Pages

Translate

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Friday, July 11, 2014

Googleက ထုတ်တဲ့ Androidifyဆိုတဲ့ App

 
မိမိသာ
Android ရုပ်လေးဖြစ်မယ်ဆိုရင် ဘယ်လိုမျိုး ဖြစ်မလဲ မသိချင်ဘူးလား။
အဲ့အတွက် Googleက ထုတ်တဲ့ Androidifyဆိုတဲ့ Appလေး လာပါပြီ။
ကိုယ့်စိတ်ကြိုက် Android Avatarလေးတွေကို ဖန်တီးလို့ရပါတယ်။ ဆံပင်
အသားရောင် အင်္ကျီ၊ ဘောင်းဘီ တွေ ဝတ်ဆင်ပေးပြီး ကိုယ်နဲ့ ချွတ်စွပ်တူတဲ့
Android ကိုယ်ပွားလေး ဖန်တီးလိုက်ရအောင်။ သြော် ဖန်တီးပြီးသား
အရုပ်လေးတွေကို saveပြီး profile picလုပ်လို့ ရတယ်နော်

DROPBOX:
https://db.tt/o24d3H8q

GOOGLE PLAY
https://play.google.com/store/apps/details?id=com.google.android.apps.androidify

 (C)
ITgroup
 
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++




++++++++++++++++++++++++++++++++++++++++++++++++++++
အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Friday, July 4, 2014

♪ လှပသေသပ်မှုများနဲ့အသစ်ထွက်ရှိလာတဲ့ - Quantum – Icon Pack HD 8 in 1 v1 Apk ♫

Quantum - Icon Pack HD 8 in 1 - screenshot

Android User များအတွက်အတော်လေးကိုလှပသေသပ်တဲ့ HD Theme လေးတစ်ခုတင်ပေးလိုက်ပါတယ်ဗျာ။ Quantum – Icon Pack HD 8 in 1  တော့ အခုမှအသစ်ထွက်ရှိတာတဲ့ Theme လေးဖြစ်ပါတယ်ဗျာ။ Theme ရဲ့ Resolution လေးကအတော်လေးကိုကောင်းမွန်ပြီး Icon တွေကလည်း လန်းပါတယ်။ နမူနာအနေ နဲ့ အောက်မှာ Screen Shot တွေတင်ပေးထားပါတယ်ဗျာ။ Android OS 2.0 နှင့်အထက်ဖုန်းများမှာအ သုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။ အောက်မှာ Quantum ကို Support လုပ်ပေးနိုင်မယ့် Launcher တွေကိုတစ်ခုချင်း စီရေးပေးထားပါတယ်ဗျာ။
App Review:
1900+ Icons
PLEASE READ THIS BEFORE DOWNLOADING!
This is Theme QUANTUM HD. This is an icon pack for many Populars Launcher . As Apex Launcher, Nova Launcher, ADW, Holo, Go launcher, Action Launcher, and others. Also compatible.
This topic contains 1900 icons and adding every week! And also contains wallpapers in high resolution.
Works with Launcher:
  • Nova
  • Apex
  • ADW
  • Inspire
  • Smart
  • Atom
  • Aviate
  • Solo
  • S Launcher
  • Slide
  • Winterboard
  • KK Launcher
  • Mini Launcher
  • Holo Launcher
  • Action Launcher Pro
  • Go Launcher (icons only)
  • Unicon only Icon
  • Walpaper design and resolution

Quantum - Icon Pack HD 8 in 1 - screenshot thumbnail     Quantum - Icon Pack HD 8 in 1 - screenshot thumbnail

Quantum - Icon Pack HD 8 in 1 - screenshot    Quantum - Icon Pack HD 8 in 1 - screenshot

Quantum - Icon Pack HD 8 in 1 - screenshot

Quantum - Icon Pack HD 8 in 1 - screenshot

Quantum - Icon Pack HD 8 in 1 - screenshot thumbnail


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

♪ ရဲမင်းအောင် (Ray Electronic)ရေးသားတဲ့Android Phone စက်ပြင်ဆရာလက်စွဲ (Ebook) ♫

Photo: ရဲမင်းအောင် (Ray Electronic)ရေးသားတဲ့Android Phone စက်ပြင်ဆရာလက်စွဲ (Android Mobile Phone Repair Guide 2.01 -> 4.3) (Samsung, LG, HTC, Sony, Huawei) 

ဒီစာအုပ်လေးထဲမှာအသုံးများသော ဖုန်းများ၏ Softwareပိုင်းဆိုင်ရာများကို စုံစုံလင်လင် ဦးတည် ရေးသားထားပါတယ်။
ဖုန်းများ၏ လုပ်ဆောင်ချက်နဲ့ အခြေခံသဘောတ၇ားများ အပြင်

ဖုန်းများကို Rootဖောက်ခြင်း ၊ recovery ထည့်သွင်းခြင်းနှင့်version မြှင့်ခြင်း၊original  ROMကိုFlash ပြန်ရိုက်ခြင်းများကိုလည်းထည့်သွင်းရေးသားထားပါတယ်။သင်ခန်းစာများကို ပုံများနှင့်တကွ လွယ်ကူရှင်းလင်းစွာဖတ်ရှူနိုင် မှာဖြစ်လို့
အားလုံးပဲဖတ်ရှူလေ့လာနိုင်အောင် ဝေမျှပေးလိုက်ပါတယ်။

အောက်က linkမှာdownloadဆွဲနိုင်ပါပြီ။

http://www.mediafire.com/view/sd5abgtn02dos43/Android_စက်ပြင်ဆရာလက်ဆွဲ.pdf
(Android Mobile Phone Repair Guide 2.01 -> 4.3) (Samsung, LG, HTC, Sony, Huawei) 

ဒီစာအုပ်လေးထဲမှာအသုံးများသော ဖုန်းများ၏ Softwareပိုင်းဆိုင်ရာများကို စုံစုံလင်လင် ဦးတည်ရေးသား ထားပါတယ်။ ဖုန်းများ၏ လုပ်ဆောင်ချက်နဲ့ အခြေခံသဘောတ၇ားများ အပြင် ဖုန်းများကို Rootဖောက်ခြင်း ၊ Recovery ထည့်သွင်းခြင်းနှင့်version မြှင့်ခြင်း၊original ROMကို Flash ပြန်ရိုက်ခြင်းများကိုလည်းထည့် သွင်းရေးသားထားပါတယ်။ သင်ခန်းစာများကို ပုံများနှင့်တကွ လွယ်ကူရှင်းလင်းစွာဖတ်ရှူနိုင် မှာဖြစ်လို့ အား လုံးပဲဖတ်ရှူလေ့လာနိုင်အောင် ဝေမျှပေးလိုက်ပါတယ်။


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

   Download

Facebook အသုံးပြုသူများ လေ့လာထားသင့်တဲ့ - Facebook Short Key

Photo: Facebook Short Key

=====================

အရင်ဆုံး ကိုယ်ရဲ့ browser က ဘယ်ဟာလည်းဆိုတာ အရင်ရွေးပြီး တွဲနှိပ်ရမဲ့ရှေ့ကီးလေးတွေကို မှတ်ထားရပါမယ်။ Key stroke ဆိုတဲ့နေရာမှာ နောက်ထပ်အောက်တစ်ဆင့်မှာ ဖော်ပြထားတဲ့ key လေးတွေကို ထည့်ပြီး ရိုက်ပါနော့။

Internet Explorer for PC : Alt + [key stroke], then

Enter Firefox for PC: Shift + Alt + [key stroke]

Firefox for Mac: CMD + [key stroke]

Safari for Mac: CMD + [key stroke]

Chrome: Ctrl + Alt + [key stroke]

ပြီးရင်တော့ ဒါလေးတွေရော မှတ်ထားပေါ့ ။

/ = Search

0 = Help

1 = Home

2 = Timeline

3 = Friends

4 = Inbox

5 = Notifications

6 = Account Settings

7 = Privacy

8 = About

9 = Terms

c = comment when on a story in your News Feed

j and k = scroll between News Feed stories

l = like or unlike a selected story

m = new message အသုံးဝင်မှာပါ။

ကဲ ! ဖေ့ဘုတ်မှာ နင်ဂျာလေးလို့ ကိုယ်ဖော့ပြီး မြန်ဆန်စွာ သွားနိင်ကြပါပြီးနော်

Ref: forbes

Aung Heine ...

အရင်ဆုံး ကိုယ်ရဲ့ browser က ဘယ်ဟာလည်းဆိုတာ အရင်ရွေးပြီး တွဲနှိပ်ရမဲ့ရှေ့ကီးလေးတွေကို မှတ်ထားရပါမယ်။ Key stroke ဆိုတဲ့နေရာမှာ နောက်ထပ်အောက်တစ်ဆင့်မှာ ဖော်ပြထားတဲ့ key လေးတွေ ကို ထည့်ပြီး ရိုက်ပါနော့။

Internet Explorer for PC : Alt + [key stroke], then

Enter Firefox for PC: Shift + Alt + [key stroke]

Firefox for Mac: CMD + [key stroke]

Safari for Mac: CMD + [key stroke]

Chrome: Ctrl + Alt + [key stroke]

