Pages

Translate

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Sunday, April 27, 2014

Nokia N9 Myanmar Font & Myanmar Keyboard



အရင်ဆုံး Nokia account တော့ ရှိရမည် ပြီးရင် N9 ထဲမှာ ပါတဲ့ Store ထဲက Fontmanager - Mesinput ဆိုတာလေးကိုဒေါင်းပေးပါ



နောက်တစ်ဆင့်

ဒီ ဖောင့်လေးကို ဒေါင်းပေးပါနော် ## DroidSansFallback.tft ## ဒေါင်းလိုရလာတဲ့်Font ကို Phone ထဲထည့်ပါ ပြီးရင် စောနက ဆွဲလိုရတဲ့ fontmanager ဖွင့်ပါ ဘယ်ဘက်ဘေးက ( + ) လေးကို နှိပ်ပေးပါ MyDous > DroidSansFallback.tft ကိုရွေးပေးပါ နောက်တစ်ဆင့်ရောက်တာနဲ အကုန်လုံးကို အမှန်ခြစ်ပြီး install လုပ်ပေးပါ  ကယ် မြန်မာဖောင့်တော့ပြီးစီးပါပြီ

Keyboard လေး ထည့်ရအောင်

စောနက ဆွဲလိုရတဲ့ Mesinput ကိုဖွင့်ပါ Popular keyboards > Myanmar Zawgyi ဆိုတာကို install Keyboard တစ်ချက်နှိပ်လိုက်ပါ အစအဆုံးပြန်ထွက်ပါ setting > Time and language > Text input ဆိုတဲ့ နေရာမှာ မြန်မာ Keyboard လေးရောက်နေပါပြိ message box ကိုသွားပြီး စမ်းသပ်နိုင်ပါပြီ

MyanmarKeyboard သုံးချင်တယ်ဆိုရင်တော့ ဘေးတိုက်ပွတ်ဆွဲတာနဲတင် Myanmar Keyboard စတင် အသုံးပြုနိုင်ပါပြီ

Ko Ye
MOBILE KNOWLEDGE

Y535-C00 Root & MM Font installer Version 1.0


Ref & Edited From – Super Ko Kyaw Blog
အရင်ဆုံး Y535 ကို Root ရအောင် ဖန်တီးခဲ့သော Developer DuWon Mobile က နိုင်လင်း ကိုလည်း Credit ပေးပါတယ် ……
Font ကတော့ Font Developer ကိုကျော်စွာသွင် Font ကို သုံးထားပါတယ်…..

Keyboard ကတော့ ကိုဟန်ဇော်ဦး ရဲ့keyboard ကိုသုံးထားပါတယ်
ဒီ Tool ကိုမူရင်းပေါင်းစပ်ဖန်တီးသူကတော့ စူပါကိုကျော်ဖြစ်ပါတယ်….
ကျနော်ကတတ်သလောက်မှတ်လောက်နဲ့ပြန်ပြင်ရေးထားတာမို့ အမှားပါရင်လည်းခွင့်လွှတ်ပါလို့ ……..

ဒီ Tool လေးကိုပြန်လည်ဖန်တီးနိုင်အောင်ညွှန်ကြားပေးတာကတော့MMSDကကိုဖြိုးချမ်းဖြစ်ပါတယ်ဗျာ…
သက်ဆိုင်သူအားလုံးကိုကျေးဇူးလည်းတင်ပါတယ်…။ Credit လည်းပေးပါတယ်..။
ဒီမှာဒေါင်းပါ

Dev-Host

Mediafire
Pass- pyinmanathar
အသုံးပြုနည်းကတော့ phone ကို Usb debugging & Unkown Sources ရယ်ကို on ပြီးတော့ ….
PC နဲ့ချိတ် Y535 Root Myanmar Font.bat ဖိုင် လေးကို run ပြီး Enter ခေါက် ပေးလိုက်ယုံပါဘဲ……

ပထမ reboot တခါကျပါလိမ့်မယ် ….


reboot တက်လာတဲ့အထိ Phone ကိုကြိုးမဖြုတ်ဘဲစောင့်ပေးပါ သူ့ဘာသူအလုပ်လုပ်သွားပါလိမ့်မယ်

 
ခဏထပ်စောင့်လိုက်ပါ reboot ကျပြီး တက်လာလျှင် အဆင်ပြေသွားပါပြီ………….


အဆင်ပြေကြပါစေ …….
ဒီ Tool ကိုသုံးတဲ့အခါမှာ ADB Error တက်တတ်ပါတယ်….
ဒါ့ကြောင့် ADB Error ရှင်းဖို့အတွက် ကိုစိုးထွန်းဦး ဖန်တီးထားတဲ့ ADB Cleaner နဲ့သာဆော်လိုက်ရတယ်
Download
ADB Cleaner By Soe Htun Oo Download Here

Hacking နှင့်ပတ်သက်သမျှ အင်္ဂလိပ်-မြန်မာ EBook ၄၅ အုပ်ကျော်စုစည်းမှု



 Hacking, Cracking, Wifi Network
ပိုင်း လေ့လာလိုသူများအတွက် တန်ဖိုးရှိတဲ့ မှတ်စုများ၊ ebook များ
စုစည်းပေးထား တာဖြစ်ပါတယ်.. hack ဖို့ စိတ်မ၀င်စားသည့်တိုင် hacking
ဆိုင်ရာ ဗဟုသုတများ ရရှိပြီး ကိုယ်တိုင်လည်း hacker များရန်မှ ကင်းဝေးအောင်
ရှောင်ရှားနိုင်မှာဖြစ်ပါတယ်.. keylogger, phishing အကြောင်း၊ botnet
အကြောင်း၊ backtrack အကြောင်း၊ wifi အကြောင်းများ အပြင် ....






  • Facebook hack ခံ ရခြင်းမှ ဘယ်လိုကာကွယ်မလဲ




  • facebook လော့ကျလျှင်ပြန်ယူနည်း




  • GMAIL မှားယွင်းဖျက်မိသောcontact များကိုပြန်လည်ရယူခြင်း




  • Hacker တွေ ပြုလုပ်လေ့ရှိတဲ့ နည်းလမ်းများ




  • IP address သိရင် ဘယ်လို hack လို့ရနိုင်သလဲ




  • Wifi မှန်သမျှ လွယ်လွယ်ဟက်မယ်.... စသည်နှင့် အခြားစာအုပ်ပေါင်းများစွာ.. ပါဝင်ပါတယ်..
     
  •     အောက်ကအဆင်ပြေရာလင့်မှာ ဒေါင်းယူနိုင်ပါတယ်..\



    or
    Credit to: Frozen

    Telenor ဆင်းမ်ကတ် အသုံးပြုသူများ၏ အချက်အလက်များကို နိုင်ငံတကာ စံနှုန်းနှင့်အညီ ကာကွယ်ပေးမည်


    အဲဒီဟာက စာချုပ်ထဲမှာလည်း ပါပြီးသားပါ။ Telenor အသုံးပြုသူ တွေရဲ့ အချက် အလက်တွေ တောင်းခံလာရင် သက်ဆိုင်ရာ တရားရုံးကနေ ချမှတ်ထားတဲ့ ဒီအချက်နဲ့ ပတ်သက်ပြီး သိချင်ပါတယ်ဆိုတဲ့ ကိုယ်စားလှယ် ပဲဖြစ်ဖြစ်၊ စာနဲ့ပဲဖြစ်ဖြစ် လာပြီးတောင်းတော့ မှသာ Telenor အနေနဲ့ ဒီအချက်အလက် တွေကို ပေးမှာပါ ဟု Telenor (မြန်မာ)မှ အမှု ဆောင်အရာရှိ Mr.Petter Furberg က ပြောသည်။

    Telenor မြန်မာအနေဖြင့် မြန်မာနိုင်ငံတွင် သာမက အခြားနိုင်ငံများတွင်လည်း ယင်း ကဲ့သို့ပင် တရားရုံးမှ တရားဝင် တောင်းခံသည့် စာပါမှသာ အချက်အလက်များ အားပေးပြီး နိုင်ငံတကာတွင်လည်း ယင်းကဲ့သို့ ကျင့်သုံး ကြောင်း ၎င်း က ပြောသည်။

    လက်ရှိ အချိန်တွင် မြန်မာ့ ဆက်သွယ် ရေးလုပ်ငန်းမှ အော်ပရေတာလိုင်စင်
    ရရှိရန် ကြိုးစားနေသကဲ့သို့ ရတနာ ပုံတယ်လီပို့ အများပိုင် ကုမ္ပဏီများကလည်း အော်ပရေတာ လိုင်စင် ရရှိရန် ဆောင်ရွက် လျက်ရှိသည်။

    မကြာမီ ကာလတွင် မြန်မာ့ ဆက်သွယ်ရေး ၀န်ဆောင် မှုကဏ္ဍတွင် အော်ပရေတာလေးခုအထိ ရှိ လာမည်ဖြစ်ကာ အပြိုင်အဆိုင် ၀န်ဆောင်မှု များပေးလာနိုင်တော့မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

    နိုင်ငံတော်က ချမှတ်တဲ့ မူဝါဒ တွေမှာ ကျွန်တော်တို့နဲ့ သက်ဆိုင်တဲ့ လုပ်ငန်းနဲ့ ဆိုင် တဲ့ဟာတွေမှာ ဆက်ပြီး ညွှန်ကြားမယ်၊ ကြပ်မတ်မယ်။ သုံးစွဲ သူတွေကို နစ်နာမှု မရှိအောင် ကာကွယ်ပေးဖို့က ၀န်ကြီးဌာနရဲ့ အဓိက တာ ၀န်ပါ ဟု မြန်မာ့ဆက်သွယ်ရေး သတင်း အချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောသည်။

    လက်ရှိအချိန်တွင် မြန်မာ့ ဆက်သွယ်ရေး ၀န်ဆောင်မှုများနှင့် ပတ်သက်၍ မြန်မာ့ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်း၊ ရတနာပုံတယ်လီပို့ တို့အပြင် ပြည်ပ ကုမ္ပဏီများဖြစ် သော Telenor နှင့် Ooredoo တို့မှ ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ရရှိ ထားပြီး ၀န်ဆောင်မှု ပေးနိုင်ရန် ကြိုတင်ပြင် ဆင်မှုများ ပြုလုပ်နေကြောင်း မြန်မာ့ ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်း ပညာဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

    The Messenger Journal

    စက်ရုပ်တွေနဲ့ သေနတ်ပစ်ခတ်ရမယ့်ဂိမ်း - Neon Shadow v1.33 APK

    Neon Shadow - screenshot

    ဂြိုလ်သားတွေလိုလိုစက်ရုပ်တွေလိုလိုအကောင်တွေနဲ့ တိုက်ခိုက်ရမယ့် Game လေးဖြစ်ပါတယ်။ လက်နက် အဆန်းပြားတွေနဲ့ ထူးထူးဆန်းဆန်းအခန်းတွေထဲမှာ ပစ်ခက်ရတဲ့ Game ဖြစ်ပါတယ်။ ကျွန်တော်က Game ကစားရတာသိပ်ပြီးဝါသနာမပါလို့လားမသိဘူး စမ်းပြီးကစားကြည့်တာ ခဏခဏ ရှုံးနေတယ်ဗျာ။ အဲဒီတော့ အခု Game ကိုသေချာလေးမရှင်းပြနိုင်တာနားလည်ပေးပါနော်။ သေချာတာတစ်ခုကတော့ ရုပ်ထွက်နဲ့ အသံကတော့ ရှယ်ဘဲဗျာ။ တော်တော်လေးမိုက်တယ်။ Data ပါလိုတယ်ဆိုတော့ Install လုပ်ပုံက ထုံးစံအ တိုင်းပါဘဲ APK ကိုအရင်ဆုံး Install လုပ်ပြီး Download ဆွဲလို့ရလာတဲ့ Folder ကို Copy ကူးယူပြီး SD Card/Android/Obb Folder ထဲကို Paste လုပ်ပြီး ကစားနိုင်ပါပြီဗျာ။ Obb Folder မရှိပါက Folder အသစ်လုပ်ပြီးကစားနိုင်ပါတယ်ဗျာ။  Android OS 2.2 နှင့်အထက်ဖုန်းများမှာကစားနိုင်မှာဖြစ်ပါတယ်ဗျာ။

    Neon Shadow - screenshot

    Neon Shadow - screenshot

    Neon Shadow - screenshot

    Neon Shadow - screenshot


    **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
    **  Step-2. "5sec". လောက်စောင့်ပေးပါ။

    **  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
    **  Step-4. Download Link ကျလာပါလိမ့်မယ်။
    **  အဆင်ပြေပါစေဗျာ။

    မိမိ Account အဟက် မခံရအောင် ကြိုတင်ကာကွယ်နည်း

    ခုတလော facebook အကောင့်တွေ gmail တွေ အဟက်ခံရတာကို ခဏခဏ ကြားနေရပါတယ်။ နည်းပညာဗဟုသုတအားနည်းလို့ အဟက်ခံရသလို ပညာရှိသတိဖြစ်ခဲလို့လဲ အဟက်ခံနေကြရခြင်းပါ။ မမိုးသိသလောက် မမိုးအကောင့်ကို ဘယ်လိုကာကွယ်ထားလဲ ဆိုတာလေး နည်းပညာအားနည်းသူများအတွက် ပြန်လည်မျှဝေပေးပါတယ်။ နှစ်သစ်မှာ မိမိ account လေးများကို မိမိကိုယ်တိုင်ကာကွယ်နိုင်မယ်လို့ မျှော်လင့်ပါတယ်ရှင်။


    Hacker တွေ account တွေကို ဘယ်လိုနည်းလမ်းတွေ သုံးပြီး hack နေကြလဲ ?  


