Pages
Translate
This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
Monday, June 30, 2014
Fifa World Cup Offical Songs .MP4(HD Quality)
မင်္ဂလာပါခင်ဗျာ.  ..............
အခြေအနေနဲ့အချိန်အခါကို ကြည့်ပြီး တင်ပေးရမယ်ဆိုရင် World Cup 2014 ရဲ့ Hot ဖြစ်နေတဲ့  Offical  သီချင်းနှစ်ပုဒ်ကိုတင်ပေးလိုက်ပါတယ် 
The-World-is-ours-HD-La-Copa-de-Todos
&
La La La
သီချင်းနှစ်ပုဒ်ပဲဖြစ်ပါတယ်
  HD Quality နဲ့  ရုပ်ထွက်ကောင်းပြီး  ကြည်ကြည်လင်လင် ကြည့်ရှုရမှာပါ  
Download  
The-World-is-ours-HD-La-Copa-de-Todos : (64.3)MB
Solidfiles
Zippyshare
Speedshare 
Download  
LA  LA  LA : (19.2)MB
Solidfiles
Zippyshare
Speedshare
အဆင်ပြေပါစေ........  Minokekar (ဘီလူးကျွန်းသားလေး
Facebook Page  က   https://www.facebook.com/okekar.kyaw?ref=tn_tnmn 
တင်သမျှပို့စ်တေါကိုလည်းFB ကနေလည်း Like လုပ်ပေးပါဦး လို့
အခက်အခဲတစ်စုံတစ်ရာ ရှိပါက okekarkyawboyfriend@gmail.com သို့  ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ
ငွေရှာနည်းစာအုပ်
ငွေရှာနည်းစာအုပ် (1)
  မင်္ဂလာပါခင်ဗျာ .................  
ငွေရှာနည်းစာအုပ်တွေကို တင်ပေးပါဆိုလို့ တင်ပေးလိုက်ပါတယ်
အင်တာနက်သုံးပြီး ငွေရှာချင်တဲ့ သူတွေအတွက် ရည်ရွယ်ပါတယ်
စိတ်တော့ရှည်ပါစေနော်
Download : (2.39)MB
Solidfiles
Zippyshare
Speedshare 
အဆင်ပြေပါစေ........  Minokekar (ဘီလူးကျွန်းသားလေး
Facebook Page  က   https://www.facebook.com/okekar.kyaw?ref=tn_tnmn 
တင်သမျှပို့စ်တေါကိုလည်းFB ကနေလည်း Like လုပ်ပေးပါဦး လို့
အခက်အခဲတစ်စုံတစ်ရာ ရှိပါက okekarkyawboyfriend@gmail.com သို့  ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ
ငွေရှာနည်းစာအုပ် (2)
မင်္ဂလာပါခင်ဗျာ ..............
ငွေရှာနည်းတွေက အင်တာနက်မှ အများကြီးပါ ၀က်ဆိုဒ်လိပ်စာတစ်ခုသိရုံနဲ့  နောက်ထပ် ၀က်ဆိုဒ်တွေကို မြင်လာမှာပါ အဓိက Main ဖြစ်တဲ့ ကောင်းတဲ့ ဆိုဒ်လေးတွေနဲ့ ပတ်သက်တဲ့ စာအုပ်တွေကိုပဲ ရွေးပြီး တင်ပေးလိုက်ပါတယ်
 စိတ်တော့ရှည်ပါစေနော်
Download : (794)KB
Solidfiles
Zippyshare
Speedshare 
အဆင်ပြေပါစေ........  Minokekar (ဘီလူးကျွန်းသားလေး
Facebook Page  က   https://www.facebook.com/okekar.kyaw?ref=tn_tnmn 
တင်သမျှပို့စ်တေါကိုလည်းFB ကနေလည်း Like လုပ်ပေးပါဦး လို့
အခက်အခဲတစ်စုံတစ်ရာ ရှိပါက okekarkyawboyfriend@gmail.com သို့  ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ
ငွေရှာနည်းစာအုပ် (3)
မင်္ဂလာပါခင်ဗျာ........
ငွေရှာနည်းစာအုပ် (3) ပါ အလွယ် ကူဆုံးငွေထုတ်လို့ ရပြီးတော့ 
အလွယ်ကူဆုံး ငွေရှာနည်း ပါ 
Download : (1.58)MB
Solidfiles
Zippyshare
Speedshare 
အဆင်ပြေပါစေ........  Minokekar (ဘီလူးကျွန်းသားလေး
Facebook Page  က   https://www.facebook.com/okekar.kyaw?ref=tn_tnmn 
တင်သမျှပို့စ်တေါကိုလည်းFB ကနေလည်း Like လုပ်ပေးပါဦး လို့
အခက်အခဲတစ်စုံတစ်ရာ ရှိပါက okekarkyawboyfriend@gmail.com သို့  ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ
Android ကို ပိုမိုလုံခြုံအောင် ပြုလုပ်ထားနိုင်မည့် အချက် (၁၀) ချက်
မိုဘိုင်းထုတ်ကုန်များ အသုံးပြုရာတွင် ကိုယ်ရေးကိုယ်တာ အချက်အလက်များ ပေါက်ကြားမှု မဖြစ်စေရန်အတွက် ကြိုတင်ကာကွယ်မှု ပြုလုပ်ထားနိုင်သည့် နည်းလမ်းများနှင့် အလေ့အထများကို သိရှိထားရန် လိုအပ်သည်။ ထို့ကြောင့် Android အသုံးပြုသူများ အတွက် ၎င်းတို့၏ ထုတ်ကုန်များကို ပိုမိုလုံခြုံမှုရှိစွာဖြင့် အသုံးပြုနိုင်မည့် အချက် (၁၀) ချက်ကို ဖော်ပြလိုက်ပါသည်။
(၁) Lock screen ကို PIN/pattern/password ဖြင့် သတ်မှတ်ထားပါ။
Android သုံးစွဲသူများ အနေနှင့် လုပ်ငန်းသုံး စမတ်ဖုန်း သို့မဟုတ် tablet ကွန်ပျူတာတစ်ခုကို PIN/pattern/password တစ်ခုခုဖြင့် lock ပြုလုပ်ထားခြင်း မရှိပါက အချက်အလက်များ ပေါက်ကြားမှု ဖြစ်ပေါ်နိုင်သည်။ Pattern တစ်ခုဖြင့် unlock ပြုလုပ်သည့်အခါတွင် အသုံးပြုပြီးသည့်နောက် screen ကို အဝတ်စဖြင့် သုတ်သင့်သည်။ သို့မဟုတ်ပါက screen ပေါ်တွင် pattern ဆွဲစဉ်က ကျန်ခဲ့သည့် လက်ဗွေရာကြောင့် ဖုန်းကို unlock ပြုလုပ်သွားနိုင်သည်။
(၂) လုံခြုံမှုမရှိသည့် ကွန်ရက်များနှင့် မချိတ်ဆက်ပါနှင့်။
စမတ်ဖုန်းနှင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် လုံခြုံမှုမရှိသည့် ကွန်ရက်များနှင့် မချိတ်ဆက်သင့်ပေ။ ကော်ဖီဆိုင်၊ စားသောက်ဆိုင်စသည်တို့ဖြင့် ကွန်ရက်ချိတ်ဆက်၍ အသုံးပြုနိုင်သော်လည်း wireless ကွန်ရက်တွင် password မရှိပါက အရေးကြီးသည့် ကုမ္ပဏီအချက်အလက်များကို ပေးပို့ခြင်းအား ရှောင်ကြဉ်သင့်သည်။
(၃) ဖုန်းတွင် storage encryption ကို သတ်မှတ်ထားပါ။
ဖုန်းပေါ်တွင် အချက်အလက်များကို encrypt ပြုလုပ်ထားသင့်သည်။ ၎င်းသည် ဖုန်းကို အသုံးပြုသည့်အခါ encryption password တစ်ခု လိုအပ်သည်။ ၎င်းသည် lock screen password ထက် ပိုမိုလုံခြုံမှုရှိပြီး crack လုပ်ရာတွင်လည်း အလွန်ခက်ခဲသည်။
(၄) App installation အတွက် unknown source ကို enable မလုပ်သင့်ပါ။
Google Play Store က မဟုတ်သော third-party application များကို install လုပ်သည့်အခါ အရေးကြီး အချက်အလက်များ ခိုးယူခံရနိုင်သည်။ ထို့ကြောင့် third-party app များကို ၁၀၀ ရာခိုင်နှုန်း မယုံကြည်သင့်ပေ။
(၅) Anti-malware app တစ်ခုကို အသုံးပြုပါ။
Google က Play Store မှာ app တွေကို စစ်ဆေးပြီး malware ရန်ကနေ အကောင်းဆုံး ကာကွယ်ပေးပေမယ့်လည်း Malwarebytes လိုမျိုး anti-malware app တစ်ခုကို ပုံမှန် အသုံးပြုသင့်သည်။ ထို့အပြင် app တစ်ခုကို ထည့်သွင်းပြီးတိုင်း anti-malware app ဖြင့် အမြဲ scan လုပ်သင့်သည်။
(၆) Secure Update Scanner ကို အသုံးပြုပါ။
Secure Update Scanner ကို ထည့်သွင်း အသုံးပြုခြင်းကလည်း တစ်မူထူးခြားသည့် လုံခြုံရေးအန္တရာယ်ကို ကာကွယ်နိုင်သည်။ Developer များသည် အစပိုင်းတွင် အန္တရာယ်ကင်းသည့် app များကို ဖန်တီးပေးပြီး update ပြုလုပ်ခိုင်းသည့်အခါတွင် malware များကို ထည့်သွင်းနိုင်သည်။ ထို့ကြောင့် Secure Update Scanner ကို အသုံးပြုပြီး ပုံမှန် စစ်ဆေးခြင်းက app update နှင့် operating system update များတွင် malware ပါဝင်သည့် အန္တရာယ်နှင့် ကင်းဝေးစေမည် ဖြစ်သည်။
(၇) App အတွက် permissions စာရင်းကို သေချာဖတ်ပါ။
App တွေကို install ပြုလုပ်သည့်အခါ permissions စာရင်းကို မဖတ်ဘဲ install မလုပ်သင့်ပါ။ အကယ်၍ ဂိမ်း သို့မဟုတ် note-taking app တစ်ခုကို ထည့်သွင်းသည့်အခါ permissions စာရင်းတွင် ဆက်သွယ်မှု၊ ဖုန်းနံပါတ်နှင့် ကွန်ရက်အချက်အလက်များကို အသုံးပြုရန် ခွင့်ပြုချက်များ လိုအပ်ကြောင်း ဖော်ပြထားသည်။ ခွင့်ပြုချက်ပေးခဲ့ပါက malware များကို ထည့်သွင်းနိုင်သည်။
(၈) SIM ကတ်ကို lock လုပ်ပါ။
ဖုန်းမှ အချက်အလက်များကို encrypt လုပ်သလို SIM ကတ်ကိုလည်း lock လုပ်ထားသင့်သည်။ SIM ကတ်ကို lock ထားသည့်အခါ ဖုန်းကို restart လုပ်တိုင်း PIN နံပါတ် တောင်းမည်ဖြစ်သည်။ ထို့ကြောင့် ဖုန်းမှ အချက်အလက်များ ဆုံးရှုံးမည်ကို စိုးရိမ်ပါက SIM ကတ်တွင် PIN နံပါတ်ဖြင့် lock ပြုလုပ်ထားရန် လိုအပ်သည်။
(၉) မလိုအပ်သည့်အချိန်တွင် Bluetooth နှင့် hotspot ဝန်ဆောင်မှုများကို ပိတ်ထားပါ။
Bluetooth နှင့် hotspot ဝန်ဆောင်မှုများကို ဖွင့်ထားသည့်အခါ အခြား ထုတ်ကုန်များက သင့်၏ ဖုန်းကို မြင်တွေ့နိုင်သည်။ ၎င်းသည် လုံခြုံရေးချိုးဖောက်မှုအတွက် လမ်းဖွင့်ပေးသလို ဖြစ်နိုင်သည်။ ထို့ကြောင့် မလိုအပ်သည့် အချိန်တွင် အဆိုပါ ဝန်ဆောင်မှုများကို ဖွင့်လျက် မထားသင့်ပေ။ ၎င်းသည် လုံခြုံရေး အန္တရာယ် ရှိနိုင်သလို ဘက်ထရီလည်း ကုန်ဆုံးလွယ်စေသည်။
(၁၀) Location setting ကို လိုအပ်မှ ဖွင့်ပါ။
အသုံးပြုရန် မလိုအပ်သည့်အခါ location setting ကို ပိတ်ထားသင့်သည်။ ၎င်းသည် Android ထုတ်ကုန်၏ လုံခြုံမှုနှင့် တိုက်ရိုက် မသက်ဆိုင်သော်လည်း ဖုန်း၏ လုံခြုံမှုစနစ်ကို ထိန်းချုပ်နိုင်သောကြောင့် အချက်အလက် ပေါက်ကြားမှု ဖြစ်ပေါ်နိုင်သည်။ လိုအပ်ချိန်မှသာ location setting ကို ဖွင့်ပြီး အသုံးပြုခြင်းသည် ဘက်ထရီ အလျင်အမြန် ကုန်ဆုံးခြင်းကို လျော့နည်းသက်သာစေသည်။ ထို့အပြင် မလိုလားအပ်သည့် အချက်အလက် သုံးစွဲမှုကိုလည်း လျော့နည်းစေသည်။
Ref: TechRepublic
Internet Journal
မြန်မာနိုင်ငံ၏ပထမဆုံးဖိုင် hosting တစ်ခုဖြစ်တဲ့ downloadmm
ကျွန်တော့်အနေနဲ့ အင်တာနက်အသုံးပြုသူ မြန်မာတွေကို တတ်နိုင်သလောက်အဆင်ပြေအောင်လုပ်ပေးနေချင်တဲ့အရာလေးတစ်ခုရှိပါတယ်။
အခု အဲဒီဆန္ဒကို ပြုလုပ်ပြီးစီးသွားပြီဖြစ်လို့ မိတ်ဆက်ပေးပါရစေ။ ကျွန်တော်တို့ Online ပေါ်မှာFile တွေတင်တဲ့အခါ နိုင်ငံခြား File Sharing Site တွေကိုအများဆုံးအသုံးပြုကြပါတယ်။ အခု ကျွန်တော်က
မြန်မာတွေအတွက်အဓိကရည်ရွယ်ပြီး Download MM လို့အမည်ရတဲ့ မြန်မာတွေအတွက် File Upload/Download Sharing Site
တစ်ခုကိုပြုလုပ်ခဲ့ပါတယ်။
Website Link: http://www.downloadmm.com/
-Download MM သည် အင်တာနက်သုံးစွဲသူ မြန်မာတို့အတွက် ဖိုင်များကို Online ပေါ်မှာမျှဝေရာတွင် ပိုမိုအဆင်ပြေစေရန်ပေါ်ပေါက်လာသော
File Sharing Service တစ်ခုဖြစ်ပါတယ်။
- Download MM ရဲ့အဓိကရည်ရွယ်ချက်ကတော့ ရိုးရှင်းလွယ်ကူစွာ Upload/Download လုပ်နိုင်ရန်ဖြစ်ပါတယ်။
-Site ကိုမြန်မာဘာသာဖြင့်ပြုလုပ်ထားခြင်းဖြစ်၍ မည်သူမဆိုအလွယ်တကူနားလည်နိုင်ပါမယ်။
-Download MM တွင်မိမိတို့ရဲ့ဖိုင်များကိုမည်သူမဆို Upload/Download အခမဲ့ပြုလုပ်နိုင်ပါသည်။
-Premium Download / Slow Download ဟူ၍ ခွဲခြားထားခြင်းမရှိပါ။ Download ခလုတ်ကိုတန်းနှိပ်ပြီး
Direct Download ရယူနိုင်အောင်ပြုလုပ်ပေးထားပါတယ်။
- ဖိုင်များဟုဆိုရာတွင် မည်သည့်ဖိုင်မဆို Upload လုပ်နိုင်မှာဖြစ်ပါတယ်။
- File size 200 MB ခန့်ရှိသော ဖိုင်အထိ Upload လုပ်နိုင်မှာဖြစ်ပါတယ်။ (နောင်တွင် ဒီထက်ပိုပြီး MB များများတင်နိုင်အောင်ပြုလုပ်ပေးသွားပါမယ်)
-File နှစ်ခု ၊ သုံးခု တစ်ပြိုင်နက် Upload လုပ်နိုင်မှာဖြစ်ပါတယ်။
- Download MM ကို Myanmar Mobile App Store မှဝန်ဆောင်မှုပေးထားခြင်းဖြစ်ပါသည်။
- Download MM ကိုအသုံးပြု၍ File များကို upload တင်ပြီးမျှဝေနိုင်ကြပါပြီ။
-လောလောဆယ်တော့ Beta အနေနဲ့ ဒီ site ကိုစတင် run ထားပါပြီ။
- အင်တာနက်အသုံးပြုသူများအနေနဲ့ Download MM ကိုပိုမိုသိရှိလာအောင် ဒီပို့စ်ကို Share ပေးကြဖို့လည်းတောင်းဆိုပါတယ်။
Thet Naing Soe (Myanmar Mobile App Store)
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++
++++++++++++++++++++++++++++++++++++++++++++++++++++
အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်
Android App တစ်ခုချင်းစီအတွက် Settingsများကို ပြုပြင်နည်း
Android App တစ်ခုချင်းစီအတွက် Settings များကို ပြုပြင်ပြောင်းလဲချင်တဲ့ အခြေအနေမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ ဥပမာအားဖြင့် Video Player ကို Landscape Mode နဲ့ဖွင့်ဖို့၊ Music Player ကိုဖွင့်ရင် သတ်မှတ်ထားတဲ့ အသံအနေအထားနဲ့ ဖွင့်ဖို့၊ App တစ်ခုကို ဖွင့်ရင် Mobile Data အစား WiFi ကို အသုံးပြုဖို့ စတာတွေဖြစ်ပါတယ်။
App တစ်ခုဖွင့်တိုင်း အဲဒီအလုပ်တွေကို ကိုယ်တိုင်ပြုလုပ်လို့ရပေမယ့် အလုပ်ရှုပ်ပါတယ်။ App တစ်ခုကိုဖွင့်တိုင်း မိမိနှစ်သက်တဲ့ Settings တွေနဲ့ အလုပ်လုပ်ဖို့ ပြုလုပ်ပေးနိုင်တဲ့ App က App Config Free ဖြစ်ပါတယ်။ App Config Free က အောက်က Settings တွေကို ပြောင်းလဲပေးနိုင်ပါတယ်။
1. Screen Brightness
2. Screen Orientation
3. Screen Timeout
4. Volume
5. Mobile Data
6. WiFi
7. Bluetooth
အင်တာနက်အသုံးပြုခွင့် မပေးချင်တဲ့ App ကို Mobile Data ရော WiFi ပါ အသုံးပြုလို့မရအောင် ပိတ်ထားနိုင်ပါတယ်။ App တစ်ခုရဲ့ Screen Brightness ကိုမြှင့်ချင်၊ နှိမ့်ချင် လို့လည်း ရပါတယ်။ Bluetooth Keyboard or Speaker တွေနဲ့တွဲဖက် အလုပ်လုပ်တဲ့ App ကိုဖွင့်ရင် Bluetooth ကို ဖွင့်ပေးဖို့ ပြုလုပ်နိုင်ပါတယ်။ Dialer App ရဲ့ အသံ အနိမ့်အမြင့်ကို ပြောင်းလဲနိုင်ပါတယ်။ App တစ်ခုကို သတ်မှတ်ထားတဲ့ အသံအနေအထားနဲ့ဖွင့်ဖို့ စတာတွေပြုလုပ်နိုင်ပါတယ်။
App Config Free က သင်နှစ်သက်ရာ Settings တွေ သတ်မှတ်ထားတဲ့ App ကိုဖွင့်တိုင်း အလိုအလျှောက်ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။ App ကို ပိတ်လိုက်တာနဲ့ နဂို Settings ကို ပြန်ပြောင်းပေးမှာ ဖြစ်ပါတယ်။
App Config Free မှာ သင့်ဖုန်းမှာ အင်စတောလုပ်ထားတဲ့ App အားလုံး ကို ပြသပေးထားပါတယ်။ App တစ်ခုရဲ့ Settings ကို ပြောင်းဖို့ အတွက် အဲဒီ App ကို နှိပ်ပါ။ နောက်အဆင့်မှာ Settings တွေကို နှစ်သက်ရာ ပြောင်းနိုင်ပါတယ်။ App Config Free မှာ Settings တွေ ပြုပြင်ထားတဲ့ App တွေကို Bold အနေနဲ့ ဖော်ပြပေးထားမှာပါ။
App Config Free ကို အခမဲ့အသုံးပြုရင် ကြော်ညာတွေ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အခပေးဗားရှင်းမှာ ကြော်ညာတွေ ထည့်သွင်းထားခြင်း မရှိသလို ပြုပြင်နိုင်တဲ့ Settings တွေလည်း ပိုမိုများပြားပါတယ်။ 
Download App Config Free
(C) MMITC
မိုဘိုင်းဖုန်းအသုံးပြုရာတွင် သတိပြုရမည့်အချက်များ
၁။ ဖုန်းများကို အပူဓာတ်လွန်ကဲမှုမဖြစ်အောင် ထားပါ။
အပူဓာတ်လွန်ကဲမှုသည် ခေတ်မှီ Smartphones များနှင့် tablet များအတွက် အလွန်စိုးရိမ်ရပါတယ်။ Mobile ဖုန်းများကို နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့ မိအောင် လက်ကိုင်ပုဝါဖြင့် ဖုံးထားပါ။ ပူပြင်းသော အချိန်တွင် ဖုန်းကို ကားပေါ်တွင် ချန်မထားခဲ့ပါနှင့်၊ မိမိနှင့် တပါးတည်း ယူဆောင်သွားပါ။
၂။ ဖုန်းထဲသို့ ရေမဝင်ပါစေနှင့်။
လျှပ်စစ်ပစ္စည်းများသည် ရေစိုခံ၍မရပါ။အကယ်၍ သင်၏ ဖုန်း ရေထဲကျသွားပါက ဖုန်းကို လျှင်မြန်စွာ ဆန်ခွက်ထဲသို့ထည့်ထားပါ။ ဖုန်း ပျက်စီးမှုဒဏ်မှလျော့ပါးစေပါတယ်။
၃။ ဖုန်းကို ကြာကြာသုံးပြီး အားသွင်းခြင်းလျှော့ပါ။
ဖုန်းကို တစ်နေကုန် တစ်နေခမ်း အသုံးပြုပြီး အိမ်သို့ပြန်ရောက်ချိန်တွင် ဖုန်းအားသွင်းရန် အချိန်မပေးနိုင်ခြင်း မေ့လျော့ခြင်းများဖြစ်တတ်ပါတယ်။ ဖုန်းအား မရှိပါက သင်၏ တစ်နေ့တာအစီအစဉ်များ ပျက်ယွင်းနိုင်ပါတယ်။ BatteryDoc အစရှိတဲ့ app မျိုးကို ဖုန်းတွင်ထည့်ထားပြီး ဖုန်းအားသွင်းပါက ဖုန်း battery သက်တမ်းပိုမိုကြာရှည်စွာ အသုံးပြုခံပါတယ်။
၎။ ဖုန်းပျောက်ဆုံးပါက ပြန်လည်ရှာဖွေရန်နည်းလမ်း။
ဖုန်းပျောက်ဆုံးခြင်းက လွန်စွာဆိုးရွားတဲ့ဖြစ်ရပ်တစ်ခုပါပဲ။ OS ဖုန်း တော်တော်များများ ပျောက်ဆုံးပါက ပြန်ရှာနိုင်ရန် built in service များထည့်သွင်းထားနိုင်ပါတယ်။ ပျောက်ဆုံးချိန်တွင် ပျင်းရိမနေပဲ လျင်မြန်စွာပြန်ရှာသင့်ပါတယ်။ (အင်တာနက် ကောင်းမွန်ရန် လိုအပ်ပါသည်)
၅။ ဖုန်း ပွန်းပဲ့ခြင်းမှ ကာကွယ်နိုင်ရန်။ 
ဖုန်း ကို လက်ထဲမှ လွတ်ကျခြင်းက အမြဲဖြစ်လေ့ရှိကြပါတယ်။ ထိုကဲ့သို့ ထိခိုက်ခြင်းမှ ကာကွယ်နိုင်ရန် scratch protection များထည့်သွင်းသင့်ပါတယ်။ Protectors များတွင် ဈေးနှုန်းချိုသာသော protectors များလည်းရှိပါသည်။ ZAGG invisibleSHIELD နှင့် Armortech ကဲ့သို့သော screen protectors များသည် သင်၏ smartphone မျက်နှာပြင်ကို မတော်တဆထိခိုက်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
(Credit) trend.com.mm
Root Apk များ စုစည်းမှု (No Need PC)
  ဖုန်းတစ်လုံးကို Admin တစ်ယောက်လို လုပ်ကိုင်ချင်တဲ့ သူတွေဟာ Root လုပ်ငန်းစဉ်ကို မဖြစ်နေလုပ်ဆောင်ကြရပါတယ် အရင်တုန်းကတော့ ကွန်ပျူ တာနဲ့ မှ Root ဖောက်လို့ရတာပါအခုကျတော့  ဖုန်းထဲမှာပဲ Root လုပ်နိုင်လာပါတယ်
  အောက်မှာ သားလေ့လာမိတဲ့ ကွန်ပျူ တာမလိုဘဲ ဖုန်းထဲကနေ  root လုပ်လို့ ရနိုင်မယ့် Apk လေးတွေကို ပြန်ရှဲပေးလိုက်ပါတယ်
  1. Baidu Root
  2. KingRoot
  3. Root Master
  4. V Root
  5. Universal Sals Root
  6. Z4 Root
  7. Android Virsion 4.3
  8. Pro Root
အဆင်ပြေပါစေ........  Minokekar (ဘီလူးကျွန်းသားလေး
တင်သမျှပို့စ်တေါကိုလည်းFB ကနေလည်း Like လုပ်ပေးပါဦး လို့
အခက်အခဲတစ်စုံတစ်ရာ ရှိပါက okekarkyawboyfriend@gmail.com သို့  ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ
Huawei G730 မှာ မြန်မာဖောင့်ပြဿနာ
အခက်အခဲဖြစ်နေသူများ အဆင်ပြေစေလိုသော ရည်ရွယ်ချက်သာ ရှိပါတယ်။
==========*******=========
Huawei G730 မှာ မြန်မာဖောင့်က တော်တော်ကို ဒုက္ခပေးပါတယ်။ Font Changer တော်တော်များများနဲ့လည်း အဆင်မပြေပါဘူး။ Huawei G730 MMFont ဆိုတဲ့ font changer တစ်ခုတည်းနဲ့သာ အဆင်ပြေပါတယ်။ (မရှိသေးရင် ဒီမှာ ဒေါင်းပါ။) ဒါတောင် ရာနှုန်းပြည့်မဟုတ်သေးပါဘူး။ သုံးလို့ရတယ်ဆိုတဲ့အနေအထားမျိုးကို ရောက်လာတာပါ။ အပေါ်က font changer ကိုသုံးပြီးတာတောင် တစ်ချို့ မြန်မာ apk တွေမှာ မြန်မာလို မပေါ်သေးပါဘူး။ အခုပြောမယ့် နည်းလမ်းလေးကတော့ မြန်မာလိုမပေါ်တဲ့ apk တွေကို ပေါ်အောင် ပြုပြင်တဲ့နည်းလေးပါ။
လိုအပ်သော ဆော့စ်ဝဲများ
  1. Winrar
  2. Myanmar Font for G730
  3. APK Multi-Tool
လိုအပ်တဲ့ဆော့ဝဲတွေအားလုံးကို အောက်ဆုံးမှာ အရင်ဆုံး ဒေါင်းယူထားပါနော်..
ကဲ စလိုက်ရအောင်......
Step 1. winrar မရှိသေးတဲ့လူတွေအတွက် winrar ကို အရင်ဆုံး install လုပ်ပါ။ ရှိပြီးသားဆိုရင်တော့ ဒီအဆင့်ကို ကျော်လိုက်ပါ။
Step 2. မြန်မာလိုမပေါ်တဲ့ apk ကို Right click >>> Open with >>> WinRar Archiver နဲ့ ဖွင့်လိုက်ပါ။ (ကျွန်တော်က Shwebook dictionary နဲ့ ဥပမာလုပ်ပြထားပါတယ်။ )
assets ဆိုတဲ့ folder ကိုတွေ့ပါမယ်။
double click နဲ့ ဝင်လိုက်ပါ။ fonts ဆိုတာ ထပ်တွေ့ပါမယ်။ ထပ်ဝင်လိုက်ပါ။ အထဲမှာ zawgyi.ttf , zg1.ttf ကဲ့သို့သော ဖောင့်တစ်ခုခု တွေ့ပါမယ်။
သူရေးထားတဲ့ နာမည်ကို သေချာမှတ်ပါ။ ကျွန်တော်တင်ပေးထားတဲ့ ဖောင့်ကို အထဲမှာ ပါတဲ့ဖောင့်နာမည်နဲ့တူအောင် rename လုပ်ပါ။
rename လုပ်ပြီးသားဖောင့်ကို winrar ထဲကို drag ဆွဲထည့်ပါ။ ပြီးရင်တော့ winrar ကို ပိတ်လို့ရပါပြီ။
Step 3. ဒီအဆင့်မှာတော့ ပြင်ပြီးသား apk ကို sign ပြန်လုပ်ရမှာပါ။ APK Multi-tool ကို zip ဖြည်ပါ။
setup.bat ဆိုတဲ့ဖိုင်ကို ဖွင့်လိုက်ပါ။
3 ကို ရိုက်ထည့်ပြီး enter တစ်ချက်ခေါက်ပါ။
ပြီးရင် ကြိုက်တဲ့ key တစ်ခုနှိပ်ပါ။ ပြီးရင်တော့ setup.bat ကို ပိတ်လို့ရပါပြီ။
APK Multi-tool ဆိုတဲ့ folder ထဲမှာ folder အသစ်တွေရောက်နေတာ တွေ့ပါလိမ့်မယ်။ ကျွန်တော်တို့သုံးမှာက place-apk-here-for-signing ဆိုတဲ့ folder ပဲ သုံးပါမယ်။
Step 4. place-apk-here-for-signing ဆိုတဲ့ folder ထဲကို ခုနက ပြုပြင်ပြီးသား apk ကို ကော်ပီကူးထည့်ပါ။
Step 5. script.bat ဖိုင်ကို ဖွင့်ပါ။ ကြိုက်ရာ key တစ်ခုခုနှိပ်ပါ။
18 လို့ ရိုက်ထည့်ပြီး enter ခေါက်ပါ။ Signing .... ဆိုပြီး sign လုပ်ပြီးတာနဲ့ သူ့အလိုလိုပိတ်သွားပါလိမ့်မယ်။ ပြီးသွားရင်တော့ place-apk-here-for-signing ဆိုတဲ့ folder ထဲမှာ sign လုပ်ပြီးသား မြန်မာလိုပေါ်မယ့် apk လေး ရပါပြီ။
========*********========
ကျွန်တော် ပြင်ထားပြီးသား Shwebook dictionary နဲ့ NWCalendar ကိုပါ တလက်စတည်း တင်ပေးလိုက်ပါတယ်။
DOWNLOAD ALL SOFTWARE FOR THIS TRICKS
  credit HEIN MYNN
***JUST SH@RING***
လိုင်းမမိတဲ့ နေရာရောက်က လိုင်းမိအောင်လုပ်နည်း
အားလုံးပဲ မင်္ဂလာပါခင်ဗျာ .....................
 Smart ဖုန်းတေမှာ
လိုင်းဆွဲအား နည်းတဲ့နေရာကို ရောက်သွားရင် intana 
တပ်ပုံလေးပြလိုက်ထှာ ဟိုးအရင်ကလည်း
ပြောဖူးပါဒယ်
လိုင်းမကောင်းတာကို ကောင်းအောင်
လုပ်ပေးနိုင်မှာမဟုတ်ပါဘူး signal
သိပ်မမိတော့တဲ့ အခါ အခုလို တပ်နိုင်အောင်ပါ
အာ့ intana အပေါ်က်ကလေးက
snart phone တိုင်းမှာပါပါတယ်
battery cover ကို ခွါလိုက်တာနဲ့
အာ့ အပေါက်လေးကို ရှာကြည့်လို့ရပါတယ်
တချို့ကျတော့ အတွင်းထဲမှာပဲပါပီး
cover နဲ့ ပိတ်ထားလို့မမြင်ရပါဘူး
တချို့ကျတော့ cover ကို့နေရာမှာ
ဖောက်ပေးထားပါတယ်
အာ့လိုဖောက်ပေးထားရင်
battery covery ကို ချွတ်
Coil ကြိုး အနေတော်လေးကို
အဖျားနားကို ဓါးလေးနဲ့ ချစ်ထုတ်လိုက်
ကော်တေပျက်သွားအောင်ပါ ပီးရင်
Coil လေးကို အာ့ အပေါက်ထဲက ကြေးနီ ပိုက်အလည်ခေါင်ကို
 စိုက်လိုက်ပီ ပြုတ်မထွက်အောင် တိတ်နဲ့ ယာယီထိမ်းထားလိုက် 
ပီးမှ ထို COIL လေးကို BATTERY အဖုန်းနဲ့ ဖိပီး ပိတ်ထားလိုက်ပါ
ဖုန်းရဲ့ အပြင်ဘက် 4လက်မလောက်
ထွက်အောင် အရှည်ကိုထုတ်ထားလိုက်ပါ
Credit To  - >>>>> Htoo Phyo
အဆင်ပြေပါစေ........ 
 Minokekar (ဘီလူးကျွန်းသားလေး)
Facebook Page  က  ဒီၤမွာပါ
တင်သမျှပို့စ်တွေကိုလည်းFB ကနေလည်း Like လုပ်ပေးပါဦး လို့
အခက်အခဲတစ်စုံတစ်ရာ ရှိပါက okekarkyawboyfriend@gmail.com သို့  ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ
မိုဘိုင်းဖုန်းမှာ Appsများကို Organizeပြုလုပ်နည်း ခြောက်နည်း
မိုဘိုင်းဖုန်းမှာ မှတ်စု App ကို ရှာရခက်နေလား? Home Screenတစ်ခုနဲ့ တစ်ခုကူးပြောင်းပြီး Appတွေရှာနေရတာ အချိန်အတော်ကြာနေတယ်ဆိုရင်တော့ Appsတွေကို နေရာချစီမံခန့်ခွဲဖို့ သင် စဉ်းစားသင့်ပါတယ်။ မိုဘိုင်းဖုန်းAppများစွာထွက်ပေါ်နေတဲ့အတွက် ကျွန်တော်တို့ရဲ့ ဖုန်းများမှာလည်း Appများစွာ ထည့်သွင်းအသုံးပြုနေကြပြီး Home Screenများမှာ Appsများ ရှုပ်ပွနေမှာ ဖြစ်ပါတယ်။ App များဟာ လူသားတွေရဲ့ ဘဝကို တိုးတက်ကောင်းမွန်စေဖို့နဲ့ အလုပ်ကိစ္စများ ပိုမိုလွယ်ကူစေဖို့ ဒီဇိုင်းထုတ်လုပ်ပေးထားတာပါ။ ဒါပေမယ့် Appsတွေကို လိုက်ရှာနေရတာကတော့ အချိန်ကုန်ပြီး ဟန်မကျပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ အချိန် ၁၅ မိနစ်လောက်ပဲပေးရတဲ့ အောက်ကနည်းလမ်းတွေကို အသုံးပြုကြည့်ပါ။ အဲဒီနည်းလမ်းတွေထဲကမှ သင်နဲ့ ကိုက်ညီတဲ့ တစ်ခုကို ရွေးချယ်အသုံးပြုပါ။ ဖော်ပြမယ့်နည်းလမ်းခြောက်ခုကတော့၁။ ကြိယာအခြေပြုဖိုဒါများတည်ဆောက်ခြင်း။စမတ်ဖုန်းများမှာ Defaultအားဖြင့် ပါလေ့ရှိတဲ့ Productivity, Reference, Utilitiesစတဲ့ ဖိုဒါများဟာ အသုံးပြုသူအတွက်တော့ နားလည်ရခက်လှပါတယ်။ အဲဒီအစား အသုံးပြုပုံပေါ်မူတည်ပြီး ဖိုဒါများကို နာမည်ပေးသင့်ပါတယ်။ Watch, Play, Learn စသဖြင့် ဖိုဒါများပြုလုပ်ပြီး ဗီဒီယိုကြည့်တဲ့ Apps, သီချင်းနားထောင်တဲ့ Apps, သတင်းဖတ်တဲ့ Appsများကို သက်ဆိုင်ရာ ဖိုဒါထဲမှာ ထည့်ထားသင့်ပါတယ်။ ဒီလိုဖိုဒါများသတ်မှတ်ပြီး Appsများ ကို သိမ်းထားခြင်းဖြင့် ရှာချင်တဲ့ Appကို လျှင်မြန်စွာရှာနိုင်မှာဖြစ်ပါတယ်။verbs_edited
၂။ အရောင်များ သတ်မှတ်ခြင်း။
စမတ်ဖုန်းများမှာ Appများရဲ့ အိုင်ကွန်ကို အရောင်များနဲ့ခွဲခြားထားနိုင်ပါတယ်။ ဒီလိုခွဲခြားထားခြင်းဖြင့် မှတ်မိလွယ်သလို၊ ခွဲခြားလို့လွယ်စေပါတယ်။ သင့်ရဲ့ ဦးနှောက်က အိုင်ကွန်မှာ ရေးထားတဲ့ စာသားများထက် အရောင်များကို ပိုမိုသိလွယ်ပါတယ်။ အရောင်များက ဖုန်းမှာ Appsများရှာဖွေရာမှာ လျှင်မြန်စေမှာပါ။ သင့်ရဲ့ဖုန်းဟာ ရောင်စုံသက်တန့်လို အရောင်များစွာတွေ့မြင်နေရမှာဖြစ်ပေမယ့် အလုပ်ကိစ္စများကို လျှင်မြန်စေမှာဖြစ်ပါတယ်။color-edited
၃။ အက္ခရာများဖြင့် စီစဉ်ခြင်း။
အက္ခရာများနဲ့ စီစဉ်ရတာကို နှစ်သက်သူများအတွက် ဒီနည်းကိုသုံးပါ။ Appsများကို ကိုယ်တိုင် အက္ခရာများနဲ့ စီစဉ်ရမယ့် အစား iPhoneမှာ ပိုမိုလွယ်ကူတဲ့နည်းလမ်းရှိပါတယ်။
• Settings Appကိုဖွင့်ပါ။
• Generalကို နှိပ်ပါ။
• အောက်ကိုဆင်းပြီး Resetကို နှိပ်ပါ။
• Reset Home Screen Layoutကို နှိပ်ပါ။
iPhoneမှာ နဂိုပါတဲ့ Appsများကိုနဂိုနေရာမှာ ပြန်လည်ချထားပေးမှာဖြစ်ပြီး အခြားAppsများကိုတော့ အက္ခရာအလိုက်စီစဉ်ပေးမှာဖြစ်ပါတယ်။
အက္ခရာတူတဲ့ Appsများကို တစ်စုတစ်စည်းထဲထားချင်ရင်တော့ A ဖိုဒါ၊ B ဖိုဒါ စသဖြင့် ပြုလုပ်သိမ်းထားနိုင်ပါတယ်။alphabet-edited
၎။ ဖုန်းကိုင်တွယ်ပုံပေါ်မူတည်ပြီး စီမံခန့်ခွဲပါ။
သင့်ရဲ့ ဖုန်းကိုင်တွယ်ပုံပေါ်မူတည်ပြီး Appsများကို နေရာချထားခြင်းကလည်း Appများကို လျှင်မြန်စွာဖွင့်ဖို့ နည်းလမ်းကောင်းတစ်ခုပါ။ အသုံးပြုလေ့ရှိတဲ့ Appsများကို ဖုန်းရဲ့ ထောင့်နားမှာ ထားသင့်ပါတယ်။ Appsများကို ဖိုဒါများနဲ့ သိမ်းထားရင်တော့ ဒီနည်းလမ်းက မသင့်တော်ပါဘူး။holding-android
၅။ Row အလိုက်စီမံခန့်ခွဲပါ။
ဖိုဒါများကို အသုံးမပြုချင်သူများအတွက် သက်ဆိုင်ရာ Appများကို Rowတစ်ခုထဲမှာထားတဲ့ နည်းလမ်းကို အသုံးပြုနိုင်ပါတယ်။ Rowတစ်ခုကို ကဏ္ဍဍတစ်ခု သတ်မှတ်ပါ။ ဒါဆိုရင် Appဟာ ဘယ် Rowမှာရှိလဲဆိုတာ လျှင်မြန်စွာ ရှာဖွေနိုင်ပါပြီ။
ဥပမာ အားဖြင့် ပထမဆုံး Rowမှာ Calendar, To-Do List, Reminderတို့လို နေ့စဉ်အသုံးပြုလေ့ရှိတဲ့ Appsများကို နေရာချပါ။ ဒုတိယ Rowမှာ စာဖတ်တဲ့ Appsများကို နေရာချပါ။ ကျန်တဲ့ကဏ္ဍဍများကိုလည်း ဒီလိုနေရာချထားနိုင်ပါတယ်။rows-edited
၆။ အသုံးပြုမှုအလိုက် နေရာချပါ။
အသုံးပြုမှုများတဲ့ Appsများကို Home Screenတစ်ခုမှာ နေရာချပါ။ Home Screenကိုလည်း အများဆုံးသုံးခုသာ ထားရှိခြင်းဖြင့် ရှင်းလင်းစေပြီး လွယ်ကူစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုမှုအများဆုံး Appsများကို ပထမဆုံး Home Screenမှာထားပါ။ ကင်မရာလို လျှင်မြန်စွာ အသုံးပြုချင်တဲ့ Appsများကို အဲဒီမှာ ထားသင့်ပါတယ်။
ဒုတိယ Home Screenမှာ ကဏ္ဍဍအလိုက် ဖိုဒါများ ပြုလုပ်ပြီး Appsများ သိမ်းထားနိုင်ပါတယ်။ ဒီနေရာကတော့ အသုံးပြုလေ့သိပ်မရှိတဲ့ Appsများကို စုစည်းထားတာဖြစ်ပါတယ်။
တတိယ Home Screenမှာ အသုံးပြုမှုအနည်းဆုံး Appsများကို နေရာချပါ။ သင့်ကို မျက်စိရှုပ်စေတဲ့ ဂိမ်းတွေ၊ Appတွေကို ဒီနေရာမှာ ထားရှိနိုင်ပါတယ်။edited-homescreen3
 (C) MMICT
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++
++++++++++++++++++++++++++++++++++++++++++++++++++++
အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်
မိမိဖုန်းမှာ virus ရှိမရှိ သိရှိ နိုင် မည့် နည်းလမ်းများ နှင့်  အကြံပြု ချက်
phone သို့ မဟုတ် tablet တွေမှာ virus ကိုက် နေ ပြီ လား ........? အရမ်း ကို ခက် တဲ့ ပြသနာ မဟုတ် တဲ့ အတွက် မိမိ ကိုယ် တိုင် ..အလွယ် တစ်ကူ virus တကယ် ရှိ မရှိ ကို အောက်ပါ အချက် အလက် တွေ ကို လေ့ လာ ပြီး  ဖြေ ရှင်း လို့  ရပါ တယ်။
virus ရှိတဲ့  လက္ခာဏာ များ
======================
  2.  frequent freezing ။မိမိဖုန်းကို အသုံးပြု နေ စဉ် ရုတ်တရက် hang ပြီး တစ်ခါတစ်လေမှာ restart ပြန်ချပေးရခြင်း။restart ချ ပေး တာ တောင် power ပိတ်မရ တဲ့ အတွက် battery ထုတ်ပြစ်ရခြင်း။
  3. switching of Automatically ။ တစ်နေ့ မှာ ( ၃-၄ ကြိမ် )မိမိ ဖုန်းဟာ အလိုအလျောက် ဖုန်းပိတ် ပိတ် သွားခြင်း။
  4. Restarting ။ တစ်ခါ တစ်ရံ မှာ မိမိ ဖုန်းဟာ ပိတ် ရမဲ့ အစား အလိုအလျောက် restart ကျသွားခြင်း
  5. no booting properties ။ တစ်ခါတစ်ရံ virus ဝင်ရောက်မှူ့ ကြောင့်  boot တက် မလာ တော့ ပဲ blank screen နှင့်  ဖုန်းအသုံးပြု ဖို့ အဆင်မပြေခြင်း။
  6. failure of some application ။တစ်ချို့ သော application များကောင်းစွာ အလုပ် မလုပ် တော့ ခြင်း။
အထက်ပါ ဖော်ပြ ချက် တွေ နဲ့  ကိုက်ညီမှူ့ ရှိ နေပြီဆိုရင်တော့ သင့် အနေ နဲ့  မိမိ ဖုန်းမှ virus ကို ကိုယ် တိုင် ကိုယ် ကျ ရှင်းလင်းသုတ်သင် ဖို့ လို အပ် လာပါပြီ။
သင့် ဖုန်းက virus ကို သုတ်သင် ဖို့ အတွက် အကြံပြုချက်
======================================
  1. virus ကို MMC Card ထဲအထိ အမှန်တကယ်သတ်ပေးနိုင်တဲ့  apk တစ်ခုခု  ကို insall လုပ်ပြီးအသုံးပြု ကြည့် ပါ။
  2. မိမိတို့ ဖုန်းကို virus သတ်လို့ အဆင်မပြေ နိုင်တော့ ဘူး ဆို ရင် menu >setting ကနေ reset ချ ပြီး orginial ဖြစ်အောင် ကြိုးစားကြည့် ပါ။
  3. တကယ်လို့  rest ပြန် လုပ် ဖို့ အခက် အခဲ ရှိနေ သေးတယ်ဆို ရင် (*2767*3855# ) ကိုရိုက်ပြီးphone memory (internal memory ) ကို formart ချပြီးအသုံးပြု နိုင်ပါတယ်။
အထက်ပါအချက် တွေနဲ့ ဖြေ ရှင်းလို့ အဆင်မပြေ တော့ ဘူးဆို ရင် ဖုန်းကို flashing လုပ်ပြီး အကောင်းပကတိ လုပ်ဆောင် နိုင် တယ်ဆို တဲ့ အကြောင်း အကြံပြု တင်ပြပါရစေ။
အသစ်တင်တိုင်း facebook ကနေ ဖတ်မယ်ဆို ရင် ဒီမှာ like လုပ်ပေးထားပါ။
စိုင်းသူ ( နည်းပညာပြန်လည်မျှဝေခြင်း )
www.saithu102.blogspot.com
ကွန်ပျူတာအဘိဓါန်
အားလုံးပဲ မင်္ဂလာပါခင်ဗျာ .....................
ဒါကတော့ အဘိဓါန်လေးပါ ဘာလဲဆိုတော့ 
ကွန်ပျူတာအသုံးပြုသူတွေအတွက် ကွန်ပျူတာဝေါဟာရ
 လေးတွေကို နားလည်အောင်  ကိုယ်သိချင်တဲ့ 
ကွန်ပျူတာနဲ့ပတ်သက်တဲ့ စကားလုံးတွေကို မေးလို့
ရနိုင်မှာဖြစ်ပါတယ်အရမ်းအသုံးဝင်တဲဆော့ဝဲ 
လးပါ ကွန်ပျူတာအဘိဓါန်လို့ အမည်ပေးထားပါတယ်
Download : (380)KB
Solidfiles
Zippyshare
Speedshare 
အဆင်ပြေပါစေ........ 
 Minokekar (ဘီလူးကျွန်းသားလေး)
Download အဆင်မပြေရင်ပြောပါ 
အဆင်ပြေအောင် အတတ်နိုင်ဆုံးကြိုးစားပေးပါ့မယ်
Huawei G730 အတွက် မြန်မာ Font Installer V2
Huawei G730 ဖုန်းများတွင် မြန်မာစာ နှင့် အင်္ဂလိပ်စာတွဲရိုက်၍မရချင်း
Message ပို့ရာတွင်စာများမပေါ်ချင်း
Viber Message တွင်စာများမပေါ်ချင်းများအတွက်အသုံးပြုနိုင်ပါသည်။
Special Thank Ko Nay Shein Oo မိုးကုတ် သား
ref - MOF
http://d-h.st/PTh
ref:Ye Lin Aung Kse
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++
++++++++++++++++++++++++++++++++++++++++++++++++++++
အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်
Facebook အသုံးပြုသူများအတွက် လိုက်နာရမည့် လူ့စည်းကမ်းများ
  Facebook အသုံးပြုရာမှ လိုက်နာရမည့် လူ့စည်းကမ်းများစွာရှိပါတယ်ခင်ဗျာ 
တစ်ချို့ တွေက မသိပါဘူး ကိုယ်ရေးချင်တာ ရေးတင်လိုက်တယ် ၊ ကိုယ့် Chat Box မှာ လာပြီး မေးတာတွေကို ဟာသလုပ်ပြီး TimeLine ပေါ်ကောက်တင်ပြီး ဟာသလုပ်တတ်တဲ့ သူတွေအတွက် ရည်ရွယ်ပါတယ်ခင်ဗျာ.....စည်းကမ်းလေးတွေ သိထားစေချင်ရုံသက်သက်ပါ
Download : (923)KB Solidfiles Zippyshare
Speedshare 
အဆင်ပြေပါစေ........  Minokekar (ဘီလူးကျွန်းသားလေး)
တင်သမျှပို့စ်တေါကိုလည်းFB ကနေလည်း Like လုပ်ပေးပါဦး လို့
အခက်အခဲတစ်စုံတစ်ရာ ရှိပါက okekarkyawboyfriend@gmail.com သို့  ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ
Monday, June 23, 2014
ATM ကဒ်ဖြင့် ငွေထုတ်ယူနည်း
ယနေ့ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်အမြောက်အများကို နိုင်ငံတော်မှ လုပ်ကိုင်ခွင့် ချထားပေး ပြီးနောက်ပိုင်း တွင်ကျယ်လာသော
ငွေကြေး ပိုင်းဆိုင်ရာ ၀န်ဆောင်မူကို သူသူ ငါငါ အပြိုင် အဆိုင်လုပ်ကိုင်လာကြရာတွင် ATM ကဒ်သည် တစ်ခုအပါအ၀င် ဖြစ်သည်။
မိမိအပါအ၀င် နှစ်ပေါင်းများစွာ အဆိုပါ ကဒ်သုံးငွေကြေးထုတ်ယူမူ စနစ်များဖြင့် အတော့်ကို အလှမ်းကွာဝေးခဲ့ရပါတယ်။ ထို့ကြောင့်
စာဖတ်သူ မိဘပြည်သူအများ ရင်းနှီးကျွမ်းဝင်စေရန်
ရည်ရွယ်ကာ ပြန်လည်ဝေမျှပေးလိုက်ပါတယ်။
(၁) ပထမဦး ဆုံး ( Welcome Screen )ကြိုဆိုပါ၏ စာသားကိုမြင်ရသော အခါတွင် ကဒ်ကိုထည့်သွင်းရန်ပြထားပါမ
ည်။
(၂) မိမိ၏ ကဒ်တွင်ပါရှိသော မြှားပုံပါအတိုင်း ထည့်သွင်းရမည်။
(၃) အင်္ဂလိပ် / မြန်မာ နှစ်ဘာသာ အနက် ကြိုက်နှစ်သက်ရာကို ရွေးချယ်ပါ။
(၄) ဘာသာစကား ရွေးပြီးပါက ( Personal Identification Number - PIN NO )ရိုက်ထည့်ပါ။
(၅) PIN NO ရိုက်ထည့်ပြီးပါက ခေတ္တစောင့်ဆိုင်းရ ပါမည်။
ထို့နောက် မိမိလုပ်ဆောင်လိုသော လုပ်ငန်းကို ရွေးချယ်ပေး ရပါမည်။
(က) ငွေထုတ်ယူလိုပါက ( ငွေထုတ်ယူမည်) ကိုရွေးချယ်ပေးပါ။
(ခ) ငွေလက်ကျန်သိလိုပါက ( ငွေလက်ကျန်ကြည့်ရူမည် ) ကိုရွေးပေးပါ။
(ဂ) ငွေလွှဲပြောင်း မည်ဆိုပါက ( ငွေလွှဲပြောင်းမည် ) ကိုရွေးပေးရမည်။
(ဃ) မိမိကဒ်၏ PIN NO ပြောင်းလိုပါက ( PIN နံပါတ် ပြောင်းမည် ) ကိုရွေးပေးရမည်။
(င) မိမိကဒ်၏ အကြောင်းအချက်အလက်ကို သိလိုပါက ( Mini Statement ) ကိုရွေးလိုက်ပါ။
(၆) ငွေထုတ်ယူ မည်ကိုရွေးချယ် ခဲ့သည်ဖြစ်ပါက ဘဏ်မှ သတ်မှတ်ထားသော ငွေပမာဏ ဥပမာ။ ။ ၅၀၀၀ ၊ ၁၀၀၀၀၊ ၃၀၀၀၀... စသည့်ဖြင့် ရွေးလိုက်နိုင်သလိုမိမိ စိတ်ကြိုက်ရွေးချယ်လိုပါက ( အခြား)
ဟူသော စာသားကို ရွေးပြီး မိမိထုတ်ယူလိုသော ပမာဏကို ရိုက်ထည့်နိုင်
ပါသည်။
(၇) မိမိထုတ်ယူလိုသော ငွေသားပမာဏကို ရွေးပြီးပါက ခေတ္တစောင့်ဆိုင်း ရမှာဖြစ်ကာ များမကြာမှိ သင့်ငွေသားများ စက်အတွင်းမှ ထုတ်ပေးပါ လိမ့်မယ်။
(၈) ငွေသားလက်ခံ ပြေစာကို ရယူလိုပါက ( သဘောတူပါသည်) ကိုရွေးပေး လိုက်ခြင်းဖြင့် စလစ်ကလေးတစ်ခု ထုတ်ပေးပါလိမ့်မည်။
(၉) အခြား သောဝန်ဆောင်မူများကိုဆက်လက် လုပ်ဆောင်ခြင်း မပြုလုပ်လို တော့ပါက (မပြုလုပ်ပါ) ကိုရွေးချယ် လိုက်ပါ။ ထို့နောက် သင့်၏ ATM ကဒ်ထွက်လာ ပါလိမ့်မည်။
သတိပြုရန်အချက်။ ။ ( မိမိကဒ် အားသတ်မှတ်ထားသော (၁) မိနစ် အတွင်း မထုတ်ယူမိပါက စက်မှ အလိုအလျေက် ကဒ်ကို သိမ်းယူသွားမှာ ဖြစ်တဲ့ အတွက် သတိပြုစေခြင်ပါသည်။ )
အထက်ပါ လုပ်ဆောင်မူများသည် CB Bank ATM ကဒ် စနစ်သုံးပြုခဲ့ခြင်း ဖြစ်ကာ အခြားသော ဘဏ်များ၏ လုပ်ဆောင်မူများမှာလည်း အလားတူ ဖြစ်ကာ ထင်သာမြင်သာလောက်အောင် ခြားနားမူ သိပ်မရှိကြာင်း သတင်းပေးလိုက်ပါတယ်။
Hau Sian Siam (MM Social Sky )
Sunday, June 22, 2014
09-Mobile Wireless Network နည်းပညာ