Pages

Translate

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Sunday, March 23, 2014

လူသားတို့တီထွင်ထားသော ရေဒါ၊ ဆိုနာ များထက် ခေတ်ရှေ့ပြေးနေသော လင်းနို့များ


about bats
လင်းနို့်တွေဟာ အလွန်ကိုစိတ်ဝင်စားစရာကောင်းမွန်တဲ့ကောင်တွေပါ။သူတို့ရဲ့ အထူးခြားဆုံး စွမ်းရည်ကတော့ သူတို့ဟာ အရာဝတ္ထုတစ်ခုရဲ့တည်နေရာကို ပဲ့တင်သံဖမ်း နည်းစနစ် အသုံးပြုပြီး ရှာဖွေနိုင်စွမ်းပါပဲ။ ဒါကို (EcholocativeAbility) လို့ခေါ်ပါတယ်။ သူတို့ရဲ့ ဒီစွမ်းရည်ဟာ ဘယ်လောက်တောင် ကောင်းမွန်ပါသလဲဆိုတာကို သိရှိနိုင်ဖို့အတွက် ပညာရှင်တွေဟာ စမ်းသပ်ချက်တွေအများကြီးလုပ်ခဲ့ပါတယ်။
အခု ကျွန်တော်တို့ဒီအကောင်တွေရဲ့အံဖွယ်ဒီဇိုင်းတွေကို သေချာကြည့်ရအောင် (J.A.Summer Maria Torres, Scientific Research about bats, Boston: National Academic Press ,September 1996, pp 192-195) ပထမဆုံး စမ်းသပ်ချက်မှာ လင်းနို့တစ်ကောင်ကို လုံးဝမှောင်မိုက်နေတဲ့ အခန်းတစ်ခုထဲမှာ ထည့်ထားလိုက်ပါတယ်။အဲဒီအခန်းရဲ့ ထောင့်တစ်နေရာမှာ ယင်ကောင်တစ်ကောင်ကို လင်းနို့ရဲ့သားကောင် (အစာ)အဖြစ် ထားရှိလိုက်ပါတယ်။ နောက်တော့ ဒီအခန်းထဲက အဖြစ်အပျက်တွေကို ညဘက်ကြည့် ကင်မရာတွေထားရှိပြီး ပညာရှင်တွေဟာ လှို့ဝှက် စောင့်ကြည်ခဲ့ကြပါတယ်။ သူတို့ တွေ့ရှိလိုက်တာကတော့ ယင်ကောင်ဟာလေထဲက စတင်ရောက်ရှိတာနဲ့ တပြိုင်နက် တခြားထောင့်ကနေရာမှာ ရှိတဲ့လင်းနို့ဟာဒီ ယင် ကောင်ဆီကို တိုက်ရိုက်ချက်ချင်း လျှင်မြန်စွာသွားပြီး ချက်ချင်း ဖမ်းဆီးလိုက်နိုင်ပါတယ်။
ဒီစမ်း သပ်ချက်အရ လင်းနို့တွေဟာ အလွန်ကောင်းတဲ့ အာရုံခံနိုင်မူစွမ်းရည်ဟာပိန်းပိတ်တဲ့ အ မှောင်ထဲမှာ တောင် ရှိတယ်လို့ကောက်ချက်ချ ကြပါတယ်။ ဒါပေမယ့် ဒီ အာရုံခံနိုင်မူ စွမ်းရည်ဟာ အကြားအာရုံ ကြောင့်လား ဒါမှမဟုတ် လင်းနို့မှာ ဇီးကွက်တွေလို အမှောင်ထုထဲမှာ မြင်နိုင်စွမ်းရှိတဲ့ မျက်လုံးများ ရှိနေလို့လားဆိုတာ ပညာရှင်တွေအနေနဲ့ မဝေခွဲနိုင်ကြသေးပါဘူး။
ဒါကြောင့်ဒီမေးခွန်းတွေရဲ့ အဖြေကိုရရှိဖို့အတွက် ဒုတိယ စမ်းသပ်ချက်ကိုဆောင်ရွက်ကြပါတယ်။ အဲဒီအခန်းထဲမှာပဲ ခူကောင် တွေကိုထားရှိပြီး အဲဒီ ခူကောင်တွေရဲ့အပေါ်ကိုသတင်းစာ စာရွက် တစ်ထပ်နဲ့ လင်းနို့အနေနဲ့ မမြင်နိုင်အောင်လုံလုံခြုံခြုံ အုပ်ထားလိုက်ပါတယ်။ ပြီးတော့ ပညာရှင်တွေဟာ ကင်မရာကနေ တစ်ဆင့်စောင့်ကြည့်ကြပါတယ်။ ဒီအခါမှာ သူတို့တွေ့မြင်ကြ ရတာကတော့ လင်းနို့ဟာ လွှတ်လိုက်တာနဲ့ တစ်ပြိုင်နက်၊ အချိန်လုံးဝ မဆွဲပဲ သတင်းစာရှိရာ သို့သွားရောက် ဖယ်ရှားပြီး၊ခူ ကောင်တွေကို စားသောက် ပစ်လိုက်ပါတယ်။ ဒါကြောင့် ဒီစမ်းသပ်မူအရ လင်းနို့တွေရဲ့ လမ်းကြောင်းရှာဖွေနိုင်မူ စွမ်းရည် ဟာ အမြင်အာရုံကြောင့် မဟုတ် ဘူးဆိုတာ ပညာရှင်တွေ သိရှိခဲ့ကြပါတယ်။
သိပံ္ပညာရှင်တွေဟာတတိယမြောက် စမ်းသပ်ချက်ကို ထပ်မံပြုလုပ်ပါတယ်။ ရှည်လျားတဲ့ လျှောက်လမ်းတစ်ခုရဲ့တစ်ဘက်ခြမ်းမှာ တစ်ဖက်ခြမ်းမှာ လင်းနို့ တစ်ကောင်ကို ထားရှိပြီး တစ်ခြား တစ်ဘက်ခြမ်းမှာတော့ လိပ်ပြာတစ်ကောင်ကို ထားရှိလိုက်ပါတယ်။ ပြီးတော့ လင်းနို့နဲ့ လိပ်ပြာကြား လမ်းတစ်လျှောက်မှာ နံရံများစွာကို အစီအစဉ်အလိုက် ထားရှိလိုက်ကြပါတယ်။နံရံတစ်ခု ဆီမှာလင်းနို့တစ်ကောင်သာ ၀င်နိုင်လောက်တဲ့ အပေါက်ငယ်လေးကိုပဲ ထားထားပါတယ်။ ဒါပေမယ့် ဒီပေါက်တွေရဲ့ တည်နေရာဟာ နံရံတစ်ခုစီမှာ တည်နေရာထားရှိပုံတွေ မတူညီကြပါဘူး။ ဆိုလိုတာက လင်းနို့ဟာလိပ်ပြာဆီရောက်ချင်တယ်ဆိုရင် တည့်တည့်ခြင်းပဲ သွားလို့မရဘူးပေါ့။ Zigzag ပုံစံသွားရပါမယ် သိပ္ပံပညာရှင်တွေဟာ ဒီမှောင်နေတဲ့လျှောက်လမ်း ထဲမှာ လင်းနို့ကို လွှတ်ပြီး စတင်စောင့်ကြည့်ကြပါတယ်။ အံ့ဖွယ်ပါပဲ။ လင်းနို့ဟာ ပထမအကန့်နံရံ ကိုရောက်တာနဲ့ အပေါက်ဆီကိုအေးဆေးဖြစ်သန်း သွားပါတယ်။ အကန့်နံရံအားလုံးကိုသူဟာ လွယ်ကူစွာပဲ ဖြစ်သန်းသွားနိုင်ပါတယ်။လင်းနို့ဟာ နံရံရှိတယ်ဆိုတာ သိရုံမက အပေါက်ဘယ် မှာရှိနေတယ်ဆိုတာကိုပါ သိရှိနေပါတယ်။နောက်ဆုံး အပေါက်ကို ဖြစ်ကျော်ပြီးတဲ့ အခါမှာတော့ သူဝမ်းစာ ပြည့်ပြီပေါ ။့
အရမ်းအံသြသွားတဲ့ သိပံ္ပပညာရှင်တွေဟာလင်းနို့ရဲ့ အာရုံခံနိုင်မူ စွမ်းရည်ဟာ ဘယ်လောက်ထိနူးညံ့ပါသလဲ ဆိုတာကို နား လည်သိရှိနိုင်ဖို့ နောက်ဆုံး စမ်းသပ်ချက် တစ်ခုကို ထပ်မံပြုလုပ်ကြပါတယ်။
ရှည်လျားတဲ့ လှိုဏ်ခေါင်းတစ်ခုမှာ ၀.၆ မီလီမီတာလေးပဲ အချင်းရှိတဲ့ စတီးကြိုး များကို အပေါ်ဘက်စီလင်က နေကြမ်းပြင်ပေါ်ဆီသို့ ကျပန်း ပုံစံ ထားရှိလိုက်ကြပါတယ်။အဲဒီမှာ ပညာရှင်တွေဟာ ဆထက်ထမ်းပိုး အံအားသင့်သွားကြပါတယ်။ လင်းနို့ဟာ (0.6mm) အထူပဲရှိတဲ့ အဟန့်အတားတွေကိုတောင် သိရှိရှောင်ကွင်းပြီးသွားနိုင်ခဲ့ ပါတယ်။ အဲဒီ သုသေသန အရ လင်းနို့ဟာ မယုံနိုင်ကောင်းလောက်အောင် အာရုံခံ စွမ်းရည်ကို သူတို့ရဲ့ ပဲ့တင်သံသုံး တည်နေရာ ရှာဖွေရေး စနစ် (Echolocative Ability) နဲ့ချိတ်ဆက်ပြီး ပိုင်ဆိုင် ရရှိနေတယ်ဆိုတာကိုပညာရှင်တွေသိရှိခဲ့ကြပါတယ်။ လင်းနို့တွေဟာ သူတို့နား က အရာဝတ္ထုတွေကို ထောက်လှမ်းနိုင် ဖို့ မြင့်မားတဲ့ ကြိမ်နှုန်း (Frequency)ရှိတဲ့ အသံလှိုင်း တွေကိုထုတ်လွှတ်ပါတယ်။ ဒီအသံလှိုင်းတွေဟာ အရာဝတ္ထုတွေဆီကနေ ပြန်ကန် ထွက်လာပါတယ်။ ပြန်လာတဲ့ ဒီအသံတွေဟာ လူသားတွေ မကြားနိုင်ပေမဲ့ သူတို့ အတွက်တော့မြေပုံ တစ်ပုံလို အလုပ်လုပ်ဆောင်နေကြပါတယ်။ (Donald Griffin, Animal Engineering, San Francisco, The Rockefeller university-W.H freeman Com p72-75)
လင်းနို့ဟာသူထုတ်လွှတ်လိုက်တဲ့ အသံနဲ့ အရာဝတ္ထု ဆီမှပြန်ကန်ထွက်လာပြီးသူပြန်လည်ကြားရှိလိုက်ရတဲ့ အသံ၂ခုကြား အချိန်ကို မှတ်သားပြီး အဲဒီအရာဝတ္ထုနဲ့ သူနဲ့ကြား အကွာအဝေးကို တွက်ချက်နိုင်ပါတယ်။ အဟိတ် တိရစ္ဆာန်တစ်ကောင်ရဲ့ ဒီလိုတွက်ချက်နိုင် စွမ်းရည်ဟာ အံ့ဖွယ်ဒီဇိုင်း တစ်ခုပဲဖြစ်ပါတယ်။ လင်းနို့ရဲ့သိနားလည်မူ စွမ်းရည်ဟာ ဒီမှာတင်မရပ်သေးပါဘူး။ သူဟာ Doppler Effect ကိုပါ နားလည်နေပါတယ်။
ဒီလိုပါ ။ တကယ်တော့ လင်းနို့ရဲ့ ကြားနိုင်သော ကြိမ်နှုန်းဘောင် (Spectrumof Frequency) ဟာ အလွန်ကျဉ်းမြောင်းပါတယ်။ Doppler Effect ဆိုတာက ဒီလိုပါ။ အကယ်၍ အရာဝတ္ထု ၂ ခုသည် ရပ်တည်နေသည်ဆိုပါက ပို့လွှတ်လိုက်သောကြိမ်နှုန်း (Frequency) နှင့် ပြန်လည် ကန်ထွက်လာသော ကြိမ်နှုန်းသည် တူညီပါတယ်။ သို့သော်လှုပ်ရှားနေသော အရာဝတ္ထုဖြစ်ပါက (ဥပမာ ဝဲပျံနေသော ယင်ကောင်)၊ ပြန်ကန်ထွက်လာသော ကြိမ်နှုန်းသည် ပို့လွှတ်လိုက်သောကြိမ်နှုန်းနှင့် မတူညီပါ။ ဒီအခါမှာ လင်းနို့ကြုံတွေ့နိုင်တဲ့ပြဿနာကတော့ ဥပမာ လှုပ်ရှားနေသော ယင်ကောင်ဆီမှ ပြန်ကန်ထွက်လာသော ပဲ့တင်သံသည် သူကြားနိုင်သော ကြိမ်နှုန်းဘောင် အတွင်းမဝင်ပါက သူကြားလိုက်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ လင်းနို့တွေဟာဒီ Doppler Effect ကိုသိနားလည်နေတဲ့အလားလှုပ်ရှားနေတဲ့ အရာဝတ္ထုတွေဆီ ဆိုရင်တော့ သူဟာစတင် အသံပို့လွှတ်ကတည်းက သူ့ရဲ့ အမြင့်ဆုံး ကြိမ်နှုန်းရှိတဲ့အသံကိုပို့လွှတ်လိုက်ပါတယ်။
ဒါမှသာလျှင်ပြန်ကန်ထွက်လာတဲ့ အသံလှိုင်းဟာ သူကြားနိုင်တဲ့ ကြိမ်နှုန်းဘောင်ထက်ကို နိမ့်မကျသွားမှာဖြစ်ပါတယ်။ ဒီလိုချိန်ညှိနိုင်မူကို ဘယ်လိုကြောင့်များ ဆောင်ရွက်နိုင်ပါသလဲ။ လင်းနို့တစ်ကောင်ရဲ့ ဦးနှောက်မှာသူရဲ့ အသံလှိုင်းအာရုံခံ စနစ်ကိုထိန်းချုပ်နေတဲ့ Neurons (အာရုံကြောဆဲလ်) နှစ်မျိုးရှိပါတယ်။ တစ်မျိုးက ပြန်ကန်ထွက်လာတဲ့ ပဲ့တင်သံကို ဖမ်းယူပေးပြီးနောက် တစ်မျိုးက ကြွက်သားတွေကို တည်နေရာရှာ အသံလှိုင်းတွေကို ထုတ်လုပ်ပါဆိုတဲ့ အမိန့်ကိုပေးနေပါတယ်။ ဒီ Neuron နှစ်မျိုးဟာ တစ်ခုနဲ့တစ်ခု ပြီးပြည့်စုံစွာ ချိန်ကိုက်အလုပ် လုပ်ဆောင်နေကြပါတယ်။
အောက်မှာ လင်းနို့ရဲ့ စွမ်းရည်ဟာ လူလုပ်ရေဒါတွေ၊ ဆိုနာ တွေထက် မနှိုင်းကောင်းလောက်အောင် သာလွန်ကောင်းမွန်နေတဲ့ ယှဉ်တွဲပြမူကိုဖော်ပြပေးလိုက်ပါတယ်။
1000267_412659642202322_112918775_n