    လေ့လာမိသလောက်လေးပါ၊ Hacking နဲ့ ပတ်သက်တဲ့ Hack နည်းတွေ ဒါပဲရှိတာမဟုတ်ဘူးနော်။ လတ်တလော ကြုံနေရတဲ့ Hack နည်းတွေကို ရှောင်ရှားနိုင်ဖို့ပါ။ account များ ပေါပါတယ်၊ အလကားရနေတာပဲလို့ မမှတ်နဲ့နော်၊ ကိုယ့်အကောင့် ကိုယ်သုံးလာတဲ့ အချိန်ပေါ် မူတည်ပြီး ကိုယ့်ရဲ့ personal တွေ အများကြီးရှိနေတယ်ဆိုတာ မမေ့ပါနဲ့။ အဟက်ခံရပြီးမှ ပြန်လိုက်ရတာထက် ကြိုပြီး ကာကွယ်နိုင်တော့ မမှားဘူးပေါ့။

    ခုတလော ဟက်ကာတွေ ဟက်နေတဲ့ နည်းလမ်းတွေကတော့

    1. Phishing

    2. Keylogger

    3. Add ons စတာတွေကို အဓိကသုံးပြီး Hack နေကြတာပါ။

    4. trusted contacts ဒါကတော့ ခုမှ စပြီးသုံးနေတယ်လို့ ထင်ပါတယ်။ အရင်ကသိပ်မကြားဖူးလို့ပါ။

    1. Phishing 

         Phishing ဆိုတာ Facebook, Gmail စတာတွေရဲ့ Home Page အတုတွေပါ။ Phishing တွေကို ဘယ်ကနေ တွေ့နိုင်လဲ? လွယ်ပါတယ် Hack မယ့်သူက မျှားထားတဲ့ page အတုတွေပါ။ link လေး တခုချထားပေးမယ်၊ အဲဒီ link ကို click လိုက်တာနဲ့ Facebook Log in page, Gmail Log in page လေး ကျလာမှာပါ။ ဒါကို ကိုယ်က နည်းပညာပိုင်းဆိုင်ရာ အားနည်းတော့ မသိပဲ email နဲ့ password ကို ရိုက်ပြီး ၀င်လိုက်တာနဲ့ Hacker ရဲ့ ထောင်ချောက်ထဲရောက်ပြီး ကိုယ့်ရဲ့ gmail နဲ့ facebook account တွေ Hacker ရဲ့ Hosting လို့ခေါ်တဲ့ online ပေါ်က နေရာလေး တခုမှာ ရောက်သွားပါတယ်။

     ဒါဆို ကိုယ့်ရဲ့ အကောင့်က Hacker ရဲ့ ပိုင်ဆိုင်မှုကို ခံရပြီပေါ့။ ဒီအကောင့်ကို ပြန်ပြီး လိုက်လို့မရနိုင်ဘူးလား ဆိုတော့ အချိန်ပေးပြီး နည်းပညာသုံးပြီး ပြန်လိုက်မယ်ဆိုရင် ရလဲ ရနိုင်သလို မိမိအကောင့်က Hacker ရဲ့ ကျွမ်းကျင်မှုပေါ်မူတည်ပြီး ချယ်လှယ်တာခံလိုက်ရရင်တော့ အခြေအနေတမျိုးဖြစ်သွားမှာပေါ့။ ဒါကြောင့် ဒီစာပိုဒ်လေးကို ဖတ်ပြီးရင် မိမိနဲ့ မရင်းနှီးတဲ့ သူ ပေးတဲ့ မည်သည့် link ကိုမှ Click မနှိပ်မိပါစေနဲ့။ Link ကို နှိပ်လိုက်ရင် Email and Password တောင်းပြီဆိုရင် ပိတ်လိုက်ပါ။ လုံးဝ မရိုက်ထည့်လိုက်ပါနဲ့။ ဒါဆို Phishing နဲ့ hack ခြင်းကို ကာကွယ်နိုင်ပြီပေါ့။

    2. Keylogger

         ပထမဆုံး Keylogger အကြောင်းပြောပြမယ်။ Keylogger ဆိုတာ ကိုယ့်ရဲ့စက်ထဲမှာ ကိုယ် မမြင်ရပဲ အနောက်မှာ run နေပြီး ကိုယ့်ရဲ့ အချက်အလက်တွေကို Keylogger ရဲ့ ပိုင်ရှင်ရဲ့ email ဆီသို့ အဆက်မပြတ် ပေးပို့နေသော ထောက်လှမ်း ဆော့ဝဲတမျိုးပါ။ Keylogger အမျိုးအစားတွေမှာ keylogger ၀င်နေတဲ့စက်မှာ အချိန်ကိုက် screen shoot ဓာတ်ပုံရိုက်သွားတဲ့ keylogger (ဒီ keylogger လေး ကို အသုံးပြုနေတဲ့ user မှ လုံးဝမသိနိုင်ဘဲ keylogger software သွင်းထားသူသာ ကိုယ်ပိုင် password ဖြင့် ၀င်ရောက် ကြည့်ရှုနိုင်ပြီး အကျိုးပြုတဲ့ keylogger ဆိုလဲ မမှားပါဘူး၊ ဘာကြောင့် အကျိုးပြုလဲဆိုတော့ မိဘတွေ ကိုယ့်သားသမီးတွေ Internet ကို ဘာတွေအတွက် သုံးနေကြလဲ? မကြည့်သင့်တာတွေ ကြည့်နေလား? မသုံးသင့်တာတွေ သုံးနေလား? စသည်ဖြင့် သိစေတဲ့အတွက် အကျိုးပြု keylogger လို့ မမိုးနာမည်ပေးထားတာပါ။ နောက်တခု အကျိုးမဲ့ keylogger။ ဒါကတော့ hacker တွေရဲ့ လက်စွဲပါ။

      keylogger တခုကို software သုံးပြီး ကိုယ်တိုင်ဖန်တီးလို့ရနိုင်သလို online ပေါ်ကရနိုင်တဲ့ keylogger တွေ အများကြီးမို့ hacker တွေအတွက် အလွယ်တကူ အသုံးပြုနေတဲ့ နည်းတခုပါ။ ဒီထက် အဆင့်မြင့်တဲ့ programming language တွေနဲ့ အဆင့်မြင့်မြင့်ရေးလို့ ရပါသေးတယ်။ ကဲဒါတော့ ထားလိုက်ပါတော့။ Hacker တွေ user တွေရဲ့ စက်ထဲကို keylogger ကို ဘယ်လိုထည့်လဲဆိုတာ နည်းနည်းပြောပြမယ်နော်။ user တွေ စိတ်ဝင်စားတဲ့ photo, ebooks, video,... စတာတွေမှာ ကပ်ပြီး user တွေဆီ ချပေးပါတယ် ဒါကို မသိပဲ download လုပ်မိပြီး double click နှိပ်လိုက်တာနဲ့ ကိုယ့်ရဲ့စက်ထဲမှာ သကောင့်သားက မွှေတော့တာပဲ၊ ပြီးရင် သူ့သခင်ဆီကို အချက်အလက်တွေ အဆက်မပြတ် ပို့တော့တာပေါ့။ key ရိုက်သမျှ အားလုံး ချိတ်ဆက်ထားတဲ့ keylogger ပိုင်ရှင်ရဲ့ email ကို data တွေ ပို့ပါတယ်။ ဒီနည်းလမ်းနဲ့ user ရဲ့ အကောင့်၊ password ကို hacker တွေ ရရှိရတာပါ။

    Keylogger ပိုင်ရှင်တွေ ဘယ်လို အရာတွေကို keylogger မြှုတ်တတ်သလဲ? အရိုးရှင်းဆုံးပါ၊ လူအများ စိတ်ဝင်စားနိုင်တဲ့ လတ်တလော ဖြစ်ပျက်နေတဲ့ photo, video တွေကို အသုံးချတတ်ပါတယ်၊ ဥပမာ - မလေးရှားလေယာဉ်နဲ့ ပတ်သက်တဲ့ video file လေးပါ၊ သတင်းကို စိတ်ချရတဲ့ သတင်းဌာနတွေကပဲ ဖတ်သင့်ပါတယ်video ကိုလဲ သတင်းဌာနတွေကပဲ တိုက်ရိုက် ကြည့်သင့်ပါတယ်။ နောက်တခု sexy နဲ့ ပတ်သက်တဲ့ ဓာတ်ပုံတွေ video တွေကို ရှောင်သင့်ပါတယ်။ ဒါတွေက hacker တွေရဲ့ ထောင်ချောက်တွေဆိုတာ မမေ့ပါနဲ့။

    မမိုးကြုံဖူးတာလေး တခုကို ဗဟုသုတအနေနဲ့ ပြောပြချင်ပါတယ်။ ebooks တအုပ်ကို ဒေါင်းဖို့ ဖွင့်လိုက်တာ လေးထောင့်တွေပဲ တွေ့ရတယ် ကိုယ့်ရဲ့ အကျင့်ကလဲ ကိုယ်ယုံကြည်တဲ့သူမဟုတ်ရင် အဲစာအုပ်ကို အရင် သေချာ စစ်တတ်တယ်။ လေးထောင့်တွေဆိုတော့ မသင်္ကာလို့ save လုပ်ပြီး notepad ထဲပြောင်းကူးတော့ script တွေနဲ့ ရေးထားတဲ့ keylogger တမျက်နှာ တိတိတွေ့ခဲ့ရပါတယ်။ ဒါကတော့ ဗဟုသုတအဖြစ်ပြောတာနော်။

    keylogger စစ်ဖို့ မမိုးကတော့ စက်ထဲမှာ MSE (Microsoft Security Essential) နဲ့ Malwarebytes ၂မျိုးနဲ့ အမြဲတမ်း စစ်ဖြစ်ပါတယ်။ ကိုယ့်ရဲ့ စက်ထဲမှာ keylogger ရှိပြီလို့ ထင်ရင် windows ချလိုက်တာ အကောင်းဆုံးပါပဲ။ တခုတော့ သတိပေးချင်တယ် ကိုယ်ကတော့ ဒါတွေကို ရှောင်ပေမယ့် ကိုယ့်စက်မှာ မျှယူသုံးစွဲသူက မရှောင်ရင်လဲ hacker ရဲ့ ထောင်ချောက်ထဲ သက်ဆင်းရမှာမို့ အကောင်းဆုံး အကြံပေးချင်တာကတော့ computer တလုံးကို ၁ယောက်ထဲ သုံးစေချင်တယ်။

     ဒါမှမဟုတ် မျှဝေသုံးစွဲသူကို ဗဟုသုတလေးတွေ ပြောပြထားသင့်တယ်။ နောက်တနည်းက ကိုယ့်ရဲ့ password ကို keyboard ကနေ ရိုက်မ၀င်ပဲ windows မှာ ပါတဲ့ on screen keyboard မှ ၀င်သည်ဖြစ်စေ၊ notepad တွင် password ကို save ထားပြီး အကောင့်ဖွင့်တိုင်း copy and paste နဲ့ ၀င်ပေါ့။ အချို့ အဆင့်မြင့် keylogger တွေ on screens keyboards ရော notepad ကိုရော ရှာနိုင်တယ်လို့ နိုင်ငံခြား ဆိုဒ်တခုမှာ ဖတ်ဖူးပါတယ်။

    ဟုတ်မဟုတ် မမိုးလဲ မကြုံဖူးလို့ အတတ်မပြောနိုင်ပါဘူး။ အကောင်းဆုံး နည်းလမ်းကတော့ ကိုယ့်ရဲ့စက်ကို မှန်မှန်လေး စစ်ပေးသင့်ပါတယ်။ ဒီလောက်ဆို keylogger ကို ကာကွယ်နိုင်မယ်လို့ ထင်ပါတယ်။


    3. Add ons

         Hacker တွေရဲ့ အဓိက ပစ်မှတ်တခုပေါ့။ လတ်တလော အသုံးအများဆုံး hack နည်းလေးပါ။ add ons တခု ဖန်တီးပြီး ဒီ add ons လေးကတော့ internet connection ကို ၂ဆတို့ ၄ဆတို့ ဆိုပြီး မက်လုံးပေးပြီး link ကို ချပေးတတ်တယ်။ ဒါကို ယုံကြည်တဲ့သူတွေက install လုပ်တော့ အကောင့်တွေ တန်းစီပြီး ပါပြန်ရောပေါ့။ အရင်က Mozilla Firefox တခုကိုပဲ target ထားလို့ firefox သုံးတဲ့သူတွေ တော်တော်များများ ခံလိုက်ကြရပါတယ်။

     ခု Maxthon browser ဘက်ကို ဦးတည်နေကြပြီ။ ဘယ်အတွက်ပဲ ထုတ်ထား ထုတ်ထား အဓိက ကိုယ်မသုံးမိရင် အကောင့်ပါမှာ မဟုတ်ပါဘူး။ မမိုးဆို add ons ဘယ်တော့မှ သုံးလေ့မရှိပါဘူး။ add ons တောင်းတဲ့သူတွေကိုလဲ browser ရဲ့ official site မှာပဲ ရှာပြီး ပေးလေ့ရှိပါတယ်။ သေချာမသိရင် ဘာမှမသုံးတာ အကောင်းဆုံးပါ။ ကိုယ့်ရဲ့ account ကို ကိုယ်တိုင်ကလွဲပြီး ဘယ်သူမှ မကာကွယ်နိုင်ပါဘူး။


