပစ္စည်းပို့တွေ လုပ်မရသေးဘူးလေ။ မြို့၊ ရွာ၊ လမ်း စတဲ့ လိပ်စာ အတိအကျ ရှိဖို့လည်း လိုသေးတာကိုး။ ကွန်ပြူတာတွေကို Network ချိတ်ပြီး အလုံးရေ များစွာကို data ပို့ယူလုပ်နိုင်ဖို့အတွက် IP (Internet Protocol) Address လိုပါတယ်။ MAC address ကို physical address လို့ ခေါ်ပြီး IP address ကို logical address လို့ ခေါ်ပါတယ်။ IP address တစ်ခုမှာ 1st Octet, 2nd Octet, 3rd Octet, 4th Octet ဆိုပြီး အပိုင်းလေးပိုင်း ခွဲထားပါတယ်။

Octet တစ်ခုအတွက် 8 bit နှုန်းနဲ့ 4 Octet ဆိုတော့ 32 bit (4 byte) ဖြစ်ပါတယ်။ IP address တွေကို မှတ်သားလွယ်အောင် decimal ဂဏန်းတွေနဲ့ ဖော်ပြပါတယ်။ Octet တစ်ခုကို decimal ဂဏန်း 0 မှ 255 ထိ ဖြည့်သွင်းနိုင်ပါတယ်။ binary မှ decimal ပြောင်းလဲမှု အရ power of two ကို အခြေခံပါတယ်။

နမူနာ ရေးပြထားတဲ့ IP address ကို binary အဖြစ် ပြောင်းလဲပုံကို ကြည့်ရအောင်။ 192 . 168 . 26 . 10
1st Octet က 192 ဖြစ်လို့ binary value မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

2nd Octet က 168 ဖြစ်လို့ binary value မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

3rd Octet က 26 ဖြစ်လို့ binary value မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

4th Octet က 10 ဖြစ်လို့ binary value မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

IP address တွေက network အမျိုးအစား တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ကွန်ပြူတာများ အပြန်အလှန် ဆက်သွယ်မှု ပြုနိုင်ရန် အထောက်အကူ ပေးပါတယ်။ IP address တစ်ခုမှာ network ID နဲ့ host ID ဆိုပြီး နှစ်ပိုင်း ခွဲခြားနိုင်ပါတယ်။ Network တစ်ခုတည်းဆိုရင် network ID တူပြီး၊ host ID ကွာခြားပါမယ်။ (ဥပမာ ပေးရရင် တစ်ရပ်ကွက်တည်းသား တွေဆိုရင် လိပ်စာမှာ ရပ်ကွက် တူမယ်၊ လမ်း (တူချင်) တူမယ်၊ အိမ်နံပါတ် ကွာခြားမယ်ပေါ့။ ဒီသဘောပါပဲ)
Network ID ပေါ်မူတည်ပြီး Class A, B, C ဆိုပြီး (၃) မျိုး ခွဲခြားနိုင်ပါတယ်။
Network Class A ဟာ IP ရဲ့ 1st Octet တူမယ်။ ကျန်တာတွေ ကွာခြားမယ်။ 1st Octet ရဲ့ decimal value ဟာ 1 မှ 126 ထိ ဖြစ်မယ်။ Class A မှာ 1st Octet က ဘုံဖြစ်လို့ အဲဒါဟာ network ID ဖြစ်ပြီး၊ မတူတဲ့ နောက်က Octet သုံးခုက host ID ဖြစ်ပါတယ်။
49.162.10.25
ဒီ IP ကို မြင်တာနဲ့ 1st Octet က 49 (1 မှ 126 ကြား) ဖြစ်လို့ Class A ဆိုတာ တန်းပြီး သိမှာပါ။ သူ့ရဲ့ network တူ အခြား IP တွေက