လေထုအတွင်းရှိ အောက်စီဂျင် ပမာဏ ဟန်ချက်

ဆောင်းပါးရှင်- အေးထွန်း
o2_1
ကမ္ဘာရဲ့လေထုဟာ ကွဲပြားခြားနားတဲ့ ဓာတ်ငွေ့တွေကို  မှန်ကန်တဲ့အချိုးအစားတွေနဲ့ (နိုက်ထရိုဂျင်၇၈ %၊ အောက်စီဂျင် ၂၁ %၊ ကာဗွန်ဒိုင်အောက်စိုက်နဲ့ အာဂွန်လိုအခြားဓာတ်ငွေ့တွေ ၁ %) အသက်ဓာတ်ကို ထောက်ပံပေးဖို့ဒီဇိုင်းစဉ်ထားတဲ့ အံ့ဖွယ်အခြေအနေဖြစ်အောင် ပူးပေါင်း ဖြစ်တည်နေပါတယ်။
အရေးအကြီးဆုံးဓာတ်ငွေ့ဖြစ်တဲ့ အောက်စီဂျင်ကနေပဲ စတင်ကြရအောင်။ ဘာဖြစ်လို့လဲဆိုတော့ ရိုးရှင်းတဲ့ အသက်ဓာတ်ဖွဲ့စည်းမူပုံစံရှိတဲ့ ဘက်တီးရီးယားတွေကနေပြီး ရှုပ်ထွေးတဲ့ လူသားတွေထိ အားလုံးဟာ စွမ်းအင်ကို ထုတ်လုပ်ဖို့အတွက် ဓာတုဗေဒ ဓာတ်ပြုမှုများကို ပြုလုပ်ရန် အောက်စီဂျင်ကို လိုအပ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အဆက်မပြတ် အသက်ရှုသွင်းနေကြတာ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာက လေထုထဲကအောက်စီဂျင် ရာခိုင်နှုန်းဟာ အလွန်ဂရုစိုက်စွာ စီမံထားခြင်း ခံထားရတာပါပဲ။ သူဟာ လက်ရှိပမာဏထက် တိုးလို့လဲမရ၊ လျှော့ကျသွားလို့လဲမရပါဘူး။
တိုးသွားရင် မီးလောင်ကျွမ်းမူတွေ အဆမတန်များပြားလာမှာဖြစ်ပြီး၊ လျှော့ကျသွားရင်တော့ကျွန်တော်တို့လို သက်ရှိတွေ အသက်ရှုကျပ် ကုန်ပါလိမ့်မယ်။ ဇီဝဓာတုပညာရှင် ပရောဖက်ဆာ Michael Denton က “ခင်ဗျားတို့ရဲ့လေထုမှာ အောက်စီဂျင်တွေပိုမိုနေရင် အသက်ဓာတ်ကို အထောက်အကူ ပြုနိုင် ဦးမလားဗျ၊ ဟင့်အင်းပါ။ အောက်စီဂျင်ဆိုတာ အရမ်းဓာတ်ပြုတဲ့ ဒြပ်စင်ပါ။
လက်ရှိ လေထုထဲမှာရှိတဲ့ အောက်စီဂျင်၂၁ရာခိုင်နှုန်းကတောင် အသက်ဓာတ်လုံခြုံရေးအတွက် အမြင့်ဆုံး အကန့်အသတ်နားကို ရောက်နေပါတယ်။ လေထုထဲမှာ အောက်စီဂျင် ၁ ရာခိုင်နှုန်းတိုး လိုက်ရင်တောင် တောမီးလောင်မှုပမာဏက ၇၀ရာခိုင်နှုန်း တိုးလာဖွယ် ရှိနေပါတယ်။” (Michael Denton,Nature’s Destiny, p 106 )
အင်္ဂလိပ်လူမျိုး ဇီဝဓာတုပညာရှင် James Lovelock ကလဲ ဒီအရေးပါတဲ့ အချိုးအစားကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
“လက်ရှိကုန်းမြေက အပင်တွေရဲ့၂၅ရာခိုင်နှုန်းလောက်ကသာ ပြင်းထန်တဲ့ မီးဘေးအန္တရာယ်ကြားမှာ ရှင်သန်ကျန်ရှိခဲ့ပါလိမ့်မယ်။ အဲဒီမီးဘေးဟာ အပူပိုင်းဇုံသစ်တောတွေနဲ့ အာတိတ်လွင်ပြင်ကို ဖျက်ဆီးပစ်လိုက်ပါလိမ့်မယ်။ လက်ရှိအောက်ဆီဂျင်နှုန်းထားဟာ တိုးလို့မဖြစ်၊ လျှော့လို့မဖြစ်တဲ့ အခြေအနေကြားမှာ ကောင်းမွန်စွာ ဟန်ချက်ချ ပေးထားတဲ့ အမှတ်မှာ ရှိနေပါတယ်။” (James J. Lovelock, Gaia,Oxford: Oxford University Press,1987 , p.71)
လေထုထဲမှာပါဝင်တဲ့ အောက်စီဂျင်ရာခိုင်နှုန်းကို ပြီးပြည့်စုံတဲ့ သံသရာစက်ဝန်းတစ်ခုနဲ့ ထိန်းသိမ်းပေးထားပါတယ်။ တိရိစ္ဆာန်တွေဟာ အောက်ဆီဂျင်ကို ရှုသွင်းပြီး ကာဗွန်ဒိုင်အောက်စိုက်ကို အဆက်မပြတ် ပြန်ထုတ်နေပေမဲ့၊ အပင်တွေကတော့ ကာဗွန်ဒိုင်အောက်စိုက်ကို ရှုသွင်းပြီး အသက်ဓာတ်ကို တည်တန့်စေတဲ့ အောက်စီဂျင်ကို ပြန်ထုတ်ပေးနိုင်ပါတယ်။ နေ့စဉ် အပင်တွေဟာ ညအခါမှာ အစာခြေလုပ်ငန်းမလုပ်တဲ့ အတွက်  အောက်စီဂျင် အချို့ကို ပြန်လည်ရှုသွင်းပေမဲ့ နေ့အခါမှာတော့အောက်စီဂျင် တန်ပေါင်းဘီလီယံများစွာ လေထုထဲကို ထုတ်လွှတ်ပေးပါတယ်။
တကယ်လို့များ အပင်တွေကော တိရိစ္ဆာန်တွေ ၂မျိုးလုံးကသာ တူညီတဲ့လုပ်ငန်းစဉ်ကိုသာ လုပ်မယ်ဆိုရင် ဒီကမ္ဘာမြေကြီးဟာ အသက်မရှိတဲ့ ဂြိုလ်တစ်ခုဖြစ်သွားပါလိမ့်မယ်။ ဥပမာအားဖြင့် တကယ်လို့များ၂မျိုးလုံးကသာ အောက်စီဂျင်ကို ထုတ်ပေးသူတွေ ဖြစ်နေမယ်ဆိုရင် လေထုဟာ ခနလေးအတွင်းမှာ အလွန်လောင်ကျွမ်းလွယ်တဲ့ အစွမ်းသတ္တိကို ပိုင်ဆိုင်သွားမှာဖြစ်ပြီး သေးငယ်တဲ့ မီးပန်းရိုက်ခတ်မှုလေးကတောင် ကြီးစွာသော မီးလောင်ကျွမ်းမှုကြီးကို ဖြစ်သွားစေမှာပါ။ ခြောက်သွေ့တဲ့ ကုန်းမြေအများစုဟာ လောင်ကျွမ်းသွားမှာပါ။ အခြားတစ်ဘက်မှာ တကယ်လို့များ ဒီသက်ရှိပုံစံ၂မျိုးလုံးဟာ ကာဗွန်ဒိုင်အောက်စိုက်ကိုသာလျှင် ထုတ်လွှတ်တယ်ဆိုရင် လေထုထဲမှာရှိတဲ့ အောက်စီဂျင်တွေဟာ အလျှင်အမြန် အကုန်အစင် အသုံးပြုပြီးသား ဖြစ်သွားမှာဖြစ်တဲ့အတွက် သက်ရှိအားလုံး အသက်ရှုကျပ်ကုန်တော့မှာပါပဲ။
ဒါပေမယ့်လဲ ဒီသက်ရှိပုံစံ ၂မျိုးလုံးဟာ ဟန်ချက်ညီညီ တည်ရှိနေသည့်အတွက်ကြောင့် လေထုထဲက အောက်စီဂျင်ဟာ အသက်ဓာတ်အတွက် အရေးကြီးတဲ့အချိုးအစားမှာ မပြောင်းမလဲ တည်တန့်နေနိုင်တာ ဖြစ်ပါတယ်။ Love lock ရဲ့အသုံးအနှုန်းအရဆိုရင် ဒီအချိုးအစားက “တိုးလို့မဖြစ်၊ လျှော့လို့လဲ မဖြစ်တဲ့ အခြေအနေကြားမှာ ကောင်းမွန်စွာ ဟန်ချက်ချပေးထားတဲ့ အမှတ်” ပေါ့။
ကိုးကား- ” A Chain of Miracles ” by Harunyahya.