    4. trusted contacts

         မိမိ account lock ကျရင် trusted contacts မှာ ထည့်ထားတဲ့ သူငယ်ချင်း အနည်းဆုံး (၃)ယောက်ဆီကို facebook မှ code ပို့ပေးခြင်းပါ။ ဒီနည်းနဲ့ ဘယ်လို hack မလဲ စဉ်းစားစရာနော်။ မမိုးသေချာတော့ မရေးပြတော့ဘူး မသမာသူလက်ထဲကို ရောက်မှာ ဆိုးလို့ပါ။ အဓိက အချက်ကိုပဲ ပြောတော့မယ်။ trusted contacts list မှာ မိမိ ကိုယ်ပိုင် account များကိုသာ ထည့်ထားသင့်ပါတယ်။ ဒီလောက်ပဲ အကြံပြုပါရစေ။ သူခိုးဓားရိုးမကမ်းချင်လို့ပါ။

    မမိုးရေးတဲ့ ဒီစာပိုဒ်လေးက နည်းပညာနဲ့ပတ်သက်ပြီး ဗဟုသုတ အနည်းငယ် ရခဲ့မယ်ဆိုရင် ကျေနပ်ပါတယ်။ IT Family Magazine မှာ ရေးဖို့ စဉ်းစားထားပေမယ့် အချိန်မလုံလောက်လို့ မရေးဖြစ်ခဲ့ပါ။ ဘယ်အချိန်ရေးရေး ဘယ်နေရာရေးရေး စာဖတ်သူ ဗဟုသုတ အနည်းငယ် ရသွားတယ်ဆိုရင်ပဲ ၀မ်းသာပါတယ်။ Hacking က ဒါပဲလားလို့တော့ မပြောနဲ့နော်။ သိချင်ရင် Hacker တွေဆီသာ တိုက်ရိုက်သွားမေးကြပါ။ မမိုးဘာမှမသိပါဘူး။ ကိုယ့် account ကိုယ် ကာကွယ်ထားရုံလေးကို ပြန်လည်မျှဝေတာပါ။

    နည်းပညာဗဟုသုတပြည့်ဝကြပါစေ

    မိုး(နည်းပညာများ)

    www.moepcservice.blogspot.com

    ကာင်းကင်က အင်တာနက်ကြီး ကျလာတော့မည်


    ကမ္ဘာ့ ဝေးလံ ခေါင်သီ ဒေသ များဆီ က ပြည်သူ များ အင်တာနက် ကမ္ဘာကြီး ဆီ အရောက် လှမ်းဖို့ အတိုဆုံးလမ်းကား ကောင်းကင် ခရီးလမ်း ဖြစ်သည်။ အမေရိကန် နိုင်ငံ က နည်းပညာ အင် အားကြီး ကုမ္ပဏီ ကြီး များသည် ထို အတိုဆုံး လမ်းကို အသုံးပြု ရန် စိုင်းပြင်း နေပြီ။

    နည်း ပညာ အရောက်အပေါက်နည်းသော ကမ္ဘာ့  ဝေးလံခေါင်သီ ဒေသများဆီ အင်တာနက် ဟူ သော အဆက်အသွယ် ရောက်ရှိရေး အတွက် ကောင်းကင်ခရီး က အရောက်သွားကြ ဖို့ နည်း ပညာ လုပ်ငန်းကြီးများ ပြင်ဆင်နေကြပြီ။ ဝေးလံခေါင်သီ ဒေသများဆီ အင်တာနက် အရောက်ပို့နိုင်ရေး ပြိုင်ပွဲတွင် ပြိုင်ဘက်များ ထက် တစ်လှမ်းကျောသည့်အနေဖြင့် ဂူဂဲ သည် ယခုအပတ် အတွင်းမှာပင် Titan Aerospace ကုမ္ပဏီ ကို ၀ယ်ယူ လိုက် ပြီဖြစ် သည်။ ထိုကုမ္ပဏီသည် နေစွမ်းအင်ဖြင့် မောင်းနှင်နိုင်သည့် မောင်းသူမဲ့ ယာဉ် ပျံငယ် များ စမ်းသပ် ထုတ်လုပ်လျက်ရှိသည်။ ထိုယာဉ် ပျံငယ်များကို ဝေးလံခေါင်သီသော ဒေသ များ၏ ကောင်းကင်ယံများတွင် ပျံ သန်းစေ ကာ ယာဉ်ပျံငယ်များမှတစ်ဆင့် အင်တာနက် စနစ်ကို ထုတ်လွှတ်ပေးမည်ဖြစ်သည်။ ထို နည်းဖြင့် ဝေး လံ ခေါင်သီ ဒေသနေများ အင် တာနက်ကမ္ဘာကြီးထဲ အတိုဆုံးလမ်းဖြင့် ရောက်လာ အောင် ဆောင်ကြဉ်း မည် ဖြစ် သည်။

    တစ်ခုခုကို သေသေချာချာပြောရ လောက်အောင် အချိန် အားဖြင့်တော့ အရမ်းကို စောပါသေးတယ်။ လေထုထဲမှာပဲ လှည့်ပတ်ပျံသန်းနေမယ့် မောင်းသူမဲ့ ယာဉ်ပျံ တွေဟာ ဂြိုဟ်တု အငယ်စားလေးတွေလို တာဝန် ထမ်းဆောင်ကြပါလိမ့်မယ်။ ဝေးလံ ခေါင်သီ ဒေသများဆီက လူ သန်းပေါင်း များစွာ အတွက် အင်တာနက် ဖြန့် ကျက် ပေးပါလိမ့် မယ်။ အင်တာနက် လိုအပ်ချက် ဖြည့်ဆည်းရုံ သာမက သဘာဝ ဘေး ကယ်ဆယ်ရေး လုပ် ငန်း တွေအတွက်လည်း သတင်းအချက် အလက် ထောက်ပံ့ပေးနိုင်မယ်၊ တောပြုန်း ခြင်းလိုမျိုး ပတ်ဝန်းကျင် ထိခိုက်မှုတွေကို လည်း စောင့်ကြည့် နိုင်မှာ ဖြစ်ပါတယ် ဟု ဂူဂဲ ပြောရေး ဆိုခွင့်ရှိ သူက ထုတ်ပြန်ပြော ကြား သည်။

    Titan ကုမ္ပဏီက စမ်းသပ်နေသော မောင်းသူမဲ့ ယာဉ်ပျံငယ် များသည် မြေပြင် အထက်ပေ (၆၅၀၀၀) နေရာတွင် နေစွမ်းအင် ဖြင့် ငါးနှစ် တိတိ ပျံသန်း နေနိုင် စွမ်းရှိသည်။ ကမ္ဘာ့ အပြင်ဘက် လွှတ်တင်ထားသော ဂြိုဟ် တုငယ်များ နည်းတူလည်း အလုပ်လုပ် နိုင်သည်။ ဂြိုဟ်တု များ လွှတ်တင် ရသည့် ကုန်ကျ စရိတ် ထက် လည်း များစွာသက်သာသည်။ ကောင်းကင်ယံမှတစ်ဆင့် အင်တာနက် ပေးခြင်း လုပ်ငန်း ကို ဂူဂဲအပြင် ဆိုရှယ် မီဒီယာ အင်အားကြီး ဖေ့စ်ဘွတ်ခ် လည်း စမ်းသပ်နေ သလို အခြား နည်းပညာ အင်အားကြီး လုပ် ငန်းကြီး အများအပြားလည်း ယှဉ်ပြိုင်စမ်း သပ်လျက်ရှိသည်။ကမ္ဘာ ပတ်လမ်းကြောင်း ထဲ လွှတ်တင် ထားသော ဂြိုဟ်တု များ မှ အင်တာနက်စနစ် ဖြန့်ကျက်ပေးခြင်း၊ ကမ္ဘာ့  အမြင့်ပိုင်း လေထုထဲ လွှတ်တင် ထားသော မိုးပျံပူဖောင်း များ ဖြင့် လည်းကောင်း၊ အခြား သော ယာဉ်ပျံအမျိုးမျိုးဖြင့်လည်းကောင်း စမ်းသပ်နေကြသည်။

    ဂူဂဲသည် Project Loon စီမံကိန်းကို စတင်စမ်းသပ်နေပြီဖြစ်သည်။ ဝေးလံခေါင်သီ သော ဒေသများ ၏ ကောင်းကင်ယံတွင် မိုးပျံပူဖောင်းများ လွှတ်တင် ထားကာ ထိုပူ ဖောင်းများတွင် ဆက်သွယ်ရေးကိရိယာများ တပ်ဆင်ထားပြီး အင်တာနက် ထုတ်လွှတ် ပေးမည့် စီမံကိန်းဖြစ်သည်။ ထို စီမံကိန်း လက်တွေ့ အကောင် အ ထည် ပေါ်လာပါက ကမ္ဘာ တစ်ဝန်း အင်တာနက်နှင့် မထိ တွေ့ဖူး သေးသော နေရာများစွာသည် အင်တာနက် ကွန်ရက်ထဲ ရောက်လာတော့မည်။ ဂူဂဲ၏ အင်တာနက် ပူဖောင်း ကို နယူးဇီလန် နိုင်ငံတွင် လက်တွေ့ စမ်းသပ် လျက် ရှိသည်။ ဂူဂဲ၏ အင် တာနက် မိုးပျံပူဖောင်း သည် (၂၂) ရက် အတွင်း ကမ္ဘာကို တစ်ပတ် လှည့်ပတ် နိုင် စွမ်း ရှိသည်။ မိုးပျံ ပူဖောင်းသည် လေထုထဲတွင် ရက် (၁၀၀) ထိ နေနိုင် အောင် စီစဉ်ထားသည်။ ပူဖောင်း၏ တည်နေရာကို ကွန်ပျူတာစနစ် ဖြင့် ထိန်းချုပ်ထားမည်ဖြစ်သည်။

    ဂူဂဲ၏ ပြိုင်ဖက်ကြီးကား ဖေ့စ်ဘွတ်ခ် ဖြစ်သည်။ ပြီးခဲ့သည် လက ဖေ့စ်ဘွတ်ခ်သည် ၎င်း တို့ အကောင် အ ထည် ဖော်လျက်ရှိသော ဆက်သွယ်ရေး ဓာတ်ခွဲခန်းကြီး ကို အများ ပြည်သူ သို့ အသိပေး ပြသခဲ့သည်။ ကမ္ဘာ တစ်ဝန်း အင်တာနက် မရှိသေးသည့် နေရာ များကို မောင်းသူမဲ့ ယာဉ်ပျံ များ၊ ဂြိုဟ်တုများ၊ နေစွမ်း အင် သုံး လေယာဉ်ပျံ များ စသည့် အ မျိုးမျိုးသော နည်းလမ်းများဖြင့် အင်တာနက် ၀န်ဆောင်မှု ပေးနိုင်ရန် စမ်းသပ် နေ မှုများကို တစ်စိတ်တစ်ဒေသ လှစ်ဟပြသွားသည်။ ကောင်းကင်မှ အင်တာနက် ဖြန့်ကျက် ပေး ရာတွင် မိုးပျံ ပူဖောင်းများ သုံးခြင်း ထက် မောင်းသူမဲ့ ယာဉ်ပျံ များ သုံးခြင်း ကို ပိုသဘော ကျကြောင်း ဖေ့စ်ဘွတ်ခ် တည် ထောင် သူ မာ့ခ် ဇက်ကာဘက်ဂ်ျကလည်း ပြောကြား လိုက်သည်။ မောင်းသူမဲ့ ယာဉ်ပျံများသည် 
     
    မိုးပျံ ပူဖောင်း များ ထက် အကြမ်းပတမ်း ခံနိုင်သလို၊ တည်နေရာ ထိန်းချုပ် ရန်လည်း ပို လွယ်ကူကြောင်း ဇက်ကာဘက်ဂ်ျက သုံး သပ်သည်။ ဂြိုဟ်တု လွှတ်တင်ခြင်း ထက် လည်း ကုန်ကျ စရိတ်များစွာ သက်သာ သဖြင့် ပိုသဘောကျမိ ကြောင်း ဖြည့်စွက်ပြောသည်။ ဖေ့စ်ဘွတ်ခ် သည် နိုင်ငံတကာ နည်းပညာ လုပ်ငန်းကြီး များ ဖြစ်သော ဆမ် ဆောင်း၊ နိုကီယာ၊ အဲရစ်ဆင်၊ ကွာကွမ်း စသည် တို့နှင့် ပူးပေါင်းပြီး Internet.org အဖွဲ့ကို ထူထောင် ထား သည်။ ကမ္ဘာ့  ဖွံ့ဖြိုးမှု နောက်ကျ ဒေသ များကို အင်တာနက် ချိတ်ဆက် ပေးနိုင်ရန် ထိုအဖွဲ့က နည်းလမ်းရှာ ကြိုး ပမ်းသွားမည် ဖြစ်သည်။ နည်းပညာ လုပ်ငန်းကြီးများ၏ ကြိုးပမ်းချက်များအပေါ် သံသယ၀င်မှုများ လည်း ရှိနေသည်။

    အကြောင်းအရာကတော့ စိတ်ဝင်စား စရာ အရမ်းကောင်းပါတယ်။ နည်းပညာက ခုမှ အသစ်ဆိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါ တယ်””ဟု Endpoint Technologies နည်း ပညာလုပ်ငန်းမှ ရော်ဂျာကေးဆိုသူ ကပြော သည်။ ဂူဂဲသည် Titan ကုမ္ပဏီကို ၀ယ်ယူ လိုက်ခြင်း မှာ ဖေ့စ်ဘွတ်ခ်၏ လက်ဦး မှုကို ကာကွယ်ရန် အလို့ငှာ ၀ယ်ယူ လိုက်ခြင်းသာ ဖြစ်နိုင်ကြောင်း၊ Titan ကို ၀ယ်ယူလိုက် ခြင်းမှ ထူးခြားသော ရလဒ်များ ထွက် လာရန် သိပ်မမျှော်လင့်နိုင်ကြောင်းဖြင့် ကေးက သုံး သပ်ပြောကြားသည်။

    J. Gold Associates နည်းပညာ လုပ်ငန်းစု မှ ဂျက် ဂိုးလ်ဒ် ဆိုသူ က ပို၍ပင် သံသယ၀င်လျက် ရှိနေ သည်။ ကောင်းကင်ကနေ အင်တာနက် ဖြန့် ကျက်ပေး ဖို့ကိစ္စကို လူတွေ စမ်းသပ် နေကြ တာ ကြာပါပြီ။ ခုထိ ချေချေမြစ်မြစ် လုပ်ပြ နိုင်တာမျိုး မရှိသေးပါဘူး၊ ဂူဂဲအပြင် အခြား နည်းပညာ လုပ်ငန်းတွေအနေနဲ့ ဝေးလံခေါင် သီ ဒေသ များဆီ ကောင်းကင်ယံ ကနေ အင် တာနက် ဖြန့်ကျက် ပေးဖို့ေ မာင်းသူမဲ့ ယာဉ်ပျံ ထောင်ချီပြီး အ သုံး ပြု ရ မှာဖြစ်တဲ့အတွက် ကုန်ကျစရိတ် ကာမိမယ်လို့ မထင်ပါဘူး ဟု မစ္စတာ ဂိုးလ်ဒ်က သုံးသပ် ပြောကြား သည်။ ဂူဂဲအနေနဲ့ စမ်းသပ်မှုတွေ ဆက်လုပ် သွားမှာကတော့ သေချာ ပါတယ်။ သူတို့ မှာ လုပ်နိုင်တဲ့ ငွေကြေး လည်း ရှိတယ်။ စွမ်းအင် ရင်းမြစ်တွေလည်း ရှိနေတယ်။ ဒါပေမဲ့ ဝေးလံ ခေါင်သီတဲ့ ဒေသ တွေက ပြည်သူတွေ အတွက် အင်တာနက် ဖြန့်ကျက် ပေးဖို့ရာမှာ ဒီ နည်း လမ်း တစ်ခုတည်း သာ ရှိတယ်လို့တော့ ကျွန်တော် မထင် ပါဘူး။ ပိုထိရောက်မယ့် နည်းလမ်းတွေ ထွက်ပေါ်လာဦးမယ်လို့ ယုံကြည်ပါတယ်”” ဟု မစ္စတာ ကေးက သုံး သပ်သည်။ ဂူဂဲသည် အင်တာနက် ဖြန့်ကျက်ရေး တွင် ဝေဟင် စစ်ပွဲ သာမက မြေပြင် စစ်ပွဲကို လည်း ဆင်နွှဲနေ သူဖြစ်သည်။ ကယ်လီဖိုးနီး ယားအခြေစိုက် အင်တာနက် အင်အားကြီး ဂူဂဲသည် Google Fiber စီမံကိန်းကို ဆောင် ရွက်လျက်ရှိပြီး မြန်နှုန်းမြင့် အင်တာနက် စနစ်ကို အမေရိကန်မြို့ကြီး အများအပြား တွင် စမ်းသပ်လျက် ရှိသည်။

    ဂူဂဲ၏ အင်တာနက်စီမံကိန်းနှင့် နီးစပ် သူများ၏ ပြောကြားချက် များ အရလည်း ဂူဂဲ စီမံကိန်းများသည် စိတ်ကူးပေါက်လို့ စမ်းသပ် နေခြင်းမျိုး မဟုတ်ဘဲ လက်တွေ့ သုံးဖို့ စမ်း သပ်နေခြင်းဖြစ်ကြောင်း သိရသည်။ Loon မိုးပျံပူဖောင်းစနစ်၊ Titan မောင်းသူမဲ့ ယာဉ်ပျံ စနစ်များမှ စုဆောင်းရရှိသော သတင်း အချက် အလက် များ ကို အင်တာနက် ဖြန့်ကျက်ပေး ရန်သာမက အခြားသော ဂူဂဲဝန် ဆောင်မှုများ ဖြစ်သည့် Google Maps ကဲ့ သို့ စနစ်မျိုးကို ပိုအားကောင်း တိကျလာအောင် အားဖြည့်နိုင် မည့် ကောင်းကျိုး များလည်း ရနိုင်သည်ဟု သုံးသပ်မှုများ ရှိသည်။

    Ref: Tech giants look to skies to spread Internet

    The Messenger

    ပါဝါအဖွင့်အပိတ် ချို့ယွင်းနေတဲ့ iPhone 5 တွေကို Apple ပြန်လဲပေးမယ်


     
    သီဟနိုင် on 2014-04-26 11:42

    iPhone 5 တွေကို ပြန်လဲပေးမယ့် ရှားပါးအစီအစဉ်တစ်ရပ်ကို iPhoneက အစပျိုးနေပါပြီ။ တချို့သော iPhone 5 တွေရဲ့ ပါဝါခလုတ် ချို့ယွင်းမှုရှိနေတဲ့အတွက် ကောင်းကောင်း အလုပ်မလုပ်တဲ့ iPhone 5 တွေကို ပြန်လဲပေးမယ်လို့ Apple က ဧပြီ၂၅ရက်နေ့မှာ ထုတ်ပြန်ပြောကြားသွားပါတယ်။

    ဒီလိုပြဿနာ ကြုံနေရတဲ့ iPhone 5 ပိုင်ရှင်တစ်ယောက်အနေနဲ့ Apple’s support ၀ဘ်ဆိုဒ်မှာ ဖုန်း serial နံပါတ်နဲ့ ၀င်ရောက်နိုင်ပါတယ်။ သတ်မှတ်ထားတဲ့ အချက်အလက်တွေနဲ့ ကိုက်ညီတယ်ဆိုရင်တော့ Apple က အခမဲ့ ပြုပြင်ပေးသွားမှာပါ။

    ပါဝါအဖွင့်အပိတ်ခလုတ်နေရာဟာ မထိတထိဖြစ်နေတာမျိုး၊ အလုပ်မလုပ်တော့တာမျိုး ဖြစ်တဲ့ ပြဿနာဟာ iPhone အသုံးပြုသူ ရာခိုင်နှုန်းအနည်းငယ်ပေါ်သာ သက်ရောက်မှုရှိပါတယ်။



    Ref:cnet.com
    Trend Myanmar

    လိပ်နင်ဂျာဖိုက်တင်ဂိမ်း - TMNT: ROOFTOP Run v2.0.23 APK

    TMNT ROOFTOP Run v2.0.23 APK

    Android User တွေအတွက် ဖိုင်တင်ချဖို့ Game လေးတစ်ခုတင်ပေးလိုက်ပါတယ်ဗျာ။ ပုံမှာမြင်ရတဲ့အတိုင်း လိပ်နင်ဂျာ တွေနဲ့လူဆိုးတွေနဲ့ချရမှာဖြစ်ပါတယ်။ ကျွန်တော်လည်းမကစားဖူးသေးပါဘူး။  Game ကစားတာ ၀ါသနာမပါလို့ပါ။ ဒါပေမယ့် ကစား လို့ကောင်းမယ့် Game ပုံစံလေးပါ။ Game ရဲ့ ပုံစံကို နမူနာအနေနဲ့ ကြည့်နိုင်ဖို့အောက်မှာ Screen Shot တွေပြထားပါတယ် ဗျာ။ Android OS 2.3.3 နှင့်အထက်ဖုန်းများမှာ ကစားနိုင်မှာဖြစ်ပါတယ်ဗျာ။




    TMNT: ROOFTOP RUN - screenshot
    TMNT: ROOFTOP RUN - screenshot

    TMNT: ROOFTOP RUN - screenshot

    TMNT: ROOFTOP RUN - screenshot

    **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
    **  Step-2. "5sec". လောက်စောင့်ပေးပါ။

    **  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
    **  Step-4. Download Link ကျလာပါလိမ့်မယ်။
    **  အဆင်ပြေပါစေဗျာ။

    ဆက်သွယ်ရေး တာဝါတိုင်၂၄၀၀ ကျော် ယခုနှစ်မကုန်မီ တယ်လီနော အပြီးတည်ဆောက်မည်


    ရန်ကုန်၊ ဧပြီ  ၂၄

    တယ်လီနောက ယခုနှစ်အတွင်း နိုင်ငံအနှံ့ မိုဘိုင်းလ် ဆက်သွယ်ရေး တာဝါတိုင် (Base Stations အဆောက်အအုံများ အပါအဝင်) ပေါင်း ၂၄၀၀ ကျော် အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်း တယ်လီနောမြန်မာမှ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။

    ၎င်းတို့က မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေး တာဝါတိုင်နှင့် Base Stations များအပါအဝင် ဆက်သွယ်ရေး လုပ်ငန်းနှင့် သက်ဆိုင်သည့် အခြေခံ အဆောက်အအုံများ တည်ဆောက်ရန် အိန္ဒိယ အခြေစိုက်ကုမ္ပဏီ Apollo Towers နှင့် စင်ကာပူ အခြေစိုက် ကုမ္ပဏီ Irrawaddy Green Technology (IGT) တို့ကို ရွေးချယ်ထားပြီး တာဝါတိုင် စတင်တည်ဆောက်နေပြီ ဖြစ်သည်။

    အဆိုပါ ဆက်သွယ်ရေး တာဝါတိုင်များနှင့် ချိတ်ဆက် ဆောင်ရွက်မည့် Core Network Data Center နှစ်ခုကိုလည်း ရန်ကုန်နှင့် မန္တလေးတို့တွင် တရုတ်ကုမ္ပဏီ Huawei၊ ဆွီဒင်ကုမ္ပဏီ Ericsson တို့နှင့် ပူးပေါင်း တည်ဆောက်နေပြီး ရန်ကုန်ရှိ Data Center သည် ယခုလဆန်းပိုင်းက စတင်လည်ပတ်နေပြီ ဖြစ်သည်။

    မြန်မာနိုင်ငံ တစ်ဝန်းလုံး ဖုန်းလိုင်းမိစေရန်မှာ မိုဘိုင်းလ် ဆက်သွယ်ရေး တာဝါတိုင် နှစ်သောင်းခန့် တည်ဆောက်ရန် လိုအပ်ပြီး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက တာဝါတိုင် ၂၀၀၀ ခန့် တည်ဆောက်ထားပြီး ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်၊ နည်းပညာ ဝန်ကြီးဌာနထံမှ သိရှိရသည်။

    တည်ဆောက်ပြီး တာဝါတိုင်များအပြင် တယ်လီနော၊ အော်ရီဒူး၊ ရတနာပုံ တယ်လီပို့နှင့် MPT မှ ထပ်မံဆောက်လုပ်မည့် တာဝါတိုင်များကို အော်ပရေတာများ အားလုံး မျှဝေ သုံးစွဲသွားမည် ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် မိုဘိုင်းလ် ဆက်သွယ်ရေးကွန်ရက် လွှမ်းခြုံနိုင်မှု ပမာဏ ၉၀ ရာခိုင်နှုန်းနှင့် ဖုန်းသိပ်သည်းဆ ၇၅ မှ ၈၀ ရာခိုင်နှုန်းအထိ ရှိစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ကြေညာထားသည်။

    “တာဝါတိုင်တွေက သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေအတိုင်း ဆောက်ရတာဆိုတော့ မြန်မြန်ဆောက်လို့တော့ ရမှာမဟုတ်ဘူး။ တဖြည်းဖြည်းချင်းပဲ သွားရမှာပဲ။ အော်ပရေတာတွေ အားလုံး ဝိုင်းဆောက်ပြီး Share သုံးမှရမယ်။ အခု တိုင်းပြည်မှာက တာဝါတိုင် တော်တော်ကို လိုအပ်နေသေးတယ်” ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးက ဆိုသည်။

    အခြားပြည်ပ ဆက်သွယ်ရေး ကုမ္ပဏီ ဖြစ်သည့် အော်ရီဒူးမြန်မာ ကုမ္ပဏီ၏ ဆက်သွယ်ရေး ကွန်ရက်အတွက် လိုအပ်သော မိုဘိုင်းလ် ဆက်သွယ်ရေး တာဝါတိုင်များကို ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ FMI နှင့် နာမည်ကျော် ဂျမေကာ ဆက်သွယ်ရေး ကုမ္ပဏီ Digicel တို့ ပူးပေါင်းတည် ထောင်ထားသည့် Myanmar Towers ကုမ္ပဏီက တည်ဆောက်နေသည်။

     
    The Voice Weekly

    ကွန်ပျူတာနှင့်ပက်သက်၍ လူသိနည်းသော အကြောင်းအရာအချို့


    ယနေ့ခေတ်တွင် ကွန်ပျူတာသည် လုပ်ငန်းသုံးရော၊ ဖျော်ဖြေရေးအတွက်ပါ လွန်စွာအသုံးတွင်ကျယ်လာသော စက်ပစ္စည်းတစ်မျိုးဖြစ်သည်။ ကွန်ပျူတာနှင့်ပက်သက်သော software များ၊ Hardware များ တွင်တွင်ကျယ်ကျယ် သိကြသော်လည်း လူသိနည်းသော ကွန်ပျူတာနှင့် ပက်သက်သည့် အကြောင်းအရာ အချို့ရှိပါသည်။