ပြီးရင်တော့ ဒါလေးတွေရော မှတ်ထားပေါ့ ။

/ = Search

0 = Help

1 = Home

2 = Timeline

3 = Friends

4 = Inbox

5 = Notifications

6 = Account Settings

7 = Privacy

8 = About

9 = Terms

c = comment when on a story in your News Feed

j and k = scroll between News Feed stories

l = like or unlike a selected story

m = new message အသုံးဝင်မှာပါ။

ကဲ ! ဖေ့ဘုတ်မှာ နင်ဂျာလေးလို့ ကိုယ်ဖော့ပြီး မြန်ဆန်စွာ သွားနိင်ကြပါပြီးနော်

Ref: forbes

Aung Heine ..
Smart Pro Journal

Android Phone + Tablet တွေအတွက် တန်ဖိုးရှိတဲ့ Tools လေးပါ

ဒီ Tools လေးကနေပြီးတော့ ဘာတွေ လုပ်လို့ရလဲ ဆိုရင်တော့ Android Phone + Tablet တွေကို USB Debuging သိယုံနဲ့ Pattern, Pin, Gmail, Bypass ဖြစ်နေတဲ့ ဖုန်းတွေကို ဒီ Tools လေးနဲ့ ရှင်းလို့ ရခြင်း၊ အဲဒီလို ရှင်းတဲ့အခါမှာလည်း adb တွေ Error တက်နေပါက adb cleaner ပါရှိခြင်း၊ ပြီးတော့ ဖုန်းတစ်လုံးရဲ့ ESF တွေကို Backup and Restore လုပ် လို့ရခြင်း၊MTK Phone များ IMEI ပြန်ရေးလို့ ရခြင်း၊Application တွေကိုလည်း ဒီ Tools လေးနဲ့ အသုံးပြုလို့ရခြင်း၊ ဖုန်းထဲက အရေးကြီးတဲ့ Data များ ဖြစ်သော Contact and SMS တွေကိုလည်း Backup မှတ်လို့ရခြင်း၊ Restore လုပ်လို့ရခြင်း၊ ပြီးတော့ ဒီTools လေးထဲကနေပြီးတော့လည်း message ပို့လို့ရပါတယ်။ Root ကိုလည်း 2.3 ကနေ 4.x.x တွေ ကို Root ဖောက်လို့ရခြင်း၊ Root ရှိလား မရှိဘူးလား ဆိုတာကိုလည်း Root Check လုပ်လို့ရခြင်း၊ ပြီး တော့ Boot, System, Radio ဖိုင်တွေကို Backup မှတ်လို့ရခြင်း၊ Bootloader Unlock ပြုလုပ်လို့ရခြင်း၊
ပြီးတော့ Boot Animation ကိုလည်း မိမိလိုခြင်တဲ့ ပုံစံကို ပြောင်းလို့ရခြင်း (ဥပမာ ပြောရရင် ဖုန်းစစဖွင့် လိုက်တာနဲ့ Huawei မှာ ဆိုရင် Huawei Logo အဲဒီနေရာမှာ မိမိလိုချင်တဲ့ ပုံစံပြောင်းလို့ရခြင်း၊ စသည့် Feature ပေါင်းများစွာ ပါဝင်ပါတယ်။

အသုံးပြုမယ်ဆိုရင်တော့ Internet လိုပါတယ်။ ဒီ Tools ကို ပြုလုပ် ဖန်တီးသူကတော့ Developer By Maroon-WSU (L0RD) ဘဲ ဖြစ်ပါတယ်။ အရင်ဦးဆုံး အဲဒီ Software ကို ဒေါင်းလိုက်ပါ ဒေါင်းပြီးပြီး ဆိုရင် Register လုပ်ပေးရမှာ ဖြစ်ပါတယ်။ Email နဲ့ Phone နံပတ်ထည့်ပြီး ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
Confirm လုပ်ဖို့အတွက်ကျတော့ မိမိ Email ထဲကို ပြန်လာမှာ ဖြစ်ပါတယ်။ မိမိ Email ထဲကို ပေးဖို့လာ တဲ့လင့်ကို Confirm လုပ်ပေးလိုက်တာနဲ့ အသုံးပြုလို့ရပါပြီ။ ဒီ Software တစ်ခုက လက်တော့ တစ်လုံး ဆီမှာ Email တစ်ခုသာ အသုံးပြုလို့ရပါတယ်။ နောက် လက်တော့ ထဲကို ဒီဆော့ဝဲ ထည့်လိုက်တာနဲ့ ဒီပြင် Email ကို အသုံးပြုပေးရတော့မှာ ဖြစ်ပါတယ်။ ဒီ Tools လေးကို အသုံးပြုမယ် ဆိုရင်တော့ တစ်ချို့ သောလင့်တွေမှာ internet လိုသလို့ တစ်ချို့ လင့်တွေမှာ ကျတော့ internet မလိုပါဘူး။

အဆင်ပြေကြပါစေ

အောင်မင်းဟန်

1. Root for all devices
2. MTK IMEI repair
3. Contact backup/restore
4. Wipe Device Format
5. Remove Pattern/Gmail/Pin/Password
6. Change Boot Animation
7. Read device Info
8. System Partitions view
9. APK Install Batch (SD Support)
10. Integrated Application of Ultimate-Samsung Pattern unlock by my good friend Dawood
11. Fix compatibility Porblems when installing APKs
12. App2SD changes the installation path to sdcard
13. Install Arabic Language (using morelocal and arabic keyboard)

 

 

 

 

 


 

 

 
 
ReF : http://lwanmapyay.blogspot.com
 

Lenovo A850 Firmware တင်နည်း

ဈေးနှုန်းလဲ 150000 ဘဲရှိပါတယ်...အခု တော်၂ အသုံးများလာတဲ့ Lenovo Model-A850
ဖုန်းလေး...Firmware ပြန်တင်ကြည့် မယ်
Vol + & - & Power ပြိုင်တူနှိပ်ပြီး...Recovery Mod ကနေတင်မှာပါ
Downလို့ ရလာတဲ့ update.zip ကို Internal Storage ဘဲဖြစ်၂ External ထည့်ပြီး ညွန်ပေးလိုက်ရုံပါဘဲ...

Download

Lenovo A850

Processor
MTK 6582M Quad-core 1.3GHz

Operating System
Android™ OS, v4.2 Jelly Bean

Memory

1GB RAM
4GB ROM
Expandable up to 32GB

SIM
Dual, regular SIM

Dimensions (WxTxH)
79.3 mm x 9.45 mm x 153.5 mm

Weight
184 g (0.405 lbs)

Integrated Camera
Rear: 5MP Auto Focus, Flash
Front: 0.3M fixed-focus

Display
Capacitive 5.5" qHD (960 x 540) IPS

Battery

Li-Po 2250 mAh replaceable
Up to 1720min (2G)
Up to 872 min (3G)
Up to 490h stand by time

Connectivity/Radios

3G Network: WCDMA 900/2100MHz (AP/EAST/MEA), 850/1900MHz (LA)
2G Network: GSM 900/1800/1900MHz (AP/EAST/MEA), 850/1800/1900MHz (LA)
Speed: HSPA+ 21Mbps (DL) / 5.76Mbps (UL)/ EDGE
WLAN: Wi-Fi 802.11 b/g/n
Bluetooth®: BT 4.0 HS

Sensors

Gravitation
Proximity
Light

Colors
Black, White

Credit : http://anymobilephoneshardwareservices.blogspot.com

Samsung V 4.0.3 / 4.0.4 / 4.1.2 များအတွက် Root မလိုပဲ Flash Zip ဖြင့် စာမပျောက်ပဲ 100% မှန်အောင် မြန်မာဖောင့် + ကီးဘုတ် ထည့်သွင်းခြင်း


Samsung V4.0.3 ကနေ V4.1.2 တွေ အထိ Zawgyione Font ဖြင့် သုံးပါက မြန်မာစာ ရာနှုန်းပြည့် မမှန်ကန်ပါ။ ထို့အပြင် facebook, viber, Chat box နှင့် Web စာမျက်နှာများ၏ ညာဘက်ထောင့်တွေမှာ စာများအောက်ကို မဆင်းဘဲ ပျောက်တတ်ပါတယ်။ Samsung ပတ်သက်ဖူးတဲ့ သူတိုင်း သိပြီးသားဖြစ် မှာပါ။

ထိုအခက်အခဲများ ပြေလည်စေရန် ကိုကျော်စွာသွင်က မြန်မာစာမှန်အောင် Smart Zawgyi Pro.bat ထုတ်ပေးခဲ့ပါတယ်။ ထိုအပြင် facebook, viber, Chat box နှင့် Web စာမျက်နှာများ၏ ညာဘက်ထောင့် တွေမှာ စာများ အလိုအလျှောက် ပြန်ပေါ်အောင်နှင့် မြန်မာစာ ရာနှုန်းပြည့်မှန်အောင် ကိုကျော်ဇောနိုင်က fepfz.apk ကို ထုတ်ပေးခဲ့ပါတယ်။ ထိုကြောင့် မြန်မာဖုန်းလောကရဲ့ မြန်မာစာ အခက်အခဲကို အဆင်ပြေ စွာ ကျော်လွှားနိုင်ခဲ့ ကြပါတယ်။

ကျနော်က ကိုကျော်စွာသွင်ရဲ့ Smart Zawgyi Pro.bat နှင့် ကိုကျော်ဇောနိုင်ရဲ့ fepfz.apk တို့ကို ကောက်နုတ် မှီငြမ်းပြီး Samsung V4.0.3 ကနေ V4.1.2 တွေ အထိ မြန်မာစာ ၁၀၀% ပြည့်မြန်အောင် flashable zip ဖိုင်လေး လုပ်၍ သုံးစွဲခဲ့ပါတယ်။ ထို zip ဖိုင်ကို Samsung V4.0.3 ကနေ V4.1.2 ထိ ဖုန်းနဲ့ Tab တွေကို ဘယ်နေရာမှာမှ စာမပျောက် မြန်မာစာ ရာနှုန်းပြည့်မှန်အောင် အလုပ်မရှုပ်ပဲ အချိန် တိုတိုအတွင်း အလွယ်တကူ မြန်မာစာနှင့် ကီးဘုတ် သွင်းလို့ ရအောင် ကိုယ်တိုင် လုပ်သုံးနေခဲ့တာ ကြာပါပြီ။ တောင်းဆိုတဲ့ သူရှိလို့ ပြန်လည် မျှဝေလိုက်ပါတယ်။ အသုံးပြုလိုပါက အောက်ဆုံးက လင့်မှာ ဒေါင်းယူပါ။