ဗိသုကာ ပညာရှင်များ (သို့) သက်ရှိများ အသက်ရှင်ရေးအတွက် အရေးပါသော (Diatoms) ရေညှိပင်များ

Diatoms
Diatoms ဆိုတာ အလွန့်အလွန်သေးငယ်တဲ့ ရေညှိပင်လေးတွေဖြစ်ပါတယ်။ ဘယ်လောက်သေးလဲဆိုရင် ဒီအပင်လေးတွေ တစ်သောင်းလောက်ကို စုထားလိုက်ရင် အချင်းဟာ တစ်မီလီမီတာပဲရှိပါတယ်။ တင်စားပြီးပြောရမယ်ဆိုရင် သူတို့ဟာ လူသားတွေ အပါအဝင် ကုန်းနေ သတ္တဝါတွေရဲ့ အသက်ဟာ သူတို့ရဲ့လက်ထဲမှာ ရှိနေပါတယ်။ ကျွန်တော်တို့ ရှုသွင်းနေတဲ့ အောက်စီဂျင်အများစုဟာ ဒီ Diatoms တွေရဲ့အလင်းဖြင့် အစာ ချက်လုပ်ခြင်း လုပ်ငန်း (Photosynthesis) ကနေ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ သူတို့ဟာ အောက်စီဂျင် ထုတ်လုပ်ရေး စက်ရုံတွေလိုပါပဲ။  ထရီလီရန်နဲ့ ချီတဲ့ Diatoms တွေဟာ လေထုထဲကို အသက်အတွက် အရေးပါတဲ့ အောက်စီဂျင် ဖြန့်ဖြူးခြင်းလုပ်ငန်းကို ဆောင်ရွက်နေကြပါတယ်။
သူတို့တွေဟာ ရေနေသတ္တဝါတွေရဲ့ အစာကွင်းဆက် ဖြစ်စဉ်အတွက်လည်း အလွန်အရေးပါတဲ့ နေရာကနေ ကပြ အသုံးတော်ခံ နေပါသေးတယ်။ သူတို့ဟာအလွန်သေးငယ်တဲ့ ရေနေ သက်ရှိလေးတွေရဲ့အခြေခံ အစာအရင်းအမြစ် ဖြစ်ပါတယ်တစ်ဆက်တည်းမှာ ဒီရေနေ သက်ရှိလေးတွေဟာလည်း အခြားကြီးမားတဲ့ ငါးသလောက်လို သက်ရှိတွေ အတွက် အစာဖြစ်နေပါတယ်။ ဒါ့အပြင် အလွန်ကြီးမားသော ရေနေသတ္တဝါတွေမှာတောင် Diatom ကိုသာ တိုက်ရိုက်စားသုံးတဲ့ အကောင်တွေရှိပါတယ်။ ဥပမာ Humpbacked Whale လို ဝေလငါးဟာ Diatoms တွေကိုသာ စားပါတယ်။ နာရီ အနည်းငယ်အတွင်းမှာတင် ဒီဝေလငါးဟာ Diatoms ပေါင်း သန်းပေါင်း သန်းနဲ့ချီပြီးကို စားတာဖြစ်ပါတယ်။ Diatoms တွေရဲ့ အလွန်တရာ လေးစားထိုက်တဲ့ အရည်အသွေး ကတော့ သူတို့ရဲ့ဖာသာသူတို့ တည်ဆောက်ထားတဲ့ သူတို့ရဲ့ အခွံ (အိမ်)ပဲဖြစ်ပါတယ်။  ပင်လယ်ထဲမှာရှိတဲ့ ဆီလီကာ (ဆီလီကွန်ဒိုင်အောက်စိုက်) လေးတွေနဲ့ သူတို့ဟာသူတို့ရဲ့ ပြောင်မြောက်တဲ့ ဗိသုကာလက်ရာနဲ့ အိမ်ကို ပြုလုပ်ကြပါတယ်။Diatoms မျိုးစိတ်ပေါင်း ၂၅၀၀၀ခွဲကျော်လောက် ရှိပေမဲ့ Diatom တစ်ခုခြင်းစီရဲ့အိမ်တွေဟာ တစ်မျိုးနဲ့တစ်မျိုး လုံးဝမတူပဲ လှပကြပါတယ်။ ဥပမာ တစ်ချို့သော အိမ်လေးတွေရဲ့တည်ဆောက်ပုံတွေဟာ တစ်ဖိတ်ဖိတ်တောက်ပနေတဲ့ မီးဆိုင်းလေးတွေလိုပါပဲ။
Diatoms တွေဟာ သူတို့ရဲ့အခွံတွေကို ရေထဲမှာပျော်ဝင်နေတဲ့ ဆီလီကွန်တွေကို အဖိုးတန်ကျောက်မြတ်ရတနာတွေနဲ့ အသွင်အပြင်တူတဲ့ ဆီလီကာ အဖြစ်ကူးပြောင်းပြီး ထုတ်လုပ်ပါတယ်။ ဒီလိုကူးပြောင်းခြင်းရဲ့ ရလဒ်အဖြစ် ပေါ်ထွက်လာတဲ့ ဖန်နဲ့တူတဲ့ အခွံလေးတွေဟာ စိတ်ကူးနဲ့တောင်မှန်းဆလို့ မရတဲ့ ပြီးပြည့်စုံတဲ့ဗိသုကာတွေ ဖြစ်လာပါတော့တယ်။ ဒီအခွံလေးတွေမှာရှိတဲ့ လေ (အောက်စီဂျင်၊ ကာဗွန်ဒိုင်အောက်စိုက်) ဝင်ပေါက်လေးတွေဟာ ဆိုရင် ပိုတောင်အမှားမခံတဲ့အရာလေးတွေပါ။
အခုကျွန်တော်တို့ စဉ်းစားကြည့်ရအောင်။ အလွန်စိတ်ကူးဉာဏ်ရင့်သန်တဲ့ လူသား ဗိသုကာပညာရှင်တစ်ဦး ရှိတယ်ဆိုပါစို့။ ဒါပေမယ့် သူ့မှာ ဆောက်လုပ် ပုံဖော်တဲ့ အခါမှာ အသုံးပြုရမဲ့ Materialsတွေနဲ့ ပတ်သက်ပြီး လုံလောက်တဲ့ ဗဟုသုတမရှိဘူး (ဒါမှမဟုတ်) ဗဟုသုတရှိပေမယ့် အဲဒီ Materialsတွေ သူ့မှာ လက်ဝယ် မရှိဘူးဆိုရင်  သူရဲ့ စိတ်ကူးဉာဏ်ရင့်သန်မူဟာ အကောင်အထည်ဖော်လို့မရပါဘူး။ ဒါပေမယ့် Diatoms တွေကတော့ ဗိသုကာပညာရှင်တွေလို မယှဉ်နိုင်သော ဒီဇိုင်း စွမ်းရည်ကို ပြသနိုင်ယုံ သာမက၊သူတို့ရဲ့ အလွန်သေးငယ်လှတဲ့ ခန္ဓာကိုယ်နဲ့  ဒီလိုပြောင်မြောက်တဲ့ တည်ဆောက်မူကို ပြုလုပ်နိုင်ရန် ဓာတုဗေဒ ချိန်ညှိမူတွေကို ပြုလုပ်နိုင်ပါတယ်။ အပ်ခေါင်း ထိပ်လေးလောက် အရွယ်အစားရှိတဲ့ ၊ဦးနှောက်နဲ့ အာရုံကြောစနစ်တွေ မပါဝင်တဲ့ Diatoms လေးတွေဟာ ဓာတုဗေဒ ပညာရပ်၊ ဗိသုကာ ပညာရပ်တွေကို သင်ကြားခံထားရသလို လှပတဲ့အိမ်လေးတွေ တည်ဆောက်နေကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် တည်ဆောက် လိုက်ကြတဲ့ အိမ်လေးတွေဟာ တစ်ခုနဲ့တစ်ခု လုံးဝ မတူညီကြပဲ အားလုံးဟာ ပြောင်မြောက်နေပါတယ်။
နောက်ထပ်အံ့ဖွယ်တစ်ခုကတော့ Diatoms တွေရဲ့အလွန်မြန်ဆန်တဲ့ မျိုးပွါးနှုန်းပဲ ဖြစ်ပါတယ်။ ဘယ်လောက်မြန်သလဲဆိုရင် Diatom တစ်ခုဟာ ၁၀ ရက်ကြာတဲ့အခါမှာ Diatoms ပေါင်း သန်းတစ်ထောင်ထိ ပွါးများနိုင်ပါတယ်။ သံသယမရှိပါနဲ့။ ဒါဟာ အစီအမံ ချမှတ်ထားတဲ့ ဒီဇိုင်းဖြစ်ပါတယ်။ သူတို့ဟာ ကျွန်တော်တို့ ရှုသွင်းနေတဲ့ အောက်စီဂျင်ရဲ့အဓိက အရင်းအမြစ် ဖြစ်ပါတယ်။ တကယ်လို့သာ သူတို့သာ ဒီလောက်ပွါးများနိုင်အောင် ဒီဇိုင်းချမှတ်ထားခြင်း မခံရဘူးဆိုရင် Diatom ရဲ့စွမ်းရည်ဟာ အဓိပ္ပါယ်ကင်းမဲ့ သွားပါလိမ့်မယ်။ဒါ့အပြင် ကျွန်တော်တို့ အခုအသုံးပြုနေတဲ့ ရေနံ အများစုဟာ သမိုင်းမတင်မီခေတ် ပင်လယ်ပြင်တွေမှာ သေဆုံးခဲ့တဲ့ Diatoms တွေကနေဖြစ်တည်လာတာဖြစ်ပါတယ်။
( Katie Aust, “ Non-renewableenergy sources and their effect on the environment”)

မွေးရာပါ သိစိတ်စွမ်းရည် နဲ့ အဆိပ်ဖြေဆေးသိတဲ့ ကြက်တောငှက်


အေးထွန်း ရှာဖွေတင်ဆက်သည်။
Life of Birdsလူတစ်ယောက်အနေနဲ့ အဆိပ်စားမိရင် သူ့အနေနဲ့ ဒီအဆိပ်ကို ပြေစေဖို့ဆေးဝါးတွေရဲ့အကူအညီ၊ နားလည် တတ်ကျွမ်းသူဆေးပညာရှင်တွေရဲ့ အကူအညီကိုယူ ရပါလိမ့်မယ်။ ဒါပေမဲ့လည်း တစ်ချို့သော တိရိစ္ဆာန်တွေကတော့ ဘာပညာ ဗဟုသုတမှ မဆည်းပူးခဲ့ဘဲ မွေးရာပါ ဗီဇစိတ်နဲ့တင် အဆိပ်ကိုဖြေနိုင်စွမ်း ရှိကြပါတယ်။
ဥပမာအားဖြင့် ကြက်တူရွေး တစ်မျိုးဖြစ်တဲ့ ကြက်တောတွေဟာ အမေရိက အလယ်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ ရှင်သန် ကျက်စားကြပါတယ်။ ထူးဆန်းတာက သူတို့ဟာ အဆိပ်ရှိတဲ့ အစေ့တွေကိုလဲ စားသောက်နေကြရတာပါ။ ဒါပေမဲ့ သူတို့ အဆိပ် မမိကြပါဘူး။ အဆိပ်စေ့ကို စားလိုက်ပြီဆိုတာနဲ့ သူတို့ဟာ ချက်ချင်းကျောက်တုံးတွေ ထူထပ်တဲ့ နေရာတစ်ခုဆီကို တိုက်ရိုက် ပျံသန်းပါတော့တယ်။ ပြီးရင် အဲဒီနေရာမှာရှိတဲ့ ရွှံ့စေးပါတဲ့ ကျောက်တွေကို ဝါးပြီးမြိုချကြပါတယ်။ ဒီရွှံ့ကျောက်တွေဟာ အစေ့ထဲမှာပါဝင်တဲ့ အဆိပ်တွေကို စုပ်ယူပစ်ပြီး အဆိပ် ဓာတ်ပြယ်စေပါတယ်။ ဒီလိုနည်းလမ်းနဲ့ ဒီငှက်တွေဟာအဆိပ်ပါတဲ့ အစေ့တွေကိုလဲ ဘေးမသီ ရန်မခဘဲ  စားသောက်နိုင်တာဖြစ်ပါတယ်။
ရှင်းပါတယ်။ ဒီအသိတရားဟာ အဟိတ် တိရိစ္ဆာန်ငှက် တစ်ကောင်အနေနဲ့ အတန်းပညာကနေရတာလဲ မဟုတ်၊ စာပေဗဟုသုတ ဆည်းပူးရာကနေလဲ ရတာမဟုတ်၊ အတွေ့အကြုံအားဖြင့်လဲ ရနိုင်တာမဟုတ်ပါဘူး။ အဆိပ်စေ့ကို စားသောက်မိတုံးမှာ ဒီငှက်အနေနဲ့ ဘယ်လိုများ အဆိပ်ပြန်ဖြေ ရမလဲဆိုတာဟိုဟာ လေးစားကြည့်၊ ဒီဟာလေး စားကြည့်နဲ့  အဆင့်ဆင့် စူးစမ်းစစ်ဆေးပြီးနောက်မှ ဘယ်နည်းလမ်းဟာ မှန်ကန်တယ်ဆိုတဲ့ အတွေ့အကြုံအားဖြင့်သိသော ဖြစ်စဉ် မဟုတ်ဘူးဆိုတာ ရှင်းပါတယ်။ ဒါဟာ မွေးရာပါသိစိတ် စွမ်းရည်ပဲဖြစ်ပါတယ်။
(DavidAttenborough, The Life of Birds, Princeton University Press, New Jersey, 1998,p.78.)