Class A မှာ ဘုံဖြစ်တဲ့ 1st Octet က network ID ဖြစ်ပြီး၊ နောက်က Octet တွေက host ID ဖြစ်ပါတယ်။ ဘုံထားရတဲ့ 1st Octet က လွဲပြီး နောက်က သုံးတွဲပြောင်းသုံးလို့ရတဲ့အတွက် network အရေအတွက် 16,777,214 လုံး အသုံးပြုနိုင်ပါတယ်။
Network Class B ဟာ IP ရဲ့ 1st နဲ့ 2nd Octet တူမယ်။ 1st Octet ရဲ့ decimal value ဟာ 128 မှ 191 ထိ ဖြစ်မယ်။ Class B ရဲ့ 1st နဲ့ 2nd Octet က ဘုံဖြစ်လို့ နောက်က နှစ်တွဲ ပြောင်းသုံးနိုင်ပြီး 65,534 လုံး အသုံးပြုနိုင်ပါတယ်။ Class B ရဲ့ IP တွေက -

Class B မှာ ဘုံဖြစ်တဲ့ 1st နဲ့ 2nd Octet က network ID ဖြစ်ပြီး၊ နောက်က Octet တွေက host ID ဖြစ်ပါတယ်။
Network Class C ဟာ IP ရဲ့ 1st, 2nd နဲ့ 3rd Octet တူမယ်။ 1st Octet ရဲ့ decimal value ဟာ 192 မှ 223 ထိ ဖြစ်မယ်။ Class C ရဲ့ IP တွေက -

Class C မှာ ဘုံဖြစ်တဲ့ 1st , 2nd နဲ့ 3rd Octet က network ID ဖြစ်ပြီး၊ 4th Octet က host ID ဖြစ်ပါတယ်။ နောက်ဆုံး Octet တစ်ခုပဲ ပြောင်းလဲ သုံးစွဲလို့ ရတဲ့အတွက် network တစ်ခုအောက်မှာ 254 လုံးပဲ တပ်ဆင် သုံးစွဲနိုင်ပါတယ်။
Class သုံးခုကို အောက်ပါဇယားအတိုင်း အကျဉ်းချုပ် မှတ်သားနိုင်ပါတယ်။

ဒီ Class သုံးခု ကို အားနည်းချက်၊ အားသာချက် နှိုင်းယှဉ်ဖို့ ဒီလို မှတ်ကြည့်ရအောင် ….

IP တစ်ခုကို အိမ်လိပ်စာ အဖြစ် တင်စားကြည့်တာပါ။ ကျနော် ဆက်ရှင်းပြပါ့မယ်။ စာတစ်စောင် ပို့ချင်တယ်ဆိုပါစို့။ မိမိနဲ့ မြို့တူတယ်၊ ရပ်ကွက် မတူဘူးဆိုရင် ပို့ရမယ့် ခရီးက ရပ်ကွက်ကို ကျော်ပို့ရမှာမို့ အချိန်ကြာမယ်။ (ဒါက Class A ပေါ့)။ ဒုတိယ မြို့တူမယ်၊ ရပ်ကွက်တူမယ် ဆိုရင် ပိုမြန်လာမယ်။ ရပ်ကွက်တွင်းမှာပဲ ပို့ရမှာကိုး။ (ဒါက Class B)။ နောက်ဆုံးတစ်ခုက မြို့တူတယ်၊ ရပ်ကွက်တူတယ်၊ လမ်းတူတယ် ဆိုရင် ပိုတောင် မြန်သွားပြီ။ တစ်လမ်းထဲမှာပဲကိုး။ (ဒါက Class C)။ Class C မှာ အကုန်တူပြီး အိမ်နံပါတ်လေးပဲ လွဲမှာ ဖြစ်လို့ အလုံးအရေအတွက် နည်းနည်းပဲ ချိတ်လို့ ရတော့မှာပေါ့။ ဒါက သူ့ရဲ့ အားသာချက်နဲ့ အားနည်းချက်ပဲ။ အမြန်နှုန်းကို အဓိက ပြောချင်တာ မဟုတ်ပါဘူး။ မြင်သာအောင် ဥပမာ ပေးတာပါ။ Network တစ်ခုထဲမှာ ဘယ်သူမှ အလုံးနှစ်ရာကျော် မသုံးဖြစ်ပါဘူး။ အဲဒီတော့ Class C က အသင့်တော်ဆုံး ဖြစ်မှာပါ။
အဲဒီလောက်ဆိုရင် IP address တွေကို နားလည်လောက်ပြီ ထင်ပါတယ်။ Windows မှာ Input လုပ်ကြည့်ရအောင်။ အရင်ဆုံး ကွန်ပြူတာ နှစ်လုံးတည်းကို crossover cable သုံးပြီး တိုက်ရိုက်ဆက်သွယ်လိုက်ပါ။ *(windows က driver အဆင်ပြေလို့ device ပေါ်နေပြီလို့ သတ်မှတ်ပြီး ကြိုးတပ်တဲ့ နေရာကပဲ စပြောပါ့မယ်။ ဒီနေ့ခေတ် သုံးနေကြတဲ့ ကွန်ပြူတာတွေမှာ NIC သီးသန့် စိုက်ပြီး driver install ခက်ခက်ခဲခဲ လုပ်နေရမယ့် ကွန်ပြူတာလည်း မရှိတော့ပါဘူး။ အကုန် Ready ပဲကို)။
Start > Control Panel ကို click ပါ။
Control panel မှာ “Network Connections” ကို double-click နှိပ်ပြီး ဖွင့်ပါ။
“Local Area Connection” ဆိုတဲ့ icon ကို တွေ့ပါလိမ့်မယ်။ *(မတွေ့ခဲ့ဘူးဆိုရင်တော့ NIC ကို windows က မသိလို့ (သို့) NIC တစ်ခုခု ချို့ယွင်းမှုကြောင့် ဖြစ်ပါလိမ့်မယ်။ Motherboard driver cd ကနေ network အတွက် driver ကို install လုပ်လိုက်ပါ)။

Icon ကို double click နှိပ်ပြီး Enable လုပ်လိုက်ပါ။ (right-click > Enable ကို နှိပ်လို့လည်းရပါတယ်)။ cable ကြိုး တပ်မထားရင် (သို့) ကြိုးတပ်ထားတဲ့ NIC နှစ်ခုလုံး power ဖွင့်မထားရင် icon မှာ ကြက်ခြေခတ်အနီ ပြနေပါလိမ့်မယ်။

NIC နှစ်ခု connected ဖြစ်သွားရင် ကြက်ခြေခတ် ပျောက်သွားလိမ့်မယ်။ right-click > Properties ကို နိုပ်ပါ။ ပေါ်လာတဲ့ box ရဲ့ General tab မှာ Internet Protocol (PCP/IP) ကို click လုပ်ပြီး properties ကို ထပ်နိုပ်ပါ။

IP ဖြည့်သွင်းဖို့အတွက် windows ပေါ်လာပါတယ်။ “Obtain an IP address Automatically” ဆိုတာက OS မှ IP address ကို အလိုလျောက် သတ်မှတ်ပေးဖို့ ဖြစ်ပါတယ်။ မိမိစိတ်ကြိုက် ဖြည့်သွင်းနိုင်ဖို့အတွက် “Use the following IP address” ဆိုတာကို ရွေးချယ်လိုက်ပါတယ်။

IP address ရဲ့ အကွက်လွတ်နေရာမှာ မိမိအသုံးပြုမယ့် network class အမျိုးအစားအလိုက် IP တစ်ခုကို ဖြည့်သွင်းပါ။ ကျနော်ကတော့ Class C ကို သုံးမှာဖြစ်လို့ ချိတ်ဆက်မယ့် ကွန်ပြူတာ နှစ်လုံးလုံးရဲ့ IP address ရှေ့သုံးကွက် အတူတူ ဖြစ်ရမယ်။ နောက်ဆုံးအကွက်တစ်ခုပဲ တစ်လုံးနဲ့ တစ်လုံး ကွဲပြားမယ်ပေါ့။ နောက်ဆုံးအကွက်ကတော့ 1 ကနေ 254 အတွင်း တစ်ခုခု ဖြစ်ရပါမယ်။ ဥပမာ – ဒီကွန်ပြူတာက နောက်ဆုံး အကွက် မှာ 10 ဆိုရင် သူနဲ့ချိတ်မယ့် အခြားတစ်လုံးက 12 ပေါ့။ (သူ့အိမ်နံပါတ်ကို 10 သတ်မှတ်ပြီး ဖြစ်လို့ နောက်အိမ်တစ်လုံးက 10 ထပ်ဖြစ်လို့ မရတော့ဘူးလေ။ နားလည်မှာပါ) IP နေရာမှာ ဖြည့်သွင်းပြီးတာနဲ့ “Subnet mask” ဆိုတဲ့ box ကို click လိုက်တာနဲ့ 255.255.255.0 ဆိုပြီး အလိုလို ဖြည့်သွင်းပြီး ဖြစ်သွားမှာပါ။ (IP address ရဲ့ Octet မှာ အသေးဆုံးက 0 ဖြစ်ပြီး အကြီးဆုံးက 255 ဖြစ်ကြောင်း ပြောခဲ့ပြီး ဖြစ်ပါတယ်။ IP တကယ်ဖြည့်သွင်းရင်တော့ 1 မှ 254 ထိသာ ဖြည့်သွင်းပါတယ်။ 0 နဲ့ 255 ကို အစွန်းနှစ်ဘက်အဖြစ် လွတ်ထားရပါတယ်။ ကျနော်တို့က 1st Octet ကို 192 လို့ ဖြည့်သွင်းလိုက်တာနဲ့ 192 မှ 223 ကြားဖြစ်လို့ Class C မှန်း ကွန်ပြူတာက တန်းပြီးသိပါတယ်။ အဲဒါကြောင့် “Subnet mask” ဆိုတဲ့ box ကို click လိုက်တာနဲ့ 255.255.255.0 ဆိုပြီး အလိုလို ဖြည့်သွင်းပေးသွားတာပါ။ အဓိပ္ပါယ်ကတော့ “တူ.တူ.တူ.မတူ” ဆိုပြီး လုပ်ငန်းလျှော့နည်းအောင် ကူညီပေးတာပဲ ဖြစ်ပါတယ်။ ချိတ်ဆက်လိုက်တဲ့ ကွန်ပြူတာ တစ်လုံးက data ပို့တော့မယ်ဆိုတာနဲ့ နောက်ဆုံးတစ်လုံးသာမတူတဲ့ IP ကိုပဲ ရှာပို့ရမယ်ဆိုပြီး တန်းသိဖို့ဖြစ်ပါတယ်။ နားလည်လွယ်အောင် လျှာရှည်တာပါ)

ကွန်ပြူတာ နှစ်လုံးလုံးမှာ IP ဖြည့်သွင်းပြီး OK လိုက်တာနဲ့ ကွန်ပြူတာနှစ်လုံး ဆက်သွယ်ပြီး ဖြစ်သွားပါပြီ။ “how icon in notification area when connected” ဆိုတာကို check ပေးခဲ့ရင် taskbar မှာ network icon ပေါ်လာပါလိမ့်မယ်။

မိမိကွန်ပြူတာ အခြားတစ်ခုခုနဲ့ network ချင်း ဆက်သွယ်မိပြီဆိုတာနဲ့ now connected ဆိုပြီး taskbar ရဲ့ notification area မှာ စာတမ်းလေး ပေါ်လာပါလိမ့်မယ်။
ဒါဆိုရင်တော့ ကွန်ပြူတာနှစ်လုံး ဆက်သွယ်ချိတ်ဆက်မှု အောင်မြင်ပါပြီ။ ဒီပို့စ်လေး နားပြီး နောက်တစ်ဆင့် နောက်မှပေါ့ ……
Source: သံလုံငယ်