    ၁။ တစ်လလျှင် ကွန်ပျူတာ ဗိုင်းရက်စ် (Virus) ၆၀၀၀ ဝန်းကျင် ထွက်ရှိလျက်ရှိသည်။

    ၂။ ကွန်ပျူတာသုံး မော့စ် (mouse) ကို စတင်တီထွင်ခဲ့သူမှာ Doug Engelbart ဖြစ်ပြီး ၁၉၆၄ ခုနှစ်က ဖြစ်ရာ သစ်သားဖြင့် ဖန်တီးခဲ့သည်။

    ၃။ ကမ္ဘာ့ပထမဦးဆုံး ကွန်ပျူတာ ဗိုင်းရက်စ် ကို ၁၉၈၆ ခုနှစ်က Farooq Alvi ညီအစ်ကိုတို့ စတင်တီထွင်ခဲ့ခြင်း ဖြစ်ပြီး a bood sector virus ဖြစ်သည်။ တီထွင်ခြင်း၏ ရည်ရွယ်ချက်မှာ ၄င်းတို့၏ သုတေသနလုပ်ငန်း များကို ကာကွယ်ရန်ဖြစ်သည်။

    ၄။ သာမန်လူတစ်ဦးသည် တစ်မိနစ်လျှင် မျက်တောင် အခါ နှစ်ဆယ် ခတ်သော်လည်း ကွန်ပျူတာသုံးသော အခါ တစ်မိနစ်လျှင် ၇ ကြိမ်သာ မျက်တောင်ခတ်သည်။

    ၅။ TYPEWRITER ဟူသော စာလုံးသည် ကီးဘုတ်၏ Row တစ်ခုပေါ်တွင် အရှည်ဆုံး ရိုက်နိုင်သည့် စာလုံး ဖြစ်သည်။

    ၆။ ရေဒီယို နားဆင်သူ သန်း ၅၀ ပြည့်ရန် ၃၈ နှစ်ကြာသည်။ တီဗီ အတွက် ၁၃ နှစ်ကြာသည်။ သို့သော် World Wide Web (www) အသုံးပြုသူ သန်း ၅၀ ပြည့်ရန် ၄ နှစ်သာကြာသည်။

    ၇။ ပထမဦးဆုံး Domain ၏ နာမည်မှာ Symbolics.com ဖြစ်သည်။

    ၈။ စာစီစာရိုက် သူတစ်ဦး၏ ပုံမှန် အလုပ်လုပ်သည့်တစ်ရက်အတွင်း လက်ချောင်းများ ၁၂.၆ မိုင်အထိ ခရီးသွားသည်။

    ၉။ ကမ္ဘာ့ပထမဦးဆုံး ကွန်ပျူတာမှာ Z1 ဖြစ်ပြီး သိပ္ပံပညာရှင် Konrad Zuse မှ ၁၉၃၆ ခုနှစ်က တီထွင်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယမျိုးဆက် Z2 ကို ၁၉၃၉ ခုနှစ်က တီထွင်နိုင်ခဲ့ပြီး ကမ္ဘာ့ပထမဦးဆုံး electro-mechnical ကွန်ပျူတာအဖြစ် မှတ်တမ်းတင်ခဲ့သည်။

    ၁၀။ တစ်လလျှင် Domain name ပေါင်း တစ်သန်းကျော်ထက်မနည်း Register ပြုလုပ်လျက်ရှိသည်။

    ၁၁။ ဘီလ်ဂိတ်၏ အိမ်ကို Macintosh ကွန်ပျူတာဖြင့် ဒီဇိုင်းရေးဆွဲခဲ့သည်။

    ၁၂။ IBM PC ကို တီထွင်ခဲ့သည့် အင်ဂျင်နေယာ ၁၂ ဦးအဖွဲ့ကို The Dirty Dozen ဟု အမည်ပြောင် ပေးထားကြသည်။

    ၁၃။ ကမ္ဘာ့ကျော် ကွန်ပျူတာထုတ်လုပ်သည့်ကုမ္ပဏီတစ်ခုဖြစ်သည့် Hewlett Packard (HP) သည် ကွန်ပျူတာ အမြောက်အများထုတ်လုပ်မှုကို ၁၉၃၉ ခုနှစ်က ကယ်လီဖိုးနီးယားပြည်နယ် Palo Alto မြို့ရှိ ကားဂိုဒေါင်တစ်ခု တွင် စတင်ပြုလုပ်ခဲ့သည်။

    ၁၄။ ကမ္ဘာ့ပထမဦးဆုံး hard drive များသည် 20MB သာရှိပြီး အမေရိကန်ဒေါ်လာ ၈၀၀ ကုန်ကျသည်။ ယခုအခါ ဈေးနှုန်း အဆတစ်ရာကျဆင်းပြီး သိုလောင်နိုင်စွမ်း Capacity အဆတစ်ရာမက တိုးတက်ခဲ့သည်။

    ၁၅။ ကွန်ပျူတာ mouse, windowing GUI, Laser printing နှင့် Network card များကို ကယ်လီဖိုးနီးယား ပြည်နယ်ရှိ Xerox ကုမ္ပဏီမှ တစ်ပြိုင်နက်တည်း ထုတ်လုပ်နိုင်ခဲ့သည်။

    ၁၆။ အွန်လိုင်း exchange တစ်ခုဖြစ်သည့် eBay တွင် တစ်စက္ကန့်၌ ပျမ်းမျှ ငွေ အမေရိကန်ဒေါ်လာ ၆၈၀ တန်ဖိုး အရောင်းအဝယ် ဖြစ်လျက်ရှိ သည်။

    ၁၇။ ဆဲလ်ဖုန်းတွင် ပါဝင်သော ကွန်ပျူတာ Processing power သည် ကမ္ဘာ့ပထမဦးဆုံး လပေါ်သို့ သွားရောက်နိုင်ခဲ့သည့် အာကာသယာဉ် Apollo 11 Lunar Lander တွင် ပါဝင်သော ကွန်ပျူတာအားလုံး၏ Processor များထက် များစွာသာလွန်သည်။

    ၁၈။ Crash Course သည် Microsoft Window tutorials ၏ အခြား အမည်တစ်မျိုးဖြစ်သည်။

    ၂၀။ လူတိုင်း ကွန်ပျူတာ Virus များ မိမိကွန်ပျူတာသို့ ဝင်ရောက်တိုက်ခိုက်မည့် အန္တရာယ်ကို စိုးရိမ်သိရှိကြသည်။ သို့သော် ယင်း Virus မည်သို့မည့်ပုံ ပြန့်ပွားသည်ကို သိလျက်နှင့်မေ့နေကြသည်။ Virus ပါသော ဖိုင်ကို Dowload လုပ်ခြင်း (သို့မဟုတ်) Sharing လုပ်ခြင်း စသည့် နည်းလမ်းနှစ်မျိုးဖြင့် ကွန်ပျူတာ၏ system ကို ပျက်စီးစေသည်။

    Window ပေါ်မှ တွေ့ရှိချက်တစ်ခု (ONE WINDOWS MAGIC TRICK)

    အိန္ဒိယမှ လေ့သာသူတစ်ဦး၏ ရှားရှားပါးပါး တွေ့ရှိချက်တစ်ခုရှိသည်။ ၄င်းမှာ ကွန်ပျူတာ၏ မည်သည့် နေရာ( Desktop, Local Disk C, D, E, etc………………) တွင်မဆို Folder များဖန်တီးရာတွင် CON ဟူသော နာမည်ပေး၍မရပါ။

    စာဖတ်သူတို့ Folder တစ်ခုကို con လို့အမည်ပေးပြီး ဖန်တီးကြည့်ပါ။ ယင်းကဲ့သို့ အမည်ပေးလို့မရနိုင်ကြောင်း တွေ့ရမည်ဖြစ်သည်။

    အကြောင်းပြချက်-Disk operating system တွင်ပင် CON အပြင် PRN, AUX, NUL အစရှိသော နာမည်တွေမျိုးကိုလည်း ပေး၍ မရပါ။ ၎င်းတို့၏ reserved name များဖြစ်သည့်အတွက် အကယ်၍ပေးလျှင် default file name တစ်ခုခုကို အော်တိုပြန်ပြီး redirect လုပ်သောကြောင့် windows က ယင်း ကဲ့သို့နာမည်ပေးခြင်းကို တားမြစ်ထားခြင်းဖြစ်သည်။

    Ref:doyouknow.com
    Credit : http://blog.techspace.com.mm/2012

    Wednesday, April 9, 2014

    SamDrivers FULL Edition 14.4 & DVD Edition 14.2.2 (x86/x64)



      Driver အတွက် အခတ်အခဲဖြစ်နေရင် ဒါလေးက ကူညီဖြေရှင်းပေးနိုင်ပါတယ်... Update Version ပါ.. အောက်မှာ ဒေါင်းယူနိုင်ပါတယ်..။
     
    Collection of drivers from SamLab.ws for all 32- bit and 64- bit Windows operating systems from Windows 2000 to Windows 8.1 Update 1 , including server platforms .
     
    As the shell-installer to auto-detect your hardware and automatically install the necessary drivers use special programs :

    DriverPack Solution 14.4 Revision 412 / Drivers Installer Assistant 5.12.30 / Snappy Driver Installer 0.1.44 / DriverX 3.05 + wrapper for the backup drivers Drivers Backup Solution 3.90.21

      Thank to : BungaNajwa.Com

     

     How to Download:



     
     
     

    www.winkabarkyaw.net

    မိမိရဲ့ဖုန်းကို Virus ရန်မှာကင်းဝေးစေဖို့အတွက် - Virus Shield v2.2 APK


    အခုတင်ပေးလိုက်တာကတော့ Android Phone တွေမှာ Virus စစ်ပေးနိုင်တဲ့ Application လေးတစ်ခုဖြစ်ပါ တယ်ဗျာ။ ကျွန်တော်စမ်းသုံးကြည့်တာ ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြုရလွယ်ကူအဆင်ပြေလို့ သူငယ်ချင်းများ ကို မျှဝေပေးလိုက်တာဖြစ်ပါတယ်ဗျာ။ Virus Shield က နောက်ကွယ်ကနေ အမြဲတမ်း Run ပေးနေတဲ့အတွက် မိမိရဲ့ဖုန်းဟာ Virus အန္တရယ်မှ အချိန်ပြည့် လုံခြုံစိတ်ချနေမှာဖြစ်ပါတယ်။ နောက်ကွယ်က Run နေတဲ့အ တွက် Phone ကိုလေးလံစေခြင်း Battery ကုန်မြန်ခြင်းတို့လည်းမဖြစ်ပေါ်စေပါဘူး။ Android OS 2.2 နှင့် အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။


    **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
    **  Step-2. "5sec". လောက်စောင့်ပေးပါ။

    **  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
    **  Step-4. Download Link ကျလာပါလိမ့်မယ်။
    **  အဆင်ပြေပါစေဗျာ။

    ဆေးလိပ်ဖြတ်ခြင်း အကျိုး (၁၀) ပါး




    ၁)အသက်ရှုလို့ ကောင်းလာပြီး ကျန်းမာရွှင်လန်းလာမယ်။
    ဆေးလိပ်ဖြတ်ပြီး ရင်...........

    က) မိနစ်နှစ်ဆယ်အတွင်းမှာကို Blood Pressure သွေးပေါင်ချိန်က ပုံမှန်ပြန်ဖြစ်သွားနိုင်တယ်။

    ခ) ၈ နာရီအတွင်းမှာ Nicotine နီကိုတင်းဓာတ်နဲ့ CO ကာဘွန်မိုနောက်ဆိုက် ဓာတ်တွေက တစ်ဝက်ကျသွားမယ်။ Oxygen အောက်စီဂျင်ကပုံမှန် ပြန်ဖြစ်သွားမယ်။

    ဂ) ၄၈ နာရီအတွင်းမှာ Nicotine နီကိုတင်း ဓာတ်တွေ ကိုယ်ထဲက ရှင်းသွားမယ်။

    ဃ) ၇၂ နာရီအတွင်းမှာ အဆုတ်ပြွန်တွေ တောင့်တင်းတာလျော့သွားပြီး အသက်ရှူလို့ ကောင်းလာမယ်။

    င) ၂ ပါတ်ကနေ ၁၂ ပါတ်ကြာရင် သွေားလှည့်ပတ်မှုက ပုံမှန် ပြန်ဖြစ်သွားလိမ့်မယ်။

    စ) ၃၉ ပါတ်ကြာရင် Cough ချောင်းဆိုး၊ Wheeze ရင်ကြပ်တာတွေကောင်းလာပြီး အဆုပ်ရဲ့  ၁၀%ပိုကေင်းလာမယ်။

    ဆ) ၅ နှစ်နေရင် ဆေးလိပ်သောက်တဲ့သူတွေထက် နှလုံးသွေးကြောပိတ်တဲ့နှုန်းက တစ်ဝက်ကျသွားလိမ့်မယ်။

    ဇ) ၁၀ နှစ်နေရင် Lung Cancer အဆုပ်ကင်ဆာဖြစ်တဲ့နှုန်းက ဆက်သောက်သူတွေထက် ထက်ဝက်ကျသွားမယ်။ 


    ၂) သွေးလေလှည့်ပတ်တာ မကောင်းတဲ့ရောဂါကြောင့် ခြေလက် ပုပ်တာ၊ ဖြတ်ရတာတွေ နည်းသွားမယ်။


    ၃) ကိုယ်နဲ့ အတူနေထိုင်တဲ့သူတွေကို ဆေးလိပ်ပြာတွေ၊ မီးခိုးတွေကတစ်ဆင့် အန္တရာယ်ဖြစ်စေတာတွေကို နည်းသွားစေမယ်။ ဆေးလိပ်ပြာတွေ၊ မီးခိုးတွေထဲမှာ Arsenic အာဆင်းနစ်ဓာတ်၊ Benzene ဘင်ဇင်းဓာတ် နဲ့ Cyanide ဆိုင်ယာနိုက်ဓာတ် တွေပါတယ်။ Arsenic အာဆင်းနစ်ဓာတ် နဲ့ Benzene ဘင်ဇင်းဓာတ် တွေက ကင်ဆာဖြစ်စေတတ်တယ်။


    ၄) ကိုယ့်ရဲ့  ရင်သွေးတွေ Bronchitis အဆုတ်ပြွန်ရောင်၊ Pneumonia အဆုတ်အအေးမိ၊ Asthma ပန်းနာရောဂါ၊ Meningitis ဦးဏှောက်အမှေးရောင်ရောဂါနဲ့ Ear Infection နားပြည်ယိုတာတွေ နည်းသွားစေမယ်။


    ၅) ကလေးလိုချင်တဲ့သူတွေ ကလေးမြုံတာနည်းသွားပြီး ကိုယ်ဝန်ဆောင်ရင်လည်း ရင်သွေးက ကျန်းမာမယ်။



    ၆) အဆုပ်ကင်ဆာ၊ နှလုံးနဲ့ အဆုပ်ရောဂါတွေကြောင့်ဖြစ်မဲ့ မကျန်းမာမှု၊ သေဆုံးမှုတွေ နည်းသွားမယ်။


    ရ) ငွေကြေးကုန်ကျတာ နည်းသွားမယ်။


    ဂ) အသားအရည် စိုပြေလာပြီး သွားတွေလည်း ပိုလှလာမယ်။ ဆေးလိပ်သောက်တဲ့သူတွေက ရုပ်ရင့်တယ်။


    ၉ ) လျှာက အရသာခံနိုင်တာ ပိုကောင်းလာလို့ အစားအသောက်တွေစားတာ ပိုပြီး အရသာရှိလာမယ်။


    ၁၀) ကိုယ်စီးတဲ့ကားနဲ့ မိမိအိမ် အနံ့အသက်တွေ ကောင်းလာပြီး မီးဘေးအန္တရာယ်ကလည်း နည်းသွားမယ်။


    မြန်မာနှလုံးဖောင်ဒေးရှင်း


    HIV ရှိ မရှိကို အိမ်မှာ ကိုယ့်ဖါသာကိုယ် စမ်းသပ်နိုင်တဲ့ကိရိယာ အလွယ်ဝယ်လို့ရပြီ


    • ဗြိတိန်မှာ ပဌမဆုံးအကြိမ်ခွင့်ပြုလိုက်တာပါ။ ၁၉၉၂ ကတည်းကတားမြစ်ထားတာကို ဖယ်ရှားလိုက်တာ ဖြစ်ပါတယ်။

    • သူတို့နိုင်ငံမှာ HIV ပိုးရှိနေသူပေါင်း တစ်သိန်းရှိတယ်။ ရှိမှန်းမသိသူ ၂ သောင်း ၅ သောင်းအထိ ရှိနိုင်တယ်လို့ မှန်းဆထားပါတယ်။

    • ဒီစမ်းသက်စရာတခုကို အရင်က အွန်လိုင်းကနေဝယ်ရင် ၇၅ ပေါင်ပေးရတယ်။ အခုစမ်းသပ်စရာကိုတော့ လာမဲ့နှစ်မှာသာ ဆေးဆိုင်တွေပ်ါရောက်ပါမယ်။

    • ယူကေ NHS ကနေ စက္ကန့် ၆ဝ အတွင်း ရှိ-မရှိသိနိုင်တဲ့ကိရိယာကို ၂ဝ-၃-၂ဝ၁၄ ကတည်းက အသိအမှတ်ပြုခဲ့ပါတယ်။

    • US FDA ကတော့ OTC HIV test kit ကိရိယာကို ၂ဝ၁၂ ကတည်းကခွင့်ပြုခဲ့ပါတယ်။ OraQuick ကိရိယာက ပါးစောင်နေရာက သွားရည်ကိုစမ်းရတာဖြစ်ပါတယ်။ မိနစ် ၂ဝ-၄ဝ သာကြာမယ်။


    ဒေါက်တာတင့်ဆွေ
    ၇-၄-၂ဝ၁၄

    http://www.mirror.co.uk

    အဖြစ်နိုင်ဆုံး Black Box အချက်ပြမှု ဖမ်းမိ

     
    အချက်ပြမှု ၂ ကြိမ် ဖမ်းယူရရှိခဲ့တဲ့ Ocean Shield သင်္ဘော
    လေယာဉ်ရဲ့ Black Box က ထုတ်လွှတ်တဲ့ အချက်ပြမှု အမျိုးအစားနဲ့ ကိုက်ညီတဲ့ ထုတ်လွှတ်မှုတွေကို သြစတြေးလျ သင်္ဘောတစ်စင်းက ဖမ်းယူ ရရှိခဲ့တယ်လို့ မလေးရှား လေယာဉ်ပျောက်ကို ရှာဖွေနေတဲ့ သြစတြေးလျ အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

    သြစတြေးလျ ရှာဖွေရေး တာဝန်ရှိသူ Angus Houston က ပြောရာမှာ ဒီလို ဖမ်းယူ ရရှိတာဟာ အခုအချိန်ထိ အဖြစ်နိုင်ဆုံး လမ်းစ ဖြစ်တယ်လို့ ဆိုပါတယ်။

    ဒီ အချက်ပြမှုကို သြစတြေးလျ ကမ်းရိုးတန်းနဲ့ မိုင် တစ်ထောင်လောက် အကွာ အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းမှာ Ocean Shield သင်္ဘောက ဖမ်းယူနိုင်ခဲ့တာလို့ သူက ပြောပါတယ်။

    ဒါပေမယ့် ဒီ အချက်ပြမှုဟာ သေချာပေါက် မလေးရှား လေယာဉ်ပျောက်ရဲ့ Black Box ဆီက လာတာ ဟုတ် မဟုတ် အတည်ပြုဖို့တော့ ရက်အနည်းငယ် ကြာနိုင်တယ်လို့ သူက ဆိုပါတယ်။

    Perth မြို့က ဘီဘီစီ သတင်းထောက်ကတော့ ဒီကိစ္စဟာ လေယာဉ်ပျောက် ရှာဖွေသူတွေ မျှော်လင့်နေတဲ့ သတင်းထူး ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

    Flight recorder ရဲ့ ဘက်ထရီ ကုန်ခန်းတော့မှာ ဖြစ်လို့ လေယာဉ်ပျောက် ရှာဖွေသူတွေ အနေနဲ့ အချိန်မီ ရှာတွေ့နိုင်ဖို့ အရေးကြီးနေတာ ဖြစ်ပါတယ်။

    BBC

    Free Proxy Updates (8/4/2014)

    Press Ctrl + D to Bookmark this site and get free premium accounts daily
    Please comment for dead accounts so PRemium MM can serve you better
    www.minsoeyarsar.com
    »»»Please wait 5s then click skip ads to see user and pass«««

     




    Android အတွက် စွယ်စုံသုံး - System Tuner Pro v3.0.2 APK Update (April-7)


    Android အတွက် စွယ်စုံသုံး ဆော့ဝဲလ် System Tuner v3.0.2 Apk (Latest Version) လာပါပြီဗျာ။ Android ဖုန်းတစ်လုံးးရဲ့ battery, cpu, network, memory ကိုစောင့်ကြည့်ထိန်းသိမ်ပေးခြင်း၊ မလိုအပ်တဲ့ဆော့ ၀ဲလ်တွေ ကို uninstall လုပ်ခြင်း၊ Android ဖုန်းကို မြန်ဆန်သွက်လက်အောင် ဆောင်ရွက်ပေးခြင်း။ Android ဖုန်းတစ်လုံးရဲ့ နောက်ကွယ်မှာ run နေတဲ့ programs တွေကို ပိတ်ပေးခြင်း၊ ဖုန်းကို backup/restore လုပ်ပေးခြင်း၊ System app များကို ဖျက်ထုတ်နိုင်ခြင်း၊ Android ဖုန်းကို Reboot, Recovery , Bootloader, shudtdown လုပ်နိုင်ခြင်း အစရှိတာတွေကိုလုပ်ဆောင်နိုင်ပါတယ်။ APN, BT discovery, GPS & WiFi Localization ကိုဒီဆော့ဝဲလ်နဲ့ အဖွင့်အပိတ်လုပ်နိုင်ပါတယ်။ Android version 1.6 နှင့်အထက်မှာအ သုံးပြုနိုင်ပါတယ်။ အသုံးဝင် tools များစွာပါဝင်တဲ့ အတွက် Android ဖုန်းရှိသူတိုင်း အသုံးပြု သင့်ပါတယ် ခင်ဗျာ။

     
      
    **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
    **  Step-2. "5sec". လောက်စောင့်ပေးပါ။

    **  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
    **  Step-4. Download Link ကျလာပါလိမ့်မယ်။
    **  အဆင်ပြေပါစေဗျာ။

    MyanPay အွန်လိုင်း ငွေပေးချေမှုစနစ်တွင် VISA Card များ စတင်အသုံးပြုနိုင်ပြီ



    MyanPay အွန်လိုင်း ငွေပေးချေမှုစနစ် (MyanPay Online Pay-ment Gateway) တွင် နိုင်ငံတကာသုံး ဗီဇာကတ်များ စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

    ယခုလ ပထမအပတ်မှ စတင်ကာ အသုံးပြုနိုင်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူက ပြောသည်။ “VISA Card အတွင်းမှာရှိတဲ့ ငွေတွေကို MyanPay ထဲမှာ မြန်မာကျပ်ငွေနဲ့ ချက်ချင်း (Instantly) ငွေသွင်းပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်” ဟု ယင်းက ပြောကြားသည်။ Myan Pay - Secure Online Payment တွင် ၂၀၁၄ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှ စ၍ Master Card စတင် အသုံးပြုနိုင်ခဲ့ပြီး ယခုဧပြီလ ပထမအပတ်မှစတင်ကာ VISA Card အား အသုံးပြုနိုင်ခဲ့ခြင်း ဖြစ်သည်။ ဆက်လက်၍ ပြည်တွင်းရှိ MPU Card များ၊ Mobile Banking စနစ်များ၊ Mobile Money စနစ်များကိုလည်း Myan-Pay တွင် မကြာမီအသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။

    “MyanPay အကောင့်အသုံးပြုဖို့ ဘဏ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ရတာဖြစ်လို့ ဘဏ်ဖွင့်ရက်မှာသာ သွားရောက် ဆောင်ရွက်နိုင်တာပါ။ အခု VISA Card, Master Card တွေနဲ့ ငွေပေးချေနိုင်ပြီဆိုတော့ ဘဏ်ကိုသွားစရာ သက်သာသွားတာပေါ့” ဟု လက်ရှိ MyanPay အသုံးပြုနေသူတစ်ဦးက ပြောကြားသည်။ MyanPay စနစ်မှာ အင်တာနက်မှတစ်ဆင့် ငွေပေးချေခြင်း၊ ငွေလွှဲပေးပို့ခြင်း၊ ငွေလက်ခံခြင်းတို့အား ဝန်ဆောင်မှုပေးခြင်း ဖြစ်သည်။ ငွေလွှဲပေးပို့ရာတွင် Myan Pay အကောင့်အချင်းချင်း (သို့) ငွေလွှဲပြောင်း ပေးပို့လိုသူ၏ အီးမေးလ်လိပ်စာ သိရှိရုံဖြင့် ပေးပို့နိုင်မည်ဖြစ်ကြောင်း၊ ပေးပို့လိုသော အီးမေးလ်ထံသို့ MyanPay အကောင့်တစ်ခုရယူ၍ ငွေလက်ခံရန်အကြောင်းကြား ပေးပို့ပေးကြောင်း သိရသည်။

    ငွေလက်ခံရာတွင် အွန်လိုင်းပေါ်၌ အမြဲရှိနေရန် မလိုအပ်ဘဲ မိုဘိုင်းဖုန်းသို့ စာတိုပို့စနစ်ဖြင့် အကြောင်းကြားပေးကြောင်း သိရသည်။ ယခုကဲ့သို့ နိုင်ငံတကာကတ်များနှင့် အသုံးပြုလာနိုင်ခြင်းဖြင့် ရုံးပိတ်ရက်များတွင် အသုံးပြုနိုင်မည်ဖြစ်ခြင်း၊ ၂၄ နာရီအသုံးပြုနိုင်ခြင်း စသည့် အားသာချက်များ ရှိလာမည်ဖြစ်ကြောင်း ဆိုသည်။ လက်ရှိတွင် MyanPay ထဲသို့ မြန်မာနိုင်ငံအတွင်းရှိ ဘဏ်ခွဲပေါင်း ၅၁၀ ကျော်မှ ငွေသွင်း၍ရကြောင်း သိရသည်။ VISA Card အသုံးပြုသူများ အနေဖြင့် www.myanpay.com.mm သို့ ဝင်ရောက်ကာ Login ပြုလုပ်ပြီး ဗီဇာကတ်အတွက် သတ်မှတ်ထားသော Link ထံသို့ ဝင်ရောက်ကာ ညွှန်ကြားချက်အတိုင်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။


    ထွန်းထွန်း

    Internet Journal

    ပျောက်ဆုံးလေယာဉ် Black Box အချက်ပြသံ ဖြစ်နိုင်ခြေထပ်မံတွေ့ရှိ

    08.04.2014 

    မလေးရှားပျောက်ဆုံးလေယာဉ်ရဲ့ လေယာဉ်ပျံသန်းမှု မှတ်တမ်းတင် Black Box က အချက်ပေးသံနဲ့ ကိုက်ညီတဲ့ အသံအသစ်တွေကို ရေတပ်သင်္ဘောတစီးက လက်ခံရခဲ့တယ်လို့ Australia ရှာဖွေရေး အရာရှိတွေက ထုတ်ပြောလိုက်ပါတယ်။

    ရှာဖွေရေးအကြီးအကဲ Angus Houston က ပြီးခဲ့တဲ့ရက်အတွင်းတွေ့ခဲ့ရတာတွေက Australia ကမ်းလွန် က အိန္ဒိယသမုဒ္ဒရာထဲမှာ ဒီ Boeing 777 လေယာဉ်ရှာဖွေမှုအားလုံးထဲမှာ အားရစရာ အကောင်းဆုံးဖြစ် တယ်လို့ Perth မြို့မှာ တနင်္လာနေ့ကပဲ ပြောခဲ့ပါတယ်။ ဒါပေမယ့် ထပ်မံ အတည်ပြုချက်တွေ ယူဖို့ လိုနေသေးပြီး အဲ့ဒီအတွက် နောက်ထပ်ရက်တွေထပ်ကြာနိုင်သေးတယ်၊ ဒါပေမဲ့လည်း ဒီအမေရိကန်ရေ တပ် သင်္ဘောကရတဲ့ အချက်ပေးသံဟာ သိပ်အားရစရာကောင်းနေတယ်လို့ Mr. Houston က ဆက်ပြောခဲ့ ပါတယ်။

    Australia သင်္ဘော Ocean Shield ဆွဲလာတဲ့ အချက်ပေးသံရှာနေတဲ့ စက်ကိရိယာက Black Box က အချက်ပေးသံကို ၂ နာရီ မိနစ် ၂၀ ကြာအောင် ရနေခဲ့ပြီး နောက်တခေါက်အနေနဲ့လည်း ၁၃ မိနစ်ကြာအောင် ထပ်ကြားခဲ့တယ်လို့ Mr. Houston က ဆိုပါတယ်။

    သူကပဲ ခုလို ကြားခဲ့ရတာက လေယာဉ်ပျံသန်းမှု မှတ်တမ်းတင် ကိရိယာကနေ ရတာရော၊ လေ ယာဉ်မောင်းခန်းက အသံသွင်းကိရိယာက ရတဲ့အသံအတွက်ပါ နှစ်ခုစလုံးနဲ့ သွားကိုက်ခဲ့တာ ဖြစ်နိုင်တယ် လို့ သုံးသပ်ပြခဲ့ပါတယ်။

    နောက်ဆုံးရတဲ့ အချက်ပေးသံ ယျေဘုယျအားဖြင့် ဘယ်ကလာလဲဆိုတဲ့ နေရာကို အတည်ပြုလိုက်နိုင်ပြီ ဆိုရင်တော့ အလိုအလျောက်သွားတဲ့ ရေငုပ်သင်္ဘောလွှတ်ပြီး စုံစမ်းမယ်လို့ Mr. Houston က ဆက်ပြောခဲ့ပါတယ်။

    လူပေါင်း၂၃၉ ဦးပါတဲ့ မလေးရှားလေယာဉ်ဟာ ကွာလာလမ်ပူမြို့ကနေ တရုတ်နိုင်ငံ၊ ဘီဂျင်းမြို့ကို ထွက်ခဲ့ရာမှာ မတ်လ ၈ ရက်နေ့မှာ ဝေဟင်ကနေ ရုတ်တရက်ပျောက်ဆုံးသွားခဲ့ရာမှာ တလခန့်အကြာ တနင်္ဂနွေနေ့မှာ အိန္ဒိယသမုဒ္ဒရာအောက်ကနေ အချက်ပေးသံ ၃ ချက်ကို ရှာဖွေရေးသမားတွေက ကြားခဲ့ရအပြီး အခုလို တိုးတက်မှုအလားအလာရှိလာခဲ့တာပါ။
     
    VOA

    Telenor က ကိုယ်ပိုင်အင်တာနက်လိုင်းကို နိုင်ငံတကာနှင့် ချိတ်ဆက်ပြီး ဝန်ဆောင်မှုပေးရန်ရှိ

    နော်ဝေ ဆက်သွယ်ရေးကုမ္ပဏီ Telenor က အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် မရှိသည့် ကိုယ်ပိုင်အင်တာ နက်လိုင်းတစ်ခုကို နိုင်ငံတကာ အင်တာနက်ကွန်ရက်နှင့် ချိတ်ဆက်အသုံးပြုနေပြီဖြစ်ကြောင်း ယခုလ ပထမပတ်အတွင်းတွင် ပြည်တွင်း၊ ပြည်ပသတင်းဌာနအချို့၏ တရားဝင် အင်တာနက်စာမျက်နှာများပေါ် ၌ ရေးသားဖော်ပြလာခဲ့ကြသည်။

    Telenor Myanmar ကုမ္ပဏီသည် ၎င်းတို့၏ ကိုယ်ပိုင်အင်တာနက်လိုင်း တစ်ခုကို သီးသန့်တည်ဆောက် ရန်ရှိပြီး အဆင့်မြင့် အင်တာနက်ဝန်ဆောင်မှုကို ပေးနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်တွင်း မီဒီယာသို့ ပြောကြားခြင်းများ ရှိခဲ့သည်။

    ယခုထွက်ပေါ်လာသည့် သတင်းများတွင် စင်ကာပူနိုင်ငံရှိ ဆက်သွယ်ရေးကုမ္ပဏီမှဖြစ်သည့် TaTa မှ တစ်ဆင့် နိုင်ငံတကာ အင်တာနက်လိုင်းကို ချိတ်ဆက်ထားခြင်းဖြစ်ပြီး ယင်းချိတ်ဆက်မှုသည် ၂၀၁၃ ခုနှစ်၊ မတ်လ ၈ ရက်က စတင်ခဲ့သည့်ဟု အထက်ပါသတင်းများတွင် ဆက်လက်ဖော်ပြထားကြသည်။

    Telenor Myanmar ကုမ္ပဏီသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို မမှီခိုသည့် နိုင်ငံတကာနှင့် ချိတ်ဆက် ထားသည့် ကိုယ်ပိုင်အင်တာနက်လိုင်းတစ်ခုကို တည်ဆောက်ထားခြင်းဖြစ်ပြီး ယခုကဲ့သို့ လုပ်ဆောင်မှု သည် မြန်မာနိုင်ငံ၌ ပထမဆုံးလုပ်ဆောင်လိုက်သည့် အင်တာနက်ဆက်သွယ်မှုနှင့် ပတ်သက်ပြီး ပထမဆုံးခြေလှမ်းဖြစ်သည်ဟု သိရသည်။

    ယုဇနကိုကို

    Internet Journal

    Hacking ကို အခြေခံသဘောလောက် ကလိချင်သူများအတွက် - Relytec All In One Keylogger v3.8 + Patch / Keygen

    http://www.sharewarebay.com/images/screenshot/relytec/All_In_One_Keylogger.jpg
    Facebook ကနေ အားမနာပါးမနာနဲ့ တွေ့တိုင်းတောင်းနေတဲ့ အကိုတစ်ယောက်အတွက် Keylogger တစ်ခု တင်ပေးလိုက်ပါတယ်ဗျာ။ Kelogger တစ်ခုကို ကျွမ်းကျင်ပိုင်နိုင်စွာအသုံးပြုနိုင်မယ်ဆိုရင်တော့ မိမိလိုချင်တဲ့ Data တွေကို လွယ်ကူစွာရရှိနိုင်မှာပါ။ ဒါပေမယ့် Security ကောင်းမွန်တဲ့ ပညာရှင်များထံမှ Data တွေကို ရယူနိုင်မှာတော့မဟုတ်ပါဘူး။ Feature အပြည့်အစုံသုံးနိုင်ဖို့အတွက် Patch နဲ့ Keygen ကိုပါထည့်ပေး လိုက်ပါ တယ်ဗျာ။ အဆင်ပြေတာနဲ့သာအသုံးပြုကြပါဗျာ။ နည်းပညာနဲ့ပတ်သတ်ရင် သူများထက်ခြေတစ် လှမ်းနောက်မကျစေချင်တဲ့ ရည်ရွယ်ချက်နဲ့ တင်ပေးလိုက်တာပါ။ အခုပေးလိုက်တဲ့ Relytec All In One Keylogger  ဟာ သူတပါး အကျိုးစီးပွားကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့တင်ပေးခြင်းမဟုတ်ပါ။ အသေး စိတ်သိချင်တယ်ဆိုရင်တော့ အောက်က Link မှာဒေါင်းယူနိုင်ပါတယ်ဗျာ။

    This is Invisible Keylogger surveillance software , Keystrokes Recorder, Spy Software tool that registers every activity on your PC to encrypted logs. The Keylogger Software allows you to secretly track all activities from all computer users and automatically receive logs to a desire e-mail/FTP/LAN accounting.
    All In One Keylogger allows you to view all keystrokes typed, chat conversations, e-mails messages, printed documents names, name of files that were created, deleted or renamed and watch the websites they surfed to (even after browser history has been deleted).
    By activating All In One Keylogger, you can monitor everything Including blocking unwanted programs and websites.
    All In One Keylogger allows you to register all keystrokes typed including language-specific characters, talk and messages conversations (Both sides), passwords, e-mails, text that was copied to clipboard, microphone sounds, screenshots capturing, desktop and Internet activity (like sites your kids have visited).
    All In One Key logger automatically activates itself when windows starts and is completely invisible in Applications and Processes tabs in Task Manager, Windows Task Bar, System Tray, MSConfig (Startup entry), Uninstall list (Add/Remove programs) And startup menu. All In One Key logger also Hides its files. 


    **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
    **  Step-2. "5sec". လောက်စောင့်ပေးပါ။

    **  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
    **  Step-4. Download Link ကျလာပါလိမ့်မယ်။
    **  အဆင်ပြေပါစေဗျာ။

    ပထမဆုံး မြန်မာစာ Build-in ပါဝင်တဲ့ Huawei စမတ်ဖုန်း Huawei Ascend G6



    USD 250 Around ( ခန့်မှန်း ၂၅၀,၀၀၀ ကျပ်ဝန်းကျင်)
     
    Huawei Showroom
    ၀၉-၃၁၅ ၉၇၇ ၇၀

    Ascend G6 ဟာ မြန်မာနိုင်ငံကို မကြာခင်ရောက်ရှိလာတော့မယ့် ဖုန်းတစ်လုံးပါ။ Huawei စမတ်ဖုန်းတွေထဲ မြန်မာစာ Build-in ပထမဆုံး အသုံးပြုထားတဲ့ ဖုန်းပေါ့။ ပြည်တွင်းဈေးကွက်ထဲကိုတော့ ဧပြီလအတွင်းမှာ စတင်ရောင်းချသွားပါ လိမ့်မယ်။ G6 အကြောင်းပြောရမယ် ဆိုရင် သူဟာ P6 နဲ့ ညီအစ်ကိုလိုပါပဲ။ P6 နဲ့ ဒီဇိုင်းအသွင်အပြင် တထေရာတည်းတူညီပြီး ပါးလွှာမှု အပိုင်းမှာလည်း နှိုင်းယှဉ်နိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ P6 လောက် အရွယ်အစားမကြီးပေမယ့် အသုံးပြုနိုင်တဲ့ Feature တွေက P6 ထက်တောင် ပိုနေပါသေးတယ်။ G6 ကို ကိုယ်တိုင်စမ်းသပ်ကြည့် လိုက်တော့…….

    မြန်မာစာ Build-in ပါဝင် မိုဘိုင်းဖုန်းမှာ မြန်မာစာသုံးနိုင်ဖို့ ဆိုတာ အရေးကြီးတဲ့ အချက်တစ်ခု
    ဖြစ်လာပါတယ်။ ဒါကို Huawei က အလေးထားပါတယ်။ ဒါ့ကြောင့်
    မြန်မာစာ Build-in ပါတဲ့ စမတ်ဖုန်းတစ်လုံးကို ဖန်တီးပေးလိုက်တာပါ။

    မြန်မာစာ Build-in ပါလာတဲ့အတွက်ကြောင့် ဖုန်းရဲ့ App တွေ၊ Setting တွေ၊ Network ချိတ်ဆက်မှုတွေကအစ မြန်မာဘာသာ
    စကားတွေနဲ့ မြင်တွေ့ရပါပြီ။ အားသာချက်က မြန်မာစာဖော်ပြမှုတွေဟာ ပိုမိုရှင်းလင်းပြီး နားလည်ရလွယ်ကူတဲ့ စာသားတွေမြင်တွေ့ရခြင်းပါ။

    ရှေ့ကင်မရာကို အလေးပေးထား
    G6 မှာ ရှေ့ကင်မရာစွမ်းရည်ကို ပိုအလေးပေးထားတာ တွေ့ရပါတယ်။
    ရှေ့ကင်မရာကို 5MP အထိတောင် သုံးပေးထားပါတယ်။ မနည်းလှတဲ့ Pixels အရည်အသွေးပါ။ 88° Wide-Angle ရိုက်ကူးနိုင်မယ့် စွမ်းရည်တွေ ရှိနေပါတယ်။ အသံနဲ့ခိုင်းစေ ရိုက်ကူးနိုင်တဲ့ Voice System လည်း ပါဝင်ပါတယ်။

    နောက်ဘက်မှာတော့ Auto Focus လုပ်ပေးနိုင်တဲ့ 8 MP BSI ကင်မရာ တစ်လုံးကို တပ်ဆင်ထားပါတယ်။ အဲဒီကင်မရာမှာ 5P Lens တွေ တပ်ဆင်ထားပြီး F2.0 Aperture စွမ်းရည်တွေကို ပိုင်ဆိုင်ထားပါတယ်။ အလင်းပြန်မှု အရမ်းများနေတဲ့ ပတ်ဝန်းကျင်မှာ အဆင်ပြေပြေ ဓာတ်ပုံရိုက်ယူနိုင်အောင် စီစဉ်ပေးမယ့် Blue Glass Infrared Filter တွေကိုလည်း တပ်ဆင်ထားတယ်။ HDR စနစ်တွေ၊ မြင်ကွင်းကျယ် Panorama စနစ်တွေ၊ အလှဓာတ်ပုံရိုက်နိုင်မယ့် Beaty Level စနစ်တွေ သုံးနိုင်ပါသေးတယ်။ ထူးခြားချက်တစ်ခုက ဓာတ်ပုံရိုက်ရာမှာ အသံပါဖမ်းယူပေးမယ့် Sound & Shot စနစ်တစ်ခုပါဝင်လာပါတယ်။ Sound & Shot စနစ်က သင့်ရဲ့အမှတ်တရ ဓာတ်ပုံတွေကို ပိုပြီး အမှတ်တရ ရှိသွားစေတာပေါ့။

    ဓာတ်ပုံတွေကို တိုက်ရိုက်ပြုပြင်နိုင်
    ရိုက်ယူထားတဲ့ ဓာတ်ပုံတွေကို Effect အမျိုးမျိုးသုံးပြီး အလန်းစား ဓာတ်ပုံတွေအဖြစ် ပြုပြင်နိုင်ပါတယ်။ ဘယ် ကင်မရာ App ကိုမှ သုံးနေဖို့မလိုပါဘူး။ G6 ရဲ့ကိုယ်ပိုင်ကင်မရာမှာပဲ တိုက်ရိုက်ပြုပြင်
    နိုင်ပါတယ်။ ဓာတ်ပုံတွေကို လိုအပ်တဲ့အတိုင်းအတာအထိ Cropping
    ဖြတ်နိုင်ပြီး အလင်းအမှောင်ချိန်ညှိခြင်း၊ ဓာတ်ပုံဖရိန်ထည့်ခြင်းတွေကို လုပ်ဆောင်နိုင်ပါတယ်။ Effect အမျိုးမျိုးလည်း ပါဝင်ပါတယ်။

    Emotion UI 2.0
    P6 မှာသုံးထားတဲ့ UI ထက်ဗားရှင်းပိုမြင့်တဲ့ Emotion UI 2.0ကိုသုံးထားတာ
    ပါ။ P6 ထက် UI က ပိုပြီးလန်းလာပါတယ်။ Home Screen ကနေ
    နှစ်သက်ရာ App တွေကို အလွယ်တကူ အသုံးပြုနိုင်ခြင်းက Emotion UI ရဲ့အားသာချက်တွေပါ။

    စွမ်းဆောင်ရည်

    G6 မှာ ၄.၅ လက်မရှိတဲ့ qHD မျက်နှာပြင်ကို သုံးထားတာပါ။ P6 ထက်တော့ အရွယ်အစား သေးပါတယ်။ 4 GB Storage နဲ့ 1 GB RAM ကို သုံးထားပါ
    တယ်။ 1.2 GHz မြန်နှုန်းရှိတဲ့ Quad-core Processor ကိုသုံးထား
    ပါတယ်။ မြန်ဆန်သွက်လက်မှုကို မြင့်မားစွာ စွမ်းဆောင်နိုင်တဲ့ ဖုန်းတစ်လုံးပါပဲ။ Android ဗားရှင်း 4.2 (Jelly Bean) ကိုသုံးထားပါတယ်။ ကြာရှည်အသုံးခံနိုင်မယ့် Li-Ion 2000 mAh ဘတ်ထရီကို တပ်ဆင်ထား
    ပါတယ်။

    သုံးသပ်ချက်

    လက်ရှိပြည်တွင်းကို ဝင်ရောက်လာမယ့် G6 ဗားရှင်းက 3G Network သုံး GSM ဆင်းကဒ် သီးသန့်ထည့်သုံးနိုင်တဲ့ ဗားရှင်းပါ။ နောက်ပိုင်းမှာ CDMA အတွက်ရော၊ ဆင်းကဒ်နှစ်ကဒ်အတွက်ရော ဗားရှင်းအသစ်တွေ ထပ်ထုတ်မယ်လို့ သိရပါတယ်။ CDMA ကိုင်ဆောင်သူတွေ စိတ်မပျက်ရတော့ဘူးပေါ့။

    Specifications
    - 4.5 inches qHD Display
    - GSM 3G Network
    - 4 GB Storage, 1 GB RAM
    - 8MP Back & 5MP Front Camera
    - Android OS, v4.2 (Jelly Bean)
    - Quad-core 1.2 GHz Processor
    - Li-Ion 2000 mAh Battery

     
     
      TechSpace Journal

    ကမ္ဘာ့ အဆင့်ရှိ တဲ့ Telenor နဲ့ Ooderoo တို့ကို ယှဉ်ပြိုင်နိုင်ရန် မြန်မာ့ဆက်သွယ်ရေးပြင်ဆင်နေမှု Final အဆင့်ရောက်


    မြန်မာနိုင်ငံ တွင်ရှိသော ကမ္ဘာ့ အဆင့်မီ ပြည်ပ ဆက်သွယ်ရေး အော်ပရေတာ များနှင့် ယှဉ်ပြိုင် နိုင် ရန် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ နိုင်ငံခြား အဖွဲ့အစည်း တစ်ခု နှင့် ပူးပေါင်း ဆောင်ရွက်ရန် စီစဉ်နေ ကြောင်း မြန်မာ့ ဆက်သွယ်ရေး၊ သတင်း အချက်အလက် နှင့် နည်းပညာ ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးမြတ်ဟိန်း က The Messenger သတင်းစာ သို့ ပြောသည်။
     
     
     ပြည်တွင်းမှာ ငွေကြေး အရင်းအနှီး နည်းပညာနဲ့ လူ့စွမ်းအား အရင်း အမြစ် တွေ အားနည်း နေပါတယ်။ ကျွန်တော်တို့ ချည်းပဲ လည်း မလုပ် နိုင်သေး ပါဘူး။ Telenor နဲ့ Ooderoo ဆိုတာ တကယ့် ကမ္ဘာ့ အဆင့်ရှိ တဲ့ Operator တွေလေ။ သူတို့နဲ့ ယှဉ်ပြိုင်နိုင် ဖို့ဆိုတာ တန်းတူတဲ့ အင်အားရှိ ဖို့တော့ လို အပ် နေပါတယ်။ ကျွန်တော် တို့လည်း သူတို့ နဲ့ တန်းတူ အင်အား ရှိတဲ့ နိုင်ငံခြား အဖွဲ့အစည်း တစ်ခု နဲ့ ဆွေးနွေး နေပါတယ်။ Final အဆင့် ရောက်ပြီလို့ ပြောလို့ ရပါတယ် ဟု ၎င်း ကဆို သည်။
     
     
     ယင်းသို့ ဆွေးနွေး နေသော နိုင်ငံခြား အဖွဲ့ အစည်းများ အနက် အဓိက အားဖြင့် ဂျပန် နိုင်ငံ နှင့် ဆွေးနွေး နေပြီး မကြာခင် အချိန် အတွင်း ဆွေးနွေးမှု အသေးစိတ် အချက် အလက် များအား သဘောတူညီ မှု ရရှိ လျှင် ထုတ်ပြန် သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ၀န်ကြီး က ဆိုသည်။ Telenor အနေ နဲ့ ယှဉ်ပြိုင်မှု တွေ ကို နှစ်သက် ပါတယ်။ ဒီ ယှဉ်ပြိုင်မှု တွေက မြန်မာ နိုင်ငံ မှာ သုံးစွဲ တဲ့ ပြည်သူတွေ အတွက် ပို ကောင်း တဲ့ ဆက်သွယ်ရေး စနစ်၊ သက်သာ တဲ့ နှုန်းထား တွေ ပိုရ လာနိုင် ပါတယ်။ Telenor အနေနဲ့ သုံးစွဲ တဲ့ပြည်သူတွေ အကောင်းဆုံး အနေ အထားရောက် အောင် ပြင်ဆင် သွားပါ မယ်။ မြန်မာ့ ဆက်သွယ်ရေး ပဲဖြစ်ဖြစ်၊ အောရီဒူး ပဲဖြစ်ဖြစ်၊ ရတနာပုံ တယ်လီပို့ ဖြစ်ဖြစ် ကြို ဆို ပါတယ် ဟု Telenor Myanmar မှ အမှုဆောင် အရာရှိ ချုပ် Mr.Petter Fuberg က The Messenger သတင်းစာသို့ ပြော သည်။

     
    လက်ရှိအချိန်တွင် မြန်မာ့ဆက်သွယ် ရေး ကဏ္ဍ၌ ၀န်ဆောင်မှု များနှင့် ပတ်သက် ၍ မြန်မာ့ ဆက် သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်း၊ ရတနာပုံ တယ်လီပို့ တို့မှ ၀န်ဆောင်မှု များ ပေးနေ သည်။ ထို့ အပြင် ပြည်ပ ကုမ္ပဏီ များ ဖြစ် သော တယ်လီနော နှင့် အောရီဒူး တို့မှ ဆက်သွယ် ရေး လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ရရှိ ထားပြီး ၀န်ဆောင် မှု ပေးနိုင်ရန် ကြိုတင်ပြင်ဆင်မှု များပြုလုပ်နေကြောင်း၊ မြန်မာ့ ဆက်သွယ် ရေး သတင်း အချက်အလက်နှင့် နည်းပညာ ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

     
    The Messenger

    Huawei C8816D Root နဲ့ မြန်မာဖောင့် ရပါပြီ



    Huawei C8816D လေးမြန်မာစာ ရရှိပါပြီ။
                      




    နှစ်ခုလုံးဒေါင်းပြီးရင်တော့ စလုပ်ပါမယ်။

    အရင်ဆုံး Bootloader Unlock Code တောင်းရပါမယ်။

    Bootloader Unlock Code ကို  ဒီကနေ တောင်းလိုက်ပါ။

    Code ချက်ချင်းရပါတယ်။

    ရလာတဲ့ Code ကို မှတ်ထားပါ။

    Bootloader Unlock လုပ်ရန် ဒေါင်းထားတဲ့ exe file လေးကို ဖွင့်လိုက်ပါ။

    Device ကို Fastboot Mode သွင်းပြီးကြိုးထိုးလိုက်ပါ။

    Fatstboot mode >>> Volume Down + Power Key

    PC က Device ကိုသိပြီဆိုရင် Bootloader Unlock exe ကို ဖွင့်ထားတဲ့ file ထဲက

    Bootloader Unlock ဆိုတာကို Click လိုက်ပါ။

    Box တစ်ခုကျလာပါမယ် ... OK & Cancel နှစ်ခုထဲက OK ကိုရွေးလိုက်ပါ။

    Code တောင်းတဲ့ Box လေးကျလာပါမယ်။

    မှတ်ထားတဲ့ Code လေးကို ထည့်ပြိး Enter ခေါက်လိုက်ပါ။

    Device မှာ Rebbot ကျပြီး Battery အားသွင်းတဲ့ ပုံလေးပြရင် ရပါပြီ။

    Battery ကို ဖြုတ်ပြီး ပြန်တက်ပြီး power ပြန်ဖွင့်လိုက်ပါ။

    Device ပြန်တက်လာရင် USBDebugging တို့ Unknow source တို့ on ပြီးကြိုးထိုးလိုက်ပါ။

    ပြီးရင် Root လုပ်ဖို့ဒေါင်းထားတဲ့ Rar file လေးဖြည်ပြီး အထဲထဲက ရလာတဲ့ Folder ထဲက

    Root.cmd ကို ဖွင့်လိုက်ပါ။

    သူ့ပါသူ အလုပ်လုပ်ပေးပါမယ် ... နောက်ဆုံး Enter ခေါက်ဖို့တောင်းလာရင် 

    Enter ခေါက်ပေးလိုက်ပါ။

    Device ပြန်တက်လာရင် Root ရပါပြီ။

    Font အတွက်ကတော့ ကျနော်က Smart_Zawgyi_Pro နဲ့ ထည့်လိုက်ပါတယ်။
     

     
    ~~~~~~~~~~~~~~~~~~~~

    ကျနော်ပြန်လည်မျှဝေပေးလိုက်တဲ့ အရာတစ်ခုပာာ တစ်ဦးတစ်ယောက်အတွက်

    အထောက်အကူဖြစ်မယ်ဆိုကျေနပ်ပါတယ်။


    ..........::::: အဆင်ပြေပါစေ :::::..........
     
     
    Kaung Htoo San

    Credit : http://24sevennn.blogspot.com/