Friday, March 21, 2014

ကွန်ပြူတာအသစ်တလုံးအတွင်းသို့ MICROSOFT OFFICE PROFESSIONAL PLUS 2010 ထည့်သွင်းနည်းအဆင့်ဆင့်

Miscrosoft Office ကို ဘလော့ တိုင်းမှာ တင်ပေးနေကြပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဝင်းဒိုးကွန်ပြူတာ တိုင်းအတွက် အရမ်းအသုံးဝင်တဲ့ ဆော့ဝဲ မို့ လူတိုင်း စက်တိုင်းလောက်နီးပါး အသုံးပြု့ကြပါတယ်။ အသစ်အသစ်တွေလည်းအများကြီး ထွက်လာနေတယ် အခု့ဆိုရင်Office 2013 
တောင်ထွက်နေပါပြီအသုံးလည်းပြု့နေကြပါတယ်။အခု့ဒါလေးကတော့အဟောင်းပါ။အသုံးပြု့ရတာရိုးရှင်း
ပြီးတော့ Crack လုပ်ရတာလည်း အ၇မ်းလွယ်ကူတဲ့အတွက် ကျနော် ဆိုဒ်မှာလည်း အမြဲတမ်း တင်ပေးခဲ့ပါ
တယ်။တင်ပေးရင်းတင်ပေးရင်းနဲ့ လင့်တွေကသေသေသွားလို့ အသစ်ပြန် upload ပေးနေရတယ်။
အခု့ဒီတခါတော့ 100 MB စီနဲ့ ၆ ဖိုင် 49 MB နဲ့ ၁ ဖိုင် အားလုံး 7 ဖိုင်ကို လင့် ၂ ခု့ကနေ ပြန်တင်ပေးလိုက်
ပါတယ်.အထဲမှာလည်းCrackဖိုင်တခါတည်းပါပြီးသားဖြစ်တဲ့ အပြင် Activate လုပ်တည်းနဲ့ installလုပ်နည်း
ကိုလည်း ပုံလေးတွေနဲ့ ရှင်းပြထားပေးပါတယ်။ ပုံတွေ ဘာလို့ အားဖြည့်ထားသလည်း ဆိုတော့ ယခု့မှစပြီး
ကွန်ပြူတာ သုံးမယ့် သူတွေအတွက် လွယ်လွယ်ကူကူ အသုံးပြု့နိုင်အောင် အတွက်ရည်ရွယ်ပြီးတော့
ထပ်ထည့်ပေးထားတာပါ။ဆော့ဝဲ ကိုတော့ အောက်မှာဝင်ဒေါင်းပြီး Install လုပ်နည်း အဆင့်ဆင့်ကိုတော့
အောက်မှာ ထပ်လေ့လာလိုက်မယ်ဆိုရင် သဘောပေါက်နားလည်ပါလိမ့်မယ်။

DOWNLOAD FROM MILOSHARE(649.4 MB)

OFFICE 1 | OFFICE 2 | OFFICE 3 | OFFICE 4 |  
OFFICE 5 | OFFICE 6 | OFFICE 7 


DOWNLOAD FROM DEV-HOST(649.4 MB)

OFFICE 1 | OFFICE 2 | OFFICE 3 | OFFICE 4 |  
OFFICE 5 | OFFICE 6 | OFFICE 7 





အပေါ်က ပုံမှာပြထားတဲ့အတိုင်း ဒေါင်းလို့ရလာတဲ့ ဖိုင်ထဲက Part 1 ကို ကလစ် ၂ ချက်ခေါက်ပြီး

install လုပ်ရပါမယ်။အပိုင်း 7 ပိုင်း ရှိပေမယ့် အပိုင်း ၁ ခု့ ကို ဖြည်လိုက်တာနဲ့ တခြားဖိုင်တွေကိုလည်း

အော်တို ဖြည်သွားမှာပါ။တခု့ သတိထားရမှာကတော့ ဒေါင်းစဉ်တုန်းက ဖိုင်တွေကို တနေရာထဲမှာ

သိမ်းထားပေးပါ။

ပုံမှာရေးထားတာတွေကို ပြောပြမယ်နော်
 
1။ ဖိုင် ကို ကလစ် ၂ ချက် ခေါက်ပြီး ဖွင့်လိုက်ပါ။

2။ setup.exe လေးကို ထပ်ပြီးတော့ ကလစ် ၂ ချက်ခေါက်လိုက်ပါ

3။ကတော့ install လုပ်နေပါပြီ ခဏ စောင့်ပေးပါ


အပေါ်က ပုံအတိုင်းပေါ်လာပြီဆိုရင် 

1 ။ အမှန်ခြစ်လေးပေးပြီး လိုင်စင်သဘောတူညီမှု့လေးကို ယူလိုက်ပါ

2 ။ Continue ကိုနှိပ်ပြီးတော့ ရှေဆက်သွားပါ

Install Now ကိုနှိပ်လိုက်ပါ

အပေါ်က Install Now ကိုနှိပ်လိုက်တာနဲ့ အလုပ်လုပ်နေပါပြီ 

၁၀ မီးနစ် ကနေ မီးနစ် ၂၀ အထိကြာတက်ပါတယ် နည်းနည်းစောင့်ကြည့်ပေးပါ


Install လုပ်တာ ပြည့်စုံသွားပြီဆိုရင် အပေါ်က ပုံအတိုင်း ပေါ်လာမယ်

ဘာမှမလုပ်ပဲ Close ကိုနှိပ်ချလိုက်ပါ
ကဲ အခု့ Office ကို Activate လုပ်မယ်နော်။ဒေါင်းထားတဲ့ part 1 ဖိုင်စဖွင့်တုန်းက အထဲမှာ

ရှိနေပြီးသားပါ။ Key Activator ကို ကလစ် ၂ ချက်ခေါက်ပြီးတော့ဖွင့်လိုက်ပါ။

ဖိုင်ပွင့်သွားပြီဆိုရင် အထဲ က mini KMS activator ကို ကလစ် ၂ ချက်ခေါက်ပြီးထပ်ဖွင့်ပေးရပါမယ်။

ပုံထဲကအတိုင်းလေး run နေပါလိမ့်မယ် ခဏ စောင့်ပေးပါ

အပေါ်က ပုံကတော့ Administrator ရဲ့ ခွင့်ပြုချက်တောင်းတာပါ

YES ကိုနှိပ်ပြီးဆက်သွားလိုက်ပါ

YES ကိုနှိပ်လိုက်ပြီဆိုရင် အပေါ်က ပုံ လိုမျိုး ပေါ်လာမှာဖြစ်ပါတယ်။

ActivationOffice 2010 VL ကိုရွေးပေးရပါမယ်
ရွေးပေးလိုက်ပြီဆိုရင် အပေါ်က ပုံအတိုင်း cmd box ပေါ်လာမယ်

ပေါ်လာရင် နံပါတ် 1 ကို နှိပ်ပေးရပါမယ်. နှိပ်လိုက်တာနဲ့ Activate လုပ်နေပါပြီ.ခဏစောင့်လိုက်ပါ။

ပြီးသွားပြီဆိုရင် ကီးဘုတ်က ကြိုက်ရာခလုပ်နှိပ်ပြီးတော့ထွက်လိုက်ပါ။ Office ထဲက word ဖြစ်ဖြစ်

Excel တခု့ဖြစ်ဖြစ် ဖွင့်လိုက်ပါ။

Office ကိုဖွင့်လိုက်လို့ အပေါ်က ပုံအတိုင်းပေါ်နေတယ် ဆိုရင် အနီရောင်လေးထောင့်ကွက်

ထဲမှာပြထားတဲ့အတိုင်း အမှတ်ခြစ်ပေးလိုက်ပြီးတော့ OK ကိုသွားပါ။

OK ကို နှိပ်လိုက်တာနဲ့ Office ကို လိုင်စင်မတောင်းပဲနဲ့ အဆင်ပြေပြေ အသုံးပြု့လို့ရပါပြီ


 OFFICE 2010 Install လုပ်နည်းလေးကတော့ ဒါလေးပါပဲ ခင်ဗျာ


ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ

ကိုလတ်(ကျွဲဆင်း)

ကွန်ပျူတာတွင် ကပ်ထားရုံဖြင့် ဖိုင်များကို ရွှေ့ပြောင်းနိုင်မည့် Datastickies



ကွန်ပျူတာပေါ်တွင် အချက်အလက်များ လွှဲပြောင်းခြင်းကို ကပ်ခွာမှတ်စု (post-it note) တစ်ခုအနေဖြင့် မကြာမီအသုံးပြု နိုင်တော့မည်ဟု သိရသည်။

သိပ္ပံပညာရှင်များသည် ကပ်ခွာမှတ်စုနှင့် တူညီသည့် အချက်အလက် သိုလှောင်နိုင်သော ထုတ်ကုန်များကို တီထွင်ခဲ့ကြပြီး ၎င်းကိုကွန်ပျူတာ သို့မဟုတ် ထုတ်ကုန်တစ်ခုအရှေ့တွင် ကပ်ထားခြင်းဖြင့် အချက်အလက် များကို ရိုးရှင်းစွာလွှဲပြောင်း နိုင်မည်ဟုသိရသည်။

စက္ကူတစ်ရွက် ကဲ့သို့ပါးလွှာပြီး သေးငယ်သည့် အဆိုပါထုတ်ကုန်များကို Datastickies ဟုခေါ်ဆိုပြီး ၎င်းသည် post-it-note များကဲ့သို့ တစ်ခုပေါ်တွင်တစ်ခု ထပ်ထားပြီးလိုအပ်သည့် အခါတစ်ခုချင်းစီ ခွာပြီးအသုံးပြုနိုင်မည် ဖြစ်သည်။ ထို့နောက်သုံးစွဲသူများသည် ၎င်းတို့ကိုကွန်ပျူတာ၊ တီဗွီ၊ စမတ်ဖုန်းနှင့် tablet ကွန်ပျူတာ၏အရှေ့တွင် ကပ်ထားခြင်းဖြင့် အချက်အလက် များကိုလွှဲပြောင်း နိုင်မည်ဖြစ်သည်။

Datastickies များကိုလျှပ်စစ် စီးဆင်းနိုင်သည့် graphene ဟုခေါ်သောကာဗွန် အက်တမ်အလွှာ တစ်ခုဖြင့် ပြုလုပ်ထားပြီး သိုလှောင်မှုပမာဏ 32 GB အထိရရှိနိုင်မည် ဖြစ်သည်။

လက်ရှိတွင်အဆိုပါ နည်းပညာကိုဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်လျက်ရှိပြီး တစ်ချိန်ချိန်တွင် နာမည်ကျော် USB drive များ၏နေရာ၌ အစားထိုးနိုင်ရန် မျှော်လင့်ထားကြကြောင်း သိရသည်။

Datasitickies ၏ဒီဇိုင်းကိုအိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှ ဒီဇိုင်နာ Aditi Sigh နှင့်တက္ကသိုလ်ပါမောက္ခ Parag Anand တို့ကတီထွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

-နောင်နောင်
 
Ref: DailyMail

Internet Journal

ပျောက်ဆုံးလေယာဉ် အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းမှာ တွေ့ရှိဟု သြစတြေးလျ ပြော

 ပျောက်ဆုံးလေယာဉ် အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းမှာ တွေ့ရှိဟု သြစတြေးလျ ပြော


သြစတြေးလျဝန်ကြီးချုပ် တိုနီအက်ဘော့က ဆက်သွယ်ရေးဂြိုလ်တုဓါတ်ပုံတွေအရ ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းပိုင်လေယာဉ်နဲ့ ပက်သက်ပြီး ယုံကြည်ရနိုင်တဲ့ အရာ ၂ ခုကို အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းမှာ တွေ့ရှိထားတယ်လို့ သြစတြေးလျပါလီမန်မှာ မတ် ၂၀ ရက် ဒီနေ့မှာ ပြောဆိုခဲ့ပါတယ်။

ဝန်ကြီးချုပ်က သြစတြေးလျ ရေကြောင်းလုံခြုံရေးအာဏာပိုင်တွေဟာ လေယာဉ်ရှာဖွေရေးနဲ့ ပတ်သက်နိုင်တဲ့ ဂြိုလ်တုဓာတ်ပုံတွေ ရထားပြီး ကျွမ်းကျင်ပညာရှင်တွေရဲ့ သုံးသပ်ချက်အရ ပျောက်ဆုံးနေတဲ့လေယာဉ်နဲ့ ပတ်သက်နိုင်တယ်လို့ ဆိုပါတယ်။

သြစတြေးလျလေတပ်က ဆက်သွယ်ရေးလေယာဉ် အိုရီယမ် အပါအ၀င် လေယာဉ် ၄ စင်းကို တွေ့ရှိတဲ့နေရာကို သွားရောက်နေပြီး သဘောင်္ ၂ စီးလည်း စေလွှတ်ထားပြီး ဖြစ်ပါတယ်။ မလေးရှားဝန်ကြီးချုပ်ကိုလည်း တွေ့ရှိချက်အသစ်တွေနဲ့ ပတ်သက်ပြီး အသိပေးပြောဆိုပြီး ဖြစ်ပါတယ်။

သြစတြေးလျဝန်ကြီးချုပ်က သတိပေးပြောဆိုရမှာတော့ ဂြိုလ်တုက တွေ့ရှိထားတဲ့ အရာ ၂ ခုဟာ သွားရောက်ရှာဖွေရာမှာ အလွန်အမင်း ခက်ခဲနိုင်ပြီး ပျောက်ဆုံးနေတဲ့လေယာဉ်နဲ့ လုံးဝ မပတ်သက်တဲ့ အရာ ၂ ခုလည်း ဖြစ်နိုင်တယ်ဆိုတာကို သတိချပ်ဖို့လည်း ပြောဆိုခဲ့ပါတယ်။

မလေးရှားသယ်ယူပို့ဆောင်ရေးဝန်ကြီး ဟစ်ရှာမူဒင် ဟူစိန်ကတော့ ပျောက်ဆုံး လေယာဉ်နဲ့ ပတ်သက်တဲ့ သြစတြေးလျနိုင်ငံရဲ့ တွေ့ရှိချက်အသစ်တွေကို လေ့လာ သုံးသပ်နေတယ်လို့ ပြောဆိုပါတယ်။

လေယာဉ်စပျောက်တဲ့နေ့ကစပြီး ဘယ်လိုတွေ့ရှိချက်ကို မဆို အလေးထားခဲ့တာဖြစ်ပြီး အခု တွေ့ရှိချက်ကိုလည်း အပြုသဘောဆောင်တဲ့ တိုးတက်မှုအဖြစ် မှတ်ယူပါတယ်လို့ ၀န်ကြီးက ပြောဆိုပါတယ်။

သြစတြေးလျရေကြောင်းလုံခြုံရေးအာဏာပိုင် အထွေထွေမန်နေဂျာ ဂျွန်ရမ်းက တွေ့ရှိထားတဲ့အရာတခုဟာ အရှည် ၂၄ မီတာ ရှိတာကြောင့် အရေးထားရမယ့် အရွယ်အစားဖြစ်နေတယ်လို့ ပြောဆိုပါတယ်။

မလေးရှားနိုင်ငံက ပျောက်ဆုံးသွားတဲ့လေယာဉ်ဟာ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းကိုလည်း ပျံသန်းသွားနိုင်တယ်လို့ ပြောဆိုပြီးနောက်ပိုင်း သြစတြေးလျနိုင်ငံဟာ လေယာဉ်ပျောက် ရှာဖွေရေးကို မတ်လ ၉ ရက်နေ့ကစပြီး အထူးအာရုံစိုက်ရှာဖွေလာခဲ့တာဖြစ်ပါတယ်။

အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းဟာ သြစတြေးလျနိုင်ငံရဲ့ ရေကြောင်းလုံခြုံမှုဧရိယာထဲမှာ ပါဝင်တာလည်း ဖြစ်ပါတယ်။

မလေးရှားလေကြောင်းပိုင် လေယာဉ်ပျောက်ဆုံးနေတာဟာ မတ် ၂၀ ရက်နေ့မှာ ၁၃ ရက်ရှိလာတာဖြစ်ပြီး ခရီးသည် ၂၃၉ ဦး လေယာဉ်ပေါ် လိုက်ပါသွားကြတာ ဖြစ်ပါတယ်။
By :  ဒီဗွီဘီ

လည်ချောင်းတွင် အရိုးဆူးပါလျှင်


(၁) ရေများများသောက်ပါ။ ရေတွင် ဆားအနည်းငယ် ရောထည့်ပါ။ အရိုး တော်တော်များများသည် လည်ချောင်း မှအစာအိမ်သို့ ဆားကြောင့် နူးပျော့၍ အကုန်အကျမြန်မည်ဖြစ်သည်။
(၂)ထမင်းကို ထမင်းဆုပ်လုပ်၍ လည်းကောင်း၊ ငှက်ပျောသီး၊ ပေါင်မုန့်တို့ကို မြိုခြင်းကပ်နေသည့်နေရာမှ အရိုးသည် အစာအိမ်သို့ ရောက်ရှိသွားပေမည်။ ဤသို့ မြိုပြီးတိုင်း ရေ(၁)ဖန်ခွက် သောက်ရန်မမေ့ပါ နှင့်။



(၃)ဗနီကာကို ရေတွင်ရော၍သောက်ပါ။ ဗနီကာတွင်ပါဝင်သော Acetic Acid က အရိုးကို ပျော့သွားစေပြီး လည်ချောင်းတွင်း၌ လွယ်ကူစွာ ကြေ ပျက်သွားသည်။

(၄)လိမ္မော်ရည် (သို့) သံပရာရည် သောက်ခြင်းသည်လည်း အရိုးကိုဖယ်ရှားပေးနိုင်သည်။ ယင်းတို့ထဲမှ citric acidက အရိုးကိုပျော့သွားစေနိုင်သည်။

(၅)သံလွင်ဆီကိုသောက်ပါ။ အရိုးက ချောပြီး လည်ချောင်းထဲမှ ထွက်သွားသည့်အပြင် အရိုးဆူးဒဏ်ကြောင့် လည်ချောင်းအထဲ၌ ထိခိုက်နာကျင်မှုကိုလည်း သက်သာစေသည်။

(၆)ယခုခေတ်တွင် coke အအေး အချို့ကို သောက်ခြင်းဖြင့် အရိုးပျော့သွားစေနိုင်သည်။

(၇)အဓိကအရေးကြီးသည့် အချက်မှာ လည်ချောင်း၏ အပြင်ဖက်မှ လည်ချောင်းကို နှိပ်နယ်ခြင်းမပြုပါနှင့်။

ဒေါန
Health Updates Journal November

ခြေစွယ်ငုတ်ခြင်း မဖြစ်ရလေအောင်


 ခြေစွယ်ငုတ်ခြင်း ခြေမများတွင်အဖြစ်များသည်။ခြေစွယ်များနီရဲ၊ရောင်ရမ်း၊နာကျင်လာတတ်သည်။
ခြေသည်းညှပ်စဉ်ကျန်ခဲ့သောခြေသည်းစွယ်ကအသားထဲတိုးဝင်ရာကခြေစွယ်ဝန်းကျင်တွင်၊ရောင်လာတတ်သည်။တစ်ခါတစ်ရံပြည်တည်လိုက်လာသည်။ခြေသည်းညှပ်ရာတွင်ခြေစွယ်ကျန်ခြင်းနှင့်၊ရှုးဖိနပ်ကျပ်ကျပ်စီးသည့်အခါ၊ခြေချောင်းဖျားများစုညှစ်ခံထားရခြင်းတို.မှာခြေစွယ်ငုပ်စေသောအရင်းခံအကြောင်းများဖြစ်ကြပါသည်။ ဆရာဝန်နှင့်အရင်ပြရန် -ခြေစွယ်ပိုးဝင်၊ရောင်ရမ်းနေလျှင်ထိုသို.ဝေဒနာရနေသူတွင် ဆီးချို၊သွေးကြော ကျဉ်းရောဂါစသည်တို.ရှိလျှင်။
မိမိဘာသာဆောင်ရွက်နိုင်သောကိစ္စရပ်များ ခြေစွယ်ငုပ်မှန်းစောစီးစွာခန်.မှန်းသတိထားမိပါက
အောက်ပါတို.ကိုဆောင်ရွက်ခြင်းဖြင့်ခြေစွယ်ငုပ်ဝေဒနာပိုဆိုးမလာအောင်ဟန်.တားပေးထားနိုင်သည်။ ၁။ခြေစွယ်ငုပ်နေသောခြေထောက်ကိုရေနွေးထဲဆားရည်နွေးနှစ်ဇွန်း၊သုံးဇွန်းထည့်မွှေထားသော
ဆားရည်နွေးဖြင့်တစ်ခါစိမ်ဆယ်မိနစ်ခန်.ကြာတစ်နေ.နှစ်ကြိမ်ပုံမှန်စိမ်ပေးပါ။
နာနေ၊ရောင်စပြုနေသောပလာစတာကပ်ထားပါ။ ၂။ခြေညှပ်ဖိနပ်၊ကွင်းထိုးဖိနပ်စီးပါ။ ၃။ခြေစွယ်ငုပ်နာလုံးဝပျောက်မှခြေသည်းညှပ်ပါ။ ၄။ခြေသည်းဆိုးခြင်း၊ခြေသည်းဆိုးဆေးချွတ်ခြင်းတို.ကိုခြေစွပ်ငုပ်နေစဉ်မပြုလုပ်ရ။ ကာကွယ်ခြင်း အကောင်းဆုံးကာကွယ်နည်းမှာခြေထောက်ကိုဂရုစိုက်နည်းသာဖြစ်ပါသည်။ -နေ.စဉ်ခြေဆေးပါ။ခြေဆေးပြီးနောက်ရေစင်အောင်သုတ်၊ရေခြောက်အောင်ထားပါ။ -ရှေ.ဘက်တွင်ခြေချောင်းလေးများကိုစုညှစ်ထားတတ်သည့်ဖိနပ်၊ဦးချွတ်၊ဒေါက်မြင့်၊ဖိနပ်စသည်တို.မစီးသင့်။ -ချည်ထည်ခြေစွပ်၊စကော့ကင်များကိုသာဝတ်ပါ။နေ.စဉ်လဲပါ။ခြေဦးပိုင်းဖွင့်ထားသောခြေစွပ်၊
စကော့ကင်များဝယ်၍ရသည်။ယင်းအမျိုးအစားကိုအသုံးပြုပါ။ -ခြေသည်းညှပ်လျှင်အသေအချာညှပ်ပါ။ ခြေသည်းညှပ်နည်း (၁)ခြေသည်းမညှပ်မီခြေသည်းနူး၊ပျော့သွားစေရန်ရေနွေးဇလုံထဲတွင်ဆယ်မိနစ်ခန်.စိမ်ထားပါ။ (၂)တုံးသောခြေသည်းညှပ်၊ဓား၊ကပ်ကြေးတို.မသုံးသင့်။တစ်ခါညှပ်လျှင်တစ်ချက်တည်းပြတ်မည့်ခြေ
သည်းပြတ် မည့်ခြေသည်းညှပ်ကိုသုံးပါ။ခြေသည်းကိုကွေးဝိုက်ညှပ်သွားပါ။ထောင့်ဘက်များကို
ဂရုစိုက်ညှပ်ပါ။ထောင့်ဘက်ဖျားများကိုတစဉ်းတိုက်ပါ။ (၃)ခြေစွယ်ကုပ်နေလျှင်၊ခြေသည်းညှပ်၊ဓား၊ကပ်ကြေးစသည်တို.ကိုဇွတ်ထိုးမထည့်ရ။
ရေနွေးစိမ်ပြီးခြေသည်းနူးညံ့ နေချိန်မှာထိုခြေစွယ်ကိုညှပ်ပါ။
မာခေါက်ကွေးကုပ်နေသောခြေစွယ်အောက်သို.မည်သည့်အရာမှထိုးမသွင်းရ။
credit to Wellness Health & Beauty Magazine

အနှိပ်ခံခြင်းကြောင့် သက်သာလျော့ ပါးနိုင်သော ရောဂါဝေဒနာများ

အနှိပ်ခံတာကြောင့် အောက်ပါ ရောဂါဝေဒနာတွေကို သက်သာ လျော့ပါးစေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ခေါင်းတစ်ခြမ်းကိုက်ရောဂါ



မကြာခဏ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာကြောင့် နာကျင်နေရင် အနှိပ်ခံပါ။ ပြင်းထန်ဆိုးဝါးတဲ့ ခေါင်းကိုက်ဝေဒနာ ဖြစ်သူတွေအနေနဲ့ အနှိပ်ခံတဲ့ကုထုံးကို သီတင်းပတ်များစွာ ခံယူပြီးချိန်မှာ ဝေဒနာသက်သာပြီး အိပ်မောကျသွားသက်သာပြီး အိပ်မောကျသွားကြောင်း အော့ခ်လန်းတက္ကသိုလ်ရဲ့ လေ့လာမှုအရ သိရပါတယ်။ 


ခန္ဓာကိုယ် ကိုက်ခဲနာကျင်မှု

အနှိပ်ခံတာကြောင့် လေ့ကျင့်ခန်း လုပ်တဲ့အတွက်ကြွက်သား ရောင်ရမ်းမှုနဲ့ ကိုက်ခဲနာကျင်မှုကို လျော့ပါးသက်သာစေတယ်လို့ လေ့လာမှုက ဖော်ပြထားပါတယ်။ ကနေဒါနိုင်ငံ၊ အွန်တယ်ရီယို တက္ကသိုလ်ရဲ့လေ့လာမှုအရ အနှိပ်ခံတဲ့ ကုထုံးဟာ လေ့ကျင့်ခန်းလုပ်ပြီး ဖြစ်တတ်တဲ့ ရောင်ရမ်းနာကျင်မှုကို သက်သာစေတယ်လို့ တွေ့ရပါတယ်။ အနှိပ်ခံတာဟာ ရောင်ရမ်းမှု သက်သာစေတဲ့ ဆေးဝါးတွေနဲ့ အာနိသင်တူပါတယ်။ 

အိုမင်းရင့်ရော်သည့် အသွင်အပြင်

အနှိပ်ခံတာကြောင့် သွေးစီးဆင်းမှုကို လှုံ့ဆော်ပေးနိုင်ပြီး မျက်နှာပြင်ကို တောက်ပကြည့်ကောင်းစေပါတယ်။ အနှိပ်ခံတာကြောင့် အရေပြား ဖောင်းအစ်မှုကို သက်သာစေတာ၊ ဆဲလ်ထဲက အဆိပ်တွေ ထွက်ရှိစေတာစတဲ့ အကျိုးကျေးဇူးတွေ ရရှိစေကာ နွမ်းနယ်နေတဲ့ အသားအရေကို ကြည်လင် တောက်ပစေပစေပါတယ်။ 

ရာသီအကြို ဝေဒနာ

အနှိပ်ခံတာကြောင့် ရာသီအကြို ဝေဒနာတွေဖြစ်တဲ့ လေပွတာ၊ ခေါင်းကိုက်တာ၊ ကိုယ်အလေးချိန် မြင့်တက်တာနဲ့ စိတ်ကယောက်ကယက် ဖြစ်တာတို့လို ဝေဒနာတွေကို လျော့ပါးစေတယ်လို့ မီယာမီ ဆေးကျောင်းတက္ကသိုလ်က ဆိုပါတယ်။ ပုံမှန်အနှိပ်ခံတာကြောင့် အသက် ၁၉ နှစ်မှ ၄၅ နှစ်အတွင်း အမျိုးသမီးတွေမှာ ခံစားရတဲ့ ရာသီအကြိုဝေဒနာကို သက်သာ လျော့ပါးစေသက်သာ လျော့ပါးစေပါတယ်။ 

နာတာရှည် ကိုက်ခဲခြင်း

နာတာရှည် တစ်သျှူးနာကျင်မှု (အဆစ်ရောင်နာ၊ နာတာရှည် နုံးချည့်ညောင်းညာတာ၊ အဆစ်ဝေဒနာ) စတာတွေ ခံစားနေရသူတွေမှာ အနှိပ်ခံတာကြောင့် ဝေဒနာ လျော့ပါးသက်သာတာကို တွေ့ရပါတယ်။ နာတာရှည် နာကျင်ကိုက်ခဲမှု ဝေဒနာခံစားရသူတွေ အနေနဲ့ အနှိပ်ခံတာကြောင့် ဝေဒနာ သက်သာစေသာစေပါတယ်။ ကင်ဆာကုထုံး၏ ဘေးထွက်ဆိုးကျိုးများ ကင်ဆာရှိသူတွေဟာ အနှိပ်ခံတာကြောင့် ဆေးကုသမှုရဲ့ ဘေးထွက်ဆိုးကျိုးတွေ လျော့ပါးဆေးကုသမှုရဲ့ ဘေးထွက်ဆိုးကျိုးတွေ လျော့ပါးကာ အိပ်ရေးဝဝ အိပ်ပျော်တာ၊ ကိုက်ခဲနာကျင်မှု လျော့ပါးတာနဲ့ ဘဝနေထိုင်မှုအရည်အသွေး ကောင်းမွန်တာစတဲ့ အာနိသင်တွေ ရရှိကြောင်း ဘော့စတွန် လေ့လာသူတွေက ဆိုပါတယ်။ ညင်ညင်သာသာ ထိတွေ့ပြီး ခြေထောက်ကို နှိပ်နယ်တာကြောင့် ကင်ဆာရှိသူတွေမှာ နာကျင်မှု၊ ပျို့ချင်အန်ချင်ဖြစ်တာ စိတ်ဖိစီးမှုများတာ၊ စိတ်ဓာတ်ကျတာနဲ့ နုံးချည့်ညောင်းညာတာစတဲ့ ဝေဒနာတွေကို လျော့ပါးသက်သာစေပါတယ်။ 

ဇွန်
photo copy from google search
Originally posted by Good Health

အနမ်း


၁) ၃၇ % သောအမျိုးသားတွေဟာ နမ်းနေတဲ့အချိန်မှာ မျက်လုံးတွေပိတ်ထားလေ့ရှိပြိး ၉၇ % သောအမျိုးသမီးတွေကလည်း နမ်းနေစဉ်မျက်လုံးပိတ်ထားတတ်
ကြပါတယ်...
၂) ၁ မိနစ်လောက် နမ်းလိုက်ခြင်းအားဖြင့် ၂၆ ကယ်လိုရီလောက် လောင်ကျွမ်းနိုင်ပါတယ်...



၃) သုတေသနပြုချက်များအရ လူနှစ်ယောက် နမ်းနေတဲ့အချိန်မှာ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားအကုန်လုံးနီးပါးကို အသုံးပြုတတ်ကြပါတယ်...

၎) သင်နဲ့ ဆံပင်အရောင်တူတဲ့ သူနဲ့ နမ်းမယ်ဆိုရင် ချစ်စိတ်တွေပိုပြီးပြင်းပြလာနိုင်ပါတယ်....

၅) ကျွန်တော်တို့ရဲ့ သက်တမ်းတစ်လျှောက်မှာ အနမ်းပေါင်း ၂၅၀၀၀ အထိ လက်ခံရရှိနိုင်ပါတယ်... အဲ့ဒီအနမ်းတွေထဲမှာ ပါးလေးကို ဖွဖွနမ်းလိုက်တာကနေစပြီး ခြေနှစ်ဖက်ညွှတ်ခွေသွားအောင် အားပါးတရနမ်းလိုက်တာမျိုးအထိ ပါဝင်ပါတယ်....

၆) ကျွန်တော်တို့ရဲ့ ဦးနှောက်ထဲမှာ အမှောင်ထဲက တခြားနှုတ်ခမ်းတစ်စုံကို အလိုလိုရှာဖွေနိုင်တဲ့ အာရုံကြောစနစ်တွေပါဝင်ပါတယ်....

၇) အနမ်းတစ်ခုဟာ နာကျင်မှုကို သက်သာစေတဲ့နေရာမှာ မော်ဖင်းထက် ဆယ်ဆ ပိုထိရောက်ပါတယ်... ဘာကြောင့်လဲဆိုတော့ အနမ်းဟာ ခန္ဓာကိုယ်ရဲ့ နာကျင်မှုပပျောက်စေတဲ့ ဓာတ်တွေကို နှိုးဆွပေးနိုင်လို့ပါပဲ... ဒါကြောင့် မိခင်တွေဟာ သူတို့ရဲ့ ကလေးငယ်လေးတွေ ဒဏ်ရာအနာတရဖြစ်လာရင် အနမ်းလေးနဲ့ နှစ်သိမ့်ပေးတာဟာ ထိရောက်တဲ့ လုပ်ဆောင်ချက်တစ်ရပ်ဖြစ်နေရခြင်း ဖြစ်ပါတယ်....

၈) ရှေးအီဂျစ်လူမျိုးတွေဟာ သူတို့ရဲ့ နှာခေါင်းတွေကို အသုံးပြုပြီးနမ်းကြပါတယ်.... နှုတ်ခမ်းနဲ့ မနမ်းကြပါဘူး....

၉) လူတစ်ယောက်ဟာ ပျမ်းမျှအားဖြင့် သူတို့သက်တမ်းတစ်လျှောက်လုံးမှာ နမ်းဖို့အတွက် ၁၄ ရက်လောက် အချိန်တွေသုံးကြရပါတယ်...

၁၀) အကြာဆုံးအနမ်းဟာ ၁၉၈၄ ခုနှစ်က ချီကာဂိုမြို့မှာဖြစ်ခဲ့ပြီး ၁၇ ရက်နဲ့ ၁၀ နာရီခွဲ ကြာခဲ့ပါတယ်... ရုပ်ရှင်ကားထဲက အကြာဆုံးအနမ်းဟာ ၁၉၄၀ ခုနှစ်က You're in the Army Now ဆိုတဲ့ ဇာတ်ကားမှာ Jane Wyman နဲ့ Reg Toomey တို့ နမ်းခဲ့ပြီး ၁၈၅ စက္ကန့်ကြာ ရင်ချင်းအပ်ပြီး နမ်းခဲ့ကြတာဖြစ်ပါတယ်... 

၁၁) အလယ်ခေတ် (အေဒီ ၁၁၀၀-၁၄၀၀ ခန့်) ရဲ့ အီတလီနိုင်ငံမှာ နမ်းနေတာကို တွေ့မြင်တဲ့ စုံတွဲတွေဟာ အတင်းလက်ထပ်ပေးစားခြင်းခံခဲ့ရပါတယ်...

၁၂) ရုပ်ရှင်ဇာတ်ကားတွေထဲက အကြော်ကြားဆုံးအနမ်းဟာ Gone With the Wind ဇာတ်ကားထဲက Clark Gable နဲ့ Vivien Leigh တို့ရဲ့ အနမ်းဖြစ်ပါတယ်... တကယ်တော့ Gable ရဲ့ သွားတုနဲ့ ဝီစကီနံ့ထွက်တဲ့လေတွေကြောင့် Leigh ကို တုန်ခါနေတဲ့အထိ မသက်မသာဖြစ်စေခဲ့ပါတယ်....

၁၃) အနမ်းပေးခြင်းဟာ အလှအပကုထုံးတစ်ရပ်လည်းဖြစ်ပါတယ်... နမ်းခြင်းဖြင့် သင့်ရဲ့ မျက်လုံးတွေကို တောက်ပစေပြီး သင့်အရေပြားကို ဝင်းမွတ်စေပါတယ်...

၁၄) အနမ်းခံရတာများတဲ့ ကလေးတွေဟာ နောက်ပိုင်းမှာ ပိုပြီးကြင်နာတတ်တဲ့သူတွေဖြစ်လာကြပါတယ်....

နှိုင်းရင့်နွေ

Saturday, March 8, 2014

မြန်မာနိုင်ငံအတွင်း Facebook သုံးစွဲသူ ၁ ဒသမ ၄ သန်းကျော်ရှိ




ကမ္ဘာတွင် အောင်မြင်နေပြီး မြန်မာနိုင်ငံတွင်လည်း လူသုံးအများဆုံး လူမှုကွန်ရက် ဝက်ဘ်ဆိုက်ဖြစ်သော Facebook ကို ပြည်တွင်းသုံးစွဲသူ ၁ ဒသမ ၄ သန်းကျော် ရှိနေကြောင်း Facebook APAC မှ နည်းပညာဌာန အကြီးအကဲဖြစ်သူ Mr. Paul Webster က ပြောကြားသည်။
“မြန်မာနိုင်ငံမှာ Facebook Account ဖွင့်ထားတဲ့သူ အရေအတွက်က လက်ရှိမှာ ၁ ဒသမ ၄ သန်းကျော်အထိ ရှိနေပါပြီ။ အဲဒီထဲကမှ ၁ ဒသမ ၁ သန်းက မိုဘိုင်းလ် ဖုန်းတွေကနေတစ်ဆင့် သုံးစွဲကြတာပါ” ဟု ၎င်းကဆိုသည်။

ပြည်တွင်း ဆက်သွယ်ရေးကဏ္ဍကို ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက် ပြုလုပ်နေပြီး မကြာမီ ပိုမိုကောင်းမွန်သော အင်တာနက် ဝန်ဆောင်မှုများ သုံးစွဲနိုင်တော့မည် ဖြစ်သောကြောင့် မြန်မာနိုင်ငံအတွင်း Facebook သုံးစွဲသူ အရေအတွက် ပိုမို တိုးပွားလာရန်လည်း Facebook APAC က မျှော်မှန်းထားသည်။

အင်တာနက်နှင့် မိုဘိုင်းလ်ဖုန်း သုံးစွဲသူများသည့် မြို့ကြီးများတွင် မိုဘိုင်းလ်ဖုန်း သုံးစွဲသူ စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းမှာ စမတ်ဖုန်း သုံးစွဲသူများ ဖြစ်ပြီး အားလုံးနီးပါး Facebook သုံးစွဲကြကာ ရေရှည်တွင် မိုဘိုင်းလ်ဖုန်း SIM Card နှင့် Handset ဈေးနှုန်းများ ပိုမိုသက်သာလာပါက Facebook သုံးစွဲသူ အရေအတွက် ပိုမိုလာမည်ဟု ပြည်တွင်းရှိ နည်းပညာဆိုင်ရာ ပညာရှင်များက ခန့်မှန်းထားသည်။

Facebook က မြန်မာပြည်မှာ အသုံးအများဆုံး Social Network ပါပဲ။ အများစုက လူငယ်တွေပါ။ င်္ Facebook ကိုယ်တိုင်က Facebook For Business လို့ဆိုထားတော့ ဒီက လူငယ်တွေလည်း ဒီ Social Network ပေါ်ကနေ အခွင့်အလမ်းတွေ ရှာသင့်တယ်။ အခုနောက်ပိုင်းတော့ Online Shopping Page လိုဟာလေးတွေတော့ တွေ့လာနေရပါပြီ” ဟု ကွန်ပျူတာ ပညာရှင် ဦးရဲဝင့်အောင်က ဆိုသည်။

လူဦးရေသန်း ၆၀ ဝန်းကျင်ရှိသော မြန်မာနိုင်ငံအတွင်း လက်ရှိ Internet Penetration (စုစုပေါင်း အင်တာနက် သုံးစွဲသူအချိုး) မှာမူ တစ်ရာခိုင်နှုန်းနှင့် တယ်လီဖုန်း သုံးစွဲသူပမာဏမှာ ဆယ့်တစ် ရာခိုင်နှုန်း ရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနထံမှ သိရှိရသည်။

တစ်ကမ္ဘာလုံးရှိ လူဦးရေ ၇ ဒသမ ၈ ဘီလီယံ၏ သုံးပုံတစ်ပုံမှာ အင်တာနက် သုံးစွဲကြပြီး Facebook သုံးစွဲသူ အရေအတွက်မှာမူ ၁ ဒသမ ၂၂၈ ဘီလီယံအထိ ရှိနေကာ အာရှ၊ ပစိဖိတ် ဒေသအတွင်း သုံးစွဲသူ ၃၅၁ သန်းအထိ ရှိကြောင်း Facebook Inc က ထုတ်ပြန်ထားသည်။

The Voice Weekly

သင်္ကြန်သီချင်း 29 ပုဒ် ပါဝင်သည့် APK ( Android Application )

ဆရာဗိုလ်လှိုင်းဖန်တီးထားသည့် သင်္ကြန်သီချင်း APK ဖြစ်ပါတယ်။အရင်တုန်းက
ဇော်ဝမ်း  ၊ ရင်ဂို စတဲ့ အဆိုတော်ကြီးတွေ သီဆိုထားတဲ့ အနှစ်သာရအပြည့်ရှိတဲ့
သင်္ကြန်သီ

ချင်းများကို စုစည်းထားတဲ့ APK ဖြစ်ပါတယ်။  ယနေ့ခေတ်ပေါ်
သင်္ကြန်သီချင်းများမဟုတ်ဘဲ ယခင်ကသင်္ကြန်သီချင်းများကို
ဖုန်းထဲမှာနားထောင်လို့ရအောင် APK အဖြစ်ဖန်တီးထားခြင်းဖြစ်ပါတယ်။

သင်္ကြန်လဲရောက်တော့မယ်ဆိုတော့... နားထောင်လိုသူများ Download ရယူနိုင်ပါပြီ။

Firmware ဆိုတာ (What is Firmware ?)

 Firmware ဆိုတာ Hardware ကိရိယာထဲ ထည့်သွင်းမြှုပ်နှံပါရှိတဲ့ ကွန်ပျူတာပရိုဂရမ်ကို ဆိုလိုတယ်။ ဥပမာအားဖြင့် Micro Controller လိုအရာမျိုး။ အမည်က ရည်ညွှန်းတဲ့ အတိုင်း Firmware က Hardware နဲ့ Software ကြားကျတဲ့ နေရာ တစ်နေရာရာမှာရှိပါတယ်။ software လိုပဲ ၎င်းဟာ Micro Processor ဒါမှမဟုတ် Micro Controller က လည်ပတ် လုပ်ဆောင် ပေးရတဲ့ ကွန်ပျူတာ ပရိုဂရမ် တစ်ခုဖြစ်တယ်။ ဒါပေမယ့် Hardware ပိုင်းအစနဲ့ တင်းကျပ်စွာ ချိတ်ဆက်နေတဲ့ အတွက် ပြင်ပမှာ ဘာအဓိပ္ပာယ်မျှ မရှိဘူး။

ခေတ်ပေါ် စနစ်တွေမှာ ချိတ်ဆက်တတ်ဆင်တဲ့ ကိရိယာ အများစုဟာ သူတို့ကိုယ်နှိုက်က ကိုယ်ပိုင် Software ကို Run တဲ့ အထူးပြု ကွန်ပျူတာ တွေ ဖြစ်တယ်။ ဒီကိရိယာထဲက တစ်ချို့ ဟာ ROM အတွင်း Software (”firmware”) သိမ်းဆည်း ပါရှိတယ်။ ဒါပေမယ့် နှစ်တွေကြာညောင်း လာတော့ Firmware ကို အိမ်ရှင် Host System မှ ခေါ်တင်ရခြင်းဟာ ဈေးလည်း သက်သာ၊ ပြင်လွယ် ပြောင်းလွယ်ဖြစ်ကြောင်း ထုတ်လုပ်သူ တွေက တွေ့ရှိလာတယ်။
 ရလဒ် အဖြစ် လက်ရှိ Hardware အများစုဟာ ၎င်းလိုအပ်တဲ့ Firmware ကို Host ကွန်ပျူတာတွေထဲ မသွင်းမချင်း အသုံးပြုနိုင်လောက်အောင် မလုပ်ဆောင်ဘူး။ ဒီလို Firmware အလုပ်ဝန်ကို Device Driver ကကိုင်တွယ်ပေးပါတယ်..

အများအားဖြင့် Firmware တွေရဲ့ ဗားရှင်းကို ယင်း ပါဝင်တဲ့ ကိရိယာပစ္စည်းလေးများမှာ ထည့်သွင်းဖော်ပြထားတတ်ပါတယ်။
Credit : http://thusayyar.blogspot.com

Film Rating အကြောင်း

ဇာတ်ကားအခွေတစ်ခွေ ဝယ်တဲ့အခါ အခွေအဖုံး၊ အခွေကာဗာဟာ အရေးကြီးပါတယ်။ ဇာတ်ကားနဲ့ပတ်သက်တဲ့ သိသင့်သိထိုက်တာမှန်သမျှကို အခွေအဖုံးမှာ ရေးပေးထားပါတယ်။ 

ရှေ့ဖုံးမှာ ဇာတ်ကားပိုစတာ၊ မင်းသားနာမည်၊ မင်းသမီးနာမည်၊ ဒါရိုက်တာနာမည်၊ ဆုရထားရင် ရထားတဲ့ဆုတံဆိပ်၊ နောက်ပြီးတော့ ဝေဖန်ရေးဆရာတွေကပေးတဲ့ မှတ်ချက်စကား စတာတွေပါပါတယ်။ 

နောက်ဖုံးမှာ ဇာတ်ကားအကျဉ်း၊ ဇာတ်ဝင်ခန်းတစ်ချို့ရဲ့ပုံ၊ ထုတ်လုပ်တဲ့ကုမ္ပဏ္ဏီ၊ ဖြန့်ချိတဲ့ရက်စွဲ၊ အခွေအမျိုးအစား၊ ဇာတ်ကားကြာချိန် စတဲ့ ဇာတ်ကားနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက် (Detail) ပါပါတယ်။
အဲဒီနောက်ဖုံးမှာ G, PG, PG-13, R, NC-17 စတဲ့စကားလုံးတွေကို လေးထောင့်ကွက်နဲ့ ထည့်ရေးပေးထားပါတယ်။ အဲဒါဟာ ဒီဇာတ်ကားရဲ့ Rating ဖြစ်ပါတယ်။ အမေရိကန်ရုပ်ရှင်အစည်းအရုံး (The Motion Picture Association of America) က သုံးတဲ့စနစ်ဖြစ်ပါတယ်။ ကိုယ်ဝယ်လိုက်တဲ့အခွေဟာ ကလေးတွေရှေ့မှာ ကြည့်သင့်မကြည့်သင့် ခွဲခြားနိုင်အောင် ဖြစ်ပါတယ်။
ကျွန်တော် အခု တစ်ခုချင်းစီရဲ့ အဓိပ္ပာယ်ကို ရှင်းပြပေးပါ့မယ်။
"G" 
G ဆိုတာက ဇာတ်ကားထဲမှာ ရိုင်းပြတဲ့ အမူအရာ၊ စကားလုံး ဘာဆိုဘာမှ မပါဝင်တဲ့ ဇာတ်ကားတစ်ခုကို ဆိုလိုတာပါ။ ရှင်းရှင်းပြောရရင် ပစ်တာခတ်တာ၊ ဆဲတာဆိုတာ ဘာမှမပါဘူးပေါ့။ "Fuck" လို့ ယောင်ပြီးတော့ သုံးတဲ့အခန်းတောင် မပါဘူးပေါ့ဗျာ။ ဒီစကားလုံးဟာ ဆဲတဲ့နေရာမှာ သုံးတာတင်မဟုတ်ဘူး။ ယောင်တဲ့နေရာမှာလည်း သုံးတာပဲ။ နာလို့အော်ရင်လည်း သုံးတာပဲ။ ဒါမျိုးကျတော့ ဆဲတာမဟုတ်ဘူးပေါ့။ ညစ်ညမ်းတဲ့စကားလုံးပေါ့။ Nude Word ပေါ့။ အဲသလို Nude Word တောင် မပါတဲ့ ဇာတ်ကားမျိုးကို G လို့ သတ်မှတ်ပါတယ်။ အသက်အရွယ်ကန့်သတ်ထားခြင်း မရှိပါဘူး။ မည်သူမဆို ကြည့်နိုင်ပါတယ်။
"PG"

PG အဆင့်သတ်မှတ်ထားတဲ့ ဇာတ်ကားတိုင်းဟာ ကလေးတွေကြည့်ဖို့ သင့်ချင်မှ သင့်ပါလိမ့်မယ်။ မိဘတွေအနေနဲ့ ကလေးတွေမကြည့်ခင် ကိုယ်က အရင်ကြည့်သင့်ပါတယ်။ Nude Word လေးတွေ ပါကောင်းပါနိုင်ပါတယ်။ ခပ်ကြမ်းကြမ်းဇာတ်ကွက် (Violence Scene) လေးတွေ နည်းနည်းပါနိုင်ပါတယ်။ Violence Scene ဆိုတာ ပစ်တာခတ်တာကိုတင် ဆိုလိုတာ မဟုတ်ပါဘူး။ ရန်ဖြစ်တာ၊ စကားများတာ၊ အော်ဟစ်ကြတာ စတာတွေလည်းပါဝင်ပါတယ်။ ဒါပေမယ့် မူးယစ်ဆေးသုံးတဲ့အခန်း (Drug Use) ကတော့ လုံးလုံးမပါပါဘူး။
"PG-13"
(PG-13 အခွေတစ်ခုရဲ့ နောက်ကျောဖုံး)
PG-13 ဆိုတာကတော့ ရှင်းပါတယ်။ ၁၃ နှစ်အောက်ကလေးတွေ ကြည့်လို့မရဘူးလို့ ဆိုလိုတာပါ။ PG ဇာတ်ကားထက်စာရင် ကလေးမကြည့်သင့်တဲ့အခန်း ပိုများလာပြီပေါ့။ PG မှာတုန်းက Nude Word ပဲပါတာပါ။ ကျွန်တော် အပေါ်မှာ ပြောခဲ့သလို ယောင်လိုက်တာမျိုးပေါ့။ ဒါပေမယ့် "Fuck" လို့တော့ ယောင်လို့မရပါဘူး။ တခြား စကားလုံးနဲ့ ယောင်တာမျိုးပဲ ရပါတယ်။
ဒီအဆင့်မှာတော့ ဆဲတာဆိုတာ ပါပါတယ်။ ဒါပေမယ့် sexually-derived words (လိင်ပိုင်းဆိုင်ရာမှ ဆင်းသက်လာသော စကားလုံး) မျိုးနဲ့ ဆဲတာကိုတော့ ကန့်သတ်ထားပါတယ်။ တစ်ခါပဲ အဲသလိုစကားလုံးမျိုး သုံးလို့ရပါတယ်။ ဇာတ်ကားထဲမှာ နှစ်ခါပါလာရင် သူ့ကို နောက်တစ်ဆင့်ဖြစ်တဲ့ R လို့ သတ်မှတ်ပါတယ်။
နည်းနည်းရှုပ်သွားပြီလားမသိဘူး။ ကျွန်တော်က PG-13 ဆိုတာရဲ့ အဓိပ္ပာယ်ကိုတင်မဟုတ်ဘူး။ ဘာဖြစ်လို့ ဒီအဆင့် သတ်မှတ်ရသလဲဆိုတာကိုပါ သိစေချင်လို့ပါ။ နည်းနည်း သည်းခံပေးပါခင်ဗျာ။
ပြန်ချုပ်ရရင် PG-13 က PG ထက်စာရင် ကလေးမကြည့်သင့်တဲ့အခန်း ပိုများတယ်။ ဆဲတာဆိုတာ ပါလာပြီ။ လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့စကားလုံးမျိုးနဲ့ ဆဲလို့မရဘူး။ Fuck တို့ Suck It တို့။ (ဒုက္ခပါပဲ။ ဆဲနည်းတွေ သင်ပေးသလို ဖြစ်ကုန်ပြီ။) ဆဲရင်လည်း တစ်ခါပဲခွင့်ပြုတယ်။ နှစ်ခါဆိုရင် နောက်တစ်ဆင့် R လို့ သတ်မှတ်တယ်။ 


"R"

(R အဆင့်ရှိဇာတ်ကားတစ်ကားရဲ့ နောက်ကျောဖုံး)

R အဆင့်ကို ခပ်လွယ်လွယ်ပြောရရင် အသက် ၁၅ နှစ်အောက် ကြည့်လို့မရဘူးလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ဒါဟာ MPAA က သတ်မှတ်ထားတာတော့ မဟုတ်ပါဘူး။ သူတို့ပြောတာကတော့ R အဆင့်ရှိတဲ့ဇာတ်ကားတစ်ကားကို ကြည့်မယ်ဆိုရင် ဘေးနားမှာ မိဘအုပ်ထိန်းသူပါမှ ကြည့်ခွင့်ပေးမှာ ဖြစ်ပါတယ်။ ရုပ်ရှင်ရုံမှာ လက်မှတ်ဝယ်မယ်ဆိုရင် မိဘပါ ပါမှ ရောင်းမှာပါ။ PG-13 ဟာ အသက် ၁၃ နှစ်အောက် မကြည့်ရဘူးလို့ ကန့်သတ်ထားတာ ဖြစ်တဲ့အတွက် R အဆင့်ရှိတဲ့ ဇာတ်ကားကို အသက် ၁၃ နှစ်အထက်ဆိုရင် ကြည့်လို့ရတယ်လို့ ဆိုလိုတဲ့သဘောပါပဲ။ ဒါပေမယ့် တကယ်တော့ ၁၅ နှစ်ကျော်မှ ပေးကြည့်ပါတယ်။ တရားဝင်သတ်မှတ်ချက်တော့ မဟုတ်ပါဘူး။

R အဆင့်ရှိတဲ့ဇာတ်ကားမှာတော့ ပစ်တာခတ်တာ၊ သွေးသံရဲရဲသတ်တာဖြတ်တာ၊ လိင်ပိုင်းဆိုင်ရာ စကားလုံးတွေ ဗုံးဗောလအော သုံးတာ၊ လူကြီးကြိုက်အခန်းတွေ၊ မူးယစ်ဆေးသုံးတာတွေ အကုန်ပါပါတယ်။
လူကြီးကြိုက်အခန်းနဲ့ ပတ်သက်လို့ နည်းနည်းပြောပြရပါမယ်။ ဇာတ်ကားမှာ နှုတ်ခမ်းချင်းနမ်းတဲ့အခန်းတစ်ခန်းပါတာနဲ့ ဒါကို R လို့ သတ်မှတ်လိုက်ပါတယ်။ နမ်းတာလေးပဲ ပါတာတောင် R လို့ သတ်မှတ်ပါတယ်။ အဲဒီထပ်ပိုတာဆိုရင်လည်း R ပါပဲ။ အဲဒီတော့ ဇာတ်ကားတစ်ကားမှာ R လို့ ရေးထားတာ တွေ့တာနဲ့ ကျိန်းသေပေါက် ပြောဖို့တော့ ခက်ပါတယ်။ အနည်းဆုံးတော့ နမ်းတာ တစ်ခန်းပါနိုင်ပါတယ်။ ဒီထပ်ပိုတဲ့ ရိုက်ကွက်မျိုးတွေလည်း ပါနိုင်ပါတယ်။
"NC-17"
NC-17 ဆိုတာက အသက် ၁၇ နှစ်အောက် မကြည့်ရဘူးလို့ ဆိုလိုတာပါ။ အင်မတန် ကြမ်းတမ်းတဲ့ သတ်ခန်းဖြတ်ခန်းမျိုးတွေပါတဲ့ ဇာတ်ကားကို NC-17 သတ်မှတ်ပါတယ်။ လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ အပြာကားလောက်နီးနီး အဖော်အချွတ်ပြတဲ့ ဇာတ်ကားမျိုးကိုလည်း NC-17 သတ်မှတ်ပါတယ်။ ဥပမာပြောရရင် မနှစ်က ထွက်ထားတဲ့ Blue Is The Warmest Colour လို ပြင်သစ်ဇာတ်ကားမျိုး။ နောက်ပြီး 2011 ကထွက်တဲ့ Shame လိုဇာတ်ကားမျိုး။ ဒါတွေကို NC-17 သတ်မှတ်ပါတယ်။ ဒီလောက်ဆိုရင် ဘယ်လိုဇာတ်ကားမျိုးကို ဒီအဆင့်သတ်မှတ်တယ်ဆိုတာ သဘောပေါက်လောက်ပါပြီ။
ကျွန်တော် ဒါဆောင်းပါးကို ရေးရတဲ့အကြောင်းရင်းက ဒီလိုပါ။ ကျွန်တော်ငယ်ငယ်တုန်းက အခွေငှားဆိုင်မှာ အခွေသွားငှားပါတယ်။ အစ်မကြီးနှစ်ယောက်ကလည်း အခွေလာငှားနေပါတယ်။ သူတို့က အင်္ဂလိပ်ကားတစ်ကားကို သဘောကျလို့ ငှားမယ်ဆိုတော့ ဆိုင်ရှင်အစ်ကိုကို မေးပါတယ်။ "ဒီကားက သန့်လား"တဲ့။ အဲဒါနဲ့ ဆိုင်ရှင်က ပြန်နောက်ပါတယ်။ "သန့်ပါတယ်။ ကျွန်တော် ခုနလေးကမှ ရေချိုးပေးထားတာပါ"တဲ့။ ပြီးတော့မှ သူက "ညီမလေးတို့ ဆိုလိုတာ ဘာခန်းညာခန်းပါလားလို့ မေးချင်တာမလား။ ဘာမှမပါပါဘူး။ သန့်ပါတယ်" လို့ ပြန်ပြောလိုက်ပါတယ်။ အဲဒီတော့မှ ဟိုအစ်မနှစ်ယောက်ကလည်း ငှားသွားပါတယ်။
အဲဒီအဖြစ်အပျက်လေးကို ပြန်တွေးမိတော့ ဒီအကြောင်းကို ရုပ်ရှင်ချစ်သူတွေ သိအောင် ရေးပေးဦးမှပဲဆိုပြီး ရေးဖြစ်သွားတာပါ။ အားလုံးပဲ ကျေနပ်နိုင်ကြပါစေခင်ဗျာ။
P.S - ဒီစနစ်ဟာ သိပ်မပြည့်စုံပါဘူး။ အထူးသဖြင့် R နဲ့ NC-17 နဲ့ဟာ ရောနိုင်ပါတယ်။ ဒါ့ကြောင့် အမေရိကန်ရုပ်ရှင်အစည်းအရုံး MPAA က ဒိထက် ပိုအသေးစိတ်ကျတဲ့ Rating System တွေ ထပ်လုပ်ပြီး သုံးနေပါပြီ။ ဒါပေမယ့် အခွေဝယ်မယ်ဆိုရင်တော့ ဒါကိုသိထားရင်ပဲ လုံလောက်ပါပြီ။ ပြီးတော့ ဒါဟာ အမေရိကမှာပဲ သုံးတာပါ။ နိုင်ငံအလိုက် ကွဲပြားပါတယ်။
ထပ်လေ့လာချင်ရင် အောက်ကလင့်နှစ်ခုမှာ လေ့လာနိုင်ပါတယ်။ ဇာတ်ကားနာမည်ကိုရိုက်ထည့်ပြီး ဘာအဆင့်လဲဆိုတာ ရှာလို့ရပါတယ်။
Movie Locos ကိုနှိပ်ပါ။
Movie Locos ကိုနှိပ်ပါ။
ကျွန်တော့်ရဲ့ဖေ့စ်ဘုတ်ပေ့ခ်ျ Movie Locos ကို အားပေးကြပါဦးခင်ဗျာ။

Friday, March 7, 2014

သော့ခတ်မယ် မြန်မာမှုပြုထားပါသည် (app တွေ lock ချဖို့)


ဒီ app လေးက မိမိဖုန်းထဲက application တွေကို အခြားသူ
မဖွင့်စေချင် တဲ့အခါမျိုးမှာ lock ချထားနိုင်ပါတယ် 
Password သို့ မဟုတ် pattern lock ထားနိုင်ပါတယ် ။
Lock ချတာကို မသိစေချင်ရင်လည်း app က error ဖြစ်တယ်ဆိုတဲ့
သဘော ထင်ယောင်ထင်မှားဖြစ်အောင်လည်း လုပ်လို့ရပါတယ်
အတော်လေးကောင်းလို့ မြန်မာဘာသာလေးဖြစ်အောင် ကျွန်တော်
ပြန်လည် ပြုပြင်ထားပြီး အမည်လေးကို သော့ခတ်မယ်လို့
ပေးထားတာပါ Theme တွေလည်း မိုက်တယ်နော်
သုံးကြည့်ပါ အဆင်ပြေပါလိမ့်မယ် 
File Size:3MB


အောင်ကျော်ခိုင်(ပုသိမ်)














GSM / WCDMA / CDMA တို့ရဲ့ ဆက်သွယ်ရေးဝန်ဆောင်မူများကိုဆောင်ရွက်ပေးမယ့် - MPT Service v1.3(Beta)

mptservice
 အခုတင်ပေးလိုက်တဲ့ MPT Service ဆိုတဲ့ Application လေးကိုတော့ မြန်မာပြည်မှာ ရှိတဲ့ သူငယ်ချင်းများရှိ ထားသင့်တဲ့ Application တစ်ခုဖြစ်ပါတယ်ဗျာ။ မြန်မာနိုင်ငံသုံးဆက်သွယ်ရေးဝန်ဆောင်မူများကို Touch တစ် ချက် နှိပ်လိုက်ရုံနဲ့ ဆောင်ရွက်ပေးမှာဖြစ်ပါတယ်ဗျာ။ သူ့ရဲ့လုပ်ဆောင်ချက်တွေကိုအောက်မှာအသေး စိတ်ရေးပေးထားပါတယ်ဗျာ။ အခု Application လေးကိုတော့ မြန်မာနိုင်ငံရဲ့ Developer တစ်ဦးဖြစ်တဲ့ ကိုဖြိုးချမ်း ကဖန်တီးထားတာဖြစ်ပါတယ်ဗျာ။ Android OS 2.3.3 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါ တယ်ဗျာ။

မြန်မာနိုင်ငံသုံးဆက်သွယ်ရေးဝန်ဆောင်မူများအတွက်ဖြစ်ပါတယ်။
ဒီ App ကနေ Gsm အချင်းချင်းငွေဖြည့်ငွေလွဲလုပ်နိုင်ခြင်း
CDMA ငွေဖြည့်နိုင်ခြင်း
GSM/WCDMA Internet လျှောက်ထားနိုင်ခြင်း
GSM/WCDMA  Internet Setting ချိန်နည်းပါရှိခြင်း
MEC CDMA Internet Setting ချိန်နည်းပါရှိခြင်း
MPT CDMA Internet Setting ချိန်နည်းပါရှိခြင်း
GSM/WCDMA Call Waiting Service လျှောက်ထားနိုင်ခြင်း
GSM/WCDMA Call Forward Service လျှောက်ထားနိုင်ခြင်း
GSM/WCDMA Miss Call Altert Service လျှောက်ထားနိုင်ခြင်း
GSM/WCDMA Voice Mail လျှောက်ထားနိုင်ခြင်း
အပြင် မိမိ လျှောက်ထားပြီးသော်လဲ မကြိုက်သက်ရင် ပြန်ဖျက်နိုင်တဲ့
Function အသစ်ထည့်သွင်းပေးထားပါတယ်။
Developer Feed Back ပြန်ပေးနိုင်ခြင်း အစရှိသည်တို့ကို
လုပ်ဆောင်နိုင်ပါသည်။
အရင် Version တွေမှာထည့်သွင်းမထားသော ၀န်ဆောင်မူ့များကိုလျှောက်ထား
ရာတွင် မြန့်မာ ဆက်သွယ်ရေးကို Message ရောက်မရောက်သိရှိနိုင်မည့်
Function အသစ်ထည့်သွင်းထားပါတယ်။
အရင်က Error တော်တော်များများကိုဖြေရှင်းပေးထားပါတယ်။
App အတွင်းမြန်မာလိုအညွန်းများပါဝင်ခြင်းကြောင့်အဆင်ပြေပြေ
လုပ်ဆောင်နိုင်မှာပါ။
Service တစ်ခုခြင်းဆီရဲ့အချက်အလက်များကို App အတွင်းရေးသားပေးထားပါတယ်။
Google Play Store ကနေ တိုက်ရိုက်ဒေါင်းနိုင်ပါတယ်။
Review နဲ့ Vote လေးပေးသွားပါအုံး =D
Screenshot_1980-01-06-00-50-46 Screenshot_1980-01-06-00-50-54 Screenshot_1980-01-06-00-51-14 Screenshot_1980-01-06-00-51-20 Screenshot_1980-01-06-00-51-28 Screenshot_1980-01-06-00-51-47 Screenshot_1980-01-06-00-51-52 Screenshot_1980-01-06-00-51-58 Screenshot_1980-01-06-00-52-02



 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

Download

Download


Playstore ကနေဒေါင်းခြင်းဖြင့်ကူညီပါအုံး။

www.pyaephyo.com