သုံးစွဲပုံမှာ - သင်၏သက်ဆိုင်ရာ Samsung drive တွင် CWM (သို့) Philz (သို့) TWRP အရင်ဆုံး ထည့် ထားရပါမယ်။ မိမိဖုန်းနဲ့ သက်ဆိုင်ရာ CWM (သို့) Philz (သို့) TWRP ကို အောက်က လင့်မှာ ဒေါင်းယူ၍ Odin ဖြင့် မိမိဖုန်းထဲသို့ သွင်းယူပါ။ 

(CWM/Philz/Twrp တင်နည်း မသိသေးသူများ ကျနော် သူငယ်ချင်းရဲ့ ဒီလင့် http://tharyadanar.blogspot.com/2014/03/samsung-galaxy-s4-gt-i9500-cwm.html
မှာ သွားဖတ်ကြည့်ပါ)

CWM link >> http://www.clockworkmod.com/rommanager
Philz link >> http://d-h.st/users/philz_touch
TWRP link >> http://teamw.in/twrp_view_all_devices

ဘယ်နေရာမှာမှ စာမပျောက် မြန်မာစာ ရာနှုန်းပြည့်မှန်စေရန် Samsung(V4.0.3,4.0.4,4.1.2)_mmFont100%_Installer.zip ကို မိမိဖုန်းရဲ့ SdCard0 (သို့) exSdCard ထဲသို့ သွင်းထားပါ။ ဖုန်း ပါဝါကို ပိတ်၍ Power + Volume up + Home ကို ပေါင်း နှိပ်ပြီး Recovery mode (CWM/Philz/TWRP) သို့ဝင်ပါ။ ထိုနောက် မိမိထည့်ထားသော Zip သို့သွား၍ Install လုပ်ပြီး Reboot ချပေးပါ။ ကျနော်လုပ်ထားသော Zip ဖိုင်မှ data များကို ပြန်ဖျက်ချ လိုပါက Samsung (V4.0.3,4.0.4,4.1.2)_mmFont100%_Uninstaller.zip ကို Recovery mode သို့ ပြန်ဝင်ပြီး Install လုပ်၍ ပြန်ဖျက်ချပစ် နိုင်ပါတယ်။

ကျနော် သုံး၍ အဆင်ပြေသော zip ဖိုင်များကို အများအဆင်ပြေစေရန် ပြန်၍မျှဝေခြင်း ဖြစ်ပါတယ်။ zawgyione font ကို အသုံးပြုထားပါသည်။

Thanks to Xda, KoKyawZawNaing, KoKyawSwarThwin, Frozen Keyboard, Zawgyi Team.

ဒေါင်းရန် -
Samsung(V4.0.3,4.0.4,4.1.2)_mmFont100%_Installer.zip >>
http://www.mediafire.com/?t6nwpr1nkbd4u1c

Samsung(V4.0.3,4.0.4,4.1.2)_mmFont100%_Uninstaller.zip >>
http://www.mediafire.com/?u5aa1t51ysc2ary


Credit; kyaw min soe

စမတ်ကျတဲ့ တိုက်ခိုက်ရေး လက်အိတ်



iPunch ဟု အမည်ပေးထားသည့် စမတ်ကျတဲ့ တိုက်ခိုက်ရေး လက်အိတ်ကို တီထွင်လိုက်ကြောင်း သိရပါ သည်။ iPunch တွင် Sensor များတပ်ဆင်ထားပြီး လက်သီးထိုးသည့် ပြင်းအားကို တိုင်းတာပေး မည်ဖြစ် ပြီး အဆိုပါ သတင်းအချက်အလက်ကို iPhone နှင့် Android Device ရှိ App ထံသို့ Bluetooth ဆက် သွယ်မှုမှတစ်ဆင့် ပေးပို့မည်ဖြစ်သည်။

Wired.com ၏ ဖော်ပြချက်အရ စမတ်လက်အိတ်တွင် လက်သီးပြင်းအားကို တိုင်းတာပေးနိုင်သည့် Sensor နှင့် လှုပ်ရှားမှုကို တိုင်းတာပေးနိုင်သည့် Sensor နှစ်မျိုးပါရှိပါသည်။ လက်သီး အမျိုးအစားများနှင့် ပြင်းအားကို တိုင်းတာရန် အဆိုပါ Sensor နှစ်မျိုးက ပူးတွဲ အလုပ်လုပ်မည်ဖြစ်သည်။ 

လေ့ကျင့်ရေး အစီအစဉ်များပြီးသည့်အခါ Sensor များမှ ကောက်ယူထားသည့် သတင်းအချက်အလက် များကို စမတ်ဖုန်းတွင် ပြန်လည်လေ့လာနိုင်ပါသည်။ သို့မဟုတ် နည်းပြက သင့်ရဲ့ လေ့ကျင့်မှုများကို စမတ်ဖုန်းမှ စောင့်ကြည့်ပြီး အချိန်ပြည့် လမ်းညွှန်နိုင်ပါသည်။ App တွင် လေ့ကျင့်ခန်း အစီအစဉ်များ ပါရှိပြီး အချိန်အတိုင်းအတာ တစ်ခုအတွင်းတွင် မည်သည့် လက်သီးထိုးချက်ကို လေ့ကျင့်ရမည်ကို ညွှန်ကြားပေးပါသည်။ ထို့အပြင် သူငယ်ချင်းတစ်ယောက်နှင့် ယှဉ်ပြိုင် လက်သီးထိုးနိုင်ပြီး မည်သူ၏ လက်သီးထိုးချက်သည် အကောင်းဆုံးဖြစ်သည်ကို App က အဖြေရှာပေးမည်ဖြစ်သည်။

iPunch ကို တီထွင်သူ Responsive Sports က ကိုယ်ခံပညာပေါင်းစုံ သိုင်းပြိုင်ပွဲများတွင် အသုံးပြုလေ့ ရှိသည့် ပေါ့ပါးပြီး သေးငယ်သော လက်အိတ်ကိုသာ ရောင်းချပေးနေပါသည်။ လက်ဝှေ့လက်အိတ်ကို လည်း တီထွင်နေသည်ဟု သိရပါသည်။ 

စမတ်လက်အိတ်ကို ကြိုတင်ဝယ်ယူသူများအတွက် ဒေါ်လာ ၁၃၉ နှင့် နောက်ပိုင်းမှ ၀ယ်ယူသူများအ တွက် ဒေါ်လာ ၁၄၉ ဖြင့် ရောင်းချပေးနေပါသည်။


သူရ

Myanmar Digital Life Journal

Hacking စာအုပ်ပေါင်း ၄၀ (မြန်မာလို)



ebook လေး လေးမျှ ဝေပေးခဲ့ပါမယ်..hacking ebook pdf ပေါင်: ၄၀ ရှာထားတာလေးတွေ တင်ပေးလိုက်ပါတယ်.မည်သူကို နှောက်ယှက်မမိစေဖို့ မေတ္တာ ရပ်ခံပါတယ..်ကျွန်တော်တို့မြန်မာနိုင် ငံ ဟာ MPT ရဲ့ နှိပ့်စက်ခြင်း ငွေကြေးမပြည့်စုံ ခြင်း လက်ပေးလက်ယူ စနစ် တည်တန့်နေခြင်းတွေ ကြောင့်နည်းပညာပိုင်းမှာ မတိုးတက်ကြ တာပါ လူတိုင်းကိုမဆိုလို့ ကျွန်တော်လို့ ဘ၀တူသူငယ်ချင်းများကို ကို ပြောခြင်းဖစ်ပါတယ် ကျွန်တော်တို့ နိုင်ငံလေးဟာ ပညာရှင်တွေ ရှိပါ ရက်နဲ့ ထိုပညာရှင်တွေဟာ အသုံးချခွင့် မရကြပါဖစ်နေကြပါတယ် အိမ်နီးခြင်း နိုင်ငံများယှဉ်ရင် နည်းပညာ အပိုင်း အရမ်းကိုနောက်ကြနေလို့ပါ ဒီစာအုပ်လေးတွေကို နည်းပညာ သဘောနဲ့ ဘဲအသုံးချစေချင်ပါ တယ်ခင်မျာ နည်းပညာအရ ခြေတစ်လှမ်းနောက်မကျ စေရန်အတွက် ရည်ရွယ်ဖစ်တင် လိုက်ရခြင်းဖစ်ပါတယ် အမှားပါရင်နားလည်ပေးစေချင်ပါတယ်ခင်မျာ..

Automatic+Bomb+Virus
backtrack_5_cookbook
BackTrack 5Wireless Penetration Testing
Basic Hacking
Basic Hacking(Upload by TEC)
BasicDNNHacking
BatFileProgramming
BoT NET Creator By L1nn L00N
BT Ebook
CREATE A DANGEROUS VIRUS USING NOTEPAD
Facebook hack ခံ ရခြင်းမှ ဘယ်လိုကာကွယ်မလဲ အပိုင်း(၁)
facebook lock ကျနေသော အကောင့်ပြန်ယူနည်း
Facebook အကြောင်းသိကောင်းစရာများ
GMAIL မှားယွင်းဖျက်မိသောcontact များကိုပြန်လည်၇ယူခြင်း
hacking myanmar
Hacking wireless network wep type^ByFUllPremiumNowFree.com
Hiren's BootCD အသုံးပြုနည်း(AC Vs DC)
HOW TO HACK FACEBOOK PASSWORD USING PHISHING METHOD
how to hide facebook your email
how to see bat file
IISWebsiteHackingwithWindows7
Kali linux myanmar
keylogger ရန် ကာကွယ်နည်း
Metasploit.Penetration.Testing.Cookbook
NetworkHackingTesting
Networking အကြောင်းသိကောင်းစရာ
Poison the Network
stealer
Using_Virtual_Box
WEP WiFi Cracking
WiFi Hacking Basic 1
Wifi Hacking Basic 2
wifi internet connection hacking( WEP/WPA2 penetration testing)
Password သိတောင် Gmail အကောင့်ကို Hack လို့ မရစေရဘူး
IP address သိရင် ဘယ်လို hack လို့ရနိုင်သလဲ
Wifi မှန်သမျှ လွယ်လွယ်ဟက်မယ်
Window 7 Crack For 32 -Bit
မိမိ Facebook အကောင့် password မေ့သွားရင် ပြန်ယူတဲ့ နည်း
သိကောင်းစရာထက်ပိုတဲ့ Telnet အကြောင်း

Hacker တွေ ပြုလုပ်လေ့ရှိတဲ့ နည်းလမ်းများ နှင် အခြားစာအုပ်ပေါင်း40 ကို တင်ပေးလိုက်ပါတယ်ခင်မျာ အဆင်ပြေပါစေခင်မျာ file size ကတော့ 66.8 MB (70,072,916 bytes) ရှိပါတယ်ခင်မျာ..

Credti _ AC Vs DC
 

တယ်လီနော၊ အော်ရီဒူးနှင့် မမြင်နိုင်သော လက်နက်ပုန်း ဖုန်းဘေလ်များ

m

မြန်မာ့ဆက်သွယ်ရေး ဆိုတဲ့ MPT ကို လူအများ ကျိန်ဆဲနေတာ ကြာပေါ့ဗျာ။ အဝိုင်း လည်နေတာနဲ့ပဲ ဖုန်းဘေလ်ကုန်လို့ ဆိုတာကိုး။ အရင်ကတော့ ကျွန်တော့်စာတွေကို ပုံနဲ့တွဲသုံးသဗျ။ နောက်ပိုင်း ကျွန်တော့်မြန်မာပြည်က မိတ်ဆွေ စာဖတ်ပရိသတ်ကို အားနာလာတော့ များသောအားဖြင့် ပုံသိပ်မထည့်ဘဲ စာတွေရေးပါတယ်။ အခုနောက်ပိုင်း စက်တင်ဘာလမှာ တယ်လီနောက ဖုန်းကတ်တွေ ရောင်းပေးမယ်ဆိုတော့ မြန်မာနိုင်ငံက မိတ်ဆွေများ ပျော်ကြလေသည်ပေါ့။

 သို့ပေမယ့် အလေးထား ဂရုစိုက်ရမယ့် အချက်တွေ အများကြီး ရှိနေပါလျက်နဲ့ ကုလားပိုင်လို့၊ တရုတ်ပိုင်လို့ မသုံးဘူး အော်နေကြတာတွေကို တွေ့ရပါတယ်။ အထူးအလေးထားသင့်တဲ့ အချက်တွေကို သတိမပြုကြလေတော့ သတိပေးချင်တာလေး တွေကို ရေးသားတင်ဆက် လိုက်ရပါတယ်ဗျာ။
အခုဆောင်းပါးမှာ ဦးတည်ချက်က ဘယ်အဖွဲ့အစည်းကပဲ လာလုပ်လုပ် နိုင်ငံတကာက လာရင်းနှီးလုပ်ကိုင်ပြီး စီးပွားရေးဆန်ဆန် လုပ်မယ်ဆိုရင် လိုအပ်တဲ့ ဝန်ဆောင်မှုတွေ စာဖတ်သူတို့ ရရှိမှာဖြစ်သလို အမျိုးမျိုးသော ဝန်ဆောင်မှုတွေ၊ စကားမရှင်းတရှင်းနဲ့ လည့်ပတ်မှုတွေ၊ သုံးစွဲသူတွေအပေါ် စကားလုံး အသာစီးတွေနဲ့ အမြတ်ကျန်အောင် လှည့်ပတ်ကြဦးမှာ ထုံးစံပါပဲ။ ဒါတွေကို သိထားကြပါသလား၊ လေ့လာဖူးကြပါသလား၊ ကြုံဖူးကြပါသလား။ ဒီလို စကားလုံး တစ်လုံးနှစ်လုံးနဲ့ ကပ်လှည့်စားမယ့် နည်းဗျူဟာတွေ၊ ဖုန်းဘေလ်တွေ အတွက်ရော ကာကွယ်ထား ကြပြီးပါပြီလား။ မတရားကုန်ကျလာမယ့် ကျသင့်ငွေတွေအတွက် တရားမျှတမှုဖြစ်အောင် တိုင်တန်းလို့ရမယ့် အာဏာပိုင် အဖွဲ့အစည်းတွေကိုရော ပြင်ဆင်ပြီးပါပြီလား။

ဘယ်လိုနှုန်းထားနဲ့ သတ်မှတ်လို့ ဘယ်လိုစည်းကမ်းတွေနဲ့ လုပ်ဆောင်ရမယ်၊ အငြင်းပွားလာရင် ဘယ်လိုသုံးစွဲသူတွေ ဘက်က ကာကွယ်ပေးမယ်ဆိုတဲ့ စည်းမျဉ်းဥပဒေ လုပ်ထုံးလုပ်နည်း တွေရော ချမှတ်ပေး ထားပြီးကြပါပြီလား။ ထိုင်းနိုင်ငံမှာ လူဦးရေ ၆၆ သန်းရှိပါတယ်။ ၁၉၉၆ ခုနှစ် လောက်ကတည်းက မိုဘိုင်းလ်ဖုန်းကို စတင်အသုံးပြုခဲ့ပြီး အခုအခါ မိုဘိုင်းလ်ဖုန်းနဲ့ အင်တာနက်ကို လျှောက်ထားအသုံးပြုသူက သန်း ၉၀ ရှိပါတယ်။ ဘက်စုံသုံး Smart Phone တွေ အသုံးပြုသူကတော့ တစ်နှစ်ကို ၃၆ ရာခိုင်နှုန်း တိုးတက်လာပါသတဲ့။ အဲဒီဖုန်းတွေကို ဆက်သွယ်ရေးနဲ့ အင်တာနက် ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီကြီးသုံးခု ရှိပါတယ်။

တယ်လီနောပိုင် (ဒီတက်) (Telenor (DTAC)၊ ထရူး (TRUE) နဲ့ အေအိုင်အက်စ် (AIS) တို့ပါ။ သူတို့ကို ထိန်းချုပ်ပြီး လုပ်ထုံးလုပ်နည်းတွေ စည်းကမ်းဥပဒေတွေ ချမှတ်ပေးတာ၊ ဖုန်းသုံးစွဲသူတွေနဲ့ ကုမ္ပဏီကြီးတွေအကြား ပဋိပက္ခ ဖြစ်လာခဲ့ရင် ဆုံးဖြတ်ဖြေရှင်းပေးတာကတော့ ထိုင်းအစိုးရ အမျိုးသားအသံလွှင့်နှင့် ဆက်သွယ်ရေးကော်မရှင် National Broadcasting and Telecommunications Commission (NBTC) ဖြစ်ပြီး ဒီကော်မရှင်ရဲ့ ထိန်းချုပ်မှုအောက်မှာ ကုမ္ပဏီကြီးတွေဟာ တစ်ခုနဲ့တစ်ခု အပြိုင်အဆိုင် ဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ကြပါတယ်။ မြန်မာနိုင်ငံမှာ မိုဘိုင်းလ်ဖုန်း၊ အင်တာနက် စတာတွေသုံးစွဲတဲ့သူတွေ ပထမဦးဆုံး သိထားသင့်တဲ့ အချက်က နိုင်ငံတကာက ဆက်သွယ်ရေး လုပ်ငန်းတွေ အခြေတည်လာပြီဆိုရင် သုံးစွဲသူနဲ့စနစ်ကို အခြေခံ နှစ်မျိုးခွဲထားပါတယ်။ Prepaid ကြိုတင်ငွေပေးချေမှုနဲ့ Postpaid သုံးစွဲသမျှ ကျသင့်ငွေ ကောက်ခံမှုပါ။ Prepaid တွေရဲ့ ပွေးဝဲယားနာအကြောင်း အရင်ပြောပါမယ်။

Prepaid ဆင်းမ်ကတ်တွေကို လမ်းဘေးမှာကြိုက်သလို ဝယ်လို့ရပါတယ်။ တစ်ခါတလေ အခမဲ့ပေးပါတယ်။ Postpaid စနစ်နဲ့ ကွာဟချက်က အသုံးပြုခ ဈေးပိုများပါတယ်။ အရေးပေါ် လုံခြုံရေးအတွက် လိုအပ်ခဲ့ရင်တော့ မှတ်ပုံတင်ခိုင်းပါတယ်။ ဒီနေရာမှာ စာချုပ်ချုပ်တာနဲ့၊ မှတ်ပုံတင်တာနဲ့ ကွာခြားကြောင်း သတိပြုစေလိုပါတယ်။ Prepaid စနစ်ကတော့ ရှင်းပါတယ်။ ကိုယ့်ဖုန်းထဲကို ငွေကြိုထည့်၊ ကျသလောက်သုံး၊ ကုန်ရင်ထပ်ဖြည့်ပါ။ ဒါတောင်မှ အရင်က ထိုင်းကဖုန်းနဲ့ အင်တာနက် ကုမ္ပဏီကြီးတွေက ဝယ်ဖြည့်ပြီး ဘယ်နှရက်အတွင်းပဲ ရက်ရတယ်၊ အဲဒီရက်ကျော်ရင် သုံးလို့မရဘူးဆိုတာ ရှိခဲ့ပါတယ်။

ဥပမာ-ဘတ် ၅၀၀ တန် ငွေဖြည့်ကတ် ဝယ်ဖြည့်လိုက်ရင် ဖုန်းထဲမှာ ဘတ် ၅၀၀ ဖြည့်ထားတာ ပေါ်လာပြီး နောက်ဘယ်နှရက်အတွင်းမှာ သုံးပါ၊ နောက်ရက်ထပ်တိုးချင်ရင် တစ်ပတ်ကို ဘတ်ဘယ်လောက် စသဖြင့်ပေါ့ဗျာ။ လူလည်လုပ်ပြီး သုံးစွဲသူတွေဆီက ငွေချူယူကြပါတယ်။ အဲဒီသတ်မှတ်ရက် ကျော်သွားလို့ မသုံးဖြစ်ရင် ဒါမှမဟုတ် ရက်သက်တမ်း ထပ်မတိုးဖြစ်ခဲ့ရင် ထည့်ထားတဲ့ငွေ ပလုံ ပေါ့ဗျာ။ အဲလောက်အထိ လူလည်ကျပါတယ်။
နောက်ပိုင်းမှ တိုင်တဲ့သူတွေများလာတော့ ထိုင်းအစိုးရ NBTC ကော်မရှင်က အဲလိုနည်းနဲ့လုပ်လို့ ဖုန်းသုံးစွဲသူတွေဆီက အလကားရလိုက်တဲ့ငွေဟာ တစ်နှစ်တစ်နှစ် ဘတ်သန်းရာကျော်ရှိလို့ အဲဒီလို မလုပ်ရဘူးလို့ တားမြစ်လိုက်တာ သိပ်မကြာလှသေးပါဘူး။ ဒီနည်းဟာ ဖုန်းသုံးစွဲသူတွေကို တန်ရာတန်ကြေး ဝန်ဆောင်မှု မပေးလိုက်ဘဲ မတရား အမြတ်ရသွားတဲ့ နည်းတွေထဲက တစ်နည်းပါ။ မြန်မာနိုင်ငံမှာရော…။

လာတော့မယ့် အော်ရီဒူးတို့၊ တယ်လီနောတို့ရော ဒီလိုအချိုးမျိုးလာမှာ လား……။ ဒါ့အပြင် ကြော်ငြာကုမ္ပဏီ တွေနဲ့ ဆက်စပ်ပြီး မိတ်ဆွေတို့ရဲ့ ဖုန်းနံပါတ်ကို ရောင်းစားတဲ့သကာလ မိတ်ဆွေတို့ဖုန်းထဲမှာ တစ်နာရီကို နှစ်ခါသုံးခါလောက် ကြော်ငြာမက်ဆေ့ခ်ျတွေ ဝင်လာပါတော့မယ်။
ဒါတွေကို သုံးစွဲသူဘက်က ရပ်တည်ပြီး သမာသမတ်ကျကျ တိုင်တောလာရင် ရပ်တည်ဖြေရှင်းပေးဖို့ ကော်မရှင်တစ်ရပ်ဟာ မဖြစ်မနေ အရင်ဖွဲ့စည်းထားရမှာပါ။ လွန်ခဲ့တဲ့ ၂ ရက်လောက်က ထိုင်းလယ်သူမကြီး တစ်ယောက်ရဲ့ သား၊ အမေ့ဖုန်းနဲ့ အင်တာနက်ဂိမ်းက စိန်ရမှတ်တွေကို ဘုမသိဘမသိ ဝယ်ဆော့နေတာ လကုန်ငွေရှင်းဖို့ တောင်းခံစာလာတော့ ဘတ် ၂ သိန်းကျော် (မြန်မာငွေ သိန်း ၆၀ ကျော်) တောင်းလာပါတယ်။ ဖုန်းကုမ္ပဏီရုံးခွဲကို သွားပြောတော့ သုံးပြီးဖြစ်နေလို့ မတတ်နိုင်ဘူး။ ပေးရမှာပဲလို့ ဆိုပါသတဲ့။ ဒီအဖြစ်အပျက်ကို စာနယ်ဇင်းတွေကတစ်ဆင့် ထိုင်းအစိုးရ NBTC ကော်မရှင်က သိသွားတော့ ကော်မရှင်အတွင်းရေးမှူးချုပ် တာကွန်တန်တာစစ်က ကုမ္ပဏီကို ခေါ်ပြောတော့မှ လယ်သူမ သားအမိ ဘုမသိဘမသိ လုပ်မိတဲ့အတွက် အဲဒီငွေတွေ မပေးပါနဲ့။ လျှော်ပစ်ပါတယ်လို့ အကြောင်းပြန်လာပါတယ်။ ဒီလိုနောက် ထပ်မဖြစ်အောင် ဖုန်းကုမ္ပဏီတွေကို အမြင့်ဆုံးဖုန်းကနေ ဝယ်ယူနိုင်တဲ့ ငွေပမာဏကို သတ်မှတ်ပေးဖို့ အမိန့်ထုတ်ပါတယ်။

အစိုးရကော်မရှင် ကနေ ပြည်သူတွေ မနစ်နာရအောင် ကြားဝင်ရပ်တည်ပေးတာပါ။
မြန်မာပြည်မှာ ဆိုရင်ရော ကလေးတစ်ယောက် အူကြောင်ကြောင် သုံးမိတဲ့အတွက် တစ်အိမ်သားလုံး ဆယ်သက်ဆပ်မကုန် ဘဝပျက်ရမှာပါလား။ ဘယ်အဖွဲ့အစည်းက ဝင်ရောက် ရပ်တည် ဖြေရှင်းပေးမှာပါလဲ။ မင်းတို့ လက်ကမြင်းတာ မင်းတို့ဘာသာ ခံပေရော့လို့ အကြောင်းပြန်မှာပါလား။

မြန်မာပြည်မှာ ဒီလုပ်ငန်းကြီးတွေက လုပ်လာမယ့် ဒီလိုအချိုးမျိုး လူလည်ကျမှုတွေကို စနစ်တကျ ထိန်းချုပ်ပြီး တိုင်တောလို့ရမယ့် အစိုးရ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ လုပ်ထုံးလုပ်နည်းတွေ ကြပ်မတ်ပြီး သုံးစွဲသူတွေဘက်က ရပ်တည်ဖို့ ပြင်ဆင်ပေးပြီးကြပြီလား။ ဖြစ်လာမှာနော်..။ နိုင်ငံခြားက လာတည်ထောင်လို့ သူတို့လက်သိပ်ထိုးတဲ့ ဂေါက်ဆက်ကလေးနဲ့ ဂေါက်သီးရိုက်လိုက် ဂျော်နီဝါးကား ဒဗယ်ဘလက်လေးနဲ့ နေနေရင်တော့ ဖုန်းသုံးမယ့်သူတွေကို သနားလှပါသဗျာ။ ဖုန်းသုံးသူတွေ … ထူးမခြားနားသီချင်းဆိုပြီး ငိုချင်းသာ ချနေပါတော့။ ကဲ… နောက် အကြောင်းဆက်ရေးမယ်ဗျာ။
နောက်တစ်မျိုးကတော့ Postpaid အကြောင်းဗျ။ နိုင်ငံတကာကနေပြီး ဆက်သွယ်ရေး လုပ်ငန်းတစ်ခုခုကို တခြားတစ်နိုင်ငံမှာ ဝန်ဆောင်မှု လာပေးလာဟာ အဲဒီနိုင်ငံသားတွေ အတွက် ဝန်ဆောင်မှုပေးပြီး အကျိုးအမြတ်ကို ရယူတာဖြစ်ပါတယ်။ ဒီတော့ လာရောက် ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီကြီးတွေ အခြေတကျ ဖြစ်တာနဲ့ နိုင်ငံသားတွေအတွက် Postpaid စနစ်ကို အမြန်ဆုံး ပူးတွဲ အကောင်အထည် ဖော်ကြပါတော့တယ်။ သုံးစွဲသူတွေကို နည်းမျိုးစုံနဲ့ မက်လုံးပေးကြတာပါ။

 ဥပမာအားဖြင့် ကျွန်တော် အသုံးပြုတဲ့ မိုဘိုင်းလ်ဖုန်းဆိုရင် 3G အင်တာနက်ကို ကြိုက်သလောက်သုံး၊ ပြီးရင်ဖုန်းက ပြည်တွင်းမှာကြိုက်တဲ့ မိုဘိုင်းလ်ဖုန်းနံပါတ်ကို မိနစ် ၅၀၀ အခမဲ့ခေါ်၊ ပြည်တွင်း ကြိုက်တဲ့နံပါတ်ကို မက်ဆေ့ခ်ျ အစောင် ၅၀၀ အထိ အခမဲ့ပို့ စတဲ့အတွဲကို ယူထားတာ တစ်လကို ၅၉၉ ဘတ်ပေးရပါတယ်။ ပိုသုံးရင် ပိုတာထပ်ပေး၊ ပြည်ပခေါ်တာ သတ်သတ်ပေးပေါ့ဗျာ။ အင်တာနက်လည်း သုံးချင်သုံး မသုံးချင်နေပါ။ အဲဒီတော့ အခြေခံအားဖြင့် တစ်လ ၅၉၉ ဘတ်ကတော့ ပေးနေပေါ့ဗျာ။
ဒါက သူတို့ပေးတဲ့ ဝန်ဆောင်မှု ဥပမာပါ။ အများကြီး ရှိပါတယ်။ တစ်လ ဘတ် ၁၀၀ တန်၊ ၂၀၀ တန်၊ ၃၀၀ တန် ဝန်ဆောင်မှုတွေကနေ ဘတ် ၁၅၀၀ ကျော် ဝန်ဆောင်မှုတွေအထိ ရှိပါတယ်။

 ကိုယ်ကြိုက်တာ ကိုယ်ရွေးယူပြီး လူတန်းစား အသီးသီးအတွက် ဘယ်ဘက်ကမှ လွတ်မသွားရအောင် ဈေးကွက်ရှာကြတာပါ။ ခက်တာက အဲဒီလိုင်းတွေကို ကိုယ်ကနှစ်သက်လို့ တစ်ခုခုရွေးပြီး ဝယ်လိုက်မိရင် အတိုင်းအတာတစ်ရပ် အထိပဲ 3G 4G စသဖြင့် သုံးလို့ရပါတယ်။ သူတို့သတ်မှတ်တဲ့ မီဂါဘိုက် ဂစ်ဂါဘိုက် အရေအတွက်ပြည့်တာနဲ့ အဲဒီ 3G 4G Speed တွေကို ရပ်ဆိုင်းလိုက်ပြီး GPRS 2G အဆင့်ကို ပြောင်းချလိုက်တော့တာပါပဲ။ အဲဒီနောက်မှာတော့ ဖုန်းကနေတစ်ဆင့် အပိုထပ်ဝယ်ချင်ရင် ဘယ်နံပါတ်ကို နှိပ်ပါဆိုပြီး မက်ဆေ့ခ်ျတွေ အဆက်မပြတ် ပို့ပါတော့တယ်။

အဲဒီသုံးစွဲမှုစနစ်တွေ အနေနဲ့ မြန်မာအစိုးရကရော သတ်မှတ် ထားပေးပါပြီလား။ အဲလို သတ်မှတ်ပေးခြင်း မရှိလို့ကတော့ မြန်မာပြည်က သုံးစွဲသူတွေ နစ်နာစေမှာ ဖြစ်ပါတယ်။ ကျွန်တော်တင်ပြတာ အများစုဟာ မြန်မာပြည်က စာဖတ်သူတွေအနေနဲ့ တွေ့ကြုံဖူးခြင်း မရှိသေးတဲ့အတွက် အထူးအဆန်းလို ဖြစ်နေဖို့ များပါတယ်။ နောက်တစ်ခုက အင်တာနက် ကုမ္ပဏီတွေရဲ့ မစားရ ဝခမန်း ရန်ကုန်တစ်မြို့လုံးပဲ ရမလို၊ မြန်မာပြည် နေရာအနှံ့ပဲ ရမလိုနဲ့ ပြောတတ်ကြပါတယ်။ ထိုင်းလို မိုဘိုင်းလ် အင်တာနက် အသားကျပြီးနေတဲ့ နိုင်ငံမှာတောင် ဘန်ကောက်မြို့ တချို့နေရာတွေမှာ လိုင်းမမိတာတွေ ရှိပါတယ်။ အဲဒီတော့ အင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီကနေ လိုင်းတစ်ခု ဝယ်တော့မယ်ဆိုရင် မိမိနေတဲ့ အရပ်ဒေသမှာ လိုင်းမိ မမိ လွှင့်အား ဘယ်လောက်ရတတ်လဲ မေးကြည့်ရပါတယ်။

တချို့နေရာတွေမှာ ကုမ္ပဏီ တစ်ခုနဲ့တစ်ခု ဈေးကွက်မျှတဲ့ အနေနဲ့ တယ်လီနော လိုင်းမိတဲ့နေရာမှာ အော်ရီဒူးမမိ၊ အော်ရီဒူးမိတဲ့ နေရာမှာ တယ်လီနောမမိ ဖြစ်တတ်ပါတယ်။ ဖြစ်တတ်တယ် ဆိုတာထက် ဖြစ်ကိုဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ တင်ပြချင်တဲ့ အကြောင်းအရာက Roaming လို့ဆိုတဲ့ ကိုယ့်ဖုန်းနံပါတ်ကို တခြားနိုင်ငံမှာ သယ်သွားချင် ကြတဲ့သူတွေအတွက် ဖုန်းကုမ္ပဏီတွေက ပေးတဲ့ ဝန်ဆောင်မှုပါ။ ဒီဝန်ဆောင်မှုကို တော့ မိမိဖုန်းနံပါတ်ကနေ အလုပ်လုပ်နေကြတဲ့ တကယ့်ကို ကိုယ့်ဖုန်းနံပါတ်က အရေးပါတဲ့ အနေအထားမှာ ရှိနေသူတွေ သုံးကြတာပါ။ သာမန်လူတွေကတော့ မသုံးသင့်လှပါဘူး။

ဒီကနေ့ပဲ ထိုင်းသတင်းစာမှာ သတင်းတစ်ပုဒ် ပါလာပါတယ်။ လုပ်ငန်းရှင်တစ်ယောက်က နိုင်ငံခြားကို သွားပါတယ်။ မြန်မာနိုင်ငံမှာတော့ မသိဘူးပေါ့ဗျာ။ ဒီမှာကတော့ Roaming ဝန်ဆောင်မှုကို ဖုန်းကနေ ဖွင့်လိုက်တာနဲ့ တိုက်ရိုက် တန်းရနေတော့ အဲဒါကို ဖွင့်မိပါတယ်။ အဲဒါကြီးနဲ့ နိုင်ငံခြားမှာ အဆက်အသွယ်လုပ်တော့ လုပ်လို့လည်း မရပါဘူးတဲ့။ မရလေ ဖုန်းကို Restart ချပြီး ဖွင့်ချည် ပိတ်ချည်နဲ့ လုပ်လေနဲ့ နိုင်ငံခြားမှာ တစ်လကြာသွားပါတယ်။ ပြန်လာတော့ ရောက်လာတဲ့ ဖုန်း ဘေလ်တောင်းခံလွှာမှာ ဘတ် ၁၄ သန်း Roaming ကျသင့်ငွေအဖြစ် တောင်းခံထားပါသတဲ့။ မကျေနပ်လို့ ထိုင်းအစိုးရ NBTC ကော်မရှင်ကိုတိုင်တော့ ကော်မရှင် အတွင်းရေးမှူးချုပ် တာကွန်တန်တာစစ်က အခု လုပ်ငန်းရှင်ကိုင်တဲ့ ဖုန်းကို အင်တာနက်နဲ့ ဖုန်းဝန်ဆောင်မှုပေးတဲ့ တယ်လီနောရဲ့ ဒီတက် (DTAC) နဲ့ TRUE ပိုင် (TRUE MOVE) တို့ကို ဆင့်ခေါ်ပြီး ဒီလုပ်ငန်းရှင်က ဒေတာ အချက်အလက်တွေကို တကယ်သုံးခဲ့တာလား၊ ဒါမှမဟုတ် ဖုန်းကပဲ ပျက်ယွင်းနေလို့ ကောင်းကောင်း အလုပ်မလုပ်ဘဲ ကြောင်နေတာလား ပြန်စစ်ဖို့ အမိန့်ပေးထားပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံဆိုင်ရာ ဂူဂဲလ်ပလေးစတေရှင် ကိုယ်စားလှယ်နဲ့ တခြားဖုန်းလုပ်ငန်း လုပ်ကိုင်နေကြတဲ့ မိုဘိုင်းလ်ဖုန်း ကုမ္ပဏီတွေကိုခေါ်ပြီး ဖုန်းကနေ အများဆုံး သုံးနိုင်မယ့် ငွေကြေးပမာဏကို သတ်မှတ်ဖို့လာမယ့် ကြာသပတေးနေ့မှာ အစည်းအဝေး ခေါ်ထားပါတယ်။ ဒီတော့ မလိုအပ်ရင် Roaming ဝန်ဆောင်မှုကို မသုံးသင့်ကြောင်းလည်း အသိပေးချင်ပါတယ်ဗျာ။


နောက်တစ်ချက်က ဖုန်းတွေကို လျှော့ဈေးနဲ့ ပေးပါတယ်။ ဥပမာ- iPhone 5S ဖုန်းမျိုးကို ပေါက်ဈေးထက် ထက်ဝက်လောက် လျှော့ပေးပြီး သူတို့ရဲ့ အင်တာနက်စနစ်ကို ဝယ်ယူအသုံးပြုရပါတယ်။ အဲလို ဘယ်နှနှစ် တောက်လျှောက် အသုံးပြုပါ့မယ်ဆိုတာ စာချုပ်ရပါတယ်။ စာချုပ်အတိုင်း မသုံးခဲ့ရင် တရားစွဲပါတယ်။ ရှုံးရင် တရားစရိတ်ကအစ ကျခံရပါတယ်။ တခြားအင်တာနက် ပက်ကေ့ဂ်ျတွေမှာလည်း အဲလိုစာချုပ်နဲ့ တွဲဝယ်ရတာမျိုး ရှိပါတယ်။ ၆ လ အနည်းဆုံး သုံးရမယ်တို့၊ တစ်နှစ် အနည်းဆုံးတို့ ချည်ပြီးတုတ်ပြီး သုံးခိုင်းကြတာပါ။ ကိုယ်က လစဉ်မပေးနိုင်ရင် သတိပေးစာ ပို့ပါတယ်။ ပျက်ကွက်ခဲ့ရင် တရားစွဲပါတယ်။ အဲလိုမျိုးတွေမှာ စေ့စေ့စပ်စပ် လှည့်ကွက်တွေကို ကြည့်ပြီးမှ ဝယ်သင့်ပါတယ်။
Postpaid ဖုန်းရဲ့ ဆင်းမ်ကတ်တစ်ခု ဝယ်ရင် မှတ်ပုံတင်ပြပြီးမှ ကျား၊ မ နေရပ်လိပ်စာ ဖြည့်စွက်ပြီး ဝယ်ရတာနဲ့ ပတ်သက်လို့က ကျွန်တော်သိသလောက် တခြားနိုင်ငံတွေမှာလည်း လုပ်ရပါတယ်။

ဆင်းမ်ကတ်ကို ဖုန်းအနေနဲ့ သက်သက်အသုံးပြုရင် သိပ်အကြောင်း မဟုတ်ပေမယ့် အင်တာနက်လိုင်းဖွင့်ဖို့ လျှောက်တော့မယ် ဆိုရင်တော့ အော်ရီဒူးမှ ကွက်တောင်းတာ မဟုတ်ပါဘူး။ တယ်လီနောရော၊ ထရူးရော အကုန်တောင်းကြရပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ လုံခြုံရေးနဲ့ ပတ်သက်နေပါတယ်။ ဒီလိုလုပ်ဆောင်မှုကြောင့် အကြမ်းဖက်မှုတွေ၊ ရာဇဝတ်မှုတွေကို ကာကွယ်ရာမှာ အများကြီး အထောက်အကူပြုပါတယ်။ နောက်ပိုင်းမှာ တွင်ကျယ်လာမယ့် မိုဘိုင်းလ်ဖုန်းသုံး ဘဏ်စနစ်တွေ၊ ငွေပေးချေမှုစနစ်တွေမှာ အများကြီး အထောက်အကူပြုပါတယ်။ ဘယ်လုပ်ငန်းကြီးလာလာ ဒီအချက်ကတော့ အခုမဟုတ်တောင် နောက်က လိုက်လုပ်ကြမှာပါ။

ဒီတော့ မရောင်ရာဆီလူး အစိုးရိမ်ပိုပြီး အဆုံးစွန်တွေ ကြိုတွေးမပူသင့်ပါဘူး။ ဒီစနစ်တွေအားလုံးရဲ့ အဓိက လိုအပ်ချက်ဟာ ကျွန်တော် အပေါ်မှာပြောခဲ့တဲ့ ဖုန်း၊ အင်တာနက် သုံးစွဲသူနဲ့ ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်မယ့် ကုမ္ပဏီကြီးတွေကြားမှာ စံနှုန်း၊ လုပ်ထုံးလုပ်နည်း၊ စည်းစနစ် ချမှတ်ပေးမယ့်အပြင် အထက်က ဖော်ပြခဲ့တဲ့ ဖြစ်ရပ်တွေလို ဖြစ်လာရင် ညှိနှိုင်းပေးနိုင်မယ့်၊ ဖြေရှင်းပေးရမယ့် သြဇာအာဏာရှိတဲ့ အမှုဆောင် ကော်မရှင်တစ်ရပ်က လိုကိုလိုအပ်ပါတယ်။ ကုမ္ပဏီဖွင့်ဟ… လုပ်ကြဟ… ငါတို့ကို နှစ်စဉ်ကြေးသွင်း၊ အခွန်အကောက်သွင်း၊ ကျန်တာ…မင်းတို့ အဆင်ပြေသလို စိတ်ကြိုက် လုပ်ထုံးလုပ်နည်း ချမှတ်ကြ ဆိုရင်တော့ ဖုန်းသုံးသူတွေနဲ့ ကုမ္ပဏီတွေကြားမှာ ကုမ္ပဏီတွေက သူတို့ကြိုက်သလို မိုဘိုင်းလ် အင်တာနက် ဝန်ဆောင်မှု စာချုပ်တွေကို ရေးချင်သလို အသာစီး ရေးဆွဲသွားရင် မြန်မာပြည်သား ဖုန်းသုံးစွဲသူတွေ နစ်နာမှာပါ။ ဘယ်နိုင်ငံမှာမဆို ဖုန်းသုံးစွဲသူတွေ အင်တာနက် ဝန်ဆောင်မှုကို ရယူကြတော့မယ်ဆိုရင် စာချုပ်ချုပ်ဆိုကြရတာ ထုံးစံပါ။ ကုမ္ပဏီတွေလည်း ရတဲ့နည်းနဲ့ အမြတ်ထုတ်ကြမှာပါ။

နိဂုံးချုပ်အနေနဲ့ တိုက်တွန်းရရင်တော့ ဘယ်ကုမ္ပဏီက ဝယ်သုံးသုံး အထက်ဖော်ပြခဲ့တဲ့ ဝဲကွက်၊ ပွေးကွက်တွေတော့ ပါမှာဖြစ်ပါတယ်။ အလောတကြီး ဝမ်းသာအားရ မဝယ်ကြဘဲ သေသေချာချာမေးမြန်းပြီး ကိုယ်နဲ့သင့်တင့်မယ့် ဝန်ဆောင်မှုကိုသာ စောင့်ကြည့် ဝယ်သူသင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။

Ref & Credit: The Voice Weekly Journal

Facebook အသုံးပြု ချင်သောမိတ်ဆွေများ PD-Proxy v2.2.0 Software လေး သုံးလိုက်ပါခင်ဗျာ။ အရမ်းအဆင်ပြေပါတယ်။



ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၃နာရီလောက်မှ Facebook ပိတ်ထားသဖြင့် အသုံးပြုချင်သောမိတ်ဆွေများအတွက် PD-Proxy v2.2.0 လေးကိုတင်ပေးလိုက်ပါတယ်။
ဒီSoftware လေးက မိတ်ဆွေတို့ ရဲ့ Computer မှာ VPN Network တစ်ခု Create လုပ်ပြီး Proxy လုပ်တဲ့ Software လေးပါ။ ဖုန်းတွေ အတွက်ကတော့ တစ်ခြား VPN APK ရှာပြီး စမ်းသုံးကြည့်ပါ။
ဒီ Software လေးကို ဒေါင်းပြီး အသုံးပြုချင်ရင် PD Proxy Account  User Name Password လိုပါတယ်။ 
PD Proxy Account  ကို http://www.pdproxy.com/ မှာ Register လုပ်ပါ ။
ပြီးရင် Email နဲ ပြန်ပြီး Activate လုပ်မှသာ PD Proxy Account အသုံးပြုလိုရပါပြီး ။
ကျွန်တော်တော့စမ်းသုံးကြည့်တာအဆင်ပြေတယ်။ 
လိုင်းနှေးသွားလဲ ပြန်ပြီး Disconnect လုပ်ပြီး ပြန် Connect လုပ်ပြီး ပြန်သုံးကြည့်ပါ 
အောက်မှာ Instructions လေးနဲ ပုံလေးတွေနဲပြထားပါတယ်။အဆင်ပြေပါစေဗျာ။

Instructions: 

1. Sign up for an account 
2. Download and unzip PD-Proxy 
3. Open PD-Proxy.exe When a prompt message asking you to install a driver press Yes. 
4. Press connect and wait till it says that you are connected. 
5. Enjoy browsing the internet safely and securely... 

Notes: 
1. Make sure that you have activated your registered account. 
2. Make sure the program has administrative privileges when using Vista/7 
3. Make sure you have an active internet connection. 


Thursday, July 3, 2014

မြန်မာစာတမ်းထိုးကားတွေ ဖုန်း(သို့)ကွန်ပျူတာဖြင့် ကြည့်ရှု့နိုင်ပါပြီ

IT အကြောင်းနဲ့တော့ မသက်ဆိုင်ပါဘူး။ ဒါပေမယ့် IT နဲ့ပတ်သက်ပြီး လုပ်နေရင်း စိတ်ရှုပ်ထွေးလာတဲ့အချိန်ပဲဖြစ်ဖြစ် အလုပ်များလို့ အပမ်းဖြေချင်လို့ပဲဖြစ်ဖြစ်၊ နိုင်ငံခြား ဇာတ်လမ်းများကို မြန်မာစာတမ်းထိုးပြုလပ်ထားပြီး တင်ပေးထားပါတယ်။
 နိုင်ငံခြားရောက်နေတဲ့ ညီအစ်ကိုများနှင့် မြန်မာပြည်တွင်းမှာ နိုင်ငံခြားအခွေ မ၀ယ်နိုင်တဲ့သူများ မြန်မာစာတမ်းထိုး ဇာတ်ကားများကို ၀င်ရောက်ကြည့်ရှု့နိုင်ပါပြီ။ အလုပ်များတဲ့အချိန်မှာ Download လုပ်ထားပြီး ညဖက် မိမိမိသားစုနဲ့ထိုင်ကြည့်ဖို့အတွက် ကျနော် လုံးဝအကြည်ကား သက်သက်ကို ရအောင်တင်ပေးထားပါတယ်။ မြန်မာစာတမ်းထိုး အကြည် ဗွီဒီယိုများကို www.watchmyanmarmovies.com မှာ ၀င်ရောက်ကြည့်ရှု့နိုင်ပါတယ်။ မည်သည့် အခကြေးငွေမှ ပေးစရာမလိုတဲ့အပြင် google drive နဲ့ firedrive ကနေ တင်ပေးထားတာဖြစ်လို့ ကွန်ပျူတာရော ဖုန်းရော အဆင်ပြေတာနဲ့ ကြည့်ရှု့နိုင်ပါတယ်။ ဖျော်ဖြေရေး Media အနေဖြင့် တင်ပေးထားခြင်းသက်သက်ဖြစ်ပါတယ်။ online watch stream အနေဖြင့် တင်ပေးထားပြီး Download လုပ်နိုင်ဖို့ပါ စီစဉ်ပေးထားပါတယ်။ 
နည်းပညာညီအစ်ကို မောင်နှစ်မများ အားလပ်ရက်မှာ စိတ်အပမ်းဖြေနိုင်ကြပါစေလို့ ဆန္ဒပြု ဆုတောင်းပေးလိုက်ပါတယ်။ 
ရွှင်လမ်းချမ်းမြေ့ကြပါစေ။

iOS 7.1.2 တွင် မြန်မာဖောင့် နှင့် ကီးဘုတ်သွင်းနည်း

iOS 7.1.2 တွင်မြန်မာဖောင့်သွင်းရာတွင် note App တွင်မြန်မာဖောင့် မမြင်ရလို့စိတ်ညစ်နေသူတွေအတွက် အဆင်ပြေအောင်ပြန်ရှယ်ပေးလိုက်ပါတယ်
အောက်အဆင့်အတိုင်း လိုက်လုပ်ပေးပါ ခင်ဗျ။
မြန်မာဖောင့် နှင့် ကီးဘုတ်သွင်းရန်အတွက် ကျွန်တော် Repo ကို Add ပါ။
Cydia > Sources > Edit > Add >http://cydia.myrepospace.com/komin27/
ကို Add လို့ပြီးလျှင်  Zawgyi Font for iOS7 ကို install လုပ်ပေးပါ ခင်ဗျ။
Note App တွင်မြန်မာဖောင့်မြင်အောင် အောက်ကဖောင့် တွင် Zawgi-One Fix for Note ကို install လုပ်ပေးပါ။
မြန်မာကီးဘုတ် အတွက် ttKeyboard for iOS7 ကို install လုပ်ပေးပါ။
အဆင်ပြေပါစေ
 
Credit :  http://www.myanmaridroidappfree.com

Font အလန်းစား



အားလုံးပဲ မင်္ဂလာပါခင်ဗျာ .....................
ဖောင့် အလန်းလေး လာပြန်ပါပီခင်ဗျာ


 
 
 
Download : (117)KB
Solidfiles
Zippyshare
Speedshare 


အဆင်ပြေပါစေ........ 
 Minokekar (ဘီလူးကျွန်းသားလေး)
Facebook Page  က  ဒီၤမွာပါ
တင်သမျှပို့စ်တွေကိုလည်းFB ကနေလည်း Like လုပ်ပေးပါဦး လို့


အခက်အခဲတစ်စုံတစ်ရာ ရှိပါက okekarkyawboyfriend@gmail.com သို့  ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ


A-Beginners-Guide-To-Ethical-Hacking EBook လိုချင်သူများအတွက်


Ethical Hacking အကြောင်းကို လေ့လာချင်သောမိတ်ဆွေများအတွက် ကျွန်တော်ရထားတဲ့ စာအုပ်လေးတင်ပေးလိုက်ပါတယ်။ အပြင်မှာ တော့ ကွန်ပြူတာသင်တန်းကျောင်းတွေ မှာ Popular ဖြစ်နေတဲ့ ဘာသာရပ် တစ်ခုပေါ့ဗျာ။ သင်တန်းကြေးတွေက လဲ ကြီးပ  IT Knowledge အခြေခံ ရှိသူများအတွက် Self Study လုပ်မယ် ဆိုရင် A-Beginners-Guide-To-Ethical-Hacking စာအုပ်လေးကတော့ ဆရာ ကောင်းတစ်ယောက်ပါပဲ
လေ့လာချင်သောမိတ်ဆွေများအဆင်ပြေပါစေဗျာ။


Facebook နဲ့ ပတ်သက်ပြီး သင်မသိသေးတဲ့ အချက်အလက် (၈) ချက်








၂၀၁၃
ခုနှစ်အကုန်မှာ ကမ္ဘာတစ်ဝှမ်း လစဉ်အသုံးပြုသူ ၁.၂၃ ဘီလီယံ ရှိခဲ့တဲ့
Facebook ဟာ ကမ္ဘာပေါ်မှာ လူသုံးအများဆုံး
လူထုဆက်သွယ်ရေးကွန်ယက်တစ်ခုဖြစ်ပါတယ်။ ဒီဇင်ဘာ ၃၁ ရက်၊ ၂၀၁၃ ခုနှစ်က
ကောက်ယူခဲ့တဲ့ စာရင်းအချက်အလက်အရ နေ့ စဉ်ဝင်ရောက်အသုံးပြုသူ လူဦးရေပေါင်း
၇၅၇ သန်း ရှိတယ် လို့  သိရပါတယ်။ Facebook နဲ့ ပက်သတ်ပြီး
သင်မသိသေးလောက်တဲ့ စိတ်ဝင်စားစရာ အချက်အလက် (၈) ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ နေ့ စဉ်နေ့ တိုင်း Facebook accounts တွေကို ဖောက်ထွင်းဖို့ ကြိုးစားမှုပေါင်း ခြောက်သိန်း ကျော် ရှိပါတယ်။

၂။ သင့် Facebook အကောင့်ရဲ့ ဘာသာစကားကို ‘ ပင်လယ်ဓားပြ ဘာသာစကား’ အဖြစ် ပြောင်းလဲ အသုံးပြု နိုင်ပါတယ်။





၃။
မင်းသားကြီး Al Pacino ဟာ Facebook ပင်မစာမျက်နှာမှာ
ပထမဦးဆုံးဖော်ပြခံခဲ့ရပါတယ်။ Facebook ဟာ ဒါကို ၂၀၀၇ ခုနှစ်မှာ
ဖယ်ရှားခဲ့တာဖြစ်ပြီး ဒီဂျစ်တယ်သင်္ကေတ 0 , 1 တွေနဲ့ Al Pacino ပုံ
ဖော်ထားတာဖြစ်ပါတယ်။



၎။
သင် ဘယ် နေရာတွေကို ၀င်ရောက်ကြည့်ရှုသလဲ ဆိုတာကို Facebook က
ခြေရာခံလိုက်ပါတယ်။ တကယ်လို့ သင့် အကောင့်ကို Sign Out လုပ်ထားပြီးရင်တောင်
Facebook က ခြေရာခံလိုက်နိုင်ပါတယ်။



၅။
လေ့လာမှုတစ်ခုအရ Facebook ကို ၀င်ရောက်ကြည့်ရှုပြီးနောက် လူ
သုံးပုံတစ်ပုံဟာ  သူတို့ ရဲ့ ဘ၀ကို ပိုပြီး စိတ်မကျေမနပ် ဖြစ်ကြတယ်လို
့ဆိုပါတယ်။



၆။ Facebook ပေါ်မှာ သေဆုံးပြီးသူ users ပေါင်း သန်း ၃၀ ခန့် ရှိပါတယ်။



၇။ ၂၀၀၉ ခုနှစ်စပြီး Facebook အပါအ၀င် Twitter နဲ့ The New York Times တို့ ကို တရုတ်နိုင်ငံမှာ အသုံးပြုခွင့် ပိတ်ပင်ထားပါတယ်။



၈။ သန်းတစ်ထောင်ကျော် အသုံးပြုသူတွေ ဘယ်သူကိုမဆို Block နိုင်ပေမယ့် Mark Zuckerberg ကိုတော့ သင် Block လုပ်လို့ မရပါဘူး။



Ref: factslides.com
 
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++




++++++++++++++++++++++++++++++++++++++++++++++++++++
အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

How R U, အင်္ဂလိပ်ဝေါဟာရစကားလုံးများ


အားလုံးပဲ မင်္ဂလာပါခင်ဗျာ .....................
ဒါလေးကတော့ အင်္ဂလိပ်စကားပြော
လ့လာနေသူများအတွက်   အဆင်ပြေစေမယ်
အင်္ဂလိပ်ဝေါဟာရစကားလုံးလေးတွေပါ 
စကားလုံးအထားအသို တွေကအစ
လေ့လာလို့ ရနိုင်ပါတယ်

 

 
 
 
Download : (1.16)MB
Solidfiles
Zippyshare
Speedshare 
Hugefiles  


အဆင်ပြေပါစေ........ 
 Minokekar (ဘီလူးကျွန်းသားလေး)
Facebook Page  က  ဒီၤမွာပါ
တင်သမျှပို့စ်တွေကိုလည်းFB ကနေလည်း Like လုပ်ပေးပါဦး လို့


အခက်အခဲတစ်စုံတစ်ရာ ရှိပါက okekarkyawboyfriend@gmail.com သို့  ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ


LANState.7.01_Fullversion Software လိုချင်သူများအတွက်


ကျွန်တော် Network နဲပတ်သက်တဲ့ Software လေး တစ်ခုရလိုတင်ပေးလိုက်ပါတယ်။ 
ဒီ software လေးကတော့ ကျွန်တော်အရင် တင်ပေးဖူးတဲ့ Netscan software တွေ လို network ကို 
Scan လဲစစ်လိုရတယ် ဒီ software လေး ထူးခြားထားကတော့ မိတ်ဆွေတို့ ရဲ့ Network ကို Scan 
စစ် ပြီး Network Diagram အနေနဲ ဖော်ပြပေးတဲ့ Software လေးပါ။ လိုချင်သူများ ဒေါင်းနိုင်ပါပြီး။ 

♪ ဘောလုံးဝါသနာရှင်များအတွက် - Football Manager Handheld 2014 v5.3.2 APK ♫

Football Manager ကတော့ နာမည်ကြီး ဘောလုံး Game တစ်ခုပါပဲ။ လူကြိုက်လည်းများပါတယ်။ အခု Game ကကိုယ်တိုင်ဝင်ကန်ရတာမျိုးမဟုတ်ဘဲ Manager တစ်ယောက်အနေနဲ့ အသင်းကိုကိုင်တွယ်ထိန်းကျောင်း ရမှာပါ။ မော်ရင်ဟိုနေရာကနေ Management လုပ်ပေးရမယ့် သဘောပါ။ တကယ့်ပြင်ပမှာ ကစားနေတဲ့ ကလပ်အသင်းကို ကိုင်တွယ်ကစားရသလိုမျိုး Game ထဲမှာဖန်တီးထားပါတယ်။ အတော်လေးကို စိတ်ဝင်စား စရာကောင်းပါတယ်။ IQ မြင့်မှတော့ရမယ်နော်။ ကစားပွဲတစ်ပွဲအတွက် ဘယ်လိုမျိုး လူစာရင်းတွေနဲ့ ပွဲထွက် ကစားမယ် ၊ နောက်ပွဲတွေအတွက် ဘယ်လိုပြင်ဆင်မယ် ၊ အသင်းရဲ့ Budget ကိုဘယ်လိုထိန်းသိမ်းမယ် ၊ ကစားသမားတွေကိုဘယ်လို အရောင်းအ၀ယ်လုပ်မယ် အစရှိသဖြင့် သေချာလေးစဉ်းစားတွေတောပြီးမှ ကစားရမယ့် Game ပုံစံမျိုးပါ။ အောက်က Link မှာ Apk ကိုဒေါင်းယူနိုင်ပါပြီဗျာ။ Data ဖိုင်ကိုတော့ Wifi / 3G ဖွင့်ပြီး ဒေါင်းလုပ်ဆွဲယူပြီးမှကစားရမှာပါ။



Football Manager Handheld 2014 - screenshot

Football Manager Handheld 2014 - screenshot

Football Manager Handheld 2014 - screenshot

Football Manager Handheld 2014 - screenshot

http://images.mobilism.org/?dm=54LX

http://alicia.mobile9.com/download/as/ios/05/80/580830559/screen6.jpeg